Henoch-Schonlein Purpura (သွေးကြောငယ်များရောင်ရမ်းခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Henoch-Schonlein Purpura (သွေးကြောငယ်များရောင်ရမ်းခြင်း) ကဘာလဲ။

သွေးကြောငယ်များရောင်ရမ်းခြင်း ဆိုတာ အရေပြား၊ အဆစ်တွေ၊  အူတွေ နဲ့ ကျောက်ကပ်မှာရှိတဲ့ သွေးကြောလေးတွေ ရောင်ရမ်းပြီး သွေးယိုစမ့်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အရေပြားထဲမှာ ရှိတဲ့ ရောင်ရမ်းနေတဲ့ သွေးကြောတွေကနေ သွေးတွေစိမ့်ထွက်နေပြီး papura လို့ခေါ်တဲ့ အဖုအပိန့်တွေ ထွက်လာပါတယ်။ အူ နဲ့ ကျောက်ကပ်ထဲမှာ ရှိတဲ့ သွေးကြောတွေကလည်း ရောင်ရမ်းပြီး သွေးယိုစိမ့်နိုင်ပါတယ်။

Henoch-Schonlein Purpura (သွေးကြောငယ်များရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အရွယ်မရွေး ဖြစ်နိုင်တယ် ဆိုပေမယ့် အသက် ၂ နှစ် ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေ မှာ အဖြစ်များတဲ့ ရောဂါ ဖြစ်ပါတယ်။ အန္တရာယ်ဖြစ်လာနိုင်တဲ့ အကြောင်းအချက်တွေ ကို လိုက်နာပြီး ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ထပ်သိချင်တာ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

လက္ခဏာများ

Henoch-Schonlein Purpura (သွေးကြောငယ်များရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

သွေးကြောငယ်များရောင်ရမ်းခြင်းရောဂါ ရဲ့ လက္ခဏာတွေက ဘာတွေ ဖြစ်မလဲ။

အတွေ့ရများတဲ့ ရောဂါလက္ခဏာတွေကတော့

  • အဖုအပိန့်များ – အတွင်းကြေဒဏ်ရာလို အနီရောင်သမ်းနေတဲ့ အဖုအပိန့်တွေဟာ ဒီရောဂါရဲ့ အဓိက လက္ခဏာ ဖြစ်ပါတယ်။ အဖုအပိန့်တွေဟာ တင်ပါး၊ ခြေထောက်နဲ့ လက်တွေမှာ ရှိနေနိုင်ပြီး လက်မောင်း၊ မျက်နှာနဲ့ ခန္ဓာကိုယ်မှာလည်း ရှိနိုင်ပါတယ်။ တင်းအားများတဲ့ နေရာတွေ ဥပမာ – ခြေအိတ်မျှော့ကြိုးနေရာတွေ၊ ခါးဘောင်းဘီမျှော့ကြိုးနေရာတွေမှာ တွေ့နိုင်ပါတယ်။
  • ရောင်ရမ်းပြီး နာကျင်နေတဲ့ အဆစ်များ ( အဆစ်ရောင်ရောဂါ) – သွေးကြောရောင်ရမ်းတဲ့ ရောဂါရှင်တွေမှာ အဆစ်တွေ အဓိက အားဖြင့် ဒူးနဲ့ ခြေကျင်းဝတ် တွေမှာ နာကျင်တာမျိုးခံစားရပါတယ်။ အဖုအပိန့်တွေ ပေါ်လာပြီး တစ်ရက် နှစ်ရက်လောက်နေရင် အဆစ်တွေ နာလာတတ်ပါတယ်။ ရောဂါပျောက်တာနဲ့ အဆစ်နာတာ သက်သာသွားမှာ ဖြစ်ပါတယ်။
  • အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာလက္ခဏာများ – သွေးကြောရောင်ရမ်းတဲ့ ရောဂါရှင် ကလေးငယ်တွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေ (အစာအိမ်အောင့်ခြင်း၊ မူးဝေအော့အန်ခြင်း၊ သွေးဝမ်းသွားခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာတွေ ဟာ အဖုအပိန့်တွေ ထွက်မလာခင် ကြိုတင်ပေါ်လာလေ့ရှိပါတယ်။
  • ကျောက်ကပ် – သွေးကြောရောင်တဲ့ ရောဂါဟာ ကျောက်ကပ်တွေကိုလည်း ထိခိုက်တတ်ပါတယ်။ အဖြစ်အများဆုံးကတော့ ဆီးထဲမှာ ပရိုတင်း ဒါမှမဟုတ် သွေး အဖြစ်ပါလာတတ်ပြီး ဆီးမစစ်သရွေ့ ဒီအချက်ကို မသိနိုင်ပါဘူး။ ရောဂါသက်သာသွားပြီဆိုရင်တော့ ဒါမျိုးမဖြစ်တော့ပါဘူး။ ဒါပေမယ့် ရှားရှားပါးပါး ကျောက်ကပ်ရောဂါ ဖြစ်ကျန်ရစ်တာမျိုးလည်း ရှိဖူးပါတယ်။

အပေါ်မှာ မပြထားတဲ့ လက္ခဏာတွေ ကျန်ခဲ့ပါသေးတယ်။ စိတ်ပူပန်မှု တစ်စုံတစ်ရာရှိမယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တခါတစ်လေမှာ သွေးကြောရောင်ရမ်းတဲ့ ရောဂါကြောင့် ပြင်းထန်တဲ့ အူ၊ ကျောက်ကပ်ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ သင့်ကလေးမှာ သွေးကြောရောင်တဲ့ ရောဂါနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ အဖုအပိန့်တွေ တွေ့ရမယ်ဆိုရင်တော့ ဆရာဝန်ဆီ ချက်ချင်းသွားပါ။

အကြောင်းရင်းများ

Henoch-Schonlein Purpura (သွေးကြောငယ်များရောင်ရမ်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

သွေးကြောရောင်ရမ်းတဲ့ ရောဂါမှာဆိုရင် သွေးကြောငယ်အချို့က ရောင်ရမ်းလာပြီး အရေပြား၊အဆစ်၊ ၀မ်းဗိုက်နဲ့ အသည်းမှာ သွေးယိုစိမ့်စေပါတယ်။ ဘာကြောင့် ဒီလို သွေးကြောတွေ ရောင်ရမ်းလာရတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့် အလွန်အမင်း တက်ကြွနေတဲ့ ခုခံအားစနစ်ကြောင့် ဖြစ်နိုင်တယ်လို့  ယူဆကြပါတယ်။ သွေးကြောရောင်ရမ်းတဲ့ ရောဂါရှင် တစ်ဝက်လောက် က အအေးမိခြင်း ဥပမာ – အသက်ရှုလမ်းကြောင်းအပေါ်ပိုင်း ပိုးကူးစက်ခံရတာမျိုး ပြီးတဲ့ နောက်မှာ နောက်ဆက်တွဲ ရောဂါ အနေနဲ့ ပေါ်လာခြင်း ဖြစ်ပါတယ်။ ကြိုတင်ဖြစ်ပွားတဲ့ နာမကျန်းမှုတွေထဲမှာ  ရောဂါမဖြစ်ခင် တခြားကြိုတင်အချက်တွေမှာ ဆေးဝါး ကုသမှုတချို့၊ အစားအစာ၊ အင်းဆက်အကိုက်ခံရတာ နဲ့ ရာသီဥတု အအေးဒဏ် တို့လည်း ပါဝင်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Henoch-Schonlein Purpura (သွေးကြောငယ်များရောင်ရမ်းခြင်း) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

ဘယ်အချက်တွေက သွေးကြောရောင်ရမ်းတဲ့ ရောဂါ ဖြစ်နိုင်ချေ ပိုများစေသလဲ။

ဒီရောဂါ ဖြစ်ဖို့ အန္တရာယ်ရှိတဲ့ အချက်တွေအများကြီး ရှိနေပါတယ်

  • အသက် – ၂ နှစ် ကနေ ၆ နှစ်ကြား ကလေးငယ်တွေ နဲ့ လူငယ်တွေ မှာ အဖြစ်များပါတယ်။
  • လိင် – သွေးကြောရောင်ရမ်းတဲ့ ရောဂါဟာ ယောကျာင်္းလေးတွေမှာ ပို အဖြစ်များပါတယ်။
  • လူမျိုး – အသားဖြူ လူမျိုးတွေ နဲ့ အာရှကလေး ငယ်တွေ ဖြစ်နိုင် ခြေပိုများပါတယ်။
  • ဖြစ်တတ်တဲ့ အချိန် – သွေးကြောရောင်ရမ်းတဲ့ ရောဂါက ဆောင်းရာသီ၊ ဆောင်းဦး နဲ့ နွေဦးတွေ မှာ အဖြစ်များပြီး နွေရာသီမှာ ဖြစ်ခဲပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Henoch-Schonlein Purpura (သွေးကြောငယ်များရောင်ရမ်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဓာတ်ခွဲခန်းရလဒ်များ

စမ်းသပ်ချက်တစ်ခုတည်းနဲ့ သွေးကြောရောင်ရမ်းတဲ့ ရောဂါ ခံစားနေရပြီ လို့ မဆိုနိုင်ပါဘူး။ တခြားရောဂါတွေနဲ့ မလွဲမှားစေဖို့ စမ်းသပ်ချက်တချို့လုပ်ရပါမယ်။ အောက်ပါစမ်းသပ်ချက် အမျိုးအစား တွေပါဝင်ပါတယ်။

  • သွေးစစ်ခြင်း – သွေးကြောရောင်ရမ်းတဲ့ ရောဂါရှင်တွေရဲ့ သွေးထဲမှာ antibody တွေ ပုံမှန်မဟုတ်တဲ့ ပမာဏ ရှိနေတတ်ပါတယ်။
  • ဆီးစစ်ခြင်း – သွေးစစ်ပြီးတဲ့ နောက် ဆီးစစ်ပြီး ကျောက်ကပ်က ပုံမှန်အတိုင်း အလုပ်လုပ်နေသလား ဆိုတာကို စစ်ဆေးရတာ ဖြစ်ပါတယ်။
  • အသားစစစ်ဆေးခြင်း – အခြားစစ်ဆေးချက်တွေက တစ်မျိုးတစ်ဘာသာ ဖြစ်နေမယ်၊ အဖုအပိန့်တွေကို သံသယ ရှိမယ် ဆိရင် ဆရာဝန်ကနေ မိုက်ခရိုစကုပ်အောက်စစ်ဆေးဖို့ အရေပြားစ လေး တောင်းပါလိ့မယ်။ ပြင်းထန်တဲ့ ကျောက်ကပ်နာမကျန်း ဖြစ်မှု ရှိနေမယ်ဆိုရင် ဆရာဝန်က ဘယ်လိုကုသမှု ခံယူရမယ် ဆိုတာကို သိစေဖို့ ကျောက်ကပ် အသားစ ထုတ်ယူခိုင်းမှာ ဖြစ်ပါတယ်။
  • စကန်ရိုက်ခြင်း – ဗိုက်နာတာက တခြားရောဂါတွေ ဥပမာ – အူပိတ်တဲ့ ရောဂါ ကြောင့်လား ဆိုတာ စစ်ဆေးဖို့ ဆရာဝန်က ultrasound ရိုက်ခိုင်းပါလိမ့်မယ်။

Henoch-Schonlein Purpura (သွေးကြောငယ်များရောင်ရမ်းခြင်း) ကို ဘယ်လိုကုသပါသလဲ

prednisone  လိုမျိုး အစွမ်းထက်တဲ့ စတီးရွိုက်ဆေးတွေ (corticosteroids) ကို အသုံးပြုပြီး ကုသတာနဲ့ ပတ်သက်လို့ အငြင်းပွားနေကြဆဲ ဖြစ်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြင်းထန်ရောဂါတွေမှာ အဲ့ဒီဆေးတွေကို အသုံးပြုလေ့ရှိပါတယ်။ ဒီဆေးတွေသုံးရတဲ့ ရည်ရွယ်ချက်ဟာ တိကျသေချာမှု မရှိရင် ပြင်းထန်ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုး တွေ ဖြစ်စေနိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ နဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ သေချာတိုင်ပင်ကြည့်ပါ။

ခွဲစိတ်ကုသခြင်း

အူလမ်းကြောင်းမှာ ခေါက်နေမယ်၊ စုတ်ပြဲနေတာ ရှိမယ်ဆိုရင် ခွဲစိတ်ကုသဖို့ လိုအပ်ပါလိမ့်မယ်။

နေထိုင်မှု ပုံစံ နဲ့ အိမ်တွင်းကုထုံးများ

သွေးကြောရောင်ရမ်းတဲ့ ရောဂါကို ထိန်းချုပ်နိုင်မယ့် နေထိုင်မှု ပုံစံနဲ့ အိမ်တွင်း ကုထုံးတွေက ဘာတွေ ဖြစ်မလဲ။

ရောဂါအခြေအနေအတွက် အောက်ပါ နေထိုင်မှု ပုံစံနဲ့ အိမ်တွင်း ကုထုံးကို လိုက်နာဆောင်ရွက်သင့်ပါတယ်။

ရောဂါဖြစ်စကလေးငယ်တွေနဲ့ လူကြီးတွေဟာ သက်တောင့်သက်သာ ရှိနေဖို့ အရေးကြီးပါတယ်။ အိပ်ရာထဲမှာ အနားယူပြီး အရည်အများကြီး သောက်သုံးကာ အိမ်တွင်း အနာပျောက်ဆေး pain killer တွေကလည်း အထောက်အကူ ဖြစ်နိုင်ပါတယ်။

မေးစရာတွေ ရှိနေမယ်ဆိုရင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲဆိုတာကို အကြံဥာဏ်ရယူပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 16, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 12, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ