မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
HELLP syndrome က ကိုယ်ဝန်ဆောင်စဉ်မှာဖြစ်တဲ့ အသက်အန္တရာယ်ပေးအခြေအနေဖြစ်တယ်။ ကိုယ်ဝန်ဆိပ်သင့်တာနဲ့ဆက်စပ်မှုရှိပြီး ကိုယ်ဝန်ဆောင် ၅-၈% မှာတွေ့ရပါတယ်။ များသောအားဖြင့် ကိုယ်ဝန်ပတ် ၂၀ မြောက်မှာ အဖြစ်များတယ်။ HELLP syndrome က အသည်းနဲ့သွေးမှာဖြစ်တဲ့ရောဂါဖြစ်ပြီး မကုသပဲထားလိုက်ရင် အသက်သေနိုင်ပါတယ်။ HELLP syndrome ရဲ့လက္ခဏာတွေက အများကြီးဖြစ်သလို မသဲမကွဲလဲဖြစ်တတ်တဲ့အပြင် ကနဦးအစမှာ အတည်ပြုဖို့ခက်ပါတယ်။ HELLP ဆိုတာက အစပိုင်းဓါတ်ခွဲစစ်ဆေးတဲ့အခါမှာ တွေ့ရတဲ့မူမမှန်စစ်ဆေးမှုတွေကို အစွဲပြုပေးတာပါ။
သွေးဆဲလ်ကွဲပျက်တဲ့လူတွေမှာ သွေးနီဥတွေ အရွယ်မတိုင်ခင် မြန်မြန်ပျက်စီးနေတတ်ပါတယ်။ ဒါကြောင့် သွေးနီဥအရေအတွက် နည်းလာပြီး နောက်ဆုံးမှာ သွေးအားနည်းရောဂါဖြစ်လာပါတယ်။ သွေးအားနည်းရောဂါဆိုတာ ခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီထောက်ပံ့ဖို့ လုံလောက်တဲ့အောက်စီဂျင်ကို သွေးက မသယ်နိုင်တော့တဲ့ရောဂါဖြစ်ပါတယ်။
အသည်းအင်ဇိုင်းမြင့်တက်လာတာက အသည်းက လုပ်ငန်းကောင်းကောင်းမလုပ်တော့တဲ့ လက္ခဏာပါ။ ရောင်နေတဲ့အသည်း ထိခိုက်ထားတဲ့အသည်းက အင်ဇိုင်းအပါအဝင် ဓါတုပစ္စည်းတွေကို သွေးထဲထုတ်လွှတ်လိုက်ပါတယ်။
သွေးမွှားဥဆိုတာက သွေးစီးကြောင်းထဲက သွေးခဲတာကိုကူညီပေးတဲ့ ဆဲလ်တွေပါ။ သူတို့တွေ အရမ်းနည်းလာရင် သွေးအလွန်အကျွံယိုခြင်း ဖြစ်လာပါလိမ့်မယ်။
HELLP syndrome ဆိုတာက ရှားပါးတဲ့ရောဂါဖြစ်ပြီး ကိုယ်ဝန်အားလုံးရဲ့ ၁% မှာသာ တွေ့ရပါတယ်။ ဒါပေမယ့် စိတ်ပူရမယ့်ရောဂါကြီးဖြစ်ပြီး မိခင်ရော ကလေးကိုရောပါ အသက်အန္တရာယ် ဖြစ်စေပါတယ်။ အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။
HELLP syndrome ရဲ့လက္ခဏာတွေက လူတစ်ဦးနဲ့တစ်ဦး မတူပါဘူး။ ဒါပေမယ့် အဖြစ်အများဆုံးဟာတွေကတော့…
အောက်ပါတို့ကိုလည်း ခံစားရနိုင်ပါတယ်။
ရှားပါးသောဖြစ်ရပ်များတွင် ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ တက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေက များသောအားဖြင့် HELLP syndrome ရင့်နေကြောင့် ဖော်ပြနေတာဖြစ်ပြီး ဆရာဝန်နဲ့ချက်ချင်းကုသရန် လိုနေပြီဖြစ်ပါတယ်။
အပေါ်မှာပြောထားတဲ့လက္ခဏာတွေထဲမှာ မပါသေးတဲ့တခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ တစ်ကယ်လို့များ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု ရှိနေနိုင်လားဆိုပြီး စိုးရိမ်နေရင်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။
HELLP syndrome ရဲ့လက္ခဏာတွေက တုပ်ကွေးမိတာနဲ့ အတော်ကြီးကိုတူပါတယ်။ ကိုယ်ဝန်ဆောင်ရင်ဖြစ်တတ်တဲ့လက္ခဏာတွေလို့လည်း ထင်ရတတ်ပါတယ်။ သို့သော် ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေးနဲ့တူတဲ့လက္ခဏာတွေပေါ်လာခဲ့ရင် ဆရာဝန်နဲ့ချက်ချင်းပြဖို့က အရေးကြီးဆုံးပါပဲ။ ဆရာဝန်တွေကသာ ပြင်းထန်တဲ့ရောဂါကို ညွှန်ပြနေတာဟုတ်မဟုတ် သိနိုင်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေတယ်ဆိုလျှင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုပါလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
HELLP syndrome က များသောအားဖြင့် ကိုယ်ဝန်ဆောင်နောက်ဆုံး၃လအတွင်း ၃၇ ပတ်မတိုင်ခင်မှာ ဖြစ်တတ်ပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းကတော့ မသိရသေးပါဘူး။
ကိုယ်ဝန်ဆိပ်သင့်တာက အဓိကအန္တရယ်ပါ။ သည်အခြေအနေကို သွေးတိုးတာ၊ ဖောတာနဲ့ ကိုယ်ဝန်နောက်ဆုံး ၃ လမှာ ဖြစ်တာကိုကြည့်ပြီး သိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆိပ်သင့်တဲ့ ကိုယ်ဝန်ဆောင်တိုင်း HELLP syndrome ဖြစ်တာမဟုတ်ပါဘူး။
တခြားအန္တရာယ်ရှိအချက်တွေက
ယခင်ကိုယ်ဝန်မှာလည်း ဒါမျိုးဖြစ်ဖူးရင် HELLP syndrome ဖြစ်နိုင်ချေ အတော်လေးများပါတယ်။ ဆိုရလျှင် နောက်ကိုယ်ဝန်တွေမှာ ဖြစ်ပွားလာနိုင်နှုန်းက ၁၉-၂၇ % စီ တိုးသွားပါတယ်။ အချက်အလက်တွေကိုထပ်သိလိုပါက ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကြည့်ပါ။
ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။
HELLP syndrome ဖြစ်နေပြီလို့သံသယဖြစ်တဲ့အခါ ဆရာဝန်က သင့်ကိုစမ်းသပ်တာတွေ စစ်ဆေးတာတွေ ပြုလုပ်ပါလိမ့်မယ်။ စမ်းသပ်တဲ့အခါ ဗိုက်မှာနာနေတာတွေ၊ အသည်းကြီးတာနဲ့ ဗိုက်ဖောနေတာတွေကို စမ်းပါလိမ့်မယ်။ ဒါတွေက အသည်းပြဿနာကိုပြနေတာပါ။ သွေးပေါင်လည်း တိုင်းပါလိမ့်မယ်။
ရောဂါအတည်ပြုဖို့ ဆရာဝန်ကိုအကူအညီဖြစ်စေမယ့် စစ်ဆေးမှုတွေလုပ်ရမယ်။
HELLP syndrome ဆိုတာသေချာသွားရင် နောက်ဆက်တွဲတွေကာကွယ်ဖို့အတွက် ကလေးကိုမွေးပစ်လိုက်တာ အကောင်းနည်းပဲ။ ဖြစ်ရပ်အများစုမှာ ကလေးကို လမစေ့ပဲ မွေးပစ်လိုက်ရပါတယ်။
ဒါပေမယ့် ကုသမှုဆိုတာက သင့်ရဲ့လက္ခဏာတွေ၊ မွေးရက်နဲ့ဘယ်လောက်နီးနေပြီလဲဆိုတာတွေပေါ် မူတည်ပြီး အမျိုးမျိုးပြောင်းနိုင်ပါတယ်။ HELLP syndrome က အပျော့စား၊ ကိုယ်ဝန်ကလည်း ၃၄ ပတ်အောက်ပဲရှိသေးတယ်ဆိုရင် ဆရာဝန်က အောက်ပါတို့ကို အကြံပြုပါလိမ့်မယ်။
ကုသမှုနေစဉ်မှာ ဆရာဝန်က သင့်ရဲ့သွေးနီဥ၊ သွေးမွှားဥ နဲ့ အသည်းအင်ဇိုင်းလယ်ဗယ်တွေကို စောင့်ကြည့်ပေးပါလိမ့်မယ်။ ကလေးရဲ့ကျန်းမာရေးကို အနီးကပ်စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။ ဆရာဝန်က ကလေးရဲ့လှုပ်ရှားမှု၊ နှလုံးခုန်နှုန်း၊ ဖိစီးမှုနဲ့ သွေးစီးဆင်းနှုန်းကိုသိဖို့ မမွေးခင်လုပ်ရတဲ့ စစ်ဆေးမှုတွေကို လုပ်ခိုင်းနိုင်ပါတယ်။
သင့်အခြေအနေက ကလေးကိုချက်ချင်းမွေးလိုက်ဖို့ လိုနေပြီဆိုရင်တော့ မွေးဖွားမှုစတင်ဖို့ ဆေးသုံးရပါလိမ့်မယ်။ တစ်ချို့ဖြစ်ရပ်တွေမှာ ခွဲမွေးဖို့ လိုနိုင်ပါတယ်။ ဒါပေမယ့် သွေးမွှားဥနည်းတာနဲ့ ဆက်စပ်နေတဲ့ သွေးခဲပြဿနာရှိနေပြီးဆိုရင်တော့ နောက်ဆက်တွဲအခြေအနေတွေ ရှိလာနိုင်ပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက HELLP syndrome ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
ကိုယ်ဝန်ဆိပ်သင့်သူတွေက HELLP syndrome မဖြစ်လာအောင် နေထိုင်တဲ့ပုံစံပြောင်းပေးရုံနဲ့ လျော့ချနိုင်ပါတယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း၊ နှံစားသီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးနဲ့ အဆီမပါအသား စတာတွေလို နှလုံးကောင်းစေတဲ့ အစားအသောက်တွေစာပေးတာတို့ လုပ်ရပါမယ်။ HELLP syndrome ရဲ့လက္ခဏာတွေ စပေါ်လာပြီဆိုတာနဲ့ ဆရာဝန်ကို ချက်ချင်းဆက်သွယ်ဖို့ အရေးကြီးပါတယ်။ စောစီးစွာ သိရှိကုသခြင်းက နောက်ဆက်တွဲပြဿနာတွေကို လျော့ချပေးနိုင်ပါတယ်။
တစ်ကယ်လို့သင့်ဆီမှာ မေးချင်တာတွေရှိနေတယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါအမည်တပ်ခြင်း သို့မဟုတ် ကုသမှုပေးခြင်းများကို ဆောင်ရွက်မပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။