backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ပြန်ရည်ကျိတ်ရောင်ရမ်းခြင်း


Dr. Ye Mhan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းဆိုတာ ဘာလဲ။

ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းဆိုတာ lymph nodes လို့ခေါ်တဲ့ ပြန်ရည်အိတ် သို့ ပြန်ရည်ကျိတ်လေးတွေထဲကို ရောဂါပိုးဝင်ခြင်း ဖြစ်ပါတယ်။ ပြန်ရည်ကျိတ်ရောင်တာ နှစ်မျိုးဖြစ်နိုင်ပါတယ်။
  • တစ်နေရာတည်းက ပြန်ရည်ကျိတ်များရောင်ခြင်း ။ ။ ဒါကတော့ အဖြစ်များဆုံးပုံစံဖြစ်ပါတယ်။ ဒီလိုမျိုးတစ်နေရာတည်းရောင်ရမ်းခြင်းမျိုးမှာ ရောဂါပိုးဝင်တဲ့နေရာတစ်ဝိုက်က ပြန်ရည်ကြောအကျိတ်တစ်ခု သို့ နှစ်ခုလောက်ရောင်တာဖြစ်ပါတယ်။ ဥပမာ အာသီးရောင်တာမျိုးဆိုရင် လည်ပင်းနားက အကျိတ်တစ်ချို့ ရောင်တာမျိုးဖြစ်ပါတယ်။
  • နေရာစုံက ပြန်ရည်ကျိတ်များရောင်ခြင်း ။ ။ ဒီလိုပုံစံကတော့ ပြန်ရည်ကျိတ်အုပ်စုတစ်ခု သို့ တစ်ခုထက်ပိုတဲ့ ပြန်ရည်ကျိတ်အုပ်စုတွေ ရောင်ရမ်းတာမျိုးဖြစ်ပြီး သွေးလည်ပတ်မှုကနေ ရောဂါပြန့်နှံ့တာမျိုး သို့မဟုတ် ခန္ဓါကိုယ်တစ်ခုလုံးကို သက်ရောက်စေတဲ့အခြားရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။

ပြန်ရည်ကျိတ်ရောင်ခြင်းက ဘယ်လောက်ထိအဖြစ်များလဲ။

ဒါဟာ ဖြစ်လေ့ြ့ဖစ်ထရှိတဲ့ ဘက်တီးရီးယားပိုးဝင်ခြင်းရဲ့ နောက်ဆက်တွဲဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ရောဂါလက္ခဏာများ

ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းရဲ့ အဖြစ်အများဆုံး လက္ခဏာတွေကတော့

  • ပြန်ရည်ကျိတ်အပေါ်ကအရေပြား နီရဲနာကျင်ခြင်း
  • ပြန်ရည်ကျိတ်များ ရောင်ရမ်းနာကျင်ခြင်း၊ အကျိတ်မာမာများ စမ်းမိခြင်း
  • အဖျားတက်ခြင်း
  • ပြန်ရည်ကျိတ်များ ပြည်တည်ခြင်း (ရာဘာကဲ့သို့ ခပ်မာမာအကျိတ်များ စမ်းမိခြင်း၊ ရောင်ရမ်းသည့်လက္ခဏာများ ပေါ်လာခြင်း)

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက ပြန်ရည်ကျိတ်ရောင်ရမ်းခြင်း ဖြစ်ပွားစေသလဲ။

ပြန်ရည်ကျိတ်တွေ၊ ပြန်ရည်ပြွန်တွေ၊ ပြန်ရည်ကြောတွေနဲ့ ပြန်ရည်ထုတ်လုပ်ပေးပြီး တစ်ရှူးတွေကတဆင့် သွေးလှည့်ပတ်မှုလမ်းကြောင်းထဲ ပို့ဆောင်ပေးတဲ့ ကိုယ်တွင်းအင်္ဂါတွေ ဆက်စပ်ယှက်နွယ်နေတဲ့ အဖွဲ့အစည်းကို ပြန်ရည်အဖွဲ့အစည်းလို့ ခေါ်ပါတယ်။

ပြန်ရည်ဂလင်း သို့မဟုတ် ပြန်ရည်ကျိတ်တွေက ပြန်ရည်စစ်ထုတ်ပေးတဲ့ လုပ်ငန်းစဉ်ကို တာဝန်ယူဆောင်ရွက်ပေးပါတယ်။ ၎င်းပြန်ရည်ကျိတ်တွေထဲမှာ ရောဂါပိုးမွှားတွေကို ခုခံတိုက်ခိုက်ပေးတဲ့ သွေးဖြူဥဆဲလ် အများအပြား ပါဝင်ပါတယ်။

ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးမှိုစတဲ့ ရောဂါပိုးမွှားအမျိုးမျိုး ကူးစက်ခံရခြင်းကြောင့် ပြန်ရည်ကျိတ်တွေ ရောင်ရမ်းပြီး အရွယ်အစားကြီးမားလာခြင်းကို ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းလို့ ခေါ်တာဖြစ်ပါတယ်။ ပိုးဝင်တဲ့နေရာ၊ အကျိတ်ရှိတဲ့နေရာနဲ့ ရောင်ရမ်းမှုဖြစ်ပေါ်တဲ့နေရာတဝိုက်မှာ ရောင်ရမ်းနေတဲ့ပြန်ရည်ကျိတ်တွေကို အများဆုံးတွေ့နိုင်ပါတယ်။

အရေပြားပိုးဝင်ခြင်း၊ Streptococcus၊ Staphylococcus နဲ့ အခြားဘက်တီးရီးယားပိုးမွှားများ ကူးစက်ခံရခြင်း စတာတွေရဲ့ နောက်ဆက်တွဲရလဒ်အဖြစ် ပြန်ရည်ကျိတ်ရောင်ရမ်းနိုင်သလို၊ တီဘီရောဂါ၊ ကြောင်ကုတ်ရာ၊ ကိုက်ရာကနေ Bartonella လို ရှားပါးတဲ့ ဘက်တီးရီးယားပိုးမွှား ကူးစက်ခံရခြင်းကြောင့်လည်း ဒီပြဿနာဖြစ်လာနိုင်ပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။

ဘယ်အရာတွေက ပြန်ရည်ကျိတ်ရောင်ရမ်းခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသော အချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ပြန်ရည်ကျိတ်ရောင်ရမ်းခြင်း ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းကို အဖြေရှာအတည်ပြုရာမှာ အရေးအကြီးဆုံး အဆင့်တွေကတော့ ရောဂါရာဇဝင်မေးမြန်းခြင်းနဲ့ ခန္ဓါကိုယ်စမ်းသပ်စစ်ဆေးခြင်းတို့ပဲ ဖြစ်ပါတယ်။ သင့်ဆရာဝန်က အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ လတ်တလောခရီးသွားထားခြင်း၊ အရေပြားပွန်းပဲ့ခြင်း၊ ကြောင် သို့မဟုတ် အခြားတိရစ္ဆာန်များနဲ့ ထိတွေ့ခြင်းရှိမရှိ စတဲ့ အချက်အလက်တွေအပါအဝင် ရောဂါရာဇဝင်ကို အသေးစိတ်မေးမြန်းမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ရောင်ရမ်းနေတဲ့ ပြန်ရည်ကျိတ်တွေရဲ့ အနီးတဝိုက် ပိုးဝင်ထားတဲ့လက္ခဏာရှိမရှိ စစ်ဆေးမှာဖြစ်ပါတယ်။

နောက်ထပ်ပြုလုပ်ရနိုင်ချေရှိတဲ့ စစ်ဆေးမှုတွေကတော့

  • သွေးစစ်ဆေးခြင်း
  • ရောင်ရမ်းနေသည့်ပြန်ရည်ကျိတ်မှ တစ်ရှူးနမူနာ သို့မဟုတ် ပြန်ရည်ကျိတ်အတွင်းပိုင်းမှ အရည်နမူနာယူပြီး အဏုကြည့်မှန်ပြောင်းအောက်တွင် စစ်ဆေးကြည့်ရှုခြင်း
  • ပြန်ရည်ကျိတ်အတွင်းမှအရည်ကို ပိုးမွေးစစ်ဆေးခြင်း

ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းကို ဘယ်လိုကုသလဲ။

အောက်ဖေြာ်ပပါ အချက်အလက်တွေအပေါ်မူတည်ပြီး သင်နဲ့အသင့်တော်ဆုံးဖြစ်မယ့် ကုသမှုအစီအစဉ်ကို သင့်ဆရာဝန် စဉ်းစားမှာဖြစ်ပါတယ်။

  • အသက်အရွယ်
  • ယေဘုယျကျန်းမာရေးအခြေအနေနှင့် ကျန်းမာရေးရာဇဝင်
  • ရောဂါအခြေအနေ
  • ဆေးဝါးနှင့် ကုထုံးများကို ခံနိုင်ရည်စွမ်းအား
  • ရောဂါ၏ခန့်မှန်းသက်တမ်း
  • သင့်ထင်မြင်ချက်

ပြန်ရည်ကျိတ်တွေထဲ ပျံ့နှံ့နေတဲ့ ရောဂါပိုးအမျိုးအစားကိုလိုက်ပြီး ကုသမှုတွေ ကွဲပြားသွားမှာဖြစ်ပါတယ်။ အရေအတွက်တစ်ခုသော ပြန်ရည်ကျိတ်တွေဆီ ရောဂါပိုးပျံ့နှံ့သွားပြီဆိုတာနဲ့ အခြားပြန်ရည်ကျိတ်တွေနဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီ အချိန်တိုအတွင်း ဆက်လက်ပျံ့နှံ့နိုင်တဲ့အတွက် အကြောင်းအရင်းကို အမြန်ဆုံးရှာဖွေပြီး ကုသမှုကို အမြန်ဆုံးစတင်နိုင်ဖို့ အရေးကြီးပါတယ်။

ကုသမှုမှာပါဝင်နိုင်တဲ့ အချို့ဆေးဝါးတွေကတော့

  • ဘက်တီးရီးယားပိုးမွှားကူးစက်ခံရခြင်းကို ခုခံတိုက်ခိုက်ရန် ပဋိဇီဝပိုးသတ်ဆေးများ (သောက်ဆေး၊ ထိုးဆေး)
  • အကိုက်အခဲပျောက်ဆေးနှင့် အဖျားကျဆေးများ
  • အရောင်ကျဆေးများ
  • ခွဲစိတ်ပြီးပြည်ဖောက်ထုတ်ခြင်း

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့

အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းကို ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • သင့်ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း ဆေးမှန်မှန်သောက်ပါ။ ရက်ချိန်းမှန်မှန်ပြပါ။
  • သင့်ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ဆေးဆိုင်မှာအလွယ်တကူဝယ်ယူနိုင်တဲ့ ဆေးဝါးတွေ မသောက်သုံးပါနဲ့။
  • ဆေးသောက်နေစဉ်ကာလတလျှောက် ပြန်ရည်ကျိတ်ရောင်ရမ်းနေတဲ့နေရာပေါ် ရေခဲကပ်ခြင်း၊ ၎င်းအစိတ်အပိုင်းကို အပေါ်မြှောက်ထားခြင်းတို့က ရောင်ရမ်းမှုနဲ့ နာကျင်မှုဝေဒနာ သက်သာလာအောင် ကူညီပေးနိုင်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Ye Mhan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement