မူးယစ်ဆေးတွေ လူ့ခန္ဓာကိုယ်ထဲမှာ အချိန် ဘယ်လောက်ကြာကြာ ရှိနေနိုင်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

မူးယစ်ဆေးဝါးဆိုဟာ ဘယ်ပုံစံ ဘယ်အမျိုးအစားမဆို လူတွေကို အကျိုးမပြုတဲ့ အရာတွေဖြစ်ပါတယ်။ သုံးစွဲသူတွေအတွက် ဘေးထွက်ဆိုးကျိုးတွေ၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ထိခိုက်နစ်နာမှုတွေသာ ချန်ရစ်ထားခဲ့လေ့ရှိပါတယ်။ ဒါပေမယ့်လည်း မူးယစ်ဆေးဝါးသုံးစွဲမှုဟာ ကမ္ဘာပေါ်မှာ ထိန်းချုပ်ရခက်ခဲတဲ့ ပြဿနာတစ်ခုဖြစ်နေဆဲပါ။

မူးယစ်ဆေးဝါးကြောင့် ထိခိုက်နစ်နာမှုတွေ ဆုံးရှုံးမှုတွေကို နေ့စဉ်နဲ့အမျှ ကြားသိနေကြရပါတယ်။ လူတစ်ယောက်ဟာ မူးယစ်ဆေး တစ်မျိုးမျိုးကို တစ်ကြိမ်တစ်ခါလောက်ပဲ စမ်းသပ်သုံးစွဲလိုက်ရင်တောင်မှ အချိန်အတော်ကြာအောင် ခန္တာကိုယ်ထဲမှာ တည်ရှိနေနိုင်ပြီး လူကို ဒုက္ခပေးဖို့ စောင့်ဆိုင်းနေတတ်ပါတယ်။ ပမာဏများပြားလာချိန်တွေမှာတော့ လူတွေကို ဒုက္ခအများအပြားပေးဖို့အတွက်ဖြစ်ပါတယ်။

လူတစ်ယောက် သုံးစွဲလိုက်တဲ့ မူးယစ်ဆေးဝါးတွေဟာ အမျိုးအစားအလိုက် သင့်ခန္ဓာကိုယ်ထဲက ဆီး (ကျင်ငယ်ရည်) ၊ သွေးနဲ့ ဆံပင်တွေထဲမှာ ရှိနေနိုင်ပြီး အချိန် ဘယ်လောက်ကြာကြာရှိနေနိုင်ပြီး သင့်ကို ဒုက္ခပေးနိုင်သလဲဆိုတာကိုတော့ လူတော်တော်များများ သိရှိကြခြင်းမရှိကြပါဘူး။ ယေဘုယျအားဖြင့်တော့ သုံးစွဲတဲ့ ပမာဏနဲ့ ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး ကြာမြင့်ချိန်မတူညီပါဘူး။

U.S. Food and Drug Administration ရဲ့ လေ့လာချက်တွေအရ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ လိင်၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုအခြေအနေတွေအပေါ်မူတည်ပြီး ခန္ဓာကိုယ်ထဲမှာ ကြာမြင့်ချိန် အနည်းငယ်ကွဲပြားတတ်တယ်လို့ သိထားရပါတယ်။ ပျမ်းမျှအားဖြင့် တစ်ရက်ကနေ ၆ ပတ်အထိ ကြာမြင့်စွာ တည်ရှိနေတတ်တာပါ။

တစ်ကြိမ်တစ်ခါ အသုံးပြုလိုက်ရင်တောင်မှ လူ့ခန္ဓာကိုယ်ထဲမှာ မူးယစ်ဆေးဝါးရဲ့ ဓာတ်တွေ၊ ဘေးထွက်ဆိုးကျိုးတွေ ဆက်လက်တည်ရှိနေနိုင်တဲ့ အချိန်ပမာဏတွေကို အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

မူးယစ်ဆေး အမျိုးအစားအလိုက် ခန္ဓာကိုယ်ထဲမှာ တည်ရှိနေနိုင်တဲ့ အချိန်ပမာဏများ

  • အယ်လ်ကိုဟော (Alcohol) : ၃ ရက် မှ ၅ ရက် (ဆီးထဲတွင်) ၊ ၁၀ နာရီ မှ ၁၂ နာရီ (သွေးထဲတွင်)
  • အန်ဖက်တမင်း (Amphetamines) : ၁ ရက် မှ ၃ ရက် (ဆီးထဲတွင်) ၊ ၁၂ နာရီ (သွေးထဲတွင်)
  • Barbiturates : ၂ ရက် မှ ၄ ရက် (ဆီးထဲတွင်) ၊ ၁ ရက် မှ ၂ ရက် (သွေးထဲတွင်)
  • Benzodiazepines : ၃ ပတ် မှ ၆ ပတ် (ဆီးထဲတွင်) ၊ ၂ ရက်မှ ၃ ရက် (သွေးထဲတွင်)
  • ဆေးခြောက်/မာရီယာနာ (Cannabis/Marijuana/THC) : ၇ ရက်မှ ၃၀ ရက် (ဆီးထဲတွင်) ၊ ၂ ပတ် (သွေးထဲတွင်)
  • ကိုကိန်း (Cocaine) : ၃ ရက် မှ ၄ ရက် (ဆီးထဲတွင်) ၊ ၁ ရက် မှ ၂ ရက် (သွေးထဲတွင်)
  • Codeine : ၁ ရက် (ဆီးထဲတွင်) ၊ ၁၂ နာရီ (သွေးထဲတွင်)
  • ဘိန်းဖြူ (Heroin) : ၃ ရက်မှ ၄ ရက် (ဆီးထဲတွင်) ၊ ၁၂ နာရီ (သွေးထဲတွင်)
  • LSD/ Lysergic Acid Diethylamide : ၁ ရက် မှ ၃ ရက် (ဆီးထဲတွင်) ၊ ၂ နာရီ မှ ၃ နာရီနှင့်အထက် (သွေးထဲတွင်)
  • MDMA/ Ecstasy or Molly : ၃ ရက် မှ ၄ ရက် (ဆီးထဲတွင်) ၊ ၁ ရက် မှ ၂ ရက် (သွေးထဲတွင်)
  • Methamphetamine (crystal meth): ၃ ရက် မှ ၆ ရက် (ဆီးထဲတွင်) ၊ ၂၄ နာရီ မှ ၇၂ နာရီ (သွေးထဲတွင်)
  • မက်သဒုံး (Methadone) : ၃ ရက် မှ ၄ ရက် (ဆီးထဲတွင်) ၊ ၂၄ နာရီ မှ ၃၆ နာရီ (သွေးထဲတွင်)
  • မော်ဖင်း (Morphine) : ၂ ရက် မှ ၃ ရက် (ဆီးထဲတွင်) ၊ ၆ နာရီ မှ ၈ နာရီ (သွေးထဲတွင်)

လူ့ခန္ဓာကိုယ်ထဲမှာ မူးယစ်ဆေးဝါးတွေ ရှိနေမနေ ဘယ်လိုသိရှိနိုင်မလဲ

ကိုယ့်ပတ်ဝန်းကျင်က မူးယစ်ဆေးအသုံးပြုနေတယ်လို့ သံသယရှိနေသူတွေ တကယ်သုံးစွဲထားခြင်း ရှိမရှိသိနိုင်ဖို့ဆိုရင် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီး သိရှိနိုင်မှာဖြစ်သလို ကာယကံရှင်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို လေ့လာပြီးလည်း သိရှိနိုင်ပါတယ်။ Dose အခြေအနေ ၊ စိတ်အခြေအနေ (စိတ်မရှည်တာ၊ စိတ်တိုလွယ်တာ၊ သတိကင်းမဲ့နေတတ်တာ) ၊ ဆေးအာနိသင် ၊ ဇီဝဖြစ်ပျက်မှုအခြေအနေနဲ့ ဆေးဝါးအသုံးပြုနေမှု အခြေအနေ စတာတွေကို စောင့်ကြည့်လေ့လာပြီး စစ်ဆေးနိုင် ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ ဆိုတာက ဘာတွေလဲ။ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိလဲဆိုတာကို သိပြီးပြီလား............

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

လမ်းလျှောက်တတ်စအရွယ် ကလေးတစ်ယောက် ဖွံ့ဖြိုးမှု

လမ်းလျှောက်တတ်စအရွယ် မှာ ကလေးတစ်ယောက်ဟာ လျင်မြန်တဲ့ ပြောင်းလဲမှုတွေ နဲ့ ကြီးထွားလာတာပါ။ ဒီအရွယ်မှာ သင်ယူလေ့လာမှုတွေကို လုပ်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ရနံ့ကုထုံး (Aromatherapy) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ရနံ့ကုထုံး (Aromatherapy) ကို essential oil therapy လို့လည်း ခေါ်ကြပါတယ်။ ရှေးရိုးရာနည်းလမ်းတစ်ရပ်ပေါ့။ စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေဖို့ အသုံးပြုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

အမျိုးသားတွေဟာ သူတို့ရဲ့ လိင်မှုစွမ်းဆောင်ရည် အားနည်းနေပြီ၊ ကျဆင်းလာနေပြီဆိုတာကို ထုတ်ပြောဖို့ သပ်ပြီး တွန့်ဆုတ်တတ်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
မီးသတ်ပိုက် နဲ့ အထိုးခံရရင်

မီးသတ်ပိုက် နဲ့ အထိုးခံရရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 9, 2021 . 2 mins read
Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 5, 2021 . 2 mins read