backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Geographic Tongue

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Geographic Tongue ကဘာလဲ။

Geographic tongue မှာ နာမည်အရ လျှာ၏ အပေါ်ဖက် ဘေးဘက်တို့တွင် မြေပုံကဲ့သို့အကွက်များ ထနေသော အခြေအနေတစ်မျိုးဖြစ်ပါသည်။ ခံတွင်းမှ ဧရိယာတော်တော်များများတွင်လည်း ဖြစ်တတ်ပါသည်။

Geographic tongue မှာ အန္တရာယ်ရှိသော အခြေအနေမဟုတ်ပါ။ ကင်ဆာ သို့မဟုတ် တခြား ပိုးဝင်ခြင်းလို အခြေအနေမျိုးမဟုတ်သော Benign အခြေအနေသာဖြစ်ပါသည်။ Geographic tongue အတွက် တခြားနာမည် ၂ မျိုးမှာ Benign migratory glossitis နှင့် erythema migrams တို့ဖြစ်သည်။

Geographic Tongue က ဘယ်လောက်အဖြစ်များသလဲ

လူဦးရေ၏ ၁-၃ % တွင်ဖြစ်နိုင်ပြီး Geographic tongue မှာ အရွယ်မရွေးပေါ်လာတတ်ပါသည်။ သို့သော် ၎င်းမှာ လူလတ်ပိုင်း သို့မဟုတ် လူကြီးပိုင်းများတွင် ပိုဖြစ်ဟန်ရှိ၏။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုဖြစ်နိုင်ပါသည်။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Geographic Tongue ရဲ့လက္ခဏာတွေကဘာတွေလဲ

Geographic tongue ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

  • ချောမွတ်၊ နီမြန်ပြီး ပုံစံအမျိုးမျိုးရှိသော အကွက်များ လျှာထိပ်နှင့်ဘေးဖက်များတွင် ထလာခြင်း
  • အကွက်များ၏ နေရာ၊ အရွယ်အစား၊ ပုံစံ ခဏခဏပြောင်းခြင်း
  • တစ်ချို့ြ့ဖစ်ရပ်များတွင် အပူအစပ် အချဉ်များ စားမိပါက စပ်ခြင်း နာခြင်း ပူခြင်းများ ခံစားရခြင်း

Geographic tongue ရှိသော လူအများတွင် လက္ခဏာမပြတတ်တာ များ၏။

Geographic tongue မှာ ရက်၊ လ၊ နှစ်ချီအောင် ဖြစ်နေတတ်သည်။ အလိုလိုပျောက်ကင်းသွားတတ်ပြီး တစ်ချိန်ချိန်တွင် ပြန်ပေါ်လာတတ်၏။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

Geographic tongue မှာ မိုင်နာအခြေအနေဖြစ်သည်။ (တစ်ချို့တွင်တော့ မသက်မသာဖြစ်တတ်ပါသည်) သို့သော် လျှာမှအကွက်များမှာ တခြားသောပြင်းထန်သည့်ရောဂါများ၏ လက္ခဏာလည်း ဖြစ်နေတတ်ပါသည်။ ၁၀ ရက်အတွင်း ပျောက်မသွားသော အကွက်များ လျှာတွင်ပေါ်နေပါက ဆရာဝန် သို့ သွားဆရာဝန်ကို ပြသပါ။

အကြောင်းရင်းများ

Geographic Tongue ကိုဘာတွေကဖြစ်စေသလဲ

Geographic tongue ဖြစ်ရသည့် အကြောင်းရင်းကို မသိရပါ။ ကာကွယ်ရန်အတွက်လည်း နည်းလမ်းမရှိပါ။ Geographic tongue နှင့် Psoriasis ၊ Geographic tongue နှင့် Lichen planus တို့ကြား ဆက်စပ်မှုရှိနိုင်ပါသည်။ သို့သော် အတိအကျဆက်နွယ်နေမှုများကို သိနိုင်ရန်အတွက် သုတေသနများစွာလုပ်ရန် လိုအပ်ပါနေသေးသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Geographic Tongue ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

Geographic tongue ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • မိသားစုမျိုးရိုး – Geographic tongue ရှိသော လူများတွင် မိသားမျိုးရိုးရှိနေတတ်သည်။ ထို့ကြောင့် မျိုးရိုးဗီဇက ဖြစ်ပွားနိုင်သော အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါသည်။
  • လျှာကွဲခြင်း – Geographic tongue ရှိသောလူများမှာ လျှာကွဲခြင်းဟုခေါ်သော တခြားအခြေအနေတစ်ခုလည်း တွဲနေတတ်သည်။ ထိုအခြေအနေမှာ လျှာတွင် ခပ်နက်နက်အကွဲကြောင်းများ ဖြစ်နေပါမည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Geographic Tongue ကို ဘယ်လိုအတည်ပြုပါသလဲ

သမားတော် သို့မဟုတ် သွားဆရာဝန်မှ သင့်လျှာကို စမ်းသပ်ခြင်းနှင့် လက္ခဏာများပေါ်မူတည်ကာ အတည်ပြုမည်ဖြစ်သည်။

စမ်းသပ်ရာတွင် အောက်ပါတို့ပြုလုပ်နိုင်သည်။

  • လျှာနှင့်ပါးစပ်တို့အား အလင်းကိရိယာနှင့် ကြည့်ခြင်း
  • လျှာအား ပုံစံအမျိုးမျိုး လှုပ်ပြခိုင်းခြင်း
  • လျှာအား ညင်သာစွာဖိပြီး နာကျင်မှုရှိမရှိ လျှာအသား သို့မဟုတ် အမာအပျော့တို့တွင် မူမမှန်သော ပြောင်းလဲမှုများရှိမရှိ စစ်ဆေးခြင်း
  • ဖျားခြင်း၊ လည်းပင်းကျိတ်များ ရောင်ခြင်းစသည့် ပိုးဝင်သည့်လက္ခဏာများကို စစ်ခြင်း

Geographic Tongue ကို ဘယ်လိုကုသပါသလဲ

Geographic tongue မှာ ပုံမှန်အားဖြင့် ကုသရန်မလိုအပ်ပါ။ Geographic tongue မှာ တစ်ခါတစ်ရံ၌ မသက်သာသောခံစားမှုမျိုး ရှိတတ်သော်လည်း အန္တရာယ်မရှိသော အခြေအနေသာ ဖြစ်ပါသည်။

လျှာတွင်မသက်မသာခံစားရခြင်းအတွက် ဆရာဝန်မှ အောက်ပါဆေးများကို ညွှန်ပါလိမ့်မည်။

  • အလွယ်ဝယ်ယူနိုင်သော အကိုက်အခဲပျောက်ဆေးများ
  • ထုံဆေးပါသောပါးစပ်ဆေးရည်သုံးခြင်း
  • Antihistamine ပါသော ပါးစပ်ဆေးရည်
  • Corticosteroid လိမ်းဆေး သို့ ဆေးရည်
  • ဗီတာမင် ဘီ ဖြည့်စွက်စာ

ထိုကုသမှုများအား သေသေချာချာ မလေ့လာရသောကြောင့် ရလဒ်မှာလည်း မသေချာပါ။ တစ်ချို့အခြေအနေများမှာ အလိုလိုပျောက်သွားတတ်ပြီး ဘယ်လောက်ထိ ဘယ်လိုဖြစ်နေမည်ကိုလည်း ခန့်မှန်းမရပါ။ သင့်တွင် လက္ခဏာများသက်သာသွားလို တခြားသူများတွင်လည်း သက်သာလိမ့်မည်ဟု ပြောလို့မရပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Geographic tongue ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် Geographic tongue ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။

Geographic tongue ကြောင့်ဖြစ်ရသော လျှာ မသက်သာမှုအား အပူ အစပ် အချဉ် အချိုရည် အရက် ဆေးရွက်ကြီး စသည့် ခံတွင်းတစ်ရှူးများအား ထိခိုက်စေသော အစာများကို ရှောင်ခြင်း လျော့ခြင်းဖြင့် ထိန်းနိုင်ပါသည်။

အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement