backup og meta

မျှဝေပါ။

လူကို စိတ်ကအုပ်ချုပ်သည်။ စိတ်ကို ဟော်မုန်းက အုပ်ချုပ်သည်။ ။

ကိုယ်ခန္ဓာကို ဘက်ညီအောင် ထိန်းပေးနေတဲ့ ဟော်မုန်း ပေါင်းများစွာရှိပါတယ်။ သူတို့နဲ့ ပတ်သက်ပြီးသိချင်နေကြတဲ့ မေးခွန်းတွေမေးထားကြတာရှိတာကြောင့် သူတို့နဲ့ သက်ဆိုင်တဲ့ စိတ်ဝင်စားစရာ အချက်တွေကို လေ့လာကြည့်ရအောင် ။

လူကို စိတ်ကအုပ်ချုပ်သည်။ စိတ်ကို ဟော်မုန်းက အုပ်ချုပ်သည်။ ။

ဟော်မုန်းတွေက ဗိုက်ဆာတဲ့ ဖြစ်စဉ်မှာရော ပါလား။

ဗိုက်ဆာတယ်၊ ဗိုက်ပြည့်တယ်ဆိုတဲ့ဖြစ်စဉ်မှာလည်း ဟော်မုန်းတို့က ထိန်းချုပ်ထားပြန်ပါတယ်။ ghrelin လို့ခေါ်တဲ့ ဗိုက်ဆာကြောင်း အသိပေးတဲ့ ဟော်မုန်းနဲ့ leptin လို့ခေါ်တဲ့ ဗိုက်ပြည့် ကြောင်း အချက်ပြတဲ့ ဟော်မုန်းတို့ပါ။

အမျိုးသားတွေဟာလည်း အမျိုးသမီးလိုပဲ သွေးဆုံးလေ့ရှိပါသလား။

အမျိုးသားတွေမှာ အမျိုးသမီးတွေလိုမျိုး ဟော်မုန်းပြောင်းလဲပြီး သွေးဆုံးချိန် ဆိုတာ မရှိပါဘူး။ အမျိုးသမီးတွေမှာ သွေးဆုံးသွားပြီဆိုတာနဲ့ ကိုယ်ဝန်လွယ်ဖို့ မဖြစ်နိုင်တော့ပေမယ့် အမျိုးသားတွေမှာ ခုလို သွေးဆုံးတာမျိုး မရှိတဲ့အတွက် သူတို့ ဘယ်လောက် အသက်ကြီးကြီး ကလေးရအောင် စွမ်းဆောင်နိုင်ပါသေးတယ်။ အမျိုးသမီးတွေ ကို စိုးမိုးတဲ့ ဟော်မုန်းက အီစတိုဂျင်ဖြစ်ပြီး အမျိုးသားတွေကို စိုးမိုးတဲ့ ဟော်မုန်းကတော့ testosterone ဖြစ်ပါတယ်။

အမျိုးသားတွေမှာ testosterone က ကြီးစိုးတယ်ဆိုတော့ အမျိုးသမီးတွေမှာ testosterone မရှိဘူးပေါ့ ။။

မဟုတ်ပါဘူး။ အမျိုးသမီးကိုယ်ခန္ဓာမှာလည်း testosterone ဟော်မုန်းရှိပါတယ်။ အမျိုးသားတွေထက်စာရင်တော့ အမျိုးသမီးတွေမှာ testosterone အထွက်နည်းတာပေါ့။ အမျိုးသားတို့ရဲ့ ရုပ်ရည်သွင်ပြင်၊ ကိုယ်ပေါ်က အမွေးအမျှင်တွေနဲ့ အသံသြသြတွေဟာ testosterone ဟော်မုန်းအောက်မှာရှိကြတဲ့ အရာတွေပါ။ အမျိုးသမီးတွေမှာတော့ testosterone ဟာ လိင်ကိစ္စစိတ်ဝင်စားမှုအခန်းကို ချုပ်ကိုင်ပါတယ်။

သိုင်းရွိုက် ဟော်မုန်း ပြဿနာတက်ခဲ့ရင် ကိုယ်အလေးချိန် အပေါ်ဘယ်လိုသက်ရောက်မှုတွေရှိတာလဲ။

သိုင်းရွိုက်ဟော်မုန်း ပြဿနာမှာ သိုင်းရွိုက်ဟော်မုန်းနည်းတာနဲ့ သိုင်းရွိုက်ဟော်မုန်းများတာဆိုပြီး ပြဿနာ ၂ ခုရှိပါတယ်။ သိုင်းရွိုက်ဟော်မုန်းများရင် ကိုယ်အလေးချိန် ကျသွားမှာဖြစ်ပြီး သိုင်းရွိုက်ဟော်မုန်း နည်းရင်တော့ ကိုယ်အလေးချိန် တက်လာမှာ ဖြစ်ပါတယ်။

အမျိုးသမီးတွေ ခေါင်းကိုက်တဲ့ ပြဿနာမှာရော ဟော်မုန်းက ထိန်းချုပ်သေးလား ။။

ခေါင်းကိုက်တဲ့ ဝေဒနာကို အများဆုံးခံစားရတဲ့ အမျိုးသမီးတွေကို လေ့လာကြည့်လိုက်တဲ့အခါ သူတို့ဆီမှာ အီစတိုဂျင်ဟော်မုန်း ထိုးကျနေတာကိုတွေ့ရတတ်ပါတယ်။ ဒီလို ဟော်မုန်းထိုးကျနေတဲ့အချိန်မှာ ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာပြင်းပြင်းထန်ထန်ခံစားရတတ်ပါတယ်။

ဟော်မုန်းတွေကြောင့် ဝက်ခြံတွေ ထွက်ရတာပါ ။ ။

ဟုတ်ပါတယ်။ ဝက်ခြံဆိုတာ ဆယ်ကျော်သက်ရောက်ပြီဆိုတာနဲ့ စထွက်လာတဲ့အရာတွေပါ။ ဆယ်ကျော်သက်အရွယ်ဆိုတာကလည်း ဟော်မုန်းပြောင်းလဲမှု အများဆုံးကာလဆိုတော့ ဝက်ခြံပြဿနာဟာ ဟော်မုန်းနဲ့ အများကြီးသက်ဆိုင်နေပါတယ်။ အထူးသဖြင့် androgen ဟော်မုန်းများတဲ့သူတွေက ဝက်ခြံပိုထွက်လေ့ရှိပါတယ်။

အိပ်စက်တဲ့ ဖြစ်စဉ်မှာလည်း ဟော်မုန်းတွေပါပါတယ်။

အိပ်စက်ခြင်းစက်ဝန်းကို ထိန်းချုပ်တဲ့ ဟော်မုန်းကတော့ melatonin ပါ။ melatonin အထွက်များလေလေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လေလေဖြစ်မှာပါ။ တချို့ ညည အိပ်မပျော်တဲ့သူတွေမှာဆို melatonin ဖြည့်စွက်အားဆေးတွေတောင် ဆရာဝန်တွေ တိုက်ကြပါတယ်။

အောက်ပါဟော်မုန်းထဲမှာ အချစ်ဟော်မုန်းတစ်ခုကိုရွေးပါ။

( ၁ ) testosterone ( ၂ ) oxytocin ( ၃ ) estrogen

( ၂ ) oxytocin ပါ။ ချစ်သူနှစ်ဦးပျော်ရွင်နေတဲ့အချိန်၊ မိသားစုအတူ ချစ်ခင်နေကြတဲ့အချိန် ကိုယ်ထဲမှာ oxytocin ဟော်မုန်းအများကြီးထွက်ပါတယ်။ ဒါကြောင့်သူ့ကို အချစ်ဟော်မုန်းလို့ခေါ်ကြတာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/women/rm-quiz-secret-life-of-hormones

Accessed date 278.5.2019

https://www.hormone.org/hormones-and-health/hormones

Accessed date 278.5.2019

https://medlineplus.gov/hormones.html

Accessed date 278.5.2019

ယခုပုံစံ

22/03/2024

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/03/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement