Gynaecomastia ဆိုတာ ပုံမှန်မဟုတ်ဘဲ ရင်သားကြီးထွားခြင်းဖြစ်ပါသည်။ estrogen နှင့် testosterone ဟော်မုန်းတွေ ကမောက်ကမ ဖြစ်ရာကနေ ရင်သား တစ်ရှူးတွေကြီးထွားမှုတွေ ဖြစ်တာပါ။ ပုံမှန်အားဖြင့် ၎င်းဟာရောဂါမဟုတ်ပါဘူး၊ အပြင်ပန်းလှပမှုဆိုင်ရာ ပြသနာတစ်ခုသာဖြစ်ပါသည်။
ဒီကျန်းမာရေး အခြေအနေဟာ လူ့အဖွဲ့ ၃ ဖွဲ့မှာ အဖြစ်များပါတယ်။
ကလေးငယ် ယောင်္ကျားလေးများတွင် ပျိုဖော်ဝင်ပြီး ၆ ပတ်ကနေ ၃ နှစ်အထိ ရင်သားက ပုံမှန်ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Gynecomastia ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။
လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
အမျိုးသားတွေမှာ ဖြစ်တဲ့ gynaecomastia ဟာ လူပျိုဖော်ဝင်ချိန်မှာ ဟော်မုန်းပြောင်းလဲရာက အဖြစ်များပါတယ်။ ဒီအခြေအနေဟာ မွေးကင်းစ ကလေးငယ် ယောင်္ကျားကလေးများတွင်သာမက အဖိုးအိုတွေမှာလဲ ဖြစ်တတ်ပါတယ်။
တချို့သော ကုသမှုတွေ၊ဆေးဝါးတွေ နှင့် ကာယဗလအတွက် ကြွက်သားကြီးဆေး အချို့ကြောင့်လဲ gynecomastia ဖြစ်စေပါတယ် အဘယ်ကြောင့်ဆိုသော် soya မှာ estrogen ဟော်မုန်းအများအပြားပါဝင်ပါတယ်။
ဒါ့အပြင် ရင်သားကင်ဆာ၊ နို့အုံအကျိတ်၊ မွေးရာပါချို့ယွင်းချက်၊ အသည်း သို့ ကျောက်ကပ်ရောဂါ ကဲ့သို့ကြောင့်လည်း ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။
gynaecomastia ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
အသည်း သို့ ကျောက်ကပ်၊ thyroid ရောဂါ၊ ဟော်မုန်းရောဂါ နှင့် Klinefelter syndrome တို့ကြောင့်လဲ ဖြစ်နိုင်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်တွေက ရင်ဘတ်နှင့် ရင်သားကို စမ်းသပ်ခြင်းဖြင့် ရောဂါအဖြေရှာလို့ရပါတယ်။ ဟော်မုန်းအဆင့်နှင့် တခြားအရာတွေရျာနိုင်ဖို့ သွေးစစ်ကြည့်နိုင်ပါတယ်။ တခါတရံ ဆရာဝန်တွေက mammography နှင့် ရင်သားကို ultrasound ရိုက်ကြည့်ခြင်းဖြင့် အကျိတ်ရှိမရှိ စမ်းသပ်နိုင်ပါတယ်။
အသက် ၁၂ နှစ်မှ ၁၆နှစ် ကောင်လေးတွေနဲံ ကလေးငယ်တွေမှာ အသက်ကြီးလာလျှင် သူ့ဘာသာ ပျောက်သွားနိုင်တာကြောင့် ကုသမှု မလိုအပ်ပါ။ တခြားကူသမှုတွေကတော့
ဟော်မုန်းရောဂါတွေ အတွက်ကတော့ ဟော်မုန်းတည်ငြိမ်စေဖို့နဲ့ ရင်သားတစ်ရှူးတွေကို ပုံမှန်ဖြစ်စေအောင် ထောက်ပံ့ပေးတဲ့ ဆေးဝါးတွေရှိပါတယ်။ မသက်သာခဲ့လျှင် ဆရာဝန်တွေက တစ်ရှူးအပိုတွေဖြတ်ဖို့ ညွှန်ပါလိမ့်မယ်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Gynecomastia ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
• အရက်လျှော့သောက်ပါ။
• သင်နေ့စဉ် အစားအစာထဲမှာ soya ကထုတ်ထားတဲ့ အစားအစာတွေ မပါပါစေနဲ့
• ဟော်မုန်း estrogen လို ဆေးတွေမသုံးပါနဲ့
• ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးသောက်ပါ။ ညွှန်ကြားချက်မပါပဲ ဆေးသောက်တာ သို့ ဆေးရပ်လိုက်တာ တို့ မလုပ်ပါနဲ့
သင့်ကျန်းမာရေးအခြေအနေနှင့် လက္ခဏာတွေကိုထိန်းချုပ်မှုရှိအောင် ရက်ချိန်းမှန်မှန် သွားရောက်စစ်ဆေးစမ်းသပ်ပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။