backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Head Lice (ဦးခေါင်းသန်းတွယ်ခြင်း)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Head Lice (ဦးခေါင်းသန်းတွယ်ခြင်း) ကဘာလဲ။

“သန်း’ သတ္တဝါဟာ လူ့ဦးရေပြားပေါ်မှာ နေထိုင်ပြီး အလွန်သေးငယ်တဲ့ အင်းဆက်တမျိုးဖြစ်ကာ အစာအာဟာရအဖြစ် လူတွေရဲ့ သွေးကို စုပ်ယူပါတယ်။ ခေါင်းမှာသန်းတွယ်တာကို ဆေးပညာစာလုံးနဲ့ Pediculosis capitis လို့ ခေါ်ပါတယ်။ သန်း ဟာ လူတယောက်ရဲ့ ဆံပင်ကနေ နောက်တယောက်ရဲ့ ဆံပင်ပေါ်ကို တိုက်ရိုက်ကူးနိုင်ပါတယ်။

Head Lice (ဦးခေါင်းသန်းတွယ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ။

ဦးခေါင်းသန်းတွယ်တာဟာ အလွန်အဖြစ်များပြီး ကလေးတွေမှာ အများဆုံး ဖြစ်ပွားလေ့ရှိတယ်ဆိုပေမယ့် အသက်အရွယ်မရွေး သန်းတွယ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အကြောင်းရင်းခံတွေကို လျှော့ချခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Head Lice (ဦးခေါင်းသန်းတွယ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ။

အတွေ့ရများတဲ့ လက္ခဏာတွေက

  • သန်းတွယ်ပြီး ၂ပတ်ကနေ ၆ပတ်အကြာမှာ ဦးရေပြား၊လည်ပင်း နဲ့ နားရွက်တွေ ယားတာ။
  • ဦးရေပြားပေါ်က သန်းဟာ သေးငယ်ပြီး လျင်မြန်သလို အလင်းရောင်ကိုလည်း ရှောင်ရှားပါတယ်။
  • သန်းဥတွေဟာ ဆံပင်တွေမှာ တွယ်နေနိုင်ပြီး သူတို့ဟာ အရမ်းသေးငယ်ပြီး အရမ်းကပ်ပါတယ်။ တချို့ဥတွေက ဆံပင်အရောင်နဲ့ တူနေတာမို့ ရှာတွေ့ဖို့ ခက်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

ဘာလို့ ဦးခေါင်းသန်းတွယ်တာလဲ။

သူတို့ဟာ ကူးစက်လွယ်ပါတယ်။ သင့်ခေါင်းပေါ် ဒီအကောင်လေးတွေ ရောက်လာပြီဆိုတာနဲ့ သန်းစတွယ်ပါပြီ။ ဘရပ်ရှ်၊ဘီး၊ဆံညှပ်၊ခေါင်းစည်းကြိုး၊သီချင်းနားထောင်တဲ့ နားကြပ်၊ဦးထုပ် အစရှိတဲ့ ပစ္စည်းတွေကနေ သန်း ကူးနိုင်ပါတယ်။ သန်း တွေဟာ ထိုင်ခုံစွပ်၊မွေ့ယာ၊မျက်နှာသုတ်ပုဝါ ဒါမှမဟုတ် အဝတ်အစားတွေပေါ်မှာ အချိန်အတော်ကြာကြာ အသက်ရှင်နေနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

Head Lice (ဦးခေါင်းသန်းတွယ်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ။

ဘယ်အရာတွေက ဦးခေါင်းသန်းတွယ်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

ဦးခေါင်းသန်းတွယ်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • ပွေ့ဖက်ခြင်း၊သင့်ခေါင်းနဲ့ သန်းတွယ်နေသူရဲ့ ခေါင်းကို ထိကပ်ခြင်း
  • (ဘီး၊ဦးထုပ်၊သီချင်းနားထောင်တဲ့ နားကြပ် အစရှိတဲ့) တကိုယ်ရည်သုံးပစ္စည်းတွေကို သန်းတွယ်ခြင်းခံနေရသူနဲ့ မျှဝေသုံးစွဲခြင်း တို့ပဲဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Head Lice (ဦးခေါင်းသန်းတွယ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အောက်ပါအချက်တွေအရ အဖြေရှာအတည်ပြုပါမယ်။

  • ဦးရေပြားနဲ့ကပ်နေတဲ့ ဆံပင်အောက်ခြေနားကို စစ်ဆေးမှာ ဖြစ်ပြီး သန်း အကောင်တွေနဲ့ ဥတွေကို တွေ့ရမှာ ဖြစ်ပါတယ်။
  • သန်းတိုက်တဲ့ ဘီးကို အသုံးပြုပြီး သန်း အကောင်တွေနဲ့ သန်းဥတွေကို ရှာဖွေမှာပဲ ဖြစ်ပါတယ်။
  • Head Lice (ဦးခေါင်းသန်းတွယ်ခြင်း) ကို ဘယ်လိုကုသပါသလဲ။

    • အကောင်းဆုံးသော ရလဒ်ကို ရရှိဖို့အတွက် ကုသမှုကို နှစ်ကြိမ်လောက် ခံယူဖို့ လိုမှာပဲ ဖြစ်ပါတယ်။ ပထမတကြိမ်ကုသပြီးလို့ တပတ်ကနေ ကိုးရက်လောက်ကြာချိန်မှာ အသစ်ထပ်ပေါက်လာတဲ့ အကောင်လေးတွေကို သတ်ပစ်ဖို့အတွက် ဒုတိယအကြိမ် ကုသမှုကို ထပ်မံခံယူရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆေးတမျိုးထက်ပိုသုံးတာ ဒါမှမဟုတ် လိုတာထပ်ပိုသုံးတာမျိုးကို မလုပ်ရပါဘူး။
    • ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ဆေး ။ Permethrin (Nix)၊ Pyrethrin။
    • ဆရာဝန် ညွှန်ကြားချက်ပါမှ ဝယ်လို့ရတဲ့ဆေး ။ Benzyl alcohol လိမ်းဆေး(Ulesfia)၊ Malathion (Ovide)၊ Lindane.

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက သန်းတွယ်တာကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် သန်းတွယ်တာကို ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    • အဝတ်အစားတွေ၊အိပ်ယာခင်းတွေကို ရေနွေးပူပူနဲ့ ပြုတ်ပြီးလျှော်ပါ (၅၄ဒီဂရီစင်တီဂရိတ်လောက်)။ ပြီးရင် အပူရှိန်များများနဲ့ အခြောက်ခံပါ။

    • အဝတ်အစားတွေ၊အိပ်ယာခင်းတွေနဲ့ အမွေးပွ အရုပ်တွေကို နှစ်ပတ်လောက် ပလတ်စတစ်အိတ်ထဲ ထည့်ပြီးသိမ်းထားပါ။

    • ဘရပ်ရှ်တွေ၊ဘီး၊ဆံညှပ်ကလစ် နဲ့ တခြား ဆံပင်နဲ့ဆိုင်တဲ့ ပစ္စည်းတွေကို ရေပူပူ (၁၃၀ဒီဂရီ ဖာရင်ဟိုက်လောက်)ထဲမှာ ထည့်ပြီး ဆယ်မိနစ်လောက် စိမ်ပါ။

    • ကြမ်းပြင် ဒါမှမဟုတ် အစွပ်စွပ်ထားတဲ့ ပရိဘောဂတွေက ဖုန်တွေကိုစုပ်ပါ။

    • အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement