Gestational Diabetes (ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော ဆီးချိုသွေးချိုရောဂါ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အဓိပ္ပါယ်ဖွင့်ဆိုချက်

Gestational Diabetes (ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော ဆီးချိုသွေးချိုရောဂါ) ကဘာလဲ။

ဒီဆီးချိုအမျိုးအစားသည် ကိုယ်ဝန် ၂၄ပတ် ဝန်းကျင် မှသာစဖြစ်သောဆီးချိုသွေးချို တစ်မျိုး ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်စဉ်ဖြစ်သောဆီးချိုသွေးချို သည် သင်၏ဆဲလ်များကသကြား (ဂလူးကို့စ်) သုံးခြင်းကိုထိခိုက်စေပြီးသွေးတွင်းသကြားဓါတ်ကိုများစေပါသည်။ သွေးတွင်းသကြားပမာဏများခြင်းသည် သင်နှင့် သင့် ကလေးအတွက် မကောင်းပါ။

ကိုယ်ဝန်ဆောင်စဉ်ဖြစ်သောဆီးချိုသွေးချိုတွင် သွေးတွင်းသကြားပမာဏသည် မွေးဖွားပြီးသောအခါ ပုံမှန်သို့ ပြန်ရောက်သွားလေ့ ရှိပါသည်။ သို့သော် ကိုယ်ဝန်ဆောင် စဉ်ဖြစ်သောဆီးချိုသွေးချိုရှိပါကဆီးချိုသွေးချို အမျိုးအစား၂ ပါရှိလာနိုင်ပါသည်။ ဆရာဝန်နှင့်အတူသင့်၏ သွေးတွင်းသကြားဓါတ်ကိုစောင့်ကြည့်ထိန်းသိမ်းပါ။

ဆီးချိုသွေးချို အမျိုးအစား၁ သို့မဟုတ် ၂ ရှိသောအမျိုးသမီးများသည် ကလေးယူရန် စဉ်းစားပါကကိုယ်ဝန်မလွယ် မီဆရာဝန်နှင့် တိုင်ပင်ပါ။ ကုသထားခြင်းမရှိသော (သို့)ကောင်းကောင်းမထိန်းချုပ်ထားသောဆီးချိုသွေးချို သည် သင့်ကလေးအတွက် ပြင်းထန် သော ပြဿနာများကို ဖြစ်စေပါသည်။

Gestational Diabetes (ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော ဆီးချိုသွေးချိုရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ကိုယ်ဝန်ဆောင်ခြင်းတွင် အဖြစ်များသောပြဿနာတစ်ခု ဖြစ်သည့်ကိုယ်ဝန်ဆောင်စဉ်ဖြစ်သောဆီးချိုသွေးချိုသည် အမျိုးသမီး ၁၀ယောက်တွင် ၁ယောက်ဖြစ်ပွားပါသည်။ အဝလွန်သောအမျိုးသမီးများတွင် ပို၍ ဖြစ်ပွားပါသည်။ အန္တရာယ် ရှိသောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက် အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။

လက္ခဏာများ

Gestational Diabetes (ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော ဆီးချိုသွေးချိုရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကိုယ်ဝန်ဆောင်စဉ်ဖြစ်သောဆီးချိုသွေးချိုသည်အများအားဖြင့် ရောဂါလက္ခဏာမပြပါ။ ကိုယ်ဝန်ဆောင်စဉ် သွေးတွင်းသကြားပမာဏစစ်သောအခါမှသာကိုယ်ဝန်ဆောင်စဉ်ဖြစ်သောဆီးချိုသွေးချိုရှိကြောင်းကိုသိရှိနိုင်ပါသည်။

အမျိုးသမီးအချို့သည် သွေးတွင်းသကြားပမာဏအလွန် မြင့်တက်လာသောအခါ ရောဂါလက္ခဏာများပြပါ သည်။ ဥပမာ-

  • မကြာခဏရေငတ်ခြင်း
  • သာမန်ထက်ပို၍ ဆီးသွားရခြင်း
  • ပါးစပ်ခြောက်ခြင်း
  • မောပန်းခြင်း

သို့သော်လည်းဤလက္ခဏာများသည် ကိုယ်ဝန်ဆောင်စဉ် အတွင်းအဖြစ်များပြီးဆီးချိုသွေးချို ကြောင့် မဟုတ်ဘဲ ဖြစ် နိုင်ပါသည်။ ရောဂါလက္ခဏာခံစားရသည်ဟုသံသယရှိပါကဆရာဝန်နှင့် တိုင်ပင်ပါ။

အထက်တွင် ဖော်ပြ မထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါကသို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Gestational Diabetes (ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော ဆီးချိုသွေးချိုရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

အင်ဆူလင်သည်အစာအိမ်နောက်တွင်ရှိသေမုန့်ချိုအိတ် မှ ထုတ်လုပ်သောဟော်မုန်းတစ်မျိုးဖြစ်ပါသည်။ အင်ဆူလင် သည် ခန္ဓါကိုယ်မှ စွမ်းအင်အတွက် ဂလူးကို့စ် ကိုအသုံးပြုနိုင်ရန် ကူညီပြီးသွေးတွင်းဂလူးကို့စ် ပမာဏကိုလည်းထိန်းပေးပါသည်။ သို့သော်လည်းသင်၏ ခန္ဓါကိုယ်သည် ကိုယ်ဝန်ဆောင်စဉ် အတွင်းလုံလောက်သောအင်ဆူလင်ကိုထုတ်မပေးနိုင် သောအခါ ကိုယ်ဝန်ဆောင်စဉ်ဖြစ်သောဆီးချိုသွေးချိုကိုဖြစ်စေပါသည်။

ကိုယ်ဝန်နှောင်းပိုင်းတွင် ကိုယ်ဝန်သည် အမျိုးသမီးများသည် အင်ဆူလင် ခုခံမှုများ(အင်ဆူလင်ဟော်မုန်းကို ခန္ဓါကိုယ်ဆဲလ်များမှ မတုံ့ပြန်ခြင်း) ပေါ်လာပါသည်။ သို့သော် အချို့အမျိုးသမီးများသည် ကိုယ်ဝန်မရခင်ကပင် အင်ဆူလင် ခုခံမှုများရှိတတ်ပါသည်။ ထိုသည်မှာအဝလွန်သောကြောင့် ဖြစ်သည်။ ထိုအမျိုးသမီးများသည် ကိုယ်ဝန်ဆောင်စဉ်တွင် အင်ဆူလင် လိုအပ်မှုမြင့်တက်ကာကိုယ်ဝန်ဆောင်စဉ်ဖြစ်သောဆီးချိုသွေးချိုကို ဖြစ်စေပါသည်။

Risk factors

ငါ့ဆီမှာ Gestational Diabetes (ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော ဆီးချိုသွေးချိုရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ကိုယ်ဝန်ဆောင်စဉ်ဖြစ်သောဆီးချိုသွေးချိုဖြစ်ပွားနိုင်ချေ ကိုမြင့်စေသောအကြောင်းရင်းများများစွာရှိပါသည်။ ဥပမာအားဖြင့်-

  • အသက်၂၅နှစ်ထက်ကြီးသူများ
  • ဆွေမျိုးရင်းချာများတွင် ဆီးချိုရှိခြင်း
  • အဝလွန်ခြင်း၊ အထူးသဖြင့် အရပ်နှင့် ကိုယ်အလေးချိန်အညွှန်း (BMI) သည် ၃၀ နှင့်အထက် ရှိခြင်း
  • သားဥအိမ်တွင် အရည်အိတ်များဖြစ်သောရောဂါ ရှိခြင်း
  • ဂလူးကို့စ်အသုံးမပြုနိုင်ခြင်းစသောကျန်းမာရေးအခြေအနေများရှိခြင်း
  • Glucocorticoid ( ပန်းနာရင်ကျပ်၊ မိမိခန္ဓါကိုယ်မှ ဆဲလ်များကိုပြန် လည် တိုက်ခိုက်သောကိုယ်ခံအားစနစ်မှားယွင်းမှု ရောဂါ အတွက်) ၊ beta-blockers ( သွေးပေါက်တက်ခြင်း နှင့် နှလုံးခုန်နှုန်း မြန်ခြင်းအတွက်) ၊ စိတ်ကျန်းမာရေးပြဿနာများအတွက်သောက်ဆေးစသောဆေးအချို့သောက်ခြင်း
  • အရင်ကကိုယ်ဝန်ဆောင်စဉ်ဖြစ်သောဆီးချိုသွေးချို ဖြစ်ဖူးခြင်း
  • အရင်ကကလေးထွားထွားမွေးဖူးခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Gestational Diabetes (ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော ဆီးချိုသွေးချိုရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ကိုယ်ဝန် ၈ပတ်-၁၂ပတ်ဝန်းကျင် မမွေးခင် ရက်ချိန်းပြသမှုတွင် ကိုယ်ဝန်ဆောင်စဉ်ဖြစ်သောဆီးချိုသွေးချိရှိသလားစစ်ဆေးရန် ဆရာဝန်သည် မေးခွန်းအချို့မေးပါလိမ့်မည်။ သင့်တွင် ဖြစ်နိုင်ချေမြင့်စေသောအကြောင်းတစ်ခုသို့မဟုတ် တစ်ခုထက်ပို၍ ရှိနေပါကအောက်ပါ စစ်ဆေးမှုများ ပြုလုပ်ရပါသည်။

အစပိုင်းဂလူးကို့စ် ပေး၍ စစ်ဆေးခြင်း

  • သင်သည် ဂလူးကို့စ်အချိုရည် ကိုအရင်သောက်ရမည်။ တစ်နာရီကြာသော် သွေးတွင်းသကြားပမာဏကိုတိုင်းရန် သွေးစစ်ခြင်းလုပ်ရမည်။
  • သွေးတွင်းသကြားပမာဏသည် ၁၃၀-၁၄၀ ( mg/dL) သို့မဟုတ် ၇.၂-၇.၈ (mmol/L) အောက် လော့နည်းပါကဂလူးကို့စ်ပေး၍ စမ်းသပ်ခြင်းတွင် ပုံမှန်ဖြစ်သည်ဟုသတ်မှတ်သည်။
  • သွေးတွင်းသကြားပမာဏသည် ပုံမှန်ထက် များနေပါကသင့်တွင် ကိုယ်ဝန်ဆောင်စဉ်ဖြစ်သောဆီးချိုသွေးချို ဖြစ်နိုင်နှုန်း မြင့်ပါသည်။ ထိုရောဂါ ဖြစ် ကြောင်းဆုံးဖြတ်ရန် ဂလူးကို့စ် ခံနိုင်အားစစ်ဆေး မှု ထပ်မံပြုလုပ်ရန်လိုပါသည်။

နောက်ဆက်တွဲ ဂလူးကို့စ် ခံနိုင်အားစစ်ဆေးမှု

  • သင်သည်တစ်ညအဆာခံရမည်။ ထို့နောက် သွေးတွင်းသကြားပမာဏကိုတိုင်းတာပါ။ ထို့နောက် ဂလူးကို့စ် အများကြီးပါသောအချိုရည် သောက်ပါ။
  • သွေးတွင်းသကြားပမာဏကိုတစ်နာရီတစ်ခါဖြင့် သုံးနာရီကြာစစ်ဆေးပါ။
  • သွေးတွင်းသကြားပမာဏတိုင်းတာမှုအနည်းဆုံးနှစ်ခုတွင်ပုံမှန်ထက် များနေပါကကိုယ်ဝန်ဆောင်စဉ်ဖြစ်သောဆီးချိုသွေးချို ရှိသည်ဟုအတည်ပြုနိုင် ပါသည်။

Gestational Diabetes (ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော ဆီးချိုသွေးချိုရောဂါ) ကို ဘယ်လိုကုသပါသလဲ

ကိုယ်ဝန်ဆောင်စဉ်ဖြစ်သောဆီးချိုသွေးချိုကိုကုသခြင်းသည် သင်၏ သင့်ကလေးကိုကျန်းမာစေနိုင်ပါသည်။ ကုသမှု ၏ ရည်ရွယ်ချက်သည် သင်၏ သွေးတွင်းသကြားပမာဏကိုပုံမှန်သို့ရောက်ရန် ကူညီပေးခြင်း ဖြစ်ပြီးအောက်ပါတို့ ပါဝင်ပါသည်။

  • ကျန်းမာစွာစားသောက်ခြင်း
  • ကိုယ်လက်လှုပ်ရှားမှု။ နေ့စဉ် အားကစားကိုအနည်းဆုံးမိနစ် ၃၀ လောက်ပြုလုပ်ပေးသင့်သည်။ ပြင်းထန်သောလေ့ကျင့်ခန်းများဆက်လက် လုပ် ဆောင်ပါကဆရာဝန်နှင့် မေးမြန်းပါ။ ကိုယ်ဝန် ပထမသုံးလပြီးနောက် နောက်ကျောလေ့ကျင့်ခန်းများမလုပ်ပါနှင့်။
  • လိုအပ်ပါကအင်ဆူလင် ထိုးရမည်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများအသုံးပြုခြင်းသည် ကိုယ်ဝန်ဆောင်စဉ် ဖြစ်သောဆီးချိုသွေးချိုကိုကုသရာတွင် ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံးကုထုံးများသည် ကိုယ်ဝန်ဆောင်စဉ်ဖြစ်သောဆီးချိုသွေးချို ဖြစ်ခြင်းကိုထိန်းချုပ်နိုင်ပါသည်။

  • ကျန်းမာရေးနှင့်ညီသောအစားအစာ။ အမျှင်ဓါတ် များပြီးအဆီ၊ကယ်လိုရီနည်းသောအစားအစာများကိုရွေးချယ်ပါ။ အသီးအနှံများ၊ ဟင်းသီးဟင်းရွက် နှင့် အစေ့အဆံများကိုဦးစားပေးစားသောက်ပါ။ အရသာ နှင့် အာဟာရကိုမတွေးဘဲမျိုးစုံစားကြည့်ပါ။ ဝေစုအရွယ်အစားကို ကြည့်ပါ။
  • တက်ကြွစွာနေပါ။ နေ့စဉ် ဖျက်လက်စွာလမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းတို့ကိုနေ့စဉ် မိနစ် ၃၀ခန့် ပြုလုပ်ပါ။ မိနစ် ၃၀ တစ် ခါတည်းမလုပ်နိုင်ပါကအချိန်တိုအပိုင်းများခွဲ၍ ပြုလုပ်နိုင်သည်။
  • ကိုယ်ဝန်မဆောင်ခင် အလေးချိန်လျော့ခြင်း။ ထိုသို့ လုပ်ခြင်းသည် ကိုယ်ဝန်ဆောင်စဉ်တွင် ပို၍ကျန်းမာစေသည်။ ကိုယ်အလေးချိန် လျော့သောအခါ နှလုံးကျန်းမာခြင်း၊ အားအင်ပိုရှိခြင်း၊ မိမိကိုယ်ကိုတန်ဖိုးထားနိုင်ခြင်းစသောအကျိုးကျေးဇူးများရမည် ကိုမှတ်၍ မိမိကိုယ်ကိုတွန်းအားပေးပါ။

အကယ်၍ သင့်တွင် မေးခွန်းများရှိပါကသင့်အတွက် သင့်တော်သောအဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။

တည်းဖြတ်သည့်နေ့ ဇူလိုင် 3, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇူလိုင် 20, 2017