Hemorrhoids (လိပ်ခေါင်းရောဂါ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hemorrhoids (လိပ်ခေါင်းရောဂါ) ကဘာလဲ။

လိင်ခေါင်းရောဂါဆိုသည်မှာ စအို သို့မဟုတ် အူမကြီး၏ အနှောင်းပိုင်း အောက်ဘက် အနီးရှိ သွေးပြန်ကြောများ ရောင်ရမ်းခြင်း ဖြစ်သည်။ အူမကြီး နောက်ဆုံးအပိုင်း အတွင်း သို့မဟုတ် စအိုဝပတ်လည်တွင် ဖြစ်ပွားနိုင်ပါသည်။ ၎င်း သည် ဝမ်းသွားရာတွင် အားစိုက်၍ ညစ်ခြင်းကြောင့် ဖြစ်ပွား ပါသည်။ လိပ်ခေါင်းရောဂါသည် ဖြစ်ပွားရာနေရာပေါ် မူတည် ၍ အမျိုးအစား ကွဲပြားပါသည်။

  • အတွင်းလိပ်ခေါင်း။ လိပ်ခေါင်းသည် အူမကြီး အ နှောင်းပိုင်း အတွင်းတွင် တွေ့ရပါသည်။ အတွင်းလိပ် ခေါင်းသည် များသောအားဖြင့် နာကျင်မှုမရှိသော လည်း သွေးထွက်နိုင်ပါသည်။
  • အပြင်လိပ်ခေါင်း။ လိပ်ခေါင်းသည် စအိုဝ အပြင် ဘက်တွင် ရှိပါသည်။ ၎င်းတို့သည် ယားယံနာကျင် နိုင်ပြီး တစ်ခါတစ်ရံ ကွဲအက်ခြင်း သွေးထွက်ခြင်း တို့ ဖြစ်နိုင်ပါသည်။

လိပ်ခေါင်းရောဂါသည် မပြင်းထန်ပါ။ ကူးစက်ခြင်းလည်း မဖြစ်နိုင်ပါ။ ရောဂါသည် သူ့အလိုလို ပျောက်ကင်းနိုင် သည်။ သို့မဟုတ် ဆေးသောက်ခြင်းဖြင့် အလွယ်တကူ ကုသနိုင် သည်။

Hemorrhoids (လိပ်ခေါင်းရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

လိပ်ခေါင်းရောဂါသည် အလွန်အဖြစ်များပါသည်။ အ သက် ၅၀ အရွယ်များကို လေ့လာချက်အရ တစ်ဝက်နီးပါး တွင် လိပ်ခေါင်း ဖြစ်ပွားမှု ရှိကြောင်း တွေ့ရသည်။ လိပ်ခေါင်း ရောဂါသည် အမျိုးသားများရော အမျိုးသမီးများပါ ဖြစ်ပွား သော်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ရက်ရှည် ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း ဖြစ်သော လူနာများ တွင် ပို၍ အဖြစ်များပါသည်။

လက္ခဏာများ

Hemorrhoids (လိပ်ခေါင်းရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

လိင်ခေါင်းရောဂါ၏ အဖြစ်များသော ရောဂါလက္ခဏာ များမှာ-

  • ဝမ်းသွားစဉ် နီရဲတောက်သော သွေးများ ထွက်ခြင်း၊ သွေးထွက်သော်လည်း မနာကျင်ပါ။
  • အူမကြီးအနှောင်းပိုင်းနေရာတွင် ယားယံခြင်း ကျိန်း စပ်ခြင်း
  • နာကျင်ခြင်း၊ မသက်မသာဖြစ်ခြင်း
  • စအိုဝ ဝန်းကျင်တွင် ရောင်ရမ်းခြင်း
  • စအိုဝအနီးတွင် အထိမခံနိုင်အောင် နာကျင်သော အလုံးတစ်ခု ထွက်ခြင်း

မသက်မသာဖြစ်ခြင်းနှင့် နာကျင်မှု အများစုသည် အပြင် လိင်ခေါင်းရောဂါတွင် ဖြစ်ပွားသည်။ အတွင်းလိပ်ခေါင်း ရော ဂါသည် များသောအားဖြင့် နာကျင်မှုကို မဖြစ်စေပါ။

အထက်တွင် ဖော်ပြမထားသော အခြားလက္ခဏာများ လည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါတို့မှ တစ်ခုခုဖြစ်ပွားပါက ဆရာဝန်အား အကြောင်းကြားပါ။

  • လိင်ခေါင်းသည် နာကျင်ပြီး အိမ်သုံးဆေးဝါးများဖြင့် သက်သာအောင် ပြုလုပ်၍ မရသောအခါ။
  • စေးကပ်၍ မည်းနက်သော ဝမ်းများသွားသောအခါ။
  • ဝမ်းတွင် သွေးပါသောအခါ
  • မူးဝေခြင်း ခေါင်းကိုက်ခြင်းတို့ ဖြစ်သောအခါ

လိင်ခေါင်းသည် ပြင်းထန်သော ရောဂါ၏ လက္ခဏာတစ်ခု ဖြစ်နေနိုင်သည်။ ဆရာဝန်နှင့် စစ်ဆေးမှုခံယူရန် အရေးကြီး ပါသည်။

အကြောင်းရင်းများ

Hemorrhoids (လိပ်ခေါင်းရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

လိင်ခေါင်းရောဂါသည် အူမကြီး အနှောင်းပိုင်း အောက် ဘက်မှ ဖိအားများခြင်းကြောင့် ဖြစ်လာသော သွေးပြန်ကြော များ ရောင်ခြင်းကြောင့်ဖြစ်သည်။ ထိုဖိအားကို တက်စေသော အချက်များမှာ-

  • ဝမ်းသွားရာတွင် အားစိုက်၍ ညစ်ခြင်း
  • အချိန်ကြာမြင့်စွာ ထိုင်ခြင်း
  • ရက်ရှည် ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း
  • ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်း
  • ကိုယ်ဝန်ရှိခြင်း
  • အမျှင်ဓာတ်နည်းသော အစားအသောက်များ စားခြင်း

Risk factors

ငါ့ဆီမှာ Hemorrhoids (လိပ်ခေါင်းရောဂါ) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

လိင်ခေါင်းရောဂါ ဖြစ်နိုင်ချေကို မြင့်စေသော အချက်များ စွာ ရှိပါသည်။ ဥပမာ-

  • အချိန်ကြာစွာ ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်း တို့လိုအပ် သော အလုပ်လုပ်ရခြင်း
  • ရက်ရှည် ဝမ်းသွားခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း
  • ကိုယ်ဝန်ရှိခြင်း
  • စအိုဖြင့် လိင်ဆက်ဆံခြင်း
  • အဆီဓာတ်များပြီး အမျှင်ဓာတ်နည်းသော အစား အစာများ စားခြင်း
  • အသက် ၆၀ ကျော်ဖြစ်ခြင်း

ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင် ပင်သင့်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hemorrhoids (လိပ်ခေါင်းရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်တော်သော ရောဂါအဖြေရှာမှု ရရှိရန်အတွက် ဆရာ ဝန်သည် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုင်ပါသည်။

  • ဆေးပညာနှင့်ဆိုင်သော ခန္ဓာကိုယ် စစ်ဆေးမှု
  • စအိုလမ်းကြောင်း အတွင်းကို ကြည့်ရှုစစ်ဆေးခြင်း။ စအိုအတွင်းကို ကြည့်ရှုနိုင်သော ဆေးပညာ ဆိုင်ရာ ကိရိယာဖြင့် ကြည့်ခြင်းဖြစ်သည်။ ( anoscope, proctoscope or sigmoidoscope)

Hemorrhoids (လိပ်ခေါင်းရောဂါ) ကို ဘယ်လိုကုသပါသလဲ

လိင်ခေါင်းရောဂါ အချို့သည် သူ့အလိုလို သက်သာ သွား နိုင်ပါသည်။ သို့သော် ရောဂါလက္ခဏာများကို ဖြစ်စေသော အချို့ လိပ်ခေါင်းများသည် ကုသမှု ခံယူရန် လိုအပ်ပါသည်။ ထိုကုသမှု နည်းလမ်းများမှာ-

  • Psyllium (Metamucil) သို့မဟုတ် methylcellulose (Citrucel) စသော အမျှင်ဓာတ် ထောက်ပံ့မှုများသည် ဝမ်းကို ထုထည်ကြီးစေပြီး ဝမ်း ချုပ်ခြင်းကို သက်သာစေသည်။
  • အလွတ်တကူ ဝယ်၍ရသော လိမ်းဆေး ကရင်မ်များ နှင့် စအိုတွင်းထည့်သော ဆေးတောင့်များ သည် လိင်ခေါင်းကြောင့် နာကျင်ခြင်း ယားယံခြင်းများကို ယာယီအားဖြင့် သက်သာစေနိုင်ပါသည်။

အခြားနည်းလမ်းများ အားလုံးဖြင့် ကုသ၍မရပါက လိင် ခေါင်းအား ခွဲစိတ်၍ ဖယ်ရှားခြင်းကို ပြုလုပ်နိုင်သည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် လိင်ခေါင်း ရောဂါ ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

  အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် လိင်ခေါင်း ရောဂါ ကို ထိန်းချုပ်နိုင် ပါသည်။

  • အမျှင်ဓာတ်များသော အစားအစာ စားပါ။ ရေများ များသောက်ပါ။
  • နွေးသောရေချိုးကန်ထဲတွင် ၁၀မိနစ်လောက် ထိုင်ပါ။ တစ်နေ့လျှင် အကြိမ်များစွာ ထိုသို့ပြုလုပ်ပါ။
  • ပို၍ လေ့ကျင့်ခန်း ပြုလုပ်ပါ။
  • စအိုနေရာကို သန့်ရှင်းအောင်ထားပါ။
  • အိမ်သာသုံး စက္ကူအခြောက်ကို အသုံးမပြုပါနှင့်။ စအို နေရာကို သန့်ရှင်းစေရန် ဝမ်းသွားပြီးပါက ရေမွေး သို့မဟုတ် အရက်မပါသော စိုထိုင်းသော အိမ်သာသုံး စက္ကူကို အသုံးပြုပါ။
  • ရေခဲအိတ်ဖြင့် စအိုအား ကပ်ပေးခြင်းသည် ရောင် ရမ်းမှုကို သက်သာစေသည်။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇူလိုငျ 13, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇူလိုငျ 13, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ