မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
သွေးကြောငယ်များရောင်ရမ်းခြင်း ဆိုတာ အရေပြား၊ အဆစ်တွေ၊ အူတွေ နဲ့ ကျောက်ကပ်မှာရှိတဲ့ သွေးကြောလေးတွေ ရောင်ရမ်းပြီး သွေးယိုစမ့်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အရေပြားထဲမှာ ရှိတဲ့ ရောင်ရမ်းနေတဲ့ သွေးကြောတွေကနေ သွေးတွေစိမ့်ထွက်နေပြီး papura လို့ခေါ်တဲ့ အဖုအပိန့်တွေ ထွက်လာပါတယ်။ အူ နဲ့ ကျောက်ကပ်ထဲမှာ ရှိတဲ့ သွေးကြောတွေကလည်း ရောင်ရမ်းပြီး သွေးယိုစိမ့်နိုင်ပါတယ်။
အရွယ်မရွေး ဖြစ်နိုင်တယ် ဆိုပေမယ့် အသက် ၂ နှစ် ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေ မှာ အဖြစ်များတဲ့ ရောဂါ ဖြစ်ပါတယ်။ အန္တရာယ်ဖြစ်လာနိုင်တဲ့ အကြောင်းအချက်တွေ ကို လိုက်နာပြီး ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ထပ်သိချင်တာ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
သွေးကြောငယ်များရောင်ရမ်းခြင်းရောဂါ ရဲ့ လက္ခဏာတွေက ဘာတွေ ဖြစ်မလဲ။
အတွေ့ရများတဲ့ ရောဂါလက္ခဏာတွေကတော့
အပေါ်မှာ မပြထားတဲ့ လက္ခဏာတွေ ကျန်ခဲ့ပါသေးတယ်။ စိတ်ပူပန်မှု တစ်စုံတစ်ရာရှိမယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
တခါတစ်လေမှာ သွေးကြောရောင်ရမ်းတဲ့ ရောဂါကြောင့် ပြင်းထန်တဲ့ အူ၊ ကျောက်ကပ်ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ သင့်ကလေးမှာ သွေးကြောရောင်တဲ့ ရောဂါနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ အဖုအပိန့်တွေ တွေ့ရမယ်ဆိုရင်တော့ ဆရာဝန်ဆီ ချက်ချင်းသွားပါ။
သွေးကြောရောင်ရမ်းတဲ့ ရောဂါမှာဆိုရင် သွေးကြောငယ်အချို့က ရောင်ရမ်းလာပြီး အရေပြား၊အဆစ်၊ ဝမ်းဗိုက်နဲ့ အသည်းမှာ သွေးယိုစိမ့်စေပါတယ်။ ဘာကြောင့် ဒီလို သွေးကြောတွေ ရောင်ရမ်းလာရတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့် အလွန်အမင်း တက်ကြွနေတဲ့ ခုခံအားစနစ်ကြောင့် ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ သွေးကြောရောင်ရမ်းတဲ့ ရောဂါရှင် တစ်ဝက်လောက် က အအေးမိခြင်း ဥပမာ – အသက်ရှုလမ်းကြောင်းအပေါ်ပိုင်း ပိုးကူးစက်ခံရတာမျိုး ပြီးတဲ့ နောက်မှာ နောက်ဆက်တွဲ ရောဂါ အနေနဲ့ ပေါ်လာခြင်း ဖြစ်ပါတယ်။ ကြိုတင်ဖြစ်ပွားတဲ့ နာမကျန်းမှုတွေထဲမှာ ရောဂါမဖြစ်ခင် တခြားကြိုတင်အချက်တွေမှာ ဆေးဝါး ကုသမှုတချို့၊ အစားအစာ၊ အင်းဆက်အကိုက်ခံရတာ နဲ့ ရာသီဥတု အအေးဒဏ် တို့လည်း ပါဝင်ပါတယ်။
ဘယ်အချက်တွေက သွေးကြောရောင်ရမ်းတဲ့ ရောဂါ ဖြစ်နိုင်ချေ ပိုများစေသလဲ။
ဒီရောဂါ ဖြစ်ဖို့ အန္တရာယ်ရှိတဲ့ အချက်တွေအများကြီး ရှိနေပါတယ်
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဓါတ်ခွဲခန်းရလဒ်များ
စမ်းသပ်ချက်တစ်ခုတည်းနဲ့ သွေးကြောရောင်ရမ်းတဲ့ ရောဂါ ခံစားနေရပြီ လို့ မဆိုနိုင်ပါဘူး။ တခြားရောဂါတွေနဲ့ မလွဲမှားစေဖို့ စမ်းသပ်ချက်တချို့လုပ်ရပါမယ်။ အောက်ပါစမ်းသပ်ချက် အမျိုးအစား တွေပါဝင်ပါတယ်။
prednisone လိုမျိုး အစွမ်းထက်တဲ့ စတီးရွိုက်ဆေးတွေ (corticosteroids) ကို အသုံးပြုပြီး ကုသတာနဲ့ ပတ်သက်လို့ အငြင်းပွားနေကြဆဲ ဖြစ်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြင်းထန်ရောဂါတွေမှာ အဲ့ဒီဆေးတွေကို အသုံးပြုလေ့ရှိပါတယ်။ ဒီဆေးတွေသုံးရတဲ့ ရည်ရွယ်ချက်ဟာ တိကျသေချာမှု မရှိရင် ပြင်းထန်ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုး တွေ ဖြစ်စေနိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ နဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ သေချာတိုင်ပင်ကြည့်ပါ။
ခွဲစိတ်ကုသခြင်း
အူလမ်းကြောင်းမှာ ခေါက်နေမယ်၊ စုတ်ပြဲနေတာ ရှိမယ်ဆိုရင် ခွဲစိတ်ကုသဖို့ လိုအပ်ပါလိမ့်မယ်။
သွေးကြောရောင်ရမ်းတဲ့ ရောဂါကို ထိန်းချုပ်နိုင်မယ့် နေထိုင်မှု ပုံစံနဲ့ အိမ်တွင်း ကုထုံးတွေက ဘာတွေ ဖြစ်မလဲ။
ရောဂါအခြေအနေအတွက် အောက်ပါ နေထိုင်မှု ပုံစံနဲ့ အိမ်တွင်း ကုထုံးကို လိုက်နာဆောင်ရွက်သင့်ပါတယ်။
ရောဂါဖြစ်စကလေးငယ်တွေနဲ့ လူကြီးတွေဟာ သက်တောင့်သက်သာ ရှိနေဖို့ အရေးကြီးပါတယ်။ အိပ်ရာထဲမှာ အနားယူပြီး အရည်အများကြီး သောက်သုံးကာ အိမ်တွင်း အနာပျောက်ဆေး pain killer တွေကလည်း အထောက်အကူ ဖြစ်နိုင်ပါတယ်။
မေးစရာတွေ ရှိနေမယ်ဆိုရင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲဆိုတာကို အကြံဉာဏ်ရယူပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။