backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hematoma (သွေးဥခြင်း)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 14/03/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hematoma (သွေးဥခြင်း) ကဘာလဲ။

သွေးဥခြင်းဆိုသည်မှာ သွေးကြောများအပြင်ဖက်တွင် သွေးများစုလာခြင်းကို ဆိုလိုပါသည်။ သွေးကြောနံရံအားထိခိုက်မိခြင်းမှ သွေးများ ပတ်ပတ်လည်ရှိတစ်ရှူးများအတွင်သို့ ပန့်ထုတ်လိုက်ခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။ သွေးဥခြင်းမှာ ဘယ်လိုသွေးကြောမျိုးကိုထိထိ ဖြစ်တတ်ပါသည်။ (သွေးလွှတ်ကြော၊ သွေးပြန်ကြော သို့မဟုတ် ဆံခြည်မျှင်သွေးကြောများ) သွေးဥခြင်းကို ပုံမှန်အားဖြင့် သွေးခဲခြင်းရှိရှိမ မရှိရှိ သွေးဆက်လက်ထွက်နေသည့်အခြေအနေအဖြစ် ဖော်ပြကြပါသည်။

Hematoma (သွေးဥခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် အလွန်အဖြစ်များ၏။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Hematoma (သွေးဥခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

သွေးဥခြင်းကြောင့် ကျိန်းစပ်ခြင်းနှင့်ရောင်ခြင်း ဖြစ်နိုင်ပါသည်။ လက္ခဏာများမှာ သွေးဥ၏တည်နေရာ အရွယ်အစားပေါ်မူတည်ပြီး ၎င်းနှင့်ဆက်စပ်နေသော ဖူးထခြင်းနှင့်ရောင်ရမ်းခြင်းကလည်း အနီးအနားရှိအစိတ်အပိုင်းများအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။

သွေးဥခြင်း၏အဖြစ်များဆုံး လက္ခဏာများမှာ –

နီမြန်းခြင်း

ထိလျှင်နာခြင်း

ပူနွေးနေခြင်း

နာခြင်း

ဖူးရောင်ခြင်း

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

လက္ခဏာများပြင်းထန်လျှင် သို့မဟုတ် အရွယ်အစား ပိုပိုကြီးလာလျှင် ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။ ဥပမာအားဖြင့် ဦးနှောက်တွင်သွေးဥခြင်း (ဂျူရာလွှာအောက်) သို့မဟုတ် ဂျူရာလွှာအပြင်ဖက်တွင်သွေးဥခြင်းမျိုးက ချက်ချင်း ဆေးကုသမှုခံယူ ခွဲစိတ်ရန်လိုအပ်ပါသည်။ အထူးသဖြင့် အာရုံကြောဆိုင်ရာပြဿနာများ ပါလာလျှင် ပိုလိုပါသည်။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။

အကြောင်းရင်းများ

Hematoma (သွေးဥခြင်း) ကိုဘာတွေကဖြစ်စေသလဲ

သွေးဥခြင်းမှာ ပုံမှန်အားဖြင့် ထိခိုက်မိခြင်းမှဖြစ်လာရ၏။ ကားတိုက်မှု၊ အသေးစား ထိခိုက်မှု၊ ချောင်းဆိုးခြင်း သို့မဟုတ် ကိုယ်မသိလိုက်သောဖြစ်စဉ် စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါသည်။ သွေးကြောအတွင်းမှသွေးများမှာ အစဉ်မပြတ်စီးဆင်းနေသောကြောင့် ခဲသွားခြင်းမဖြစ်ပါ။ သွေးလည့်ပတ်စနစ်မှ သွေးများထွက်သွားပြီး ငြိမ်ကျသွားပြီဆိုပါက သွေးချက်ချင်းခဲလာတော့မည်ဖြစ်သည်။ သွေးထွက်ပမာဏများလေလေ သွေးဥခြင်းပိုကြီးလေလေဖြစ်သည်။ သွေးကျဲဆေးများ ဥပမာ အက်စ်ပရင်၊ ဝါဖရင်၊ ကလိုပီတိုဂရဲ နှင့် ဒိုင်ပိုင်ရီဒမိုးတို့သည် သွေးခဲခြင်းနှင့် ဓါတ်ပြုမှုရှိပါသည်။ တစ်ချို့သောရောဂါနှင့် ကူးစက်ပိုးများက သွေးစီးကြောင်းတွင်းရှိ သွေးမွှားဥများကို လျော့ပါးစေခြင်း သို့မဟုတ် အလုပ်မလုပ်နိုင်စေခြင်းများ ဖြစ်စေတတ်ပါသည်။ သွေးမွှားဥဆိုသည်မှာ သွေးခဲအောင်စတင်ပေးသော ဆဲလ်များဖြစ်သည်။ သွေးမွှားဥများ အတားခံရပါ သွေးဆက်တိုက်ထွက်နေပြီး သွေးဥခြင်းမှာလည်း ပိုပိုကြီးလာပါမည်။ သွေးဥခြင်းကိုဖြစ်စေနိုင်သော ဘက်တီးရီးယားရောဂါ၊ ကိုယ်ခံအားမှ ပြန်တိုက်သောရောဂါနှင့် တခြားအခြေအနေများမှာ –

လက်ချောင်းတွင်ပိုးဝင်ခြင်း

အရိုးကျီးပေါင်းတက်ခြင်း

Onychomycosis

နာရွက်ရှိ အရိုးနုများအတွင်း ထိခိုက်မှုကြောင့် သွေးထွက်လျှင် သွေးဥခြင်းဖြစ်နိုင်ပါသည်။ နာရွက်သွေးဥခြင်းနောက်ဆက်တွဲမှာ ပန်းမုန်လာနှင့်တူသော နားရွက်ဖြစ်ပါသည်။

နှာနုရိုးသွေးဥခြင်းမှာ နှာခေါင်းထိခိုက်မိခြင်းကြောင့် ဖြစ်ရပါသည်။ နှာခေါင်းကျိုးခြင်းနှင့် ဆက်စပ်မှုရှိနိုင်ပြီး မစစ်ဆေး မဖယ်ထုတ်ပဲထားပါက အရိုးပျက်သွားပြီး နှာခေါင်းနှစ်ခုကြားနံရံပေါက်ထွက်ခြင်းဖြစ်နိုင်ပါသည်။

ဝမ်းဗိုက်အတွင်းသွေးယိုခြင်းကလည်း ဖြစ်ရသည့်အကြောင်းရင်းနှင့် အခြေအနေပေါ်မူတည်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်ပါသည်။ ထိုမှ ဝမ်းဗိုက်အတွင်းနံရံများ ထိခိုက်နိုင်ပါသည်။

အသည်း၊ သရက်ရွက်နှင့် ကျောက်ကပ်တို့လို အခဲအင်္ဂါများတွင်လည်း သွေးဥခြင်းဖြစ်နိုင်ပြီး အူသိမ် အူမနံရံများတွင်လည်း ဖြစ်နိုင်ပါသည်။ ဝမ်းဗိုက်နံရံအလွှာကြား သို့မဟုတ် ကျောက်ကပ်တည်ရှိရာနေရာ၏ နောက်ကြားတို့တွင်ပါ သွေးဥခြင်းဖြစ်နိုင်ပါသည်။

အရိုထိခိုက်မိခြင်း သို့မဟုတ် အရိုးကျိုးခြင်းများက သွေးဥခြင်းကိုဖြစ်စေနိုင်သည်။ ရိုးတွင်းချဉ်ဆီဆိုသည်မှာ သွေးဆဲလ်များထုတ်ရာနေရာဖြစ်သည်။ အရိုးကျိုးခြင်းက သွေးအများအပြားကိုထွက်စေနိုင်ပါသည်။ Compartment syndrome ဆိုသည်မှာ ထိခိုက်မိခြင်းကြောင့် သွေးယိုသွေးဥသည့် နောက်ဆက်တွဲရှားပါးပြဿနာဖြစ်၏။ ၎င်းမှာ အရေးပေါ်ခွဲစိတ်ရန်လိုအပ်ပါသည်။ ၎င်း၏လက္ခဏာများမှာ လက်ချောင်း ခြေချောင်းများ လှုပ်ရှားလျှင် ပြင်းထန်စွာနာခြင်း၊ လက်ခြေ ခြေဖဝါးတို့တွင် သွေးခုန်နှုန်းအားနည်းသွားပြီး ထုံကျင်နေခြင်းတို့ဖြစ်သည်။

ကိုယ်ဝန်ဆောင်ခြင်းမှာ အချင်းကြားသွေးယိုခြင်း ဖြစ်ရပ်များ၏ ၂၅%နှင့် ဆက်နွယ်နေပါသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် သားအိမ်လှုပ်နှုန်းအား ခွဲခြမ်းစိတ်ဖြာရာ၌ အများဆုံးတွေ့ရသော မူမမှန်မှု ဖြစ်သည်။ သွေးဥခြင်းအသေးစားမျာူမှာ အလိုလိုပျောက်သွားပြီး လူနာအတွက် မဆိုးလှပါ။ တတိယသုံးလမြောက်တွင် သွေးယိုသည့်ပြဿနာရှိပါက အချင်းကွာခြင်း သို့မဟုတ် အချင်းနေရာမမှန်ခြင်း၏ လက္ခဏာဟု ယူဆရသည်။ ထို့ကြောင့် အရေးပေါ်ကုသမှုခံယူရန် လိုအပ်၏။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hematoma (သွေးဥခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သွေးဥခြင်းကိုစမ်းသပ်ရာတွင် ရောဂါရာဇဝင်ကိုပါ သေချာမေးပြီး ကြည့်ရှု့ခြင်းတို့ပါဝင်ပါသည်။ ယေဘုယျအားဖြင့် သွေးဥခြင်းကိုတွက်ချက်ရန်အတွက် သွေးစစ်ဖို့မလိုအပ်ပါ။

သို့သော် အခြေအနေပေါ်မူတည်ပြီး သွေးအရည်အတွက် အပြည့်စစ်ခြင်း၊ သွေးခဲစစ်ခြင်း၊ ဓါတုနှင့်ဇီဝရုပ်ဖြစ်ပျက်မှုစစ်ခြင်း၊ အသည်းစစ်ဆေးခြင်းများက လူတစ်ယောက်တွင် သွေးဥခြင်းရှိမရှိသိစေနိုင်သလို အောက်ခံရောဂါများကိုပါ သိရှိစေနိုင်ပါသည်။ ထိုမှ သွေးဥခြင်းဖြစ်ပေါ်ရသည့် အကြောင်းရင်းကို သိရှိရမည်ဖြစ်သည်။

ကိုယ်တွင်းသွေးဥခြင်းဆိုပါက ပုံရိပ်ဖော်နည်းပညာများ လိုအပ်ပါလိမ့်မည်။

ဦးခေါင်းကွန်ပျူတာဓါတ်မှန်က ဂျူရာလွှာအောက် သွေးဥခြင်းကို အတည်ပြုနိုင်ပါသည်။ ဝမ်းဗိုက်ကွန်ပျူတာဓါတ်မှန်က ဝမ်းတွင်းသွေးဥသည့်အခါ ရိုက်လေ့ရှိပါသည်။ (ဗိုက်အတွင်း၊ အသည်းအတွင်း၊ သရက်ရွက်အတွင်း၊ ကျောက်ကပ်နောက်ကြား၊ ဝမ်းဗိုက်နံရံအလွှာများကြား)

ဂျူရာလွှာအပေါ်ဖက် သွေးဥခြင်းကို ကွန်ပျူတာဓါတ်မှန်ထက် သံလိုက်ဓါတ်မှန်က ပိုတိကျသောအဖြေကိုရပါသည်။

Hematoma (သွေးဥခြင်း) ကို ဘယ်လိုကုသပါသလဲ

သွေးဥတည်ရှိရာနေရာ ဖြစ်နေသာ ကိုယ်အစိတ်အပိုင်း ပေါ်နေသောလက္ခဏာများပေါ်တည်ပြီး သွေးဥခြင်းကို တိတိကျကျကုသရမည်ဖြစ်သည်။ ဥပမာအားဖြင့် ဦးနှောက်တွင် သွေးဥခြင်းအသေးစား ဖြစ်နေပြီး လူနာတစ်ဦးမှာ သတိကောင်းကောင်းရနေပြီး နောက်တစ်ဦးမှာ ခေါင်းထိခိုက်မိခြင်းကြောင့်ဖြစ်ရပါက သူ့ကို ခွဲစိတ်မှုလုပ်ကာ ဦးနှောက်တစ်ရှူးများကို ကယ်တင်ရပါမည်။ ဝမ်းဗိုက်တွင်းသွေးဥခြင်းမှာလည်း ထိုအတိုင်းပင်။ လူနာမှာ တည်ငြိမ်နေပါက စောင့်ကြည့်ရုံနှင့် သင့်တော်သော်လည်း သွေးလန့်နေပါက ခွဲစိတ်ကုသမှုကိုလုပ်ရမည်ဖြစ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက သွေးဥခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် သွေးဥခြင်း ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။

အနားယူပါ

ရေခဲကပ်ပါ (ရေခဲဝတ်ကို တစ်ကြိမ်လျှင် မိနစ် ၂၀ ခန့် တစ်ရက်လျှင် ၄-၈ ကြိမ်ကပ်ပါ)

ဖိပါ (ဆန့်ဆွဲနိုင်သော ပတ်တီးများဖြင့် ပြုလုပ်နိုင်ပါသည်။)

မတင်ထားပါ (ထိခိုက်မိသောအစိတ်အပိုင်းကို နှလုံးအထက်ရောက်အောင် မြင့်ထားပေးပါ)

အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 14/03/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement