Generalized Tonic Clonic Seizures (တစ်ကိုယ်လုံး ကျုံ့ခြင်းဆန့်ခြင်းဖြစ်၍ တက်ခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Generalized Tonic Clonic Seizures (တစ်ကိုယ်လုံး ကျုံ့ခြင်းဆန့်ခြင်းဖြစ်၍ တက်ခြင်း) ကဘာလဲ။

တစ်ကိုယ်လုံး ကျုံ့ခြင်းဆန့်ခြင်းဖြစ်၍ တက်ခြင်းသည် ပြင်းထန်သော ကြွက်သားညှစ်ခြင်း နှင့်အတူ အသိမရှိတော့သော အခြေအနေကို ခေါ်သည်။ လူအများပြောသော “တက်သွားခြင်း” ဆိုလိုသည်။ တစ်ကိုယ်လုံး ကျုံ့ခြင်းဆန့်ခြင်းဖြစ်၍ တက်ခြင်းသည် ဦးနှောက်အတွင်း ပုံမှန်မဟုတ်သော လျှပ်စီးလှိုင်းများကြောင့် ဖြစ်ပွားသည်။ တစ်ကိုယ်လုံး ကျုံ့ခြင်းဆန့်ခြင်းဖြစ်၍ တက်ခြင်းအများစုသည် အတက်ရောဂါကြောင့်ပင်ဖြစ်သည်။ အချိ့တွင် ထိုသို့တင်ခြင်းသည် အခြားသော ကျန်းမာရေးအခြေအနေများကြောင့် ဖြစ်ပွားသည်။ ဥပမာ- သွေးတွင်း သကြားဓါတ်ကျဆင်းခြင်း၊ ကိုယ်ပူကြီးကာ ဖျားခြင်း (သို့) လေဖြတ်ခြင်း။ တစ်ကိုယ်လုံး ကျုံ့ခြင်းဆန့်ခြင်းဖြစ်၍ တက်ခြင်းဖြစ်သော လူအများသည် အခြားသော အတက်ရောဂါမဖြစ်တတ်ပါ။ သို့သော် အချို့လူများသည်  အတက်ရောဂါကို ထိန်းချုပ်သောဆေးများကို သောက်သုံးနေရပြီး တစ်ကိုယ်လုံး ကျုံ့ခြင်းဆန့်ခြင်းဖြစ်၍ တက်ခြင်းကို ရှောင်လွဲနေရသည်။

Generalized Tonic Clonic Seizures (တစ်ကိုယ်လုံး ကျုံ့ခြင်းဆန့်ခြင်းဖြစ်၍ တက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

လေ့လာချက်များအရ အမျိုးသားများသည် အရက် နှင့် အိပ်စက်သည့် အလေ့အထများကြောင့် ပိုမိုဖြစ်ပွားတတ်ကျသည်။ပို၍ဖြစ်စေနိုင်သော အန္တရာယ်အချက်အလက်များကို ရှောင်ရှားခြင်းဖြင့် ထိန်းချုပ်နိုင်ပါသည်။

အထက်ပါရောဂါနှင့် ပတ်သတ်သော အခြားသတင်းအချက်အလက်များအတွက် သင်၏ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

လက္ခဏာများ

Generalized Tonic Clonic Seizures (တစ်ကိုယ်လုံး ကျုံ့ခြင်းဆန့်ခြင်းဖြစ်၍ တက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တစ်ကိုယ်လုံး ကျုံ့ခြင်းဆန့်ခြင်းဖြစ်၍ တက်ခြင်းတွင် အဆင့် ၂ ဆင့်ရှိသည်။

(၁) ကျုံ့ခြင်းအဆင့်

အသိမရှိတော့ခြင်း၊ ကြွက်သားများသည် ရုတ်တရက် ညှစ်ကျပြီး လူနာသည် လဲကျသွားတတ်သည်။ ဒီအဆင့်သည် ၁၀ စက္ကန့်မှ ၂၀ စက္ကန့်ထိ ကြာတတ်သည်။

(၂) ဆန့်ခြင်းအဆင့်

ကြွက်သားများသည် ဆန့်ခြင်း နှင့် ကျုံ့ခြင်းကို စည်းချက်မှန်စွာ ဖြစ်နေသည်။

တက်ခြင်းသည် ပုံမှန်အားဖြင့် ၂ မိနစ်ထက်မပိုပဲ ကြာမြင့်သည်။

အောက်ပါရောဂါလက္ခဏာများသည် အဖြစ်များသည်။

ကြိုတင်ခံစားမိခြင်း

အချို့သည် တစ်ကိုယ်လုံး တက်ခြင်းမဖြစ်ခင် ကြိုတင် ခံစားသိရှိနေကြသည်။ ထိုသို့သော ကြိုတင်သတိပေးချက်များသည် တစ်ယောက် နှင့် တစ်ယောက် ကွဲပြားသည်။ ဥပမာ- ထူးဆန်းသော အနံ့ရခြင်း (သို့) ထုံကျင်နေခြင်း။

အော်ဟစ်ခြင်း

အချို့သည် စစတက်ခြင်းတွင် အော်ဟစ်ငိုကြွေးတတ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် အသံကြိုးပတ်လည်ရှိ ကြွက်သားများ ညှစ်ခြင်းဖြစ်ပေါ်ပြီး လေများကို ညှစ်ထုတ်သောကြောင့် ဖြစ်သည်။

ဆီး နှင့် ၀မ်း ထိန်းမနိုင်ဖြစ်ခြင်း

ထိုသို့ မထိန်းနိုင်ဖြစ်ရခြင်းသည် တက်နေစဉ် နှင့် တက်ပြီးသောအခါတွင် ဖြစ်လေ့ရှိသည်။

တက်ပြီးသောအခါ သတိပြန်မလည်လာခြင်း

တက်ပြီးသောအခါတွင်လည်း သတိမရသေးခြင်းသည် မိနစ်အနည်းငယ်ကြာမြင့်နိုင်သည်။

ရှုပ်ထွေးခြင်း

တက်ခြင်းပြီးသည့်အခါ အသိစိတ်ရှုပ်ထွေးနေတတ်သည်။

မောပန်းခြင်း

တက်ပြီးသောအခါ အိပ်ချင်နေတတ်သည်။

ဆိုးဝါးစွာခေါင်းကိုက်ခြင်း

တက်ပြီးသောအခါ ခေါင်းကိုက်ခြင်းသည် အဖြစ်များသော်လည်း လူတိုင်းတွင် မဖြစ်တတ်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရောဂါကို စောဦးစွာ သိရှိပြီး ကုသမှုခံယူခြင်းသည် ရောဂါကို ထပ်မဖြစ်အောက် ရပ်တန့်နိုင်ပြီး အရေးပေါ်အခြေအနေများမှ ကာကွယ်နိုင်သည်။ ထို့ကြောင့် ဆရာဝန် နှင့် စောနိုင်သလောက်စောအောင် ပြသဖို့ လိုအပ်သည်။

အထက်ပါ ရောဂါလက္ခဏာဝေဒနာများ ခံစားနေရလျှင် (သို့) ထိုလက္ခဏာများနှင့် ပတ်သတ်ပြီး သိလိုလျှင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ လူ့ခန္ဒာကိုယ်သည် တစ်ဦးနှင့် တစ်ဦးမတူညီပါ။

သင်၏ ခံစားနေရသော အခြေအနေများကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ခြင်းသည် သင့်အတွက် အကောင်းဆုံးဖြစ်ပါသည်။

အကြောင်းရင်းများ

Generalized Tonic Clonic Seizures (တစ်ကိုယ်လုံး ကျုံ့ခြင်းဆန့်ခြင်းဖြစ်၍ တက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

တစ်ကိုယ်လုံး ကျုံ့ခြင်းဆန့်ခြင်းဖြစ်၍ တက်ခြင်းစတင်ဖြစ်ပေါ်ခြင်းသည် အခြားသော ကျန်းမာရေးအခြေအနေများစွာကြောင့် ဖြစ်နိုင်သည်။

အချို့သော ပြင်းထန်သည့် အခြေအနေများတွင် ဦးနှောက်အတွင်းရှိ အကြိတ် (သို့) လေဖြတ်ခြင်းကို ဖြစ်စေနိုင်သည့် ပေါက်သွားသော သွေးကြော တို့လည်းပါဝင်သည်။

ဦးခေါင်းဒါဏ်ရာ ရရှိခြင်းသည်လည်း တက်ခြင်းကို ဖြစ်စေနိုင်သည်။

တစ်ကိုယ်လုံး ကျုံ့ခြင်းဆန့်ခြင်းဖြစ်၍ တက်ခြင်းကို ဖြစ်စေနိုင်သော အခြားအကြောင်းအရာများတွင်

  • ခန္ဓာကိုယ်တွင်း ဆိုဒီယမ်၊ ကယ်လ်ဆီယမ်၊ သကြားဓါတ်၊ (သို့) မဂ္ဂနီဆီယမ်ဓါတ် တို့လျော့နည်းခြင်း။
  • အရက် နှင့် မူးယစ်ဆေးစွဲနေခြင်း (သို့) ဖြတ်ထားခြင်း။
  • မျိုးရိုးဗီဇ နှင့် ဆိုင်သော (သို့) ဦးနှောက်၊အာရုံကြော နှင့်ဆိုင်သော ရောဂါတစ်မျိုးခံစားနေရခြင်း။
  • ဒါဏ်ရာ (သို့) ကူးစက်ရောဂါပိုး။

တခါတရံတွင် ဆရာဝန်သည် စတင်ဖြစ်ပွားရသည့် အကြောင်းရင်းကို ဆုံးဖြတ်ရန် ခက်ခဲနေတတ်သည်။

ဖြစ်နိုင်ခြေများ

Generalized Tonic Clonic Seizures (တစ်ကိုယ်လုံး ကျုံ့ခြင်းဆန့်ခြင်းဖြစ်၍ တက်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဘာတွေက တစ်ကိုယ်လုံး ကျုံ့ခြင်းဆန့်ခြင်းဖြစ်၍ တက်ခြင်းကို ပိုဖြစ်စေလဲ?

မိသားစု မျိုးရိုး ရာဇ၀င် ရှိလျှင် တက်ခြင်းရောဂါဖြစ်နိုင်ရန်ပို၍ အခွင့်အလမ်းများသည်။ ခေါင်းဒါဏ်ရာ၊ ကူးစက်ရောဂါပိုး နှင့် လေဖြတ်ခြင်းတို့ကြောင့်ဖြစ်သော ဦးနှောက်ထိခိုက်ခြင်းသည် တက်ခြင်းကို ဖြစ်နိုင်ချေ မြင့်တက်စေသည်။

တက်ခြင်းကို ပို၍ဖြစ်စေနိုင်သော အခြားသော အကြောင်းရင်းများတွင်

  • အိပ်ရေးပျက်ခြင်း။
  • ကျန်းမာရေးအခြေအနေများကြောင့် ခန္ဓာကိုယ်၏ဓါတ်သတ္တုများ မညီမမျှဖြစ်ခြင်း။
  • ဆေးဝါး နှင့် အရက် အလွန်အကျွံ သုံးစွဲခြင်း။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Generalized Tonic Clonic Seizures (တစ်ကိုယ်လုံး ကျုံ့ခြင်းဆန့်ခြင်းဖြစ်၍ တက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

တစ်ကိုယ်လုံး ကျုံ့ခြင်းဆန့်ခြင်းဖြစ်၍ တက်ခြင်းရောဂါကို ဘယ်လို စစ်ဆေးသိရှိနိုင်လဲ?

အကယ်၍ ဆရာဝန်က လူနာသည် ဒီဝေဒနာကို ခံစားနေရသည်ဟု သံသယရှိလျှင် ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်ချက်များ  နှင့် အခြားသော စစ်ဆေးမှုများကို ဆရာဝန်က ပြုလုပ်ပေမည်။

ဆရာဝန်သည် ရောဂါရာဇ၀င် နှင့် ယခင်က ဖြစ်ခဲ့ဖူးသော ကျန်းမာရေး အခြေအနေများကို မေးမြန်းမည်။

ဆရာဝန်သည် လူနာရောဂါခံစားနေရပုံကို သိရိနိုင်ရန် ဖြစ်ပွားနေစဉ်က ဘေးနားရှိနေသူများကိုပါ မေးမြန်းပေမည်။

ဆရာဝန်သည် လူနာအား ရောဂါမခံစားရခင် ဘာပြုလုပ်နေသည်ကို သိနိုင်ရန် မေးမြန်းပေမည်။

ထိုသို့ မေးမြန်းခြင်းသည် လူနာ၏ ရောဂါကို မည်သည့် အပြုအမူ၊ မည်သည့် အရာက ပို၍ဖြစ်စေသည်ကို သိရှိစေနိုင်သည်။

ထို့အပြင် ဆရာဝန်သည် လူနာ၏ ဟန်ချက်၊ သဟဇာတဖြစ်စွာ လှုပ်ရှားမှု နှင့် အလိုအလျောက် တုံ့ပြန်မှုများကို သိရှိနိုင်ရန် ရိုးရှင်းသော စမ်းသပ်မှုများ ပြုလုပ်ပေမည်။

ဆရာဝန်သည် လူနာ၏ ကြွက်သားစွမ်းရည်ကို စမ်းသပ်ပြီး လူနာသည် ခန္ဓာကိုယ်ကို မည်သို့ လှုပ်ရှားထိန်းကျောင်းသည်ကို စစ်ဆေးပြီး ပုံမှန်မဟုတ်သည်များကို ခွဲခြမ်းစစ်ဆေးသည်။

ရောဂါကို စစ်ဆေးသိရှိနိုင်ရန် ပြုလုပ်သော စမ်းသပ်ချက်များတွင်

သွေးစစ်ဆေးခြင်း

ဆရာဝန်သည် ရောဂါကို မည်သည့်ကျန်းမာရေးအခြေအနေများက လွှမ်းမိုးသည်ကို သိရှိနိုင်ရန် သွေးစစ်ရန်ပြောကြားမည်။

ဆေးပညာဆိုင်ရာ ပုံရိပ်ဖော် စစ်ဆေးခြင်း

အချို့သော ဦးနှောက်ပုံဖော်စစ်ဆေးခြင်းများသည် လူနာ၏ ဦးနှောက်လုပ်ငန်းဆောင်တာများကို ထိန်းညှိပေးနိုင်ရန် ကူညီပေးသည်။

လျှပ်စစ်လှိုင်းသုံး ဦးနှောက်စစ်ဆေးခြင်း (Electroencephalogram) သည် ဦးနှောက်တွင်းရှိ လျှပ်စစ်လှိုင်းများ မည်သို့အလုပ်လုပ်သည်ကို သိရှိနိုင်သည်။

ထိုစစ်ဆေးမှုကို သံလိုက်စက်ကွင်းစမ်းသပ်မှု နှင့် တွဲ၍ ပြုလုပ်ပါက ဦးနှောက်အစိတ်အပိုင်းများ၏ တိကျသော ပုံရိပ်ကို ရရှိစေပါသည်။

Generalized Tonic Clonic Seizures (တစ်ကိုယ်လုံး ကျုံ့ခြင်းဆန့်ခြင်းဖြစ်၍ တက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသနည်းအချို့မှာ

တက်ခြင်းရောဂါအတွက် ပေးသောဆေးများ

လူနာအများစုသည် ဆေးများဖြင့် ရောဂါကို ထိန်းချုပ်ထားကြသည်။

ဆေးတစ်မျိုးကို ဆေးညွှန်းအနည်းမှ စတင်ပေးလေ့ရှိပြီး လိုအပ်သလို ဆေးညွှန်းကို တိုးပေးလေ့ရှိသည်။

အချို့သည် ရောဂါအတွက် ဆေးကုသမှု တစ်မျိုးမက လိုအပ်လေ့ရှိသည်။

အထိရောက်ဆုံး ဆေးဝါး နှင့် အထိရောက်ဆုံး ဆေးကုသမှုပုံစံကို ရရှိနိုင်ရန် အချိန်ယူရလေ့ရှိသည်။

တက်ခြင်းရောဂါအတွက် ပေးသောဆေးများ အများအပြားရှိသည်။

  • Carbamazepine (Carbatrol, Tegretol)
  • Phenytoin (Dilantin, Phenytek)
  • Oxcarbazepine (Trileptal)
  • Lamotrigine (Lamictal)
  • Phenobarbital
  • Lorazepam (Ativan)

ခွဲစိတ်ကုသခြင်း

ဦးနှောက်ခွဲစိတ်ကုသခြင်းသည် အခြားသော တက်ခြင်းရောဂါကို ထိန်းချုပ်ပေးသည့် ကုသနည်းများ မအောင်မြင်သောအခါ အသုံးဝင်သည်။ ခွဲစိတ်ကုသခြင်းသည် ဦးနှောက်၏ အစိတ်အပိုင်းတခုမှသည် တစ်ကိုယ်လုံး ကို သက်ရောက်စေသည့် တက်ခြင်းရောဂါမျိုးကို ကုသရာတွင် အသုံးဝင်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

တစ်ကိုယ်လုံး ကျုံ့ခြင်းဆန့်ခြင်းဖြစ်၍ တက်ခြင်းရောဂါကို သက်သာစေမယ့် လူနေမှုပုံစံပြောင်းလဲခြင်း နှင့် အိမ်သုံးဆေးမြီးတို တွေက ဘာလဲ?

  • ဦးခေါင်းထိခိုက်ခြင်းကို ကာကွယ်ရန်အတွက် မော်တော်ဆိုင်ကယ် ဦးထုပ်၊ ခါးပါတ် နှင့် လုံခြုံရေးလေအိပ်ပါ ကားများကို အသုံးပြုပါ။
  • တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပြီး တက်ခြင်းရောဂါကို ဖြစ်စေသော ပိုးမွှားများ ရန်မှ ကာကွယ်ခြင်း။
  • လေဖြတ်နိုင်စေသော အန္တရာယ်များကို ရှောင်ကျဉ်ခြင်း။ ဥပမာ- သွေးတိုး၊ အဆီများခြင်း၊ ဆေးလိပ်သောက်ခြင်း နှင့် တက်တက်ကြွကြွမရှိခြင်း။
  • အကယ်၍ တက်ခြင်းရောဂါရှိသူ ဖြစ်ပါက ကျန်းမာရေးအသိပေး လက်ပတ်ကို ၀တ်ဆင်ပြီး အရေးပေါ်ဆေးကုသမှုကို အထောက်အကူပြုနိုင်သည်။ ထိုလက်ပတ်တွင် အရေးပေါ်အခြေအနေတွင် မည်သူ့ကို ဆက်သွယ်ရမည်၊ မည်သည့်ကုသမှုကို ခံယူနေရသည် နှင့် မည်သည့်ဆေးနှင့် မတည့်သည်ကို ဖော်ပြထားမည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 2, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 6, 2018

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။