backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

H1N1 Flu (ဝက်တုပ်ကွေး)


Hello Sayarwon မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

H1N1 Flu (ဝက်တုပ်ကွေး) ကဘာလဲ။

H1N1တုပ်ကွေး တစ်နည်းအားဖြင့် ဝက်တုပ်ကွေးလို့ခေါ်တဲ့ရောဂါကို H1N1ဗိုင်းရပ်ကြောင့်ဖြစ်ပါတယ်။ ရိုးရိုးတုပ်ကွေးနဲ့အလားတူလက္ခဏာတွေကို ဖြစ်စေတဲ့ အသွင်ပြောင်းတုပ်ကွေးဗိုင်းရပ်ဖြစ်ပါတယ်။ ဝက်တွေမှာစပေါ်လာခြင်းဖြစ်ပြီး လူလူချင်းအဓိကကူးစက်ပါတယ်။ လူတွေမှာ လတ်လလောတွေ့နေရတဲံ ရာသီတုပ်ကွေးဗိုင်းရပ်ဖြစ်ပါတယ်။ ဝက်တွေမှာရှင်သန်ပေမဲ့လည်း ချက်ပြုတ်ထားတဲ့ဝက်သားကိုစားခြင်းဖြင့် ရောဂါမရနိုင်ပါဘူး။

ဝက်တုပ်ကွေးဟာ ၂၀၀၉ခုနှစ်မှာ လူတွေမှာစတင်တွေ့ရှိခဲ့ပြီး ကူးစက်ပျံ့နှံ့မှုကြီးကျယ်တာကြောင့် သတင်းခေါင်းကြီးပိုင်းဖြစ်ခဲ့ပါတယ်။ ကူးစက်ပျံ့နှံ့ရောဂါဆိုတာ တစ်ချိန်တည်းမှာ တစ်ကမ္ဘာလုံးသို့ တိုက်နယ်အများအပြားမှာ ကူးစက်ပြန့်နှံ့ပြီး ဖြစ်ပွားတဲံရောဂါဖြစ်ပါတယ်။

H1N1 Flu (ဝက်တုပ်ကွေး) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

H1N1 Flu (ဝက်တုပ်ကွေး) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဝက်တုပ်ကွေးရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • ချောင်းဆိုးခြင်း
  • ဖျားခြင်း
  • လည်ချောင်းနာခြင်း
  • နှာရည်ယိုခြင်း
  • တစ်ကိုယ်လုံးကိုက်ခဲခြင်း
  • ခေါင်းကိုက်ြခ်င်း
  • ချမ်းတုန်ခြင်း
  • မောပန်းခြင်း
  • ဝမ်းလျှောခြင်း
  • မူးဝြေခ်ငးအော့အန်ခြင်း

ရိုးရိုးရာသီတုပ်ကွေးလက္ခဏာတွေနဲ့ အတော်လေးတူပါတယ်။ ရာသီတုပ်ကွေးလိုပဲ ဝက်တုပ်ကွေးကလည်း အဆုတ်ရောင်ခြင်း၊ အဆုတ်ကူးစက်ပိုးဝင်ခြင်းနဲ့ အခြားအသက်ရှူပြဿနာတွေအပါအဝင် ပြင်းထန်တဲ့အခြေအနေတွေကို ဦးတည်သွားနိုင်ပါတယ်။ ဆီးချိုနဲ့ ပန်းနာရင်ကျပ်ရောဂါတွေကို ပိုဆိုးသွေားစေနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါလက္ခဏာတွေတစ်ခုခုတွေ့ခဲ့မယ်ဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။

ကလေးများတွင်

  • အသက်ရှူမြန်ခြင်း အသက်ရှူခက်ခြင်း
  • အသားပြာခြင်း
  • အရည်လုံလုံလောက်လောက်မသောက်ခြင်း
  • မနှိုးခြင်း
  • နေမထိထိုင်မသြာဖ်စ်ခြင်း
  • တုပ်ကွေးလက္ခဏာများ ပိုဆိုးလောပြီး အဖျားနဲ့ချောင်းဆိုးခြင်းကို ပိုဆိုးသွးစေပါတယ်။
  • အဖိမ့်များထခြင်းနဲ့အတူ ဖျားခြင်း

အရွယ်ရောက်ပြီးသူများတွင်

  • အသက်ရှူရခက်ခြင်း သို့ အသက်ရှူမဝခြင်း
  • ရင်ဘတ်ဗိုက်အောင့်ြခ်ငး
  • ရုတ်တရက်မူးဝေခြင်း
  • မရေမရောဖြစ်ခြင်း
  • ပြင်းပြင်းထန်ထန်ဆက်တိုက်အန်ခြင်း
  • တုပ်ကွေးလက္ခဏာများ ပိုဆိုးလောပြီး အဖျားနဲ့ချောင်းဆိုးခြင်းကို ပိုဆိုးသွးစေပါတယ်။

အကြောင်းရင်းများ

H1N1 Flu (ဝက်တုပ်ကွေး) ကိုဘာတွေကဖြစ်စေသလဲ

ဝက်တွေကိုသာကူးစက်လေ့ရှိတဲ့ တုပ်ကွေးဗိုင်းရပ်အသွင်တစ်မျီုးကြောင့် ဖြစ်ပါတယ်။ သန်းတွေမှက်တွေကနေကူးစက်တတ်တဲ့ အူရောင်ငန်းဖျားရောဂါနဲ့မတူတာက လူလူချင်းသာကူးစက်တတ်ပြီး တိရိစ္ဆာန်ကနေလူကို မကူးစက်စေနိုင်ပါဘူး။ ဝက်တုပ်ကွေးက အလွန်အမင်းကူးစက်ပျံ့နှ့တတ်ပါတယ်။ တံတွေး၊ ချွဲတွေကတစ်ဆင့် ပျံ့နှ့ပါတယ်။

  • နှာချေခြင်း
  • ချောင်းဆိုးခြင်း
  • ရောဂါပိုးရှိတဲ့နေရာကို ကိုင်တွယ်မိပြိး မျက်လုံးနဲ့နှာခေါင်းကို ကိုင်ခြင်း

လူတွေချောင်းဆိုးနှာချေလိုက်တဲ့အခါမှာ လေထဲကိုဗိုင်းရပ်တွေ ကျဲဖြန့်ပေးလိုက်သလို ဖြစ်သွားပါတယ်။ အမှုန်တွေကိုကိုင်မိတာ၊ အမှုကျတဲ့နေရာ( တံခါးလက်ကိုင်၊ ဘေစင်) တွေကိုကိုင်မိတာ၊ ရောဂါပိုးရှိသူကိင်ထားတဲံအရာတွေကို ကိုင်မိတာတွေက သင့်ဆီကိုကူးစက်ပြန့်နှံ့စေနိုင်ပါတယ်။ လက္ခဏာမပြခင်တစ်ရက်မှာတည်းက ကူးစက်ပိုးကပြန့်နှံ့သွားနိုင်ပြိး နေမကောင်းဖြစ်ပြီး ၇ရက်လောက်ထိ ကူးစက်ပြန့်နှံသွားုနိင်ပါယ်။ ကလေးတွေမှာ ဆယ်ရက်လောက်ထိကူးစက်ပြန့်နှံ့နိုင်ပါတယ်။

ဝက်တုပ်ကွေးလို့ပြောပေမဲ့လည်း ဝက်ကင်၊ ဝက်ပေါင်ခြောက်၊ အခြားဝက်နဲ့ဆိုင်တဲ့စားသောက်ကုန်တွေကနေ မကူးစက်နိုင်ပါဘူး။

ဖြစ်နိုင်ခြေများ

H1N1 Flu (ဝက်တုပ်ကွေး) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အသက်၆၅နှစ်အထက်
  • အသက်၅နှစ်အောက်ကလေးများ
  • အစပရင်ကုထုံးကြောရှည်အသုံးပြုနေတဲ့ အသက်၁၉နှစ်အောက် ငယ်ရွယ်သူများ
  • ခုခံအားကျဆင်းနေတဲ့လူများ ( အေအိုင်ဒီအက်ေရောဂါကဲ့သို့သော ရောဂါများကြောင့်)
  • ကိုယ်ဝန်ဆောင်များ
  • ပန်းနာရင်ကျပ်။ နှလုံးရောဂါ၊ ဆီးချို။ အာရုံကြောကြွက်သားဆိုင်ရာ ရောဂါများကဲ့သို့ နာတာရှည်ရောဂါသည်များ
  • စောင့်ရှေက်မှုဂေဟာမှလူနာများ ရေရှည်စောင့်ရှောက်မှုခံယူနေရသူများ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

H1N1 Flu (ဝက်တုပ်ကွေး) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန်က သင့်ကိုယ်မှအရည်နမူနာယူပြီး စမ်းသပ်စစ်ဆေးပြီး ရောဂါရှာဖွေနိုင်ပါတယ်။ နမူနာယူဖို့အတွက်ဆိုရင် ဆရာဝန်သို့သူနာပြုက သင့်လည်ချောင်းသို့ နှာခေါင်းမှအရည်ကို ဂွမ်းစနဲ့တို့ယူပါလိမ့မ်ယ်။ သုတ်ယူထားတဲ့အရေည်နမူနာကို မျိုးရိုးဗီဇဆိုင်ရာနဲ့ ဓါတ်ခွဲစစ်ဆေးခြင်းနည်းလမ်းေတွေကို အသုံးပြုပြီး ဗီုင်းရပ်အမျိုးအစားကို အတိအကျခွဲထုတ်နိုင်ပါတယ်။

H1N1 Flu (ဝက်တုပ်ကွေး) ကို ဘယ်လိုကုသပါသလဲ

ဝက်တုပ်ကွေးရောဂါအများစုက ဆေးပေးကုသမှုမလိုအပ်ပါဘူး။ တုပ်ကွေးရဲ့နောက်ဆက်တွဲတွေ ဖြစ်လာနိုင်ချေမရှိရင် သင်ကဆရာဝန်နဲ့ပြဖို့တောင် မလိုပါဘူး။ သင့်အနေနဲ့ လက္ခဏာတွေ သက်သာလာအောင်နဲ့ အခြားလူတွေဆီမပျံ့နှံ့အောင်ပဲ ကာကွယ်သင့်ပါတယ်။

ဗိုင်းရပ်ဆန့်ကျင်ဆေး oseltamivir (Tamiflu) and zanamivirကို အကြံပေးထောက်ခံထားပါတယ်။ ရောဂါပိုးက ဆေးယဉ်သွားနိုင်တဲ့ အကြောင်းပြချက်ကြောင့် တုပ်ကွေးနောက်ဆက်တွဲတွေရနိုင်ချေများသူတွေမှာပဲ သုံးလေ့ရှိပါတယ်။ ကျန်းမာရေးကောင်းတဲ့လူအနေနဲ့တော့ ဝက်တုပ်ကွေးကူးခဲ့ရင်တော့ ခုခံအားနဲ့ပြန်တိုက်နိုင်မှာဖြစ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက health condition ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် health condition ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ပြည့်ပြည့်၀၀အနားယူခြင်း – ကူးစက်ပိုးကေိုတိုက်ရာမှာ ခုခံအားစနစိကိုအားပေးနိုင်တာကြောင့် ဖြ်စပါတယ်။
  • ရေဓါတ်ခန်းခြောက်ခြင်းကို ကာကွယ်ဖို့ ရေနဲ့တြခာ်းအရေည်များလုံလုံလောက်လောက်သောက်ြခ်ငး – စွပ်ပြုတ်နဲ့ သစ်သီးဖျော်ရည်တွေက ဆုံးရှုံးသွားတဲ့အရည်တွေအတွက် ပြန်လည်ဖြည့်တင်းပေးနိုင်ပါလိမ့်မယ်။
  • ခေါင်းကိုက်တာလည်ချောင်းနာတာတွေအတွက် တရားဝင်အကိုက်အခဲပျေက်ဆေးတွေကို ဝယ်သောက်ပါ။
  • ဆပ်ပြာသို့ လက်သန့်စင်ဆေးတွေသုံးပြီး လက်မကြာခဏဆေးကြောပါ။
  • နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတွေကို မကိုင်ပါနဲ့။ ( တယ်လီဖုန်း၊ စားပွဲစတာတွေမှာ ရောဂါပိုးရှင်နေုနိုင်တာကြောင့်ဖြစ်ပါတယ်။ )
  • နေမကေင်းဖျားနာနေရင် အလုပ်သို့ကျောင်းမသွးားပဲ အိမ်မှာပဲနေပါ။
  • ဝက်တုပ်ကွေးဖြစ်နေချိန်မှာ လူစည်ကားတဲ့နေရာတေါကို ရှောင်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Hello Sayarwon မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement