backup og meta

အရက်ဖြတ် တဲ့အခါ ကိုယ်ခန္ဓာမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Hello Sayarwon Panel မှ ရေးသားသည်။ · 27/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရက်ဖြတ် တဲ့အခါ ကိုယ်ခန္ဓာမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမလဲ

    တကယ်လို့ သင်ဟာ အရက်ဖြတ် ဖို့ ကြိုးစားနေသူ တစ်ဦးဆိုပါက အရက် စဖြတ်ချိန်မှာ ရရှိနိုင်တဲ့ ဆိုးကျိုးတွေကြောင့် တွန့်ဆုတ်နေရပြီလား။ အရက် ဖြတ်လိုက်ရင် ကျန်းမာရေးအတွက် များစွာ အထောက်အကူ ပြုတဲ့အတွက်လည်း ကြိုးစားပြီး အရက် ဖြတ်ချင်ကြပါလိမ့်မယ်။

    ယခုဆောင်းပါးလေးမှာတော့ အရက် ဖြတ်လိုက်ခြင်းဖြင့် ဖြစ်ပေါ်လာနိုင်မယ့် ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ယှဉ်တွဲဖော်ပြပေးလိုက်ပါတယ်။

    အရက်ဖြတ် တဲ့အခါ ကိုယ်ခန္ဓာမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမလဲ

    အရက်ဖြတ် တဲ့အခါ ကိုယ်ခန္ဓာမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမလဲ ဆိုတော့ အရက် စဖြတ်ပြီဆိုတာ နှင့် သင့်တစ်ကိုယ်လုံးမှာ အောက်ပါ အချက်တွေ ဖြစ်ပေါ်လာပါလိမ့်မယ်။

    (၁) အရက်နာကျခြင်း

    ထူးဆန်းတာက ဒီလို အရက်နာကျ လက္ခဏာကို ခံစားနေရခြင်းဟာ ပုံမှန်ပဲ ဖြစ်ပါတယ်။ အရက်ကို အမြဲ သောက်သုံးနေရာကနေ ရုတ်တရက် ရပ်တန့်ပစ်မယ်ဆိုပါက ဆေးဝါး တစ်ခုခု အကူအညီကိုတော့ ယူရစမြဲ ဖြစ်ပါတယ်။

    (၂) အသားအရေကောင်းမွန်လာခြင်း

    အရက် သောက်ခြင်းဟာ အရေပြားရှိ သွေးကြောများကိုကျယ်စေပြီး မျက်နှာကိုနီမြန်းစေပါတယ်။ ဒါကြောင့် အရက်ဖြတ်ပြီးနောက် ရေများများပြန်လည်သောက်မယ်ဆိုပါက အရေပြားကို သဘာဝအစိုဓာတ်ပြန်လည်ရရှိစေပြီး စိုပြေတောက်ပစေပါလိမ့်မယ်။ အရေးကြောင်းတွေလည်း ပြန်လည်မှေးမှိန်လာမှာဖြစ်ပါတယ်။

    (၃) ချဉ်ခြင်းတပ်ခြင်း

    အရက်ဟာ ကာလ ကြာမြင့်စွာသောက်သုံးမယ်ဆိုပါက အလွန်စွဲလမ်းစေသော အရာတစ်ခုဖြစ်ပါတယ်။ဒါကြောင့် အရက်ဖြတ်ပြီးချိန်မှာတောင်မှ အရက်သောက်လိုစိတ်ဖြစ်ပေါ်ပါလိမ့်မယ်။အထူးသဖြင့် ဒင်နာနှင့်ပွဲလမ်းသဘင်တွေမှာပေါ့။

    ဒီလို အရက်ဘီယာသောက်လိုစိတ်ဟာ အရက်ဖြတ်ပြီးသူအတော်များများမှာ ဖြစ်လေ့ရှိတဲ့ ကိစ္စတစ်ခုပဲဖြစ်ပါတယ်။

    (၄) ဘေးပတ်ဝန်းကျင်ဖိအား

    ဒါဟာ အဖြစ်အများဆုံး ပြဿနာပဲ ဖြစ်ပါတယ်။ သင့်အနေနှင့် အရက်ဖြတ်ပြီးနောက်ပိုင်း သူငယ်ချင်းများနှင့် hang outလုပ်တဲ့အခါ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ သင့်ကိုအတင်းအကျပ်သောက်ခိုင်းပြီး ဆေးထိုးတာမျိူး ပြုလုပ်နိုင်ပါတယ်။

    ဒီလိုအခါမျိုးမှာ သူငယ်ချင်းတွေကို နားလည်အောင် ရှင်းပြဖို့ လိုပါလိမ့်မယ်။

    (၅) အိပ်ရေးဝမယ်

    ၂၀၁၅က လေ့လာချက်အရ အရက်သောက်ပြီး အိပ်စက်တဲ့အခါ ညဘက်မကြာခဏ နိုးနေလေ့ရှိပါတယ်။အရက်သောက်ခြင်းဖြင့် ညဘက်အလွယ်တကူအိပ်ပျော်စေတာမှန်ပေမယ့် သင့်ကိုကောင်းကောင်းအိပ်ပျော်စေမှာတော့ မဟုတ်ပါဘူး။

    ဒါကြောင့် သင်အရက်ဖြတ်လိုက်တဲ့အခါ ညဘက်စောစောအိပ်ပျော်တာမျိုး မရှိနိုင်ပေမယ့် အိပ်စက်တဲ့အခါမှာ ကောင်းစွာအိပ်ရေးဝပြီး နောက်နေ့မှာ အားပြည့်တာ တွေ့ရပါလိမ့်မယ်။

    (၆) အချိုများတစ်ချိန်လုံးစားလိုခြင်း

    အရက်၊ ကော်ဖီနှင့် အချိုရည်များသောက်ခြင်းဟာ ဦးနှောက်ထဲကနေ Dopamineနှင့် Serotonin တွေကို ပိုမိုထုတ်လွှတ်စေတဲ့အတွက် စိတ်ကိုပျော်ရွင်လန်းဆန်းစေဖို့ ကူညီပေးပါတယ်။

    ဒါကြောင့် သင့်အနေနှင့် အရက်ကို ဆက်မသောက်ပဲ ရပ်တန့်လိုက်တဲ့အခါမှာ ကိုယ်ခန္ဓာကနေ အခြားတစ်ခုခု..အထူးသဖြင့် အချိုဓာတ်ကို ပိုမိုတောင့်တလာပါတယ်။ဒါကြောင့် ချိုသောအရာများကို အချိန်ပြည့်စားချင်နေတာမျိူး ဖြစ်လာနိုင်ပါတယ်။

    (၇) စိတ်ကြည်လင်လန်းဆန်းခြင်း

    အရေးကြီးဆုံးဖြတ်ချက်တွေကို ပိုမိုလွယ်ကူစွာ ပြုလုပ်လာနိုင်မယ်။ ပြဿနာတွေကို ဖြေရှင်းရာမှာ ပိုမိုချောမွေ့လာမယ်။ စိတ်ခံစားချက်တွေကိုလည်း ကောင်းစွာကိုင်တွယ်ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

    (၈) တစ်ခုခုပျောက်ဆုံးနေတယ်လို့ခံစားမိခြင်း

    စင်စစ်အားဖြင့် သင့်အနေနှင့် ကြာရှည်လက်တွဲခဲ့တဲ့ အရက်ကို မေ့ပျောက်ဖို့ဟာ အချိန်အတိုင်းအတာတစ်ခုတော့ယူရမှာပါပဲ။ သင့်စိတ်မှာ သတိပြုထားဖို့က သင့်အနေနှင့် အခြားသူတွေ အရက်သောက်ရင်းပျော်ရွင်နေတာကိုပဲ မြင်ရတာပါ။ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ အရက်နာကျခြင်း၊ မူးပြီးခိုက်ရန်ဖြစ်ခြင်း၊ မိသားစုမပျော်ရွင်ရခြင်းတွေကိုလည်း ဆင်ခြင်မိဖို့ လိုအပ်ပါတယ်။

    ရေးသားသူ – Dr Rose

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Hello Sayarwon Panel မှ ရေးသားသည်။ · 27/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement