backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Heat Rash (မိတ်ထွက်ခြင်း)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 31/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Heat Rash (မိတ်ထွက်ခြင်း) ကဘာလဲ။

အပူလွန်ကဲတာကြောင့် မိတ်ထွက်ခြင်းဟာ အင်မတန်အဖြစ်များပြီး ပူအိုက်စွတ်စိုထိုင်းမှိုင်းတဲ့ ရာသီဥတုမှာ အဖြစ်များလေ့ရှိပါတယ်။ မိတ် ဟာပုံမှန်အားဖြင့် နာကျင်လေ့မရှိပေမယ့် အင်မတန်ယားယံစေတာမို့ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါ့အပြင် တချက်တချက် စူးခနဲ နာသလို ခံစားရလေ့ရှိတာကြောင့် သင့်ကို စိုးရိမ်ပူပန်စိတ်တွေ ဖြစ်စေနိုင်ပြီး တချို့ မိတ်ဖုလေးတွေဟာ သွားထိရင် နာတတ်ပါတယ်။ မိတ်ထွက်တာဟာ ပုံမှန်အားဖြင့် အထူးတလည်ကုသစရာမလိုဘဲ အလိုလိုပျောက်ကင်းသွားလေ့ရှိပေမယ့် အရမ်းကြီးဆိုးရွားလာရင်တော့ ဆေးကုသမှုခံယူဖို့လိုမှာဖြစ်ပြီး အကောင်းဆုံးကုသမှုကတော့ သင့်အရေပြားကို အေးမြအောင်ထားတာနဲ့ တတ်နိုင်သမျှ ချွေးမထွက်အောင် ကာကွယ်တာပဲ ဖြစ်ပါတယ်။

Heat Rash (မိတ်ထွက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ။

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Heat Rash (မိတ်ထွက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဓိက တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့ ဦးခေါင်း၊လည်ပင်း နဲ့ ပုခုံးတို့မှာ သေးငယ်ပြီး ယားယံစေတဲ့ အဖုလေးတွေ ပေါက်လာတာ ဖြစ်ပါတယ်။ မိတ်ပေါက်နေတဲ့ နေရာတွေကို အဝတ်အစားနဲ့ ထိမိတာ ဒါမှမဟုတ် ကုတ်တဲ့အခါ အင်မတန် အနေရအထိုင်ရ ခက်စေပြီး ရှားရှားပါးပါးဆိုသလို အရေပြားပိုးဝင်တာမျိုးတွေပါ ဖြစ်လာနိုင်ပါတယ်။ ချွေးဂလင်းရဲ့ပြွန်တွေကို ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်း ပိတ်ဆို့စေသလဲဆိုတာကို မူတည်ပြီးတော့ မိတ်ဖုတွေကို အမျိုးအစား ခွဲခြားနိုင်ပြီး အမျိုးအစားတခုချင်းစီမှာ သက်ဆိုင်ရာ လက္ခဏာတွေ ရှိပါတယ်။

  • အပေါ်ယံလွှာမိတ်ဖုများ ။ ။ ဒီပုံစံဟာ အသက်သာဆုံးပုံစံဖြစ်ပြီး အရေပြားအပေါ်ယံလွှာမှာရှိတဲ့ ချွေးဂလင်းပြွန်တွေလောက်ကိုပဲ ပိတ်ဆို့စေတာပါ။ အရည်ကြည်လေးတွေပြည့်နေပြီး ပေါက်လွယ်တဲ့ အဖုတွေဟာ ဒီပုံစံရဲ့ အမှတ်အသား ဖြစ်ပါတယ်။
  • နီရဲနေတဲ့ မိတ်ဖုများ ။ ။ သူကတော့ အရေပြားအောက်ကို အနည်းငယ်နက်သွားမှာဖြစ်ပြီး ယားယံစေတဲ့ အနီဖုလေးတွေဟာ သူ့ရဲ့ လက္ခဏာပါ။
  • အရည်ကြည်မိတ်ဖုများ ။ ။ ရောင်ရမ်းနေတဲ့ အရည်ကြည်မိတ်ဖုလေးတွေကို ဒီပုံစံမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
  • ကြက်သီးမိတ်ဖုများ။ ။ အရေပြား အောက်ခြေနက်နက်ထိ ထိုးဖောက်ရောက်ရှိတဲ့ ဒီမိတ်ဖုတွေဟာ ဖြစ်ခဲပါတယ်။ တချို့ချွေးတွေဟာ ချွေးဂလင်းတွေထဲကတဆင့် အရေပြားထဲကို ဝင်ပြီး အသားရောင် ခပ်မာမာအဖုလေးတွေအဖြစ် ပေါ်ပေါက်လာတာမို့ ကြက်သီးဖုလေးတွေနဲ့ ဆင်ဆင်တူပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ။

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

  • မိတ်ဖုတွေရဲ့ နာကျင်၊နီရဲ၊ရောင်ရမ်း၊ပူနွေးတာတွေ ပိုဆိုးရွားပြင်းထန်လာခြင်း။
  • မိတ်ထွက်တဲ့နေရာတဝိုက်မှာ အနီစင်းတွေ ဖြစ်လာခြင်း။
  • မိတ်ဖုက ပြည်တွေထွက်လာခြင်း။
  • ချိုင်း၊လည်ပင်း နဲ့ ပေါင်ခြံက အကြိတ်တွေ ကြီးလာခြင်း။
  • ကိုယ်အပူချိန် ၃၈ဒီဂရီစင်တီဂရိတ်ထက် ပိုခြင်း ဒါမှမဟုတ် အကြောင်းရင်းခံ မရှိဘဲ ချမ်းတုန်ဖျားခြင်း။

အကြောင်းရင်းများ

Heat Rash (မိတ်ထွက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ။

ချွေးဂလင်းပြွန်တွေ ပိတ်ဆို့တာကြောင့် မိတ်ပေါက်ရပါတယ်။ ချွေးဂလင်းပြွန်တွေ ဘာလို့ပိတ်ဆို့ရသလဲဆိုတာ အတိအကျ မသိရသေးပေမယ့် အောက်ဖော်ပြပါ အချက်တွေကတော့ တစိတ်တဒေသပါဝင်နေမှာပါ။

  • ချွေးဂလင်းပြွန်တွေ ကောင်းကောင်းမဖွံ့ဖြိုးသေးခြင်း။ မွေးကင်းစကလေးလေးတွေအနေနဲ့ တစ်ပတ်သား အရွယ်မှာပဲ စတင်ပြီး မိတ်ပေါက်နိုင်ပါတယ် (အထူးသဖြင့် အနွေးဓါတ်ပေး ကိရိယာထဲမှာ နေရတဲ့ကလေးတွေ၊အဝတ်အစား ထူထူကြီးတွေ ဝတ်ပေးခံထားရတဲ့ ကလေးတွေ ဒါမှမဟုတ် အဖျားရှိတဲ့ ကလေးတွေ)။
  • ပူနွေးစွတ်စိုတဲ့ ရာသီဥတု။
  • ချွေးထွက်များစေတဲ့ လှုပ်ရှားမှုတွေကို လုပ်ခြင်း။
  • အပူလွန်ကဲခြင်း။
  • ကာလကြာရှည်စွာ အိပ်ရာထဲ လဲနေခြင်း။

ဖြစ်ပွားနိုင်ချေ မြင့်မားစေသည့်အကြောင်းရင်းများ

Heat Rash (မိတ်ထွက်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ။

အပူကြောင့် မိတ်ပေါက်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အသက်အရွယ်။ ။ မွေးကင်းစကလေးတွေမှာ ပိုဖြစ်နိုင်ပါတယ်။
  • အပူပိုင်းရာသီဥတု။ ။ အပူပိုင်းဒေသမှာ နေထိုင်သူတွေဟာ သမပိုင်းဇုန်မှာ နေထိုင်သူတွေထက် မိတ်ပေါက်နိုင်ချေ ပိုများပါတယ်။

အလှုပ်အရှားများခြင်း ။ ။ ချွေးအလွန်အကျွံထွက်စေတဲ့ လှုပ်ရှားမှုတွေ (အထူးသဖြင့် ချွေးအငွေ့ပျံဖို့ မလွယ်ကူတဲ့ အဝတ်အစားတွေ ဝတ်ထားတဲ့အခါ) ပြုလုပ်ရင် ပိုပြီး မိတ်ပေါက်စေပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

Heat Rash (မိတ်ထွက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ။

သင့်ဆရာဝန်အနေနဲ့ မိတ်တွေရဲ့ ပုံစံကို ကြည့်ရုံနဲ့ အလွယ်တကူ အဖြေရှာ အတည်ပြုနိုင်မှာဖြစ်ပြီး ဒါဟာ အရေးကြီးစိုးရိမ်စရာ ကိစ္စလည်း မဟုတ်ပါဘူး။

Heat Rash (မိတ်ထွက်ခြင်း) ကို ဘယ်လိုကုသပါသလဲ။

မိတ်တွေဟာ ရက်အနည်းငယ်အတွင်းမှာ သူ့အလိုလို ပျောက်သွားလေ့ ရှိပြီး အနည်းငယ် ဆိုးရွားလာရင်တော့ ရောဂါလက္ခဏာတွေသက်သာသွားဖို့နဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ်နိုင်ဖို့အတွက် မိတ်ဖုလေးတွေကို calamine lotion ၊ anhydrous lanolin နဲ့ စတီးရွိုက် အစရှိတဲ့ လိမ်းဆေးရည်တွေ လိမ်းပေးနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 31/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement