backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hemoglobin Electrophoresis (လျှပ်စီးကြောင်းသုံးပြီးဟေမိုဂလိုဘင် စစ်ဆေးခြင်း)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hemoglobin Electrophoresis (လျှပ်စီးကြောင်းသုံးပြီးဟေမိုဂလိုဘင် စစ်ဆေးခြင်း) ကဘာလဲ။

hemoglobin electrophoresis test ဟာ သွေးအတွင်းမှာ ရှိတဲ့ ဟေမိုဂလိုဘင် အမျိုးအစားတွေကို စစ်ဆေးဖို့ အသုံးပြုတဲ့ သွေးစစ်ဆေးမှုတစ်မျိုး ဖြစ်ပါတယ်။ ဟေမိုဂလိုဘင် ဟာ အောက်စီဂျင်သယ်ပေးတဲ့ သွေးဆဲလ်တွေအတွင်းမှာ ရှိတဲ့ အရာတစ်ခု ဖြစ်ပါတယ်။

ပုံမှန် ဟေမိုဂလိုဘင် အမျိုးအစားတွေကတော့

• Haemoglobin A – ဒါဟာ လူကြီးတွေမှာ အတွေ့အများဆုံး ဟေမိုဂလိုဘင် တစ်မျိုး ဖြစ်ပါတယ်။ အချို့ရောဂါတွေဖြစ်တဲ့ ပြင်းထန်တဲ့ thalassemia (သာလာဆီးမီးယား သွေးအာနည်းရောဂါ) တွေဟာ Haemoglobin A ပမာဏကို ကျဆင်းစေပြီး Haemoglobin F ပမာဏကို မြင့်မားစေပါတယ်။

• Haemoglobin F (Fetal haemoglobin) – ဒီအမျိုးအစားဟာ သန္ဓေသားတွေနဲ့ မွေးကင်းစ ကလေးတွေမှာ တွေ့ရှိရပါတယ်။ Haemoglobin F ကို မွေးပြီးမကြာခင်မှာ Haemoglobin A နဲ့ အစားထိုးခြင်းခံရပါတယ်။ အချို့ရောဂါတွေဖြစ်တဲ့ sickle cell disease (သွေးနီဥ ပုံသဏ္ဍာန်မမှန်သော သွေးအားနည်းရောဂါ)၊ aplastic anaemia (သွေးဆဲလ်အားလုံးကျဆင်းသော သွေးရောဂါ) နဲ့ သွေးကင်ဆာတွေမှာ ပုံမှန်မဟုတ်တဲ့ ဟေမိုဂလိုဘင် နဲ့ haemoglobin F ပမာဏ များစွာ ပါဝင်ပါတယ်။

• Haemoglobin A2 – ဒါဟာ လူကြီးတွေမှာ ပမာဏအနည်းငယ်သာ တွေ့ရတဲ့ ပုံမှန် ဟေမိုဂလိုဘင် အမျိုးအစားတစ်မျိုး ဖြစ်ပါတယ်။

ပုံမှန်မဟုတ်တဲ့ ဟေမိုဂလိုဘင် အမျိုးအစားပေါင်း ၃၅၀ လောက်ရှိပါတယ်။ အတွေ့အများဆုံးတွေကတော့

• Haemoglobin S – ဒီ Haemoglobin ကို sickle cell disease မှာ တွေ့ရပါတယ်။

• Haemoglobin C – ဒီ ဟေမိုဂလိုဘင် ဟာ အောက်စီဂျင်ကိုကောင်းစွာ သယ်ဆောင် နိုင်ခြင်း မရှိပါဘူး။

• Haemoglobin E – ဒီ ဟေမိုဂလိုဘင် ဟာ အရှေ့ တောင် အာရှ လူတွေမှာ တွေ့ရပါတယ်။

• Haemoglobin D – ဒီ ဟေမိုဂလိုဘင် ဟာ sickle cell ရောဂါတွေမှာ တွေ့ရတတ်ပါတယ်။

• Haemoglobin S နဲ့ Haemoglobin C တွေဟာ electrophoresis test နဲ့ ရှာဖွေတွေ့နိုင်တဲ့ အတွေ့အများဆုံး ပုံမှန်မဟုတ်တဲ့ ဟေမိုဂလိုဘင် တွေပဲဖြစ်ပါတယ်။

Electrophoresis ဟာ လျှပ်စစ်စီးကြောင်းကို သုံးပြီး သွေးအတွင်းက ပုံမှန်နဲ့ ပုံမှန်မဟုတ်တဲ့ ဟေမိုဂလိုဘင် တွေကို ခွဲခြားတာပဲ ဖြစ်ပါတယ်။ ဟေမိုဂလိုဘင် အမျိုးအစားတွေမှာ မတူညီတဲ့ electrical charges တွေ ရှိပြီး မတူညီတဲ့ အရှိန်တွေနဲ့ လှုပ်ရှားကြတာဖြစ်ပါတယ်။ လျှပ်စီးကြောင်းထဲမှာ ပါဝင်တဲ့ ဟေမိုဂလိုဘင် အမျိုးအစားတွေကို တိုင်းတာတာ ဖြစ်ပါတယ်။

ပုံမှန် (သို့) ပုံမှန်မဟုတ်တဲ့ ဟေမိုဂလိုဘင် တွေရဲ့ အရေအတွက် ပမာဏတွေ မူမမှန်ဟုဟာ ရောဂါဖြစ်နေခြင်းကို ညွှန်ပြပါတယ်။ ပုံမှန်မဟုတ်တဲ့ ဟေမိုဂလိုဘင် အမျိုးအစားတွေ အခြားလက္ခဏာတွေမရှိပဲ သွေးအတွင်း ရှိနေခြင်းဟာ ရောဂါလက္ခဏာ မရှိတဲ့ အပျော့စားရောဂါတွေ (သို့) အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ရောဂါတွေ ကို ဖြစ်စေခြင်းကို ဖြစ်နိုင်ပါတယ်။ ဥပမာ Haemoglobin S ကို သွေးအတွင်း ပြင်းထန်တဲ့ ပုံမှန်မဟုတ်ခြင်းတွေဖြစ်စေပြီး ပြဿနာတွေဖြစ်စေတဲ့ sickle cell disease (သွေးနီဥ ပုံသဏ္ဍာန်မမှန် သွေးအားနည်းရောဂါ)မှာ တွေ့ရှိရပါတယ်။

Hemoglobin Electrophoresis တွေကို ဘာကြောင့် လုပ်ကြတာလဲ။

သင့်ဆရာဝန်က ပုံမှန်မဟုတ်တဲ့ ဟေမိုဂလိုဘင် အမျိုးအစားတွေကြောင့် ဖြစ်တဲ့ ရောဂါ တစ်ခုခု ရှိနေတယ်လို့ သံသယရှိရင် ဒီစစ်ဆေးမှုကို ပြုလုပ်ရနိုင်ပါတယ်။

ပြင်ဆင်မှု

Hemoglobin Electrophoresis ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

သင့်မှာ ကလေးယူဖို့ အစီအစဉ်ရှိရင်၊ ပြီးတော့ ပုံမှန် မဟုတ်တဲ့ ဟေမိုဂလိုဘင် တွေကို သွေးအတွင်းမှာ တွေ့ခဲ့ရင် မျိုးရိုးဗီဇဆိုင်ရာ ဆွေးနွေးအကြံပေးခြင်း ကို စဉ်းစားသင့်ပါတယ်။ ဒါဟာ သင်နဲ့ သင့်အိမ်ထာင်ဖက်ကို မွေးရာပါသွေးရောဂါတွေဖြစ်တဲ့ sickle cell disease၊ thalassemia အစရှိတဲ့ ရောဂါတွေ နဲ့ မွေးလာနိုင်တဲ့ ကလေးရဖို့ ရာခိုင်နှုန်းဘယ်လောက်ရှိလဲဆိုတာ ကူညီဖေါ်ပြပေးနိုင်ပါတယ်။

Hemoglobin Electrophoresis တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

ဒီစစ်ဆေးမှုအတွက် အထူးတလည် ပြင်ဆင်စရာ မလိုပါဘူး။ သွေးအားနည်းရောဂါအတွက် သွေးအားတိုးဆေးသောက်နေရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

စစ်ဆေးမှု

Hemoglobin Electrophoresis နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

သင့်ဆရာဝန်ဟာ လက်မောင်း (သို့) တံတောင်ဆစ်နားက နေရာကို ပိုးသတ်ဆေးနဲ့ သန့်စင်မှာ ဖြစ်ပါတယ်။ အချို့အခြေအနေတွေမှာ လက်မောင်းအပေါ်မှာ သားရေကြိုးကိုချည်နှောင်ပြီး သွေးပြန်ကြောကို ဖောင်းတင်းထင်ရှားလာစေပါတယ်။ ဒီလိုလုပ်ခြင်းဟာ သွေးပြန်ကြောတွေကနေ သွေးယူဖို့ လွယ်ကူစေပါတယ်။

သင့်လက်မောင်းကို အပ်နဲ့ဖေါက်ပြီး သွေးပြန်ကြောထဲကို အပ်ထည့်လိုက်မှာ ဖြစ်ပါတယ်။ သွေးယူမယ့် ဖန်ချောင်းကိုတော့ အပ်ရဲ့ အခြားထိပ်တစ်ခုမှာ ဆက်လိုက်မှာဖြစ်ပါတယ်။

သွေးအလုံအလောက်ရသွားရင်တော့ ဆရာဝန်ဟာ အပ်ကိုဖယ်လိုက်မှာ ဖြစ်ပြီး အပ်ဖေါက်ထားတဲ့နေရာကို ဂွမ်းနဲ့ သွေးတိတ်သွားအောင် ဖိထားမှာ ဖြစ်ပါတယ်။

စစ်ဆေးပြီးနောက်

Hemoglobin Electrophoresis လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

သွေးအဖြေ ရရှိဖို့ ရက်ချိန်းပေးမှာ ဖြစ်ပါတယ်။ သင့်ဆရာဝန်က သွေးအဖြေကို ရှင်းပြပေးမှာ ဖြစ်ပါတယ်။ ဆရာဝန်ညွှန်ကြားမှုကို လိုက်နာသင့်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hemoglobin Electrophoresis (လျှပ်စီးကြောင်းသုံးပြီးဟေမိုဂလိုဘင် စစ်ဆေးခြင်း) အဖြေတွေက ဘာကို ဆိုလိုတာလဲ။

ပုံမှန်အဖြေ

ပုံမှန် မွေးကင်စကလေးတွေနဲ့ ကလေးတွေမှာ ပုံမှန် Haemoglobin ပမာဏတွေကတော့

• Hb F (မွေးကင်းစ): 50% to 80%

• Hb F (၆ လအထိ): 8%

• Hb F (၆ လအထက်): 1% to 2% ဖြစ်ပါတယ်။

လူကြီးတွေမှာ ပုံမှန် Haemoglobin ပမာဏတွေကတော့

• Hb A: 95% to 98%

• Hb A2: 2% to 3%

• Hb F: 0.8% to 2%

• Hb S: 0%

• Hb C: 0%

ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး Hemoglobin Electrophoresis ရဲ့ အဖြေတွေဟာ အနည်းငယ် ကွဲပြားနိုင်ပါတယ်။ အချို့ဓါတ်ခွဲခန်းတွေမှာ မတူညီတဲ့ အတိုင်းအတာတွေ (သို့) မတူညီတဲ့ နမူနာ ယူခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။ သွေးအဖြေရဲ့ ဆိုလိုရင်းကို သိရှိဖို့ ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

ပုံမှန်မဟုတ်တဲ့ အဖြေ

တကယ်လို့ သင့်မှာ ပုံမှန်မဟုတ်တဲ့ ဟေမိုဂလိုဘင် ပမာဏ ရှိနေပြီဆိုရင် အောက်ပါအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

• haemoglobin C ရောဂါ (ပြင်းထန်တဲ့ သွေးအားနည်းမှုကို ဖြစ်စေတဲ့ မွေးရာပါ ရောဂါတစ်ခု)

• ရှားပါးတဲ့ ဟေမိုဂလိုဘင် ရောဂါ

• Sickle cell anaemia (သွေးနီဥ ပုံသဏ္ဍာန်မမှန်သွေးအားနည်းရောဂါ)

• Thalassemia (သာလာဆီးမီးယား သွေးအားနည်းရောဂါ)

တကယ်လို့ ပုံမှန်မဟုတ်တဲ့ ဟေမိုဂလိုဘင် ပမာဏ ရှိမယ်ဆိုရင် ကုသမှုဟာ ရောဂါအခြေအနေပေါ် မူတည်ပါတယ်။ Haemoglobin C ရောဂါဟာ သွေးနီဥတွေကို ပုံမှန်အတိုင်းထုတ်စေဖို့ ဖောလစ်အက်ဆစ်ဖြည့်စွက်စာ သောက်ရတာဖြစ်ပါတယ်။ Sickle cell anaemia ကိုတော့ ရိုးတွင်းခြင်ဆီ အစားထိုးရတာဖြစ်ပါတယ်။ thalassemia ရှိခဲ့ရင်တော့ သင့်ဆရာဝန်က ရောဂါအခြေအနေနဲ့ ပြင်းထန်မှုပေါ်မူတည်ပြီး ကုသပေးမှာ ဖြစ်ပါတယ်။

ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး Hemoglobin Electrophoresis ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Hemoglobin Electrophoresis နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement