• သွေးထွက်တာ၊ ပုံမှန်မဟုတ်တဲ့ အရည်တွေ စိမ့်ထွက်လာတာမျိုး မရှိသင့်တော့ပါဘူး။
• သတိထားရမှာက အနာကျက်ကာစအချိန်မှာ ကပ်ထားတဲ့ပစ္စည်းကို ထုတ်ပြီး ဒီအတိုင်းပစ်ထားမယ်ဆိုရင် ပိုးပြန်ဝင်နိုင်တာ၊ အရေပြားအပေါက်က ပိတ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။
• နှာခေါင်းအပေါက် လုံးဝအနာမကျက်သေးသ၍ ကပ်ထားတဲ့ ပစ္စည်းကို လုံးဝမထုတ်ဖို့ သတိထားပေးပါ။
နှာခေါင်းအပေါက်ဖောက်ပြီးတာနဲ့ ကိုယ့်ကိုဖောက်ပေးခဲ့တဲ့သူက ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ပြောပြပေးမှာဖြစ်သလို အရေပြားဆရာဝန်နဲ့လည်း တစ်ချက်သွားပြထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ မခံမရပ်နိုင်အောင် ယားနေတာ၊ နီရဲနေတာ၊ အရည်ကြည်ဖုတွေ ထလာတာ၊ အရေပြားက ခြောက်သွေ့ပြီး ပုံမှန်မဟုတ်တဲ့ အရောင်ဖြစ်နေတာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ မကောင်းတဲ့ အနံ့တွေထွက်တာ၊ အဝါရောင် သို့မဟုတ် စိမ်းဖန့်ဖန့်အရောင်တွေ ထွက်လာတာဆိုရင် အပေါက်ဖောက်ထားတဲ့နေရာကို ပိုးဝင်သွားတာ ဖြစ်နိုင်တဲ့အတွက် အရေပြားဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ကုသဖို့ လိုအပ်ပါတယ်။
အချုပ်အားဖြင့်ဆိုရမယ်ဆိုရင် နှာခေါင်းအပေါက်ဖောက်ခြင်းဟာ လူတိုင်းအတွက် မဟုတ်သလို ခေတ်ရေစီးကြောင်းနောက်ကိုလည်း မဖြစ်မနေ လိုက်မှရယ်လို့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကိုယ်က ဘယ်လိုပဲဖြစ်နေဖြစ်နေ ဖောက်ချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးကို အရင်ဖတ်ပြီးမှ ဆက်လုပ်သင့်၊ မလုပ်သင့် သေချာဆုံးဖြတ်ပေးပါလို့ မှာကြားချင်ပါတယ်။
Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။