backup og meta

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

    ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်ရင် ဘာတွေ အကျိုးရှိနိုင်မလဲဆိုတာ ပြောပြချင်ပါတယ်။

    လုပ်နေကျ အလုပ်တွေကို လုပ်ဖို့တောင် ခက်ခဲလာပြီ။ နာရီဝက်လောက်နဲ့ ပြီးရမယ့် အလုပ်ကို ၁ နာရီ ကျော်ကြာတဲ့အထိတောင် မပြီးသေးဘူး ဖြစ်နေပြီ။ ခေါင်းထဲမှာလည်း မကြည်ဘူး။

    ဖတ်တဲ့စာတွေကိုလည်း သေချာ နားမလည်တော့ဘူး။ ပြောနေတဲ့ စကားတွေကို နားလည်ဖို့ မနည်း နားထောင်နေရပြီဆိုရင် သေချာတာ ပင်ပန်းနေလို့ ခန္ဓာကိုယ်က အနားတောင်းနေတာပါ။ ဒီအချိန်မှာ လုပ်ရမယ့် အကောင်းဆုံး နည်းလမ်းကတော့ ဘာကိုမှ မတွေးဘဲ အိပ်လိုက်တာပါ။

    ပင်ပန်းလာရင် အိပ်သာအိပ်လိုက်ပါ။

    ပင်ပန်းလာရင် အိပ်သာအိပ်လိုက်ပါ။

    ပင်ပန်းလာရင် အိပ်သာအိပ်လိုက်ပါ လို့ ပြောရတာက အိပ်စက်မှုက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ အကောင်းဆုံး အားဖြည့်နိုင်လို့ပါ။

    ပြည့်ဝတဲ့ အိပ်စက်မှုက

    ပြည့်ဝတဲ့ အိပ်စက်မှုက ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ အာရုံစူးစိုက်မှုကို ကောင်းစေသလို တီထွင်ဖန်တီးနိုင်စွမ်းကိုလည်း တိုးတက်စေပါတယ်။ သိမြင်မှုစွမ်းရည်ကိုလည်းတိုးစေနိုင်ပါတယ်။ ဒါကြောင့် ပင်ပန်းလာလို့ ဘာမှ မတွေးနိုင်တော့ဘူးဆိုရင် အိပ်လိုက်တာက အကောင်းဆုံး ဖြေရှင်းနည်းပါ။

  • ကိုယ်ခံအား ကောင်းစေတယ်
  • အိပ်ရေးပျက်တာ များလာတဲ့အခါ လူက ပင်ပန်းသလို ခံစားလာရပြီး ဖျားချင်သလိုလို ဖြစ်လာတာ၊ ဖျားတာနာတာ၊ တုပ်ကွေးလိုမျိုး ကူးစက်တတ်တဲ့ အဖျားရောဂါတွေ ဝင်ရောက် ကူးစက်လွယ်ပါတယ်။

    အိပ်ရေးဝဝအိပ်တဲ့အခါ ခန္ဓာကိုယ်က လန်းဆန်းတက်ကြွနေပြီး ကိုယ်ခံအားကလည်း ပြည့်ဝနေမှာပါ။

    • ခန္ဓာကိုယ်ကို အားဖြည့်ပေးတယ်

    အိပ်စက်တယ်ဆိုတာက အနားယူတယ်ဆိုပေမယ့် ဒီလို အနားယူနေချိန်မှာ ခန္ဓာကိုယ်က စိတ်ဖိစီးမှု၊ ခရမ်းလွန်ရောင်ခြည်၊ ညစ်ညမ်းစေတဲ့အရာတွေနဲ့ ထိတွေ့မှုကြောင့် ခန္ဓာကိုယ်မှာ ဖြစ်ပေးနေတဲ့ ထိခိုက်ပျက်စီးမှုတွေကို ကြိုးကြိုးစားစား ပြုပြင်နေတာပါ။ ဆဲလ်တွေ အသစ် ဖြစ်ပေါ်စေသလို စိတ်ရောကိုယ်ပါ အင်အားပြည့်ဝစေဖို့ အကောင်းဆုံး လုပ်ဆောင် နေတာပါ။

    အိပ်စက်မှုနဲ့ စိတ်ကျန်းမာရေးက အများကြီး ဆက်စပ်မှု ရှိပါတယ်။ ပြည့်ဝတဲ့ အိပ်စက်မှု မရှိတာက စိတ်ဓာတ်ကျနိုင်ခြေကို မြင့်တက်စေပါတယ်။ ဒါကြောင့်စိတ်ပင်ပန်းလာတဲ့အခါ စိတ်ဓာတ်ကျတဲ့ အဆင့် မရောက်စေဖို့ အိပ်ရေးဝဝသာ အိပ်လိုက်ပါ။

    အရမ်းပင်ပန်းလာလို့ လူတွေကို ပြုံးပြဖို့ ခက်နေပြီ။ အမှား သေးသေးလေးကိုတောင် သည်းမခံနိုင် ဖြစ်နေပြီဆိုရင် အပြစ်မပြောမိခင်မှာ အရင်ဆုံး အိပ်လိုက်ပါ။ တစ်ခါတလေမှာ အရာရာကို အမြင်မကြည်ဖြစ်ပြီး လူမှုဆက်ဆံရေး အဆင်မပြေတာဟာ အိပ်ရေးပျက်တာ များနေလို့ပါ။ ဒါကြောင့် လူမှုဆက်ဆံရေးမှာ အဆင်မပြေတာတွေ များလာပြီဆိုရင် အိပ်သာအိပ်လိုက်ပါ။

    ဒါတွေအပြင် ပင်ပန်းလာရင် အိပ်လိုက်တာက

    ပင်ပန်းလာရင် အိပ်သာအိပ်လိုက်ပါ။

    • အဝ မလွန်စေဖို့
    • ကိုယ်အလေးချိန် တိုးတာ
    • နှလုံး ရောဂါ
    • ဆီးချို ရောဂါ
    • သွေးတိုးတာ
    • ပင်ပန်း နွမ်းနယ်တာ
    • ခေါင်းကိုက်တာ
    • ကင်ဆာ
    • ရောင်ရမ်းတာ
    • ထိုင်းမှိုင်းတာ
    • စိတ်ဖိစီးတာ
    • မေ့လွယ်တာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

    ဒါကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး လူမှုဆက်ဆံရေးမှာရော အလုပ်ခွင်မှာပါ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ရရှိစေဖို့အတွက် အကောင်းဆုံးသော ဖြေရှင်းနည်းက ပင်ပန်းလာရင် အိပ်သာအိပ်ပစ်လိုက်ဖို့ပါပဲ

    အိပ်ရေးဝလို့ နိုးထလာတဲ့အခါ အရာရာကို အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့ အရှိန်မြှင့်ပြီး လုပ်ဆောင်နိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement