ထိုင်နေတာ များလွန်းရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုး များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 19, 2020 . 2 mins read
Share now

အခု ဒီဆောင်းပါး ကို ဖတ်နေတဲ့ Hello ဆရာဝန် ပရိသတ်တို့ လက်ရှိ မှာ ဘာအလုပ် လုပ်နေလဲ။ မန်နေဂျာ လား ၊  စီအီးအို လား ၊ စာရေးဆရာ လား ၊ အရောင်း ဝန်ထမ်း လား ၊ စာရင်းကိုင် လား ။ ဒီအလုပ်အကိုင် တွေ ထဲက ဘယ်ဟာတွေက အထိုင်များတဲ့ အလုပ် ဖြစ်မလဲ။ အထိုင်များ ခြင်း က ဆိုးကျိုး များပါတယ်နော်။

အထိုင်များရင်  အဝလွန်မယ်၊ ဆိုးကျိုး များတယ် လို့ ဆေးပညာ လောက ရဲ့ သတိပေးချက် တွေက အများကြီးရယ်။ ဒါပေမယ့် ဘာတွေ ဘယ်လို ထိခိုက်နိုင်တယ် ဆိုတာ နည်းနည်း ပိုပြီး အသေးစိတ် သိဖို့လိုတယ်လေ။

ဒါမှ အထိုင်များမှာကို ပိုပြီး ကြောက်တတ်လာမယ်၊ ကြာကြာမထိုင်ဘဲ ထ လှုပ်ရှားဖို့ ကြိုးစားကြမှာပေါ့။

ဘာ ဆိုးကျိုး တွေ ဖြစ် နိုင်လို့လဲ

(၁) နှလုံး ကို ထိခိုက် နိုင်တယ်

ပညာရှင် တွေ ဒါကို ပထမဆုံး သတိပြုမိတာက တစ်နေကုန် ထိုင်နေရတဲ့ အများစီး ဘတ်စ် ယာဉ်မောင်း တွေနဲ့ သိပ်မထိုင်ဖြစ်တဲ့ ယာဉ်နောက်လိုက် တွေနဲ့ လုံခြုံရေး ဝန်ထမ်းတွေ ကို နှိုင်းယှဉ် လေ့လာခဲ့တဲ့ သုတေသန တစ်ခု မှာပါ ။

လေ့လာမှုမှာ ပါဝင်သူတွေရဲ့ စားသောက် ၊ နေထိုင်မှု ပုံစံတွေက သိပ်မကွာပေမယ့် ဒီ ယာဉ်မောင်းတွေက သိပ် အထိုင်မများတဲ့သူတွေနဲ့ ယှဉ်ရင် နှလုံးရောဂါ ဖြစ်နိုင်ခြေ နှစ်ဆ ပိုများတာကို တွေ့ရပါတယ်။

(၂) အသက်တို စေနိုင်တယ်

သင်ဟာ တစ်ဆက်တည်း အချိန်ကြာကြာ ထိုင်တတ် တယ်ဆိုရင် အကြောင်းရင်း တစ်ခုခုကြောင့်နဲ့ အသက်တို ရနိုင်တဲ့ ရာခိုင်နှုန်း ပိုများပါတယ်။ အထိုင်များတာ ကနေ အသက်တို စေနိုင်တဲ့ ဆိုးကျိုး ပြဿနာ တစ်ခု မဟုတ် တစ်ခု ဖြစ်လာမှာ သေချာနေလို့ပါ။

(၃) သူငယ်ပြန် နိုင်တဲ့ အလားအလာ ပိုများတယ်

အထိုင်များ လွန်းရင် ဦးနှောက်က သူငယ်ပြန်ဖို့ ဖြစ်နိုင်ခြေ ပိုများပါတယ်နော် ။ အထိုင်များခြင်းက နှလုံးရောဂါဆီးချိုသွေးချိုလေဖြတ်ခြင်း၊ သွေးတိုး ရောဂါ ၊ ကိုလက်စထရော များခြင်း ၊ စတာတွေ ဖြစ်လာစေနိုင်တယ်လေ ။

ဒါတွေ အားလုံးက သူငယ်ပြန် ရောဂါ အတွက် အရေးပါတဲ့ သက်ရောက်မှု ရှိတဲ့ အချက်တွေ ဖြစ်နေတာပါ။

(၄) ဆီးချို သွေးချို ဖြစ်လာနိုင်တယ်

တစ်နေကုန် ထိုင်နေတယ် ဆိုရင် ဆီးချို သွေးချို ဖြစ်လာနိုင် ပါသေးတယ် ။

ကယ်လိုရီ လောင်ကျွမ်းတာ နည်းလို့ ဆိုတဲ့ အကြောင်းပြချက် အပြင် အထိုင်များခြင်းက အင်ဆူလင်ကို ခန္ဓာကိုယ်ရဲ့ တုံ့ပြန်နိုင်စွမ်း အပေါ် ပြောင်းလဲစေနိုင်တာလည်း ပါဝင်ပါတယ်။

(၅) နာတာရှည် သွေးပြန်ကြော ရောဂါ ဖြစ်နိုင်တယ်

နာတာရှည် သွေးပြန်ကြော ရောဂါ ဆိုတာ မလှုပ်မရှား ထိုင်တာ ကြာလို့ ခြေထောက်မှာ သွေးကြောထုံးတာ ဖြစ်ပါတယ်။ ပုံမှန် အားဖြင့် ခြေထောက် ရောင်တာ၊ နာကျင်တာ လောက်ပဲ သိသာပြီး ကျန်တဲ့ လက္ခဏာ မပြတာလည်း ရှိတတ်ပါတယ် ။

ဒီရောဂါကို မကုသဘဲ ထားမယ်ဆိုရင် နောက်ဆက်တွဲ ပြဿနာတွေ လည်း အများကြီး ပါပဲ။ ဒါ့ကြောင့် ထိုင်ပြီး အလုပ်လုပ်နေရတဲ့ အချိန် အတောအတွင်း မကြာမကြာ ထပြီး လှုပ်ရှားပေးဖို့ ၊ အချိန် ခဏ ခြားပေးဖို့ အရေးကြီး ပါတယ်။

(၆) ခါး နာလာမယ်

ထိုင်လျက် အနေအထားက ခါးကြွက်သား၊ ဇက် နဲ့ ကျောရိုးမကြီး အပေါ် ဖိအား ပိုစေနိုင်တယ် ။ ထိုင်တဲ့ ပုံစံမကျရင် ၊ အနေအထား မမှန်ရင် ပိုဆိုးပါတယ် ။

ထိုင်ရင်း ညောင်းလို့ သက်တောင့်သက်သာ ဖြစ်အောင် လုပ်ထိုင်တာ၊ လျှောပြီး ထိုင်တာ၊ လိမ်ကွေးပြီး ထိုင်တာ၊ ခါးကို ကိုင်းထားတာ စတဲ့ အနေအထား ပုံစံတွေက ခါးနာစေတဲ့ အကြောင်းရင်းတွေပါ။

ခဏတာ နေရသက်သာပေမယ့် ကြာကြာ ထိုင်တဲ့အခါ ခါးကို ဝန်ပိုပိစေတယ်၊ ခါးဆစ်တွေကို အနေအထား ပြောင်းစေနိုင်တယ်။

(၇) ကင်ဆာ ဖြစ်နိုင်တယ်

ဘာဆိုင်လို့လဲ လို့ တွေးရင် တွေးမိပါလိမ့်မယ် ။ အူမကြီးကင်ဆာ သားအိမ်ကင်ဆာ ၊ ဒါမှမဟုတ် အဆုတ်ကင်ဆာ ဖြစ်လာနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ထိုင်တာ များလေ ၊ ဒီအန္တရာယ်တွေ ဖြစ်နိုင်ခြေ များလေ ပါ ။ အသက်ကြီးတဲ့ အမျိုးသမီးတွေ ဆို ရင်သားကင်ဆာ အန္တရာယ် ပိုများပါတယ် ။

အထိုင်များတဲ့ အလုပ် ရှိတယ် ၊ ဘယ်လိုလုပ်ရမလဲ …

ဟုတ်တယ်လေ ။ အလုပ်က ကွန်ပျူတာ နဲ့ မျက်နှာအပ်ထားရတဲ့ အလုပ် ၊ စာတတောက်တောက် ရိုက်နေရမှ အလုပ်ပြီးတဲ့ အလုပ်၊ ထိုင်ရာမထ ဆက်တိုက် လုပ်မှ အလုပ်တွင်တဲ့ အလုပ် ဆိုရင် ဘယ်လိုလုပ်ကြမလဲ ။ ခဏခဏ လမ်းထလျှောက်ရင် မျက်စိစူးခံရနိုင်သေးတယ် ။

ဒီလိုမျိုးတွေ အတွက် ထိုင်ခုံမှာပဲ အကြောလျှော့လို့ ရတဲ့ ၊ လှုပ်ရှားလို့ရတဲ့ လေ့ကျင့်ခန်း လေးတွေ ရှာပြီး လုပ်ကြည့်ပါ။ နာရီဝက် သို့မဟုတ် တစ်နာရီ တစ်ကြိမ်လောက် ထိုင်ခုံကနေ ခဏ ထပြီး ခြေဆန့် လက်ဆန့် လှုပ်ရှားပါ ။

အလုပ်ချိန်လွတ် ယောဂ ကစားပါ ။ အလုပ်ဆင်းချိန် သို့မဟုတ် ပိတ်ရက် တွေမှာ ယောဂ သင်တန်း သွားပါ ။ ဂျင်မ် သွားကစားပါ ။

ဥပမာ ကော်ဖီ ထဖျော်တာ၊ ရေ ထသောက်တာမျိုး ပေါ့ ။ မတ်တပ်ရပ်ပြီး ခြေမထိပ်ကို လက်ဖျားနဲ့ ထိအောင် ကိုင်းချပါ ။ ဖြည်းဖြည်းချင်း ပြန်ဆန့်ရပ်ပါ ။

အဲဒီလို ကိုယ့်အတွက် အဆင်ပြေမယ့် နည်းတစ်ခုခုနဲ့ လှုပ်ရှားပါ။ အဓိက အချက်က ဆက်တိုက် အကြာကြီး မထိုင်ဖြစ်ဖို့ပဲ မဟုတ်လား။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အားကစားလုပ်ဖို့ရာမှာ လိုအပ်တဲ့ စိတ်အားထက်သန်မှု motivation

အမြဲလိုလို လေ့ကျင့်ခန်းလုပ်ဖြစ်ဖို့ လိုအပ်မယ့် အချက်တွေက အများကြီးပါ။ ပန်းတိုင် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သွေးအားနည်းရောဂါ (Anemia)

သွေးအားနည်းရောဂါဆိုတာက ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံလောက် ခံစားနေရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အဖြစ်များတဲ့ သွေးရောဂါတစ်မျိုးပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဝက်ခြံ မျက်နှာမှာ ပေါက်ရင် အော်........ပေါက်နေကျပဲလေလို့ ထားလိုက်တတ်ပေမယ့် မိန်းမကိုယ်မှာ ဝက်ခြံ ပေါက်လာပြီဆိုရင်တော့ ပေါက်လေ့ပေါက်ထရှိရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကလေးထိန်း ပြီး ဝိတ်ချမလား

မိခင်တစ်ယောက်ဟာ သာမန် ပေါ့ပေါ့ပါးပါး ကလေးထိန်း တဲ့ လုပ်ငန်းဆောင်တာတွေကြောင့် တစ်နေ့ကို ကယ်လိုရီ ၁၄၄-၂၀၀ ဝန်းကျင်လောက် လောင်ကျွမ်းနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
အားကစားလုပ်ရင်း ဖြစ်နိုင်တဲ့ ထိခိုက်မှုတွေ

အားကစားလုပ်ရင်း ဖြစ်နိုင်တဲ့ ထိခိုက်မှုတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 12, 2021 . 2 mins read
ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ

ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 8, 2021 . 2 mins read
လွယ်လည်းလွယ် အကုန်အကျလည်းမရှိတဲ့နည်းနဲ့ နှလုံးကျန်းမာရေး စစ်ဆေးကြည့်ရအောင်

လွယ်လည်းလွယ် အကုန်အကျလည်းမရှိတဲ့နည်းနဲ့ နှလုံးကျန်းမာရေး စစ်ဆေးကြည့်ရအောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 6, 2021 . 2 mins read