backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hdl Cholesterol Test (ကောင်းသော အဆီ HDL ကို စစ်ဆေးခြင်း)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 18/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hdl Cholesterol Test (ကောင်းသော အဆီ HDL ကို စစ်ဆေးခြင်း) ကဘာလဲ။

HDL cholesterol test ဟာ သွေးအတွင်းမှာရှိတဲ့ ကောင်းတဲ့ ကိုလက်စထရောဓါတ်ကို တိုင်းတာခြင်း ဖြစ်ပါတယ်။

HDL ဟာ High density lipoprotein အတိုကောက် စကားလုံးဖြစ်ပါတယ်။ Lipoproteins တွေမှာ ပရိုတင်းနဲ့ အဆီတွေ ပါဝင်ပါတယ်။ HDL ဟာ မကောင်းတဲ့ ကိုလက်စထရောဓါတ်တွေဖြစ်တဲ့ LDL၊ triglycerides နဲ့ ဆိုးဝါးသော အဆီတွေကို အသည်းကို သန့်စင်ပေးဖို့အတွက် သယ်ပို့ပေးတာကြောင့် သူ့ကို ကောင်းတဲ့ ကိုလက်စထရောဓါတ်လို့ခေါ်ပါတယ်။ HDL ဟာ အသည်းကိုရောက်ရင် အသည်းဟာ LDL ကို ချေဖျက်လိုက်ပြီး သည်းခြေရည် အဖြစ်ပြောင်းလိုက်ကာ ကိုယ်ခန္ဓါ အတွင်းပိုင်းကနေ စွန့်ထုတ်လိုက်ပါတယ်။

သုတေသနတွေက HDL များတဲ့ လူတွေဟာ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေနည်းတယ်လို့ ဆိုကြပါတယ်။

HDL cholesterol test တွေကို ဘာကြောင့် လုပ်ကြတာလဲ။

သွေးတွင်း ပဏာမ ကိုလက်စထရော စစ်ဆေးခြင်းမှာ ကိုလက်စထရောများနေတဲ့ လူတွေအတွက် နောက်ထပ် စစ်ဆေးမှု တစ်ခုအဖြစ် HDL စစ်ဆေးခြင်းကို ပြုလုပ်ကြတာဖြစ်ပါတယ်။ ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်စဉ်မှာ HDL cholesterl test ကို သူ့တစ်မျိုးတည်းမဟုတ်ပဲ အခြားစစ်ဆေးမှုတွေဖြစ်တဲ့ Lipid profile (အဆီပါဝင်နှုန်း အပြည့်အစုံ စစ်ဆေးခြင်း) ရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ cholesterol ၊ LDL cholesterol နဲ့ tryglycerides တွေနဲ့ အတူစစ်ဆေးလေ့ရှိပါတယ်။ သူ့ကို လူကြီးတွေအကုန်လုံးမှာ ငါးနှစ်တစ်ခါ စစ်ဆေးသင့်ပါတယ်။ Lipid profile ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ HDL cholesterol test ကို နှလုံးရောဂါဖြစ်ဖို့ အချက် တစ်ခုထက် မနည်း ရှိသူတွေမှာ မကြာခဏ စစ်ဆေးသင့်ပါတယ်။

နှလုံးရောဂါဖြစ်ပွားနှုန်းမြင့်နိုင်တဲ့ အချက်တွေကတော့

• ဆေးလိပ်သောက်ခြင်း

• အသက် (အမျိုးသားတွေမှာ ၄၅ နှစ်နဲ့အထက်၊ အမျိုးသမီးတွေမှာ ၅၅ နှစ်နဲ့အထက်)

• နှလုံးရောဂါဖြစ်ပွားသူ မိသားစုရာဇဝင်ရှိခြင်း (မိသားစုထဲမှာ နှလုံးရောဂါဖြစ်ပွားသူ – အမျိုးသားတွေမှာ အသက် ၅၅ နှစ်အောက်၊ အမျိုးသမီးတွေမှာ အသက် ၆၅ နှစ်အောက်)

• နှလုံးရောဂါ ရှိခြင်း သို့ နှလုံးရပ်ခြင်း ဖြစ်ဖူးခြင်း

• ဆီးချိုသွေးချိုရောဂါ

Lipid profile စစ်ဆေးခြင်းကို ကလေးတွေရော လူကြီးတွေမှာ ပါ ပြုလုပ်သင့်ပါတယ်။ ကလေးတွေမှာ အသက် ၉-၁၁ နှစ် ကြားမှာ အနည်းဆုံးတစ်ကြိမ် စစ်ဆေးသင့်ပြီး အသက် ၁၇-၂၁ နှစ်ကြားမှာ နောက်တစ်ကြိမ် စစ်ဆေးသင့်ပါတယ်။ အရွယ်ရောက်ပြီးသူတွေအနေနဲ့ကတော့ cholesterol မှန်မှန်ထက်များနေခြင်း (သို့) များနိုင်တဲ့ အချက်တွေ ရှိတဲ့ လူငယ်တွေမှာ အခြားစစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်တွေကတော့ နှလုံးရောဂါ ရှိသူ မိသားစုအတွင်း ရှိခြင်း၊ ဆီးချို၊ သွေးတိုး၊ အဝလွန်ခြင်း အစရှိတာတွေပဲဖြစ်ပါတယ်။ ဆရာဝန်ဟာ မိဘမှာ ကော်လက်စထရောဓါတ်များရင် အသက် ၉ နှစ်အောက်ကလေးမှာ lipid profile စစ်ဆေးစေမှာဖြစ်ပါတယ်။

HDL cholesterol test ကို ပုံမှန်စစ်ဆေးသင့်ပြီး ဒါဟာ HDL cholesterol များအောင်ရည်ရွယ်ပြီး ကျန်းမာတဲ့ လူမှုနေထိုင်ပုံ ပြောင်းလဲမှုတွေဖြစ်တဲ့ အစားအသောက်၊ လေ့ကျင့်ခန်း၊ ဆေးလိပ်ဖြတ်ခြင်း အစရှိတာတွေရဲ့ အောင်မြင်မှုကို စစ်ဆေးတိုင်းတာနိုင်ပါတယ်။

ပြင်ဆင်မှု

HDL cholesterol test ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

HDL cholesterol test ကို လူနာတစ်ယောက် နေမကောင်းစဉ်မှာ မတိုင်းတာသင့်ပါဘူး။ ရုတ်တရက်ဖြစ်တဲ့ ဖျားနာခြင်းတွေမှာ (နှလုံးရပ်ပြီး၊ စိတ်ဖိစီးမှုဖြစ်စဉ်) ကိုလက်စထရောဓါတ်ဟာ ကျဆင်းတတ်ပါတယ်။ ဒါကြောင့် ကိုလက်စထရောတိုင်းတာဖို့ နေမကောင်းဖြစ်ပြီး အနည်းဆုံးခြောက်ပတ်လောက် စောင့်ဆိုင်းသင့်ပါတယ်။

အမျိုးသမီးတွေမှာ HDL cholesterol ဟာ ကိုယ်ဝန်ရှိစဉ်မှာ ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာလည်း HDL cholesterol test စစ်ဆေးဖို့ ကလေးမွေးပြီး ခြောက်ပတ်စောင့်ဆိုင်းသင့်ပါတယ်။

HDL cholesterol test တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

သင့်ဆရာဝန်က ညွှန်ကြားချက်တွေ၊ မစစ်ဆေးခင် ဘာတွေ ပြင်ဆင်ရမလဲဆိုတာတွေကို ပြောပြပါလိမ့်မယ်။ ဒါတွေမှာ အချို့ဆေးတွေ ခဏတာရပ်ခြင်း၊ မစစ်ဆေးခင် ၁၂ နာရီလောက် အစာမစားခြင်းတွေ ပါဝင်ပါတယ်။

စစ်ဆေးမှု

HDL cholesterol test နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

HDL cholesterol test ဟာ လျင်မြန်ပြီး နာကျင်မှုနည်းပါးပါတယ်။ အပ်ကိုအသုံးပြုပြီး သွေးစုပ်ယူဖို့ လိုပါတယ်။ အပ်ထိုးတဲ့နေရာမှာ စူးရှရှဖြစ်ခြင်းကိုတော့ ခံစားရပါလိမ့်မယ်။ အိမ်မှာစစ်ဆေးတဲ့ စစ်ဆေးမှုတွေကတော့ သွေးတစ်စက်လောက်သာ လိုအပ်ပြီး သွေးဖေါက်တဲ့ ကိရိယာနဲ့ ဖေါက်နိုင်ပါတယ်။

လုံလောက်တဲ့ သွေးပမာဏကို အပ်မှာဆက်ထားတဲ့ လေလုံတဲ့ ပုလင်းအတွင်း ထည့်ပြီး ဓါတ်ခွဲခန်းကို ပို့ရမှာဖြစ်ပါတယ်။

စစ်ဆေးပြီးနောက်

HDL cholesterol test လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

သွေးအဖြေရဖို့ ဆရာဝန်က ပြန်ချိန်းမှာဖြစ်ပါတယ်။ သင့်အဖြေတွေက ဘာကိုဆိုလိုလဲဆိုတာ ဆရာဝန်က ရှင်းပြမှာ ဖြစ်ပြီး ဆရာဝန် ညွှန်ကြားချက်တွေကို လိုက်နာသင့်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hdl Cholesterol Test (ကောင်းသော အဆီ HDL ကို စစ်ဆေးခြင်း) အဖြေတွေက ဘာကို ဆိုလိုတာလဲ။

အကောင်းဆုံး HDL cholesterol ပမာဏကတော့ –

အမျိုးသားတွေမှာ – 40 mg/dL

အမျိုးသမီးတွေမှာ – 50 mg/dL

HLD cholesterol အမျိုးသမီးတွေမှာ 50 to 59 mg/dL နဲ့ အမျိုးသားတွေမှာ 40 to 50 mg/dL ရှိခြင်းဟာ နှလုံးရောဂါဖြစ်ပွားမှုကို ပျမ်းမျှအားဖြင့် ဖြစ်နိုင်စေပါတယ်။ HDL နည်းခြင်းဟာ ရောဂါဖြစ်ပွားနှုန်းကို ပိုများစေပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 18/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement