backup og meta

တစ်နေကုန် လန်းဆန်းတက်ကြွနေဖို့ ဘယ်လိုလုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်နေကုန် လန်းဆန်းတက်ကြွနေဖို့ ဘယ်လိုလုပ်မလဲ

    ပေါ့ပါးဖျတ်လက်စွာ နေခြင်းဖြင့် အဝလွန်ခြင်း၊ သွေးတွင်း အချိုဓါတ် များခြင်း၊ သွေးဖိအား များခြင်း စတဲ့ ကျန်းမာရေး ပြဿနာတွေက ကင်းဝေး စေနိုင်တဲ့အပြင် သင်လိုချင်တဲ့ ခန္ဓာကိုယ် အချိုးအစားကိုလည်း ပိုင်ဆိုင်စေနိုင်ပါတယ်။ ကိုယ်ရဲ့ တက်ကြွဖျတ်လက်မှုကို ရိုးရိုးရှင်းရှင်းနဲ့ ဘယ်လို မြှင့်တင်နိုင်မလဲ။ တစ်နေကုန် လန်းဆန်းတက်ကြွနေဖို့ ဘယ်လိုလုပ်မလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

    တစ်နေကုန် လန်းဆန်းတက်ကြွနေဖို့ ဘယ်လိုလုပ်မလဲ

    အခု ဖော်ပြသွားမယ့် အချက်တွေကတော့ ဈေးကြီးပေးရတဲ့ အားကစား စင်တာတွေ သွားဖို့ မလိုတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ကဲ …. တစ်နေကုန် လန်းဆန်းတက်ကြွနေဖို့ ဘယ်လိုလုပ်မလဲ ဆိုတော့ အရင်ဆုံး အပိုင်း (၃) ပိုင်း ခွဲပြီး တစ်နေ့တာလုံးကို ခြုံမိအောင် ပြောပြပေးသွားပါမယ်။

    ကဲ ….. နည်းလမ်းကောင်းလေးတွေကို အတူတူ လေ့လာလိုက်ရအောင်နော်။

    (၁) အလုပ်မှာဆိုရင် 

    တစ်နေ့တာရဲ့ ၈ နာရီ ကနေ ၁၀ နာရီလောက်ကို အလုပ်ခွင်ထဲမှာပဲ ကုန်ဆုံးရတာပါ။ ဒီတော့ အလုပ်ခွင်ထဲမှာ တက်ကြွနေဖို့ဆိုရင် လိုက်နာရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။ အထိုင်များတဲ့ အလုပ် လုပ်ရသူတွေအတွက် အဆီတွေကို လောင်ကျွမ်းစေဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။

    ဓါတ်လှေကား အစား ရိုးရိုးလှေကား သုံးပါ။ တစ်နာရီ နှစ်နာရီလောက် အလုပ်လုပ်ပြီးတာနဲ့ အလုပ်ထိုင်ခုံက ထပြီး လမ်းလျှောက်တာ ဒါမှမဟုတ် အကြောပြေစေတဲ့ ရိုးရှင်းတဲ့ လေ့ကျင့်ခန်း လုပ်ပါ။ ကိုယ်ခန္ဓာကို လှုပ်ရှားနိုင်သလောက် လှုပ်လှုပ်ရှားရှား နေပါ။ နေ့လယ်စာ ထွက်စားပါ။ နီးနီးနားနား သွားဖို့ရှိရင် လမ်းလျှောက်ဖို့ စဉ်းစားပါ။

    (၂) အိမ်မှာဆိုရင်

    အိမ်မှာနေရင်း တက်ကြွစေဖို့ လုပ်ဆောင်လို့ ရတဲ့ နည်းလမ်းတွေကတော့ အခြား အခြေအနေတွေထက် ပိုများပါတယ်။  ခွေးကျောင်းခြင်း၊ ကလေးတွေနဲ့ ဆော့ကစားခြင်း စတဲ့ ကိုယ်ဝါသနာပါရာ လုပ်ဆောင်ပါ။ အားကစား တစ်ခုခု လုပ်ပါ။ ဖုန်သုတ်တာ ကြမ်းတိုက်တာ နဲ့ ပန်းကန်ဆေးတာ စတဲ့ ရိုးရှင်းတဲ့ အိမ်အလုပ်တွေက အသုံးဝင် ပါတယ်။ ခြံအလုပ်တွေ ဖြစ်တဲ့ မြက်ရိတ်ခြင်း၊ သစ်ရွက်ခြွေခြင်း နှင့် အသုံးမလိုတော့တဲ့ အမှိုက်တွေ ရှင်းထုတ်ခြင်းတွေ လုပ်နိုင်ပါတယ်။ နောက်ပြီး တီဗီကြည့်ရင်း လေ့ကျင့်ခန်း လုပ်တာမျိုးတွေလည်း လုပ်နိုင်ပါတယ်။

    ကြမ်းကို ပုံစံမှန်မှန် တိုက်တာက ဗိုက်ကြွက်သားက အဆီတွေကို လျှော့ချပေးနိုင်ပြီး တက်ကြွလန်းဆန်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။

    (၃) အပြင်သွားနေချိန်ဆိုရင်

    ဖျတ်လတ်တက်ကြွစွာနေဖို့ တစ်ခါတစ်လေမှာ အချိန် နဲ့ အား ပိုကုန်ပါတယ်။ ဈေးဝယ်စင်တာမှာ ကားကို အဝေးမှာ ရပ်ပြီး လမ်းလျှောက်နိုင်ပါတယ်။ လေယာဉ်နောက်ကျနေတဲ့ အချိန်မျိုးမှာ လေဆိပ်ထဲမှာ လမ်းပတ်လျှောက်နေနိုင်ပါတယ်။ ခရီးသွားရင် ၁ နာရီ ၂ နာရီလောက် ကားဆက်တိုက် မောင်းပြီးတာနဲ့ ကိုယ်လက်လေ့ကျင့်ခန်း အနည်းငယ် လုပ်နိုင်ပါတယ်။

    ရုံးသွားတဲ့အခါ ကားကို ခပ်လှမ်းလှမ်းမှာ ရပ်ထားခဲ့ရင်း လမ်းလျှောက်တာကလည်း နည်းလမ်းကောင်းပါ။ ရထားစီးပြီး ဘူတာကနေ ကိုယ်သွားချင်တဲ့ နေရာက သိပ်မဝေးဘူးဆိုရင် လမ်းလျှောက်သွားတာကလည်း နည်းလမ်းကောင်း တစ်ခုပါပဲ။ ကျောင်းသွားရင် တစ်မှတ်တိုင်လောက် ကြိုဆင်းပြီး လမ်းလျှောက်တာမျိုးလည် ရပါတယ်။

    ဒီနည်းလမ်းလေးတွေက တစ်နေ့တာကို လန်းဆန်းတက်ကြွနေစေဖို့ ထောက်ကူပေးနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 16/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement