၁။ တခြားလူတွေ ရာသီဥတုဒဏ်ကြောင့် ချွေးအလွန်အကျွံထွက်နေချိန် ကိုယ်က ချွေးလုံးဝမထွက်တာ
၂။ ခေါင်းက မူးဝေနေတာ
၃။ ကြွက်သားတွေ အားမရှိတာ သို့မဟုတ် ကြွက်တက်တာ
၄။ ကိုယ်တွင်းအပူရှိန်ကြောင့် မျက်နှာက နီရဲနေတာ
၅။ တစ်ကိုယ်လုံး ပူစပ်ပူလောင် ဖြစ်နေတာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။
ဒါ့ပြင် ရောဂါအခံတစ်ခုခုကြောင့် ချွေးမထွက်တာဆိုရင် အဲ့ရောဂါရဲ့ လက္ခဏာတွေပါ တွဲပြီး တွေ့ရမှာ ဖြစ်ပါတယ်။
ဆရာဝန်နဲ့ ဘယ်အချိန်မှာ ကုသသင့်ပြီလဲ။
ရာသီဥတုက ဘယ်လောက်ပူပူ ကိုယ်က ချွေးလုံးဝမထွက်ဘူးဆိုတာ သိပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြပြီး ကိုယ့်ရဲ့ ရောဂါအခြေအနေကို စစ်ဆေးကြည့်သင့်ပါတယ်။ ဆရာဝန်ကနေ ပူနေတဲ့အချိန် ချွေးဘယ်လောက်ထွက်သလဲ၊ ကိုယ်ခန္ဓာရဲ့ ဘယ်အစိတ်အပိုင်းက ချွေးထွက်တာလဲ အစရှိသည်တို့ကို စစ်ဆေးခြင်း၊ ပုံမှန်လူတွေမှာ ချွေးထွက်စေလောက်တဲ့ အပူခန်းအတွင်းမှာ ဝင်စေပြီး စမ်းသပ်ခြင်း၊ အရေပြားဆဲလ်တချို့ကို အနုကြည့်မှန်ပြောင်းအောက်မှာ ဓာတ်ခွဲစစ်ဆေးခြင်း အစရှိတဲ့ နည်းလမ်းတွေနဲ့ စတင်စစ်ဆေးမှာပါ။
ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းတစ်ခုတည်းကသာ ချွေးငုပ်တာဆိုရင်တော့ သိပ်ပြီး ပြဿနာမရှိတဲ့အပြင် အရေးမကြီးဘူးဆိုရင် မကုဘဲနေချင်နေလို့ရပါတယ်။ တခြားရောဂါအခံကြောင့် ချွေးငုပ်တာဆိုရင်တော့ ရောဂါကို အမြစ်ပြတ်အောင် ကုသဖို့၊ ထိန်းချုပ်ကုသဖို့ လိုအပ်ပါတယ်။ သောက်ဆေးတွေကြောင့် ဖြစ်တာဆိုရင်တော့ ဆရာဝန်အနေနဲ့ တခြားဆေးကို ပြောင်းပြီးညွှန်းပေးတာ သို့မဟုတ် ဆေးကို လျှော့သောက်ဖို့ ပြောပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။