backup og meta

ဖျားနေတာမဟုတ်ဘဲ အသားတွေ ဘာလို့ အမြဲပူနေတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 19/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖျားနေတာမဟုတ်ဘဲ အသားတွေ ဘာလို့ အမြဲပူနေတာလဲ

     ရာသီဥတု အေးအေး၊ ပူပူ အသားက အမြဲ ပူနွေး နေတတ်သူတွေ ရှိပါတယ်။ ဘယ်အချိန် မဆို အသားချင်း ထိကြည့်လိုက် အမြဲတမ်း ပူနွေးနေတာပဲ။ သူ ဖျားနေတာတော့ မဟုတ်ဘူး။ ဒါဆို ဘာဖြစ်လို့ များလဲ။ ဖျားနေတာမဟုတ်ဘဲ အသားတွေ ဘာလို့ အမြဲပူနေတာလဲ ။ ဘယ်လို အကြောင်းရင်းတွေ ဖြစ်နိုင်လဲဆိုတာ ဆက်ပြီး ကြည့်ကြရအောင်နော်။

    ဖျားနေတာမဟုတ်ဘဲ အသားတွေ ဘာလို့ အမြဲပူနေတာလဲ

    ဖျားနေတာမဟုတ်ဘဲ အသားတွေ ဘာလို့ အမြဲပူနေတာလဲ ဆိုတော့

    • သိုင်းရွိုက်ဟော်မုန်းများ လည်ပင်းကြီးရောဂါ

    သိုင်းရွိုက်ဂလင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဒီ အခြေအနေမှာ ဂလင်းက ဟော်မုန်း ထုတ်လုပ်မှု လွန်ကဲနေလို့ ဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်း များခြင်းကြောင့် ခန္ဓာကိုယ်မှာ လောင်စာတွေကို ခွန်အား အဖြစ် ပြောင်းလဲမှုနှုန်းကို မြန်စေလို့ ပူနွေးမှုကို ဖြစ်စေတာပါ။ ဒီလိုဖြစ်ရင် ရေဆာတာ၊ ဗိုက်ဆာတာ၊ ချွေးထွက်တာ၊ နှလုံးခုန်တာတွေ အကုန် မြန်လာနိုင်ပါတယ်။ အမျိုးသမီးတွေဆို ရာသီလာ နည်းတာ၊ ထိမ်တာ၊ ကိုယ်ဝန်ရဖို့ ခက်တာတွေ ဖြစ်လာနိုင်ပါတယ်။

    • သွေးဆုံးခြင်း

    အမျိုးသမီး တစ်ယောက် ကျန်းမာစွာနဲ့ သွေးဆုံးတဲ့ အရွယ်က အသက် ၅၀ ဝန်းကျင် ဖြစ်လေ့ ရှိပါတယ်။ အဲဒီ အချိန်မှာ hot flashes လို့ ခေါ်တဲ့ အရေပြား နေရာ တချို့ ရုတ်တရက် ပူရှိန်းရှိန်း ဖြစ်လာတာမျိုးကို ခံစားရ တတ်ပါတယ်။ သွေးဆုံးချိန်မှာ ချွေး ပိုထွက်ခြင်း၊ ခေါင်းမူးခြင်းနဲ့ နှလုံးခုန် မြန်ခြင်းတို့လည်း ဖြစ်စေနိုင်တယ်။ နောက်ဆုံး ရာသီလာချိန် မတိုင်ခင်မှာ လက္ခဏာတွေ ခံစားရ တတ်ပြီး နှစ်နဲ့ ချီပြီးကြာရှည်တတ် ပါတယ်။

    • သားဥအိမ်ပြဿနာ

    အမျိုးသမီးဆိုရင် သားဥအိမ်က အက်စထရိုဂျင် ဟော်မုန်း ပုံမှန် မထုတ်ပေးနိုင်တာ ဒါမှမဟုတ် ပုံမှန် သားဥ မကြွေတာမျိုးကြောင့် ဖြစ်တတ်ပါတယ်။ ဒီလို အမျိုးသမီးတွေမှာ ကိုယ်ဝန်ရဖို့ ခက်ခဲတတ်ပါတယ်။ သွေးဆုံးချိန်မှာ ဖြစ်သလိုမျိုး လက္ခဏာ ဆင်တူတဲ့ အရေပြား ပူရှိန်းရှိန်း ခံစားမှု၊ ညဘက် ချွေးထွက်များတာတွေ ဖြစ်လာတတ်ပါတယ်။ ဒီ လက္ခဏာတွေရယ်၊ ရာသီ ထိန်တာရယ်၊ လိင်စိတ်ဆန္ဒ နည်းတာ၊ မိန်းမကိုယ် ခြောက်သွေ့တာတွေဖြစ်လာတယ်ဆို ဆရာဝန်ပြပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။

    • ကဖင်း

    ကဖင်းဓာတ်က လူကို လန်းဆန်း စေနိုင်ပြီး အိပ်ချင်စိတ် ပြေပျောက်စေနိုင်တယ် ဆိုပေမယ့် ခန္ဓာကိုယ် အပူချိန် ကိုလည်း မြင့်စေနိုင်ပါတယ်။ ကဖင်း များလွန်းရင် သွေးဖိအား၊ သွေးတွင်းသကြားဓာတ် နဲ့ အစာအိမ် အက်စစ်တို့ကိုလည်း မြင့်တက်စေနိုင်ပြီး အိပ်စက်မှုမှာပြဿနာ ရှိစေပါတယ်။

  • အသက်အရွယ်
  • အသက် ကြီးလာတဲ့အခါ အပူချိန် လျှော့ချတဲ့စနစ်က သိပ်အလုပ်မလုပ်နိုင်တော့ပါဘူး။ ပြင်ပမှာ ပူနေရင် ခန္ဓာကိုယ်ကို အအေးဓာတ်ထိန်းထားနိုင်ဖို့ အရေပြား မျက်နှာပြင်ကို နှလုံးက သွေးပိုညှစ်ထုတ်ပေးဖို့ လိုပါတယ်။ အသက်ကြီးလာတာနဲ့အမျှ နှလုံးကလည်း သိပ်မကြံ့ခိုင်လေတော့ ပိုပင်ပန်းရပါတယ်။ ပိုဆိုးတာက သွေးကြောတွေက အရင်လောက် မပြန့်ကားနိုင်တဲ့အခါ အရေပြား မျက်နှာပြင်ကိုသွေးအလုံအလောက် မရောက်နိုင်တော့တာဖြစ်ပါတယ်။

    • နှလုံးသွေးကြောကျဉ်းရောဂါ

    နှလုံးသွေးကြောကျဉ်းရောဂါ ရှိပြီဆိုရင်တော့ သွေးကြောတွေ မပြန့်ကားနိုင်တာရယ်၊ ချွေးနဲ့ အခြေခံတဲ့ အပူ လျှော့ချမှု စနစ်ကကောင်းကောင်း အလုပ် မလုပ်နိုင်တာရယ် ဖြစ်လာနိုင်ပါတယ်။ ဒီရောဂါကြောင့် ကိုယ်က ပူနေချိန်မှာ အေးသွားအောင် လုပ်ဖို့ ခက်ခဲစေပါတယ်။ အားနည်းနေတဲ့ နှလုံးကြောင့် ခန္ဓာကိုယ် အနှံ့ သွေးပို့လွှတ်မှုကို ထိခိုက်စေပြီး နှလုံး ရုတ်တရက် ရပ်ဆိုင်းခြင်းကို ဖြစ်လာစေနိုင်ပါတယ်။

    • ရေသောက်နည်းတာ

    ရေဓာတ် ပြည့်ဝအောင် မနေရင် ချွေး အလုံအလောက် မထွက်နိုင်ဘဲ ခန္ဓာကိုယ်က လွယ်လွယ်နဲ့ အအေးဓာတ် မပေးနိုင်ပါဘူး။ ရေဓာတ်မပြည့်ဝတဲ့အခါ ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးက ဒါတင် မကပါဘူး၊ အများကြီး ရှိပါသေးတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 19/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement