မျက်ရည်ယို ဓာတ်ငွေ့ ဒဏ်ကနေ ဒီလို ကာကွယ်ကြတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
Share now

နိုင်ငံတကာ သတင်းတွေထဲကနေ မြင်ဖူးတဲ့ ဆန္ဒပြပွဲတွေထဲက မီးခိုးတွေ လှိုင်နေအောင်ထွက်တဲ့ မျက်ရည်ယို ဓာတ်ငွေ့ တွေအကြောင်း သေချာသိချင်လား။
ဒီလို ဒီအခိုးအငွေ့တွေကြားကနေပဲ ဓာတ်ပုံတွေကို ရအောင်ရိုက်ယူခဲ့တဲ့ သူတွေ၊ တကယ်တွေ့ကြုံခဲ့ရသူတွေက မျက်ရည်ယိုဗုံးတွေ ဒဏ်ကနေ ဘယ်လို ကာကွယ်လဲဆိုတာရော?  ဒါဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

မျက်ရည်ယို ဓာတ်ငွေ့ ဒဏ်ကနေ ဒီလို ကာကွယ်ကြတာပါ။

မျက်ရည်ယို ဓာတ်ငွေ့ကို ကာကွယ်တဲ့ နည်းလမ်းတွေက မျက်ရည်ယို ဓာတ်ငွေ့ဒဏ်ကိုရော ကိုဗစ်ဗိုင်းရပ်စ် အန္တရာယ်ကနေပါ ကာကွယ်ပေးနိုင်ပါတယ်၊ လို့ CDC က ဆိုပါတယ်။

မျက်ရည်ယို ဓာတ်ငွေ့တွေကို ဒီလို ကာကွယ်လို့ ရပါတယ်။

ခပ်ခွာခွာနေပါ

မျက်ရည်ယိုဓာတ်ငွေ့တွေ ဖြစ်ပေါ်လာပြီဆိုတာနဲ့ လူတစ်ဦးနဲ့ တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေပါ။ ဒါမှ ဓာတ်ငွေ့တွေက အလွယ်တကူ ပြန့်ပြီး ထိခိုက်မှု နည်းမှာပါ။

ဒီဓာတ်ငွေ့ကြောင့် ထိခိုက်မှု မဖြစ်စေဖို့ဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တဲ့ နည်းလမ်းအတိုင်း တစ်ဦးနဲ့ တစ်ဦး ၆ ပေ အကွာနေပါ။

မျက်နှာကို ကာကွယ်ထားပါ။

မျက်ရည်ယို ဓာတ်ငွေ့ ထိမိနိုင်တဲ့ အနေအထားမျိုးမှာ မျက်ကပ်မှန် တပ်မထားပါနဲ့။ မျက်မှန်ကို တပ်ဆင်တာက အကောင်းဆုံးပါ။ မျက်နှာကာ တပ်ဆင်ထားတာကတော့ မျက်ရည်ယို ဓာတ်ငွေ့ကို ကာကွယ်နိုင်မယ့် အထိရောက်ဆုံး နည်းလမ်းပါ။

ဒီနေရာမှာ Mask နဲ့ Face shield တပ်တာက အထိရောက်ဆုံး ကာကွယ်နိုင်မယ့် နည်းလမ်းတစ်ရပ်ပါ။

လုံခြုံစွာ ဝတ်ဆင်ပါ။

လက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ထားတာက မျက်ရည်ယို ဓာတ်ငွေ့ကြောင့် အရေပြား ထိခိုက်မိနိုင်ခြေကို အကောင်းဆုံး ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် မျက်ရည်ယို ဓာတ်ငွေ့အန္တရာယ်ကနေ ကာကွယ်ချင်တယ်ဆိုရင် လုံခြုံစွာ ဝတ်ဆင်တာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါလို့ CDC က အကြံပြုထားပါတယ်။

အဆီပါတဲ့ အသားအရေထိန်း ပစ္စည်းတွေ၊ မိတ်ကပ်တွေ ရှောင်ပါ။

အဆီပါတဲ့ အောက်ခံ မိတ်ကပ်တွေ၊ နေလောင်ကာခရင်မ်တွေက မျက်ရည်ယိုဓာတ်ငွေ့တွေကို အရေပြားမှာ ကပ်တွယ်စေနိုင်ပါတယ်။ ဒါကြောင့် ထိခိုက်မှု မဖြစ်စေဖို့ အဆီပါတဲ့ အရေပြားပေါ် လိမ်းစရာတွေကို ရှောင်သင့်ပါတယ်။

မျက်ရည်ယိုဓာတ်ငွေ့ဒဏ်ကနေ ဘာလို့ ကာကွယ် သင့်တာလဲ

မျက်ရည်ယိုဓာတ်ငွေ့ဆိုတာ အငွေ့လို့သာ ဆိုပေမယ့် အငွေ့မဟုတ်တဲ့ aerosolized အစိုင်အခဲ (သို့မဟုတ်) အရည် အမျိုးအစား ပါ။ နာကျင်တဲ့ ခံစားမှုကို ခံစားရစေနိုင်တဲ့ ဓာတုဗေဒပစ္စည်းတွေ ပါဝင်နေပါတယ်။

ဒီဓာတ်ငွေ့တွေက အသက်သေစေဖို့ ထုတ်ထားတာမဟုတ်ပေမယ့် အပြင်းအထန် နာကျင်စေတာနဲ့ ထိခိုက်နာကျင်စေတာမျိုး ဖြစ်စေနိုင်ပါတယ်။ အလုံပိတ်နေရာတွေမှာဆိုရင် ထိခိုက်နိုင်ခြေက ပိုများပါတယ်။ အဆိုးဆုံးအနေနဲ့ မျက်စိကွယ်တာရေတိမ်လိုမျိုး ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဓာတုပစ္စည်းတွေကို အလွန်အကျွံ ထိတွေ့ ရှူရှိုက်မိမယ်ဆိုရင် လည်ချောင်းအဆုတ်နဲ့ အသက်ရှူလမ်းကြောင်း ထိခိုက်ပျက်စီးတာမျိုး ခံစားရနိုင်ပါတယ်။

မျက်ရည်ယိုဗုံး ထိခဲ့ရင် ဘာတွေခံစားရနိုင်လဲ။

မျက်ရည်ယိုဗုံး ထိခဲ့ရင်

  • မျက်လုံး – မျက်ရည်ကျမယ်။ ပူစပ်ပူလောင် ဖြစ်မယ်။ နီမြန်းမယ်။ အမြင်အာရုံ ဝေဝါးမယ်။
  • နှာခေါင်း – နှာရည်ကျမယ်။ ပူစပ်ပူလောင်ဖြစ်မယ်။ ရောင်ရမ်းမယ်။
  • ပါးစပ် – ပူစပ်ပူလောင်ဖြစ်မယ်။ မအီမသာဖြစ်မယ်။ မျိုချရခက်မယ်။ သွားရည်တွေကျမယ်။
  • အဆုတ် – ရင်ဘတ်ထဲက တင်းကျပ်လာမယ်။ ချောင်းဆိုးမယ်။ မွန်းမယ်။ အသက်ရှူရင် အသံကျယ်လာမယ်။ အသက်ရှူတာ ပြတတေင်းပြတ်တောင်းဖြစ်လာမယ်။
  • အရေပြား – လောင်မယ်။ အဖုအပိမ့်ထမယ်။
  • အခြား ပြဿနာတွေ – အော့အန်မယ်။ မအီမသာဖြစ်မယ်။

    အားလုံးကျန်းမာပျော်ရွှင်ပြီး ဘေးရန်အားလုံးကင်းစင်ကြပါစေနော် …

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နေပူထဲ အချိန်အကြာကြီးရပ်နေမိလို့ Eye Sunburn မဖြစ်ရလေအောင်

Eye Sunburn နေပူရှိန်ပြင်းပြင်းထဲ အချိန်အကြာကြီး ရပ်နေမိရင် မျက်လုံးတွေ ပြာဝေပြီး မူးသလိုလို မော်သလိုလို ဖြစ်လာတာကို Eye Sunburn လို့ ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အမြင်မကြည် ရသည့် အကြောင်းတရားများ

ကိုယ့်ရှေ့မှာ မြင်တွေ့နေရတဲ့ မြင်ကွင်းတွေကို ပြတ်ပြတ်သားသား မြင်တွေ့နိုင်ခြင်းမရှိတာကို အမြင်မကြည် ဘူး၊ မြင်ကွင်းတွေဝေဝါးနေတယ်လို့ ဆိုတတ်ကြတယ်မဟုတ်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

နေပူထဲသွားပြီး ခေါင်းတွေကိုက် နေပြီလား

နေပူထဲမှာ ခေါင်းတွေကိုက် တာက သာမန်အခြေအနေလည်း ဖြစ်နိုင်သလို အပူဒဏ်ကြောင့် ရေဓာတ်ဆုံးရှုံးပြီး နုံးတာ၊ အပူလျှပ်တာရဲ့ ရှေ့ပြေးလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဖိနပ်ပေါက် တာက အမျိုးသားရော အမျိုးသမီးပါ ကြုံဖူးမယ့် ပြဿနာပါ။ ဒီပြဿနာကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ဖြေရျင်းမလဲဆိုတာကို ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read