ကျန်းမာရေး သတင်းများ

ကျန်းမာရေး သတင်းများ ၊ လေ့လာတွေ့ရှိချက်အသစ်များ၊ ကုထုံးအသစ်များ၊ ဆေးဝါးအသစ်များ အကြောင်းကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာရေး သတင်းများ

တစ်နေ့တာကို လေ့ကျင့်ခန်း ၅ မိနစ်လောက် ပုံမှန်လုပ်ပေးရုံနဲ့ ကင်ဆာဖြစ်နိုင်ခြေလျှော့ချနိုင်

ကိုယ်လက်လှုပ်ရှားမှုက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် အတော်လေး အရေးပါပါတယ်။ သုတေသန လေ့လာချက်တွေအရ သိရတာက လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးတာက နှလုံးသွေးကြောဆိုင်ရာရောဂါတွေ၊ ဆီးချို နဲ့ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေကို ကာကွယ်ပေးနိုင်တယ် ဆိုတာပါ။ အခုတစ်ခေါက် ပြောပြပေးချင်တာကလည်း တစ်နေ့တာကို လေ့ကျင့်ခန်း ၅ မိနစ်လောက် ပုံမှန်လုပ်ပေးရုံနဲ့ ကင်ဆာဖြစ်နိုင်ခြေလျှော့ချနိုင် တယ်ဆိုတဲ့ အကြောင်းလေးပါ။ လေ့ကျင့်ခန်း လုပ်ဖို့ ပျင်းသူတို့အတွက် သတင်းကောင်း တကယ်ကတော့ နေ့စဉ်ဘဝမှာ ကိုယ်လက်လှုပ်ရှားမှု လုံလောက်အောင် လုပ်ဆောင်မိသူတွေက ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့ သူတွေနဲ့ နှိုင်းစာရင် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေ ၂၀% ကနေ ၃၀ % လောက်အထိ နည်းတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO ) က ဖော်ပြထားပါတယ်။ ကိုယ်လက်လှုပ်ရှားမှုက ကျန်းမာစေဖို့ […]

ကျန်းမာရေး သတင်းများ ကို ရှာဖွေမည်။

ကျန်းမာရေး သတင်းများ

ကင်ဆာကို အမြစ်ပြတ် ကုသနိုင်တော့မလား

ကင်ဆာလို့ ကြားလိုက်တာနဲ့ လူတိုင်းရဲ့ ခေါင်းထဲကို အရင်ဆုံး ရောက်လာတဲ့အတွေးက အနှေးနဲ့အမြန် သေရတော့မှာလား ဆိုတာပါ။ ကင်ဆာဆိုရင် သေရတော့မှာပါလား ဆိုတဲ့ အတွေးလေးကို ဖယ်ရှားပေးနိုင်တော့မယ်လို့ ယူဆရတဲ့ ဆေးပညာရပ်နယ်ပယ်ရဲ့ အောင်မြင်မှု တစ်ရပ် ထွက်ပေါ်လာခဲ့ပါပြီ။ ကင်ဆာကို အမြစ်ပြတ် ကုသနိုင်တော့မလား ဆိုတာကို ဆောင်းပါးလေးထဲ ဆက်ကြည့်လိုက်ရအောင်နော်။ ကင်ဆာကို အမြစ်ပြတ် ကုသနိုင်တော့မလား လက်ရှိစမ်းသပ်လေ့လာနေတဲ့ ကင်ဆာဆေးဝါးတစ်ရပ်က ကင်ဆာရောဂါကို ကုသပေးနိုင်ခဲ့တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒီလေ့လာမှုမှာ အူမကြီးကင်ဆာ ခံစားနေရတဲ့ လူနာ ၁၂ ဦး ပါဝင်ခဲ့ပါတယ်။ လေ့လာမှုကို ၆ လ ကြာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ လေ့လာမှုအတွင်း dostarlimab လို့ခေါ်တဲ့ ဆေးဝါးနဲ့ ကုသပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအောင်မြင်မှုက ကင်ဆာ ကုထုံး ကြိုးပမ်းမှုတွေထဲမှာ ပထမဆုံးအကြိမ် အောင်မြင်မှုလည်း ဖြစ်ပါတယ်။ […]


ကျန်းမာရေး သတင်းများ

တရုတ်နိုင်ငံမှာ လူကိုကူးစက်စေတဲ့ H3N8 ကြက်ငှက်တုပ်ကွေး တွေ့ရှိ

ပြီးခဲ့တဲ့ ဧပြီနောက်ဆုံးပတ်မှာ တရုတ်နိုင်ငံ ဟယ်နမ်ပြည်နယ်မှာ H3N8 ကြက်ငှက်တုပ်ကွေး ကူးစက်ခံထားရတဲ့ လူနာကို စတင်တွေ့ရှိခဲ့ပါတယ်၊၊ ကြက်ငှက်တုပ်ကွေးက များသောအားဖြင့် လူကို ကူးစက်လေ့ မရှိတာကြောင့် ဒါက ရှားပါးဖြစ်စဉ်လို့ ပြောလို့ရပါတယ်၊၊ တရုတ်နိုင်ငံက H3N8 ကြက်ငှက်တုပ်ကွေး လူနာရဲ့ ဖြစ်စဉ်အကျဉ်း ဧပြီ ၂၆ရက်နေ့က တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်က ဟယ်နမ်ပြည်နယ်မှာ H3N8 ကြက်ငှက်တုပ်ကွေးအမျိုးအစား ကူးစက်ခံရတဲ့ လူနာကို စတွေ့ခဲ့တယ်လို့ ဆိုပါတယ်၊၊ လူနာကတော့ ၄နှစ်အရွယ် ကောင်လေးဖြစ်ပါတယ်၊၊ ဒီကလေးလေးရဲ့ အိမ်က ကြက်နဲ့ ကြက်မည်းတွေကို မွေးမြူပြီး အိမ်ဝန်းကျင်မှာလည်း ဘဲရိုင်းတွေ ရှိတယ်လို့ ဆိုပါတယ်၊၊ ဧပြီ ၅ရက်နေ့မှာ ကလေးလေးက ဖျားပြီး လက္ခဏာတွေ ခံစားရပါတယ်၊၊ အခြေအနေပိုဆိုးလာတာကြောင့် ၁၀ရက်နေ့မှာ ဆေးရုံတင်လိုက်ရပါတယ်၊၊ ဧပြီ ၂၄ရက်နေ့မှာ တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ […]


ကျန်းမာရေး သတင်းများ

မြန်မာနိုင်ငံမှာ ကိုဗစ်စတုတ္ထလှိုင်း ထပ်လာနိုင်သလား။

မြန်မာနိုင်ငံမှာ ကိုဗစ်က တတိယလှိုင်းအထိ ဖြစ်ပြီးပါပြီ။ ကိုဗစ်ရဲ့ သဘောက လှိုင်းလိုမျိုး တက်တိုက်၊ ငြိမ်သွားလိုက်နဲ့ ဖြစ်နေတာပါ။ ကာကွယ်ဆေးကို ၃ကြိမ်အထိ  ထိုးထားပါတယ်ဆိုတဲ့ နိုင်ငံတွေမှာတောင် ခုထိ ကောင်းကောင်းထိန်းထားနိုင်တာမျိုး မရှိသေးပါဘူး။ မြန်မာနိုင်ငံမှာရော ကိုဗစ်စတုတ္ထလှိုင်း ဖြစ်လာနိုင်သေးလား။ ကမ္ဘာ့နိုင်ငံများနဲ့ ကိုဗစ်စတုတ္ထလှိုင်း  ရှာဖတ်ကြည့်မယ်ဆိုရင် အနောက်နိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေမှာ ကိုဗစ်စတုတ္ထလှိုင်း ဖြစ်ပြီးသားပါ။ တချို့ကလည်း ဖြစ်နေဆဲပါ။ ကြည့်ရတာ ကိုဗစ်က နိုင်ငံတိုင်းမှာ လှိုင်းအလိုက် တက်လိုက် ကျလိုက် ဖြစ်နေတဲ့ ပုံပါပဲ။ မြန်မာနိုင်ငံမှာတောင် တတိယလှိုင်းအထိ ရောက်လာခဲ့ပြီလေ။ မြန်မာနိုင်ငံမှာရော ကိုဗစ်စတုတ္ထလှိုင်း  ဖြစ်လာနိုင်သလား။ အကောင်းဆုံးကတော့ ကြိုတင်ပြင်ဆင်ထားတာပါပဲ။ သူများနိုင်ငံတွေမှာ စဖြစ်နေပါပြီ။ ဒါကြောင့် ခုချိန်မှာ ကာကွယ်စရာရှိတာ ကာကွယ်ထားမယ်ဆိုရင် အထိအခိုက် နည်းမှာပါ။ ကိုဗစ်လှိုင်းတွေ ပြန်ပြန်လာနေရတဲ့ အကြောင်းရင်း တတိယလှိုင်းမှာ လူတော်တော်များများ ကူးပြီးသွားပြီလေ။ ကူးစရာလူရော ကျန်သေးလို့ရောလို့ […]


ကျန်းမာရေး သတင်းများ

အန္တရာယ်အရှိဆုံး မူးယစ်ဆေးဝါးစာရင်းကနေ ဖယ်ရှားခံခဲ့ရပြီဖြစ်တဲ့ ဆေးခြောက် (Cannabis)

ဒီကနေ့ခေတ်မှာ အမြင်အယူအဆ အမျိုးမျိုးကြောင့် အငြင်းပွားမှုအကြီးမားဆုံးရှိနေတဲ့အရာတွေထဲမှာ ဆေးခြောက် (Cannabis) ခေါ် မာရီဂွားနား (Marijuana) လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူတွေက ဆေးခြောက်ဟာ ဆေးဘက်ဝင်တဲ့အရာလို့ဆိုကြသလို မနှစ်သက်သူတွေကလည်း ဆေးခြောက်ကို မူးယစ်ဆေးဝါးတစ်မျိုးအဖြစ် သတ်မှတ်ခေါ်ဆိုကြပါတယ်။ ကုလသမဂ္ဂ (UN) ကတော့ ဒီအခြေအနေပေါ် သက်ရောက်မှုရှိစေမယ့် ဆုံးဖြတ်ချက်တစ်ခုကို ၂၀၂၀၊ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ချမှတ်လိုက်ပါတယ်။ ဒါကတော့ ဆေးခြောက် (Cannabis) ကို အန္တရာယ်အရှိဆုံး မူးယစ်ဆေးဝါးစာရင်းကနေ ဖယ်ရှားလိုက်တာပဲဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ အစည်းအဝေးမှာ UN Commission on Narcotic Drugs (CND) ရဲ့ အဖွဲဝင်နိင်ငံတွေက မဲပေးရွေးချယ်ခဲ့ကြတာဖြစ်ပြီးတော့ မဲအရေအတွက်အရ ဆေးခြောက်(Cannabis) ကို အန္တရာယ်အရှိဆုံး မူးယစ်ဆေးဝါးအမျိုးအစားစာရင်းကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့ပါတယ်။ ဆေးခြောက်မှာ စွဲလမ်းစေတတ်တဲ့ Tetrahydrocannabinol […]


ကျန်းမာရေး သတင်းများ

ရာသီဥတုပြောင်းလဲမှု ကြောင့် ရောဂါပိုးပါတဲ့ခြင်တွေပိုပြန့်ပွားလာနိုင်တယ်

ရာသီဥတုပြောင်းလဲမှု ကြောင့် ရောဂါပိုးပါတဲ့ခြင်တွေပိုပြန့်ပွားလာနိုင်တယ် ဇီကာ၊ ဆင်ခြေထောက်၊ ဂျပန်ဦးနှောက်အမြှေးရောင်၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ချီကန်ဂူညာ (ဆင်တုပ်ကွေး) တို့က ကြောက်ဖို့ကောင်းတယ်ထင်ပါသလား။ ဒါဆို ခြင်ကိုက်မခံပါနဲ့၊ ခြင်မရှိအောင် ကြိုးစားရှင်းလင်းပါ၊ ကြိုတင်ကာကွယ်ပါ။ ကမ္ဘာကြီးပူနွေးမှုကြောင့် နောက်လာမယ့် နှစ် ၅၀ အတွင်းမှာ ရောဂါပိုးသယ်ဆောင်လာတဲ့ ခြင်တွေဆီကနေ ကူးစက်ပျံ့နှံ့ခံရသူ ကမ္ဘာ့လူဦးရေ ၁ ဘီလျံအထိ ရှိလာနိုင်တယ်လို့ သုတေသနက သတိပေးထားပါတယ်။ ရောဂါပိုးသယ်ဆောင်မှုအများဆုံးခြင်မျိုးစိတ်နှစ်ခုဖြစ်တဲ့ Aedes aegypti နဲ့ Aedes albopictus တို့က သွေးလွန်တုပ်ကွေး၊ ဇီကာနဲ့ ဆင်တုပ်ကွေး တို့လို ဗိုင်းရပ်စ်တွေကို သယ်ဆောင်ပျံ့နှံ့စေတာဖြစ်ပါတယ်။ ကမ္ဘာအနှံ့မှာ တစ်လထက်တစ်လပြောင်းလဲလာတဲ့ အပူချိန်ကြောင့် ဆယ်စုနှစ်တွေအတွင်း ဒီခြင်တွေမှာ ဘယ်လိုပြောင်းလဲမှုရှိလာမလဲ သုတေသီတွေက လေ့လာခဲ့ကြပါတယ်။ “ ကိန်းဂဏန်းအတိအကျထွက်ဖို့ မလွယ်ပေမယ့် တစ်ချိန်ချိန်တော့ ဒါပြဿနာဖြစ်လာမယ်ဆိုတာ သိပါတယ်။ ကြောက်စရာကောင်းတဲ့ အတိုင်းအတာပါပဲ။ “ လို့ […]


ကျန်းမာရေး သတင်းများ

မိန်းကလေးတွေရဲ့ဦးနှောက်က ယောကျာ်းလေးတွေထက် ပိုအရွယ်တင်ကြောင်း တွေ့ရှိ

မိန်းမဉာဏ်နဲ့ လာမယှဉ်နဲ့၊ မိန်းကလေးဆိုတာ အိမ်မှုကိစ္စပဲလုပ်ရုံ၊ ယောက်ျားလေးတွေက ပိုဆုံးဖြတ်နိုင်တယ်၊ ဦးဆောင်နိုင်တယ်ဆိုတဲ့ရှေးစကားတွေက အခုခေတ်မှာ ရယ်စရာဖြစ်လို့နေပါပြီနော်။ ကျား၊မ မခွဲခြားဘဲ ရင်ပေါင်တန်းနိုင်တဲ့ခေတ်မှာ ကိစ္စအတော်များများကို တန်းတူလုပ်နိုင်တယ်ဆိုပေမယ့် တချို့အရာတွေမှာတော့ ကပ်သပ်မငြင်းသင့်ဘူးပေါ့။ ဒါပေမယ့် အသင်းအဖွဲ့တွေနဲ့ လုပ်ဆောင်ရတဲ့လုပ်ငန်းခွင်တွေ၊ အဖွဲ့အစည်းတွေ၊နေရာအတော်များများမှာတော့ ဘယ်သူကသာတယ် ယှဉ်နေဖို့မသင့်ပါဘူး။ ယှဉ်နေဖို့မသင့်ပေမယ့်လည်း သုတေသနတစ်ခုမှာတော့ မိန်းကလေးတွေက သာနေပြန်ပါရော။ အသက်ကြီးလာလည်း မိန်းကလေးတွေရဲ့ ဦးနှောက်က ကြီးရင့်မှုပိုနှေးတယ်လို့ ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် မိန်းကလေးတွေရဲ့ဦးနှောက်က သက်တူရွယ်တူယောကျ်ားလေးတွေရဲ့ဦးနှောက်ထက် ၃ နှစ်စာလောက် ပိုနုပျိုပါတယ်တဲ့။ "မိန်းကလေးတွေက အသက်အရွယ်တူယောကျ်ားလေးတွေနဲ့ယှဉ်ရင် ဉာဏ်ရည်စစ်ဆေးလေ့လာမှု တွေမှာ ရလဒ်ပိုကောင်းတာကို တွေ့ရတယ်” လို့ ဝါရှင်တန်ဆေးတက္ကသိုလ်မှ သုတေသီ Dr. Manu Goyal ကပြောပါတယ်။ လူသားတွေရဲ့ဦးနှောက်မှာ အသက်ကြီးလာတာနဲ့အမျှ ဖွဲ့စည်းပုံနဲ့ လုပ်ဆောင်ချက်တွေ ဘယ်လိုပြောင်းလဲလာသလဲဆိုတာကို သိပ္ပံပညာရှင်တွေက လေ့လာခဲ့တာပါ။ ပြောင်းလဲမှုတစ်ခုမှာဆိုရင် ဦးနှောက်က သူ့ရဲ့စွမ်းဆောင်ရည်ကို အားဖြည့်နိုင်ဖို့ […]


ကျန်းမာရေး သတင်းများ

ပြုပြင်စီမံထားတဲ့အစားအသောက်တွေ ကိုယ်ဝန်ဆောင်မေမေစားရင် မွေးလာတဲ့ကလေးမှာ အော်တစ်ဇင်ဖြစ်နိုင်ခြေပိုများ

ပြုပြင်စီမံထားတဲ့အစားအသောက်တွေစားတဲ့ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေမှာမွေးလာတဲ့ကလေးအော်တစ်ဇင်ဖြစ်လာနိုင်ခြေပိုများတယ်လို့ သုတေသနအသစ်က ဖော်ပြလိုက်ပါတယ်။ အစားအစာတွေကိုပြုပြင်စီမံတဲ့အခါပမာဏအများကြီးသုံးထားတတ်ကြတဲ့propionic acidကြောင့် သန္ဓေသားရဲ့ဦးနှောက်ဆဲလ်တွေကို ထိခိုက်စေပြီးအော်တစ်ဇင်ဖြစ်လာစေနိုင်တာပါလို့Scientific Reports မှာဖော်ပြခဲ့တဲ့ သုတေသနက ဆိုပါတယ်။ အော်တစ်ဇင်ကလေးငယ်တွေရဲ့ ဝမ်းနမူနာထဲမှာ Propionic acid( PPA) ပမာဏများနေတာတွေ့ရပြီး ဒီကလေးတွေရဲ့အူတွင်းဘက်တီးရီးယားတွေကလည်း ထူးခြားနေတယ်လို့University of Central Florida ရဲ့သုတေသီSaleh Naser ကပြောပါတယ်။ အော်တစ်ဇင်ရှိတဲ့ကလေးတွေဟာ အူလမ်းကြောင်းလှုပ်ရှားမှုမူမမှန်တဲ့ရောဂါစုလက္ခဏာနဲ့ အစာအိမ်ပြဿနာတွေ မကြာခဏ ခံစားရတာတွေ့ရပါတယ်။ သာမန်လူတွေနဲ့နှိုင်းယှဉ်တဲ့အခါအော်တစ်ဇင်ကလေးတွေရဲ့ အူတွင်းဘက်တီးရီးယားကျန်းမာရေးကွာခြားမှုဖြစ်စဉ်မှာPPA ကအဓိကပါဝင်နေတာတွေ့ရပါတယ်။ PPA ကို အသင့်ထုပ်ပိုးထားတဲ့အစားအစာတွေ တာရှည်ခံစေဖို့၊ပေါင်မုန့်နဲ့ချိစ်တွေ မှိုမတက်စေဖို့ အသုံးပြုကြပါတယ်။ ဒါပေမယ့် ဒီ acid က သန္ဓေသားရဲ့ဦးနှောက်ကို ဖွံ့ဖြိုးစေနိုင်တဲ့ အာရုံကြောဆဲလ်တွေအရေအတွက်ကိုလျော့နည်းစေနိုင်ပါတယ်။ အစာအိမ်ထဲမှာ သဘာဝအတိုင်းထုတ်ပေးတဲ့PPA ဟာ အမျိုးသမီးတစ်ယောက်ရဲ့ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ပမာဏများများထွက်ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးကသာပြုပြင်စီမံထားတဲ့အစားအစာတွေစားလိုက်မယ်ဆိုရင်PPA ထုတ်လုပ်မှုပိုတိုးလာပြီး အဲဒီအက်စစ်တွေက သန္ဓေသားဆီရောက်လာနိုင်ပါတယ်။ ဒီအက်စစ်ကglial ဆဲလ်တွေထုတ်လုပ်မှုလွန်ကဲစေပြီး ဦးနှောက်အာရုံကြောဆဲလ်တွေကိုလျော့နည်းစေတာကြောင့် ဦးနှောက်အတွင်း ဆဲလ်တွေထိန်းညှိမှုကို […]


ကျန်းမာရေး သတင်းများ

စိတ်ဖိစီးနေတယ်၊အိပ်ရေးပျက်တာလည်းများတယ်ဆို သွေးတိုးကြောင့်အသက်တိုနိုင်ခြေ သုံးဆပိုများပါတယ်

လူဆိုတာတော့ ဖိစီးစရာတွေနဲ့မကင်းနိုင်ပါဘူး။တွေးစရာ၊ လုပ်စရာတွေများလွန်းလို့ အိပ်မပျော်နိုင်တဲ့ညတွေမှာလည်း ကိုယ့်အပူနဲ့ကိုယ်ပေါ့။ ဒီအနေအထားကနေ လွတ်မြောက်အောင် ရုန်းထွက်ဖို့တော့ ကြိုးစားသင့်ပါတယ်။ ဘာလို့ဆို ချက်ချင်းတော့မသေနိုင်ပေမယ့် ရေရှည်ကျန်းမာရေးအတွက် ဆိုးကျိုးကြီးမားလို့ပါ။အလုပ်ကြောင့်စိတ်ဖိစီးနေရတဲ့အပြင် အိပ်ရေးပါပျက်ထားသူဟာသွေးတိုးမရှိရင်သွေးတိုးဖြစ်လာ၊ ရှိပြီးသားဆိုလည်း နှလုံးသွေးကြောရောဂါနဲ့ ဆက်နွှယ်သေဆုံးရနိုင်ခြေ သုံးဆပိုများနိုင်ပါတယ်။ ဒါက လတ်တလောထွက်ရှိထားတဲ့ သုတေသနရလဒ်ပါ။သွေးတိုးရောဂါရှိတဲ့ ဝန်ထမ်းတွေရဲ့ကျန်းမာရေးမှာ စိတ်ဖိစီးမှုနဲ့အိပ်မပျော်ခြင်းဘယ်လိုဆက်နွယ်နေလဲဆိုတာ သုတေသနကလေ့လာတဲ့အခါ ရလဒ်ကတော်တော်ဆိုးတာတွေ့ရပါတယ်။သုတေသနမှာ အသက် ၂၅ နှစ်ကနေ ၆၅ နှစ်အတွင်းရှိတဲ့ဝန်ထမ်းဦးရေ ၂၀၀၀ နီးပါးရဲ့ အချက်အလက်တွေကို ဆန်းစစ်ခဲ့ရာမှာသွေးတိုးရှိသူတွေဟာလေ့လာမှုစတင်ချိန်မှာ နှလုံးသွေးကြောရောဂါ သို့မဟုတ် ဆီးချိုရောဂါမရှိခဲ့ကြပါဘူး။ အလုပ်နဲ့သက်ဆိုင်တဲ့စိတ်ဖိစီးမှုပဲဖြစ်ဖြစ် အိပ်မပျော်တဲ့ပြဿနာရှိနေသူပဲဖြစ်ဖြစ် နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေပိုများတယ်ဆိုပေမယ့် ဒီနှစ်ချက်လုံးရှိနေတဲ့သူမှာတော့ အန္တရာယ်ပိုများနေပါပြီ။ ဒီသုတေသနကိုEuropean Journal of Preventive Cardiologyဂျာနယ်မှာဖော်ပြထားတာပါ။ "သတိမထားမိတဲ့ အန္တရာယ်ပါ။ တစ်ရက်နှစ်ရက်လောက် စိတ်ဖိစီးပြီး အိပ်မပျော်တာ ပြဿနာမဟုတ်ဘူး။ စိတ်ဖိစီးနေရတဲ့အလုပ်နဲ့ အိပ်ရေးမမှန်တာ နှစ်ချီနေပြီဆို ခွန်အားအရင်းအမြစ်တွေမလုံလောက်တော့ဘဲ […]


ကျန်းမာရေး သတင်းများ

အစာအိမ်ထဲရောက်မှ ပြန့်ကားလာပြီး ဗိုက်မဆာအောင်လုပ်ပေးမယ့် အဆီချဆေးတောင့် တီထွင်

လိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့ စားချင်စိတ်ကို ချိုးနှိမ်ပြီးအောင့်အည်းရတဲ့ ဝက်ကလေးတို့ရဲ့ဒုက္ခကို ကြုံဖူးမှသိမှာပါ။ သူများလိုပဲ ဆာတတ်ပေမယ့် စားလိုက်ရင် ဝိတ်ပိုတက်မှာစိုးပြီး မစားရဲ၊ ကယ်လိုရီနဲ့အဆီလည်းမများ ဗိုက်လည်းပြည့်မယ့်စားစရာကိုရွေးရ၊ စားသင့်တဲ့အချိန်ကလည်းတွက်ရသေးတယ်။ အဆီချမဟာစီမံကိန်းကြီးမှာ တဖြုတ်ဖြုတ်နဲ့ ကျရှုံးနေကြတဲ့ သူတွေအတွက် စင်ကာပူသုတေသနပညာရှင်တွေက နည်းလမ်းတစ်ခု အသစ်တီထွင်ပေးလိုက်ပါပြီနော်။ Nanyang Technological University နဲ့ National University Health System (NUHS) တို့ရဲ့သုတေသီအဖွဲ့က အဝလွန်သူတွေအတွက်ဆေးတောင့်တစ်မျိုးကို ရှေ့ပြေးပုံစံ တီထွင်ဖန်တီးခဲ့ပါတယ်။ EndoPil လို့အမည်ပေးထားတဲ့ ဒီဆေးတောင့်မှာ အစာအိမ်ထဲရောက်သွားတာနဲ့ ပြင်ပကသံလိုက်နဲ့ချိတ်ဆက်ပြီး အလိုအလျောက်ပြန့်ကားလာမယ့် ပူဖောင်းတစ်ခုပါရှိပါတယ်။ ဒီလို အစာအိမ်ထဲမှာ သူကနေရာယူထားတဲ့အတွက် သိပ်မဆာတော့ဘဲ ဗိုက်ပြည့်တင်းတိမ်နေစေပါလိမ့်မယ်။ဆေးတောင့်ထဲမှာပါတဲ့ အန္တရာယ်မရှိတဲ့အက်စစ်တစ်မျိုးနဲ့ဆားကို သံလိုက်နဲ့နှိုးဆွဓါတ်ပြုစေပြီး ပူဖောင်းထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေပြည့်စေတာပါ။ လက်ရှိမှာ အဝလွန်လူနာတွေနဲ့ ခွဲစိတ်မှုလုပ်ဆောင်လို့မဖြစ်တဲ့ နာမကျန်းသူတွေအတွက် အစာအိမ်အတွင်းပူဖောင်းထည့်သွင်းတဲ့ကုသနည်းက ရှိနေပြီးသားဖြစ်ပါတယ်။ အဲဒီနည်းမှာဆို လူနာကို စိတ်ငြိမ်ဆေးပေးပြီး […]


ကျန်းမာရေး သတင်းများ

ဗီတာမင် ဒီ လွန်ကဲလို့ ကျောက်ကပ်ပျက်စီးရတဲ့ သာဓက

နေရောင်ခြည်ကနေပဲအများဆုံးရရှိနိုင်တယ်ဆိုတဲ့ ဗီတာမင်ဒီရဲ့ကောင်းကျိုးတွေအကြောင်း၊ ဗီတာမင်ဒီ ချို့တဲ့ရင်ဖြစ်လာနိုင်တဲ့ပြဿနာတွေအကြောင်း လူသိများလာတဲ့အခါ ဗီတာမင်ဒီကိုဖြည့်စွက်အားဆေးအဖြစ်သောက်သုံးတာခေတ်စားလာပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ ပမာဏမှန်ကန်အောင်သောက်သုံးတာဘာမှမဖြစ်ပေမယ့် ကိုယ့်သဘောနဲ့ကိုယ် အားဆေးတွေသောက်ကြတဲ့အခါ ကွိုင်တက်ပါတော့တယ်။ ဘာလို့ဆို ဗီတာမင်ဒီဟာ တန်ဆေးလွန်ဘေးဆိုတဲ့စကားကို အတိအကျသက်သေပြတဲ့ဓါတ်ဖြစ်နေလို့ပါပဲ။ တစ်နေ့တာ ရရှိသင့်တဲ့ ပမာဏထက်ကျော်လွန်သွားရင် ဒါမှမဟုတ်ကျော်လွန်တာကြာနေရင် ခန္ဓါကိုယ်မှာ ဆိုးကျိုးအန္တရာယ်ပိုများနိုင်တယ်ဆိုတာ မမေ့သင့်ပါဘူး။ ဥပမာ ဗီတာမင် ဒီအားဆေးကိုတစ်နေ့တစ်လုံးသောက်နေတယ်ထား၊ အရိုးအားဆေး၊ မာလ်တီဗိုက်တာမင်အားဆေး၊ အသည်းအားဆေး စသည်ဖြင့် အမည်တပ်တပ်ပြီး ဗီတာမင်အစုံပါတဲ့တခြားအားဆေးတွေ(ဗီတာမင်ဒီအပါအဝင်)ကို နှစ်မျိုးလောက်ထပ်သောက်လိုက်ရင်ပဲ ဗီတာမင်နဲ့သတ္တုဓါတ်တွေလိုတာထက်ပိုတော့မှာပါ။ ဒီဓါတ်တွေအကုန်လုံးဟာ ခန္ဓါကိုယ်ကြီးလည်ပတ်ရှင်သန်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်တွေဖြစ်ပေမယ့် လိုအပ်တဲ့ပမာဏထက် မလွန်ကဲနေသင့်ပါဘူး။ ဗီတာမင် ဒီလွန်ကဲရင် အရင်ဆုံးပျက်စီးမှာကျောက်ကပ်ပါပဲ။ လတ်တလောအဖြစ်ဆုံးသာဓကတစ်ခုကိုပြရရင် ကနေဒါအမျိုးသားတစ်ယောက်ဟာ တစ်နေ့တာသောက်သုံးသင့်တဲ့ ဗီတာမင် ဒီပမာဏထက် ၁၂ ဆ ပိုသောက်မိလို့ကျောက်ကပ်ပျက်စီးခဲ့ရပါတယ်။ သူဟာ သဘာဝကုထုံးပညာရှင်တစ်ယောက်ရဲ့အကြံပြုချက်နဲ့ ဗီတာမင်ဒီ ပမာဏအများကြီးကိုနေ့တိုင်းသောက်ခဲ့တာ နှစ်နှစ်ခွဲရှိခဲ့ပါပြီတဲ့။ အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ အဲဒီအမျိုးသားက […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်