backup og meta

လေကြောင်းခရီးသွားတော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 21/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေကြောင်းခရီးသွားတော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်လဲ

    မနက်ဖြန် သဘက်ခါလောက်ဆိုရင်ပဲ ကိုယ်က လေကြောင်းနဲ့ ပြည်တွင်း ဒါမှမဟုတ် ပြည်ပကို နာရီပေါင်းများစွာ စီးနင်းလိုက်ပါရတော့မယ်၊ ဒါကလည်း ကိုယ့်ရဲ့ ပထမဆုံးအကြိမ် လေကြောင်းခရီးစဉ်ဖြစ်မယ်ဆိုရင် အနည်းနဲ့ အများတော့ စိတ်လှုပ်ရှားနေမိမှာပါ။ အထူးသဖြင့် ကားမူးတတ်တဲ့ရောဂါရှိတဲ့သူတွေဆိုရင် ပိုဆိုးမှာပေါ့။ ဒီလိုမဖြစ်ရလေအောင် ကျန်းမာရေးရှုထောင့်ကနေ ဦးစားပေးပြီး လေကြောင်းခရီးသွားတော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်လဲ ဆိုတာကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်ခင်ဗျ။

    လေကြောင်းခရီးသွားတော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်လဲ

    လေကြောင်းခရီးသွားတော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်လဲ ဆိုတော့-

    ၁။ ကိုယ်သွားရမယ့် နိုင်ငံအကြောင်း လေ့လာပါ။

    ကိုယ်က ပူနွေးစိုစွတ်တဲ့ နိုင်ငံကို သွားမှာလား၊ ဒါဆိုရင်တော့ အင်္ကျီချည်သား အပါးလေးတွေ၊ စွပ်ကျယ်၊ ချိုင်းပြတ်အကျီ၊ ဘောင်းဘီတိုတွေကို များများထည့်သွားသင့်ပါတယ်။ ဦးထုပ်ကတော့ ထည့်သွားလို့လည်း အဆင်ပြေပါတယ်။ အေးပြီး ခြောက်သွေ့တဲ့ နိုင်ငံဆိုရင်တော့ အနွေးထည်၊ မာဖလာ၊ ကုတ်၊ ဂျာကင်စတာတွေကို အဓိကထည့်သွားပါ။

    ၂။ အချိန်ကို သေချာရွေးပါ။

    ကိုယ်က အပျော်ခရီးသွားမှာဆိုရင်တော့ သွားမယ့်အချိန်ကို နွေ ဒါမှမဟုတ် ဆောင်းရာသီလိုအချိန်မျိုး သွားတာ အကောင်းဆုံးပါပဲ။ ကျွန်တော်တို့နိုင်ငံမှာက အဲ့အချိန်ဆို ပိတ်ရက်လည်းများတယ်။ ဒါ့အပြင် မိုးတွင်းမဟုတ်တော့ လေယာဉ်မောင်းရတာလည်း သက်တောင့်သက်သာဖြစ်စေတဲ့အတွက် အရမ်းမူးတာ၊ အော့အန်တာမျိုး ဖြစ်စေမှာ မဟုတ်ပါဘူး။

    ၃။ ဆေးဝါးတွေကို မဖြစ်မနေယူသွားပါ။

    ကိုယ်က ကားမူးတတ်တဲ့အကျင့်ရှိလား၊ ဒါဆိုရင်တော့ ကိုယ်ခရီးသွားရင် ယူနေကျ ကားမူးပျောက်ဆေး၊ ခေါင်းမူးပျောက်ဆေးတွေကို မဖြစ်မနေထည့်သွားဖို့လိုပါတယ်။ ပြီးတော့ နိုင်ငံရပ်ခြား၊ ကိုယ်နေထိုင်ရာဒေသမဟုတ်တာကြောင့် လိုရမယ်ရ လေဆေးတွေ၊ ဗိုက်အောင့်ဗိုက်နာ ပျောက်ဆေးတွေ၊ အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးတွေ ထည့်သွားသင့်ပါတယ်။

    ကိုယ်ကရောဂါရှိလို့ ဆေးနဲ့ ထိန်းနေရတယ်ဆိုရင်လည်း ကိုယ့်ရောဂါပျောက်ဆေးတွေကို ထည့်ဖို့ မမေ့ပါနဲ့။

    ၄။ အကြောက်လွန်တတ်တဲ့ အကျင့်ရှိလား။

    လေယာဉ်ကို ပထမဆုံးစီးမယ့်သူ တော်တော်များများက ကြောက်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မြေပြင်ရဲ့အထက် ကီလိုပေါင်း သောင်းနဲ့ချီတဲ့ အမြင့်မိုးကောင်းကင်ထက်မှာ ရောက်နေတာကိုး။ ပုံမှန်မကြောက်တတ်တဲ့သူတွေတောင် ဒီအချိန်ဆို ဘုရားစာတွေ ရွတ်ပြီး အဆင်ပြေပြေ အန္တရာယ်ကင်းကင်းနဲ့ ရောက်သွားဖို့ ရင်တမမနဲ့ ဆုတောင်းနေကြတာပဲမဟုတ်လား။

    ဒီတော့ ကြောက်တာက ပုံမှန်ဆိုပေမယ့် အကြောက်မလွန်ပါနဲ့။ စိတ်ကို ငြိမ်အောင် ထားပါ။ အကောင်းဆုံးက လေယာဉ်မထွက်ခင်ကတည်းက အိပ်ဆေးသောက်ပြီး အိပ်တာ၊ နားကျပ်တပ်ပြီး သီချင်းနားထောင်တာမျိုးလုပ်ပါ။ အပြင် ပြတင်းပေါက်လိုက်ကာကို ချထားပါ။ လေယာဉ်စထွက်ပြီဆိုရင် ကိုယ့်စိတ်ကို အရမ်းမတင်းထားပါနဲ့။ တင်းထားရင် စိတ်ကပေါက်ကွဲထွက်ဖို့ ပိုလွယ်ပါတယ်။

    ၅။ ခရီးထွက်မယ့် နေ့မတိုင်ခင် စောစောအိပ်ထားပါ။

    နောက်နေ့ခရီးသွားရမယ်၊ လေယာဉ်အချိန်က မနက်ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် အဲ့ဒီနေ့မတိုင်ခင်မှာ အိပ်ရေးကို ဝနေအောင် အိပ်ထားပါ။ စိတ်လှုပ်ရှားလို့ဆိုပြီး အိပ်ရာမှာ လူးလိမ့်နေရင် ပိုဆိုးပါလိမ့်မယ်။ အိပ်ချိန် အနည်းဆုံး ၇နာရီကနေ ၈နာရီထိ ရအောင်အိပ်စက်အနားယူပါ။

    ၆။ အစာကို ဗိုက်ပြည့်နေအောင် မစားပါနဲ့။

    ခရီးမထွက်ခင် ညနဲ့ ခရီးထွက်မယ့် မနက်အစောပိုင်းမှာ အစာကို ပြည့်နေအောင် မစားပါနဲ့။ ရင်ပြည့်စေမယ့် အစားအစာတွေ ရှောင်ပါ။ မုန့်အနေနဲ့ အဆာပြေ ပေါင်မုန့်၊ သစ်သီး ဒါတွေလောက်ပဲ စားပေးပါ။

    ၇။ ရေအငတ်မခံပါနဲ့။

    လေယာဉ်ပေါ်ကို ရေမသယ်ရဘူးဆိုတိုင်း ရေအငတ်ခံစရာမလိုပါဘူး။ လေယာဉ်ပေါ်မှာ ရှိတဲ့ ဝန်ထမ်းတွေကို အကူအညီတောင်းလို့ရပါတယ်။ များသောအားဖြင့် ရေ၊ လိမ္မော်ရည်၊ ကော်ဖီတွေကို လေယာဉ်ပေါ်မှာ စိတ်ကြိုက်တိုက်တာမို့ ကိုယ်ရေငတ်တဲ့အထိ၊ လေယာဉ်ဆိုက်တဲ့အထိ မစောင့်ပါနဲ့။ ရေသောက်ပါ။ ရေဓာတ်ခမ်းခြောက်တဲ့အခါ လေယာဉ်စီးရင် ပိုပြီး မူးတတ်ပါတယ်။

    ဒါဆိုရင် မကြာခင်မှာ လေကြောင်းခရီး လိုက်ပါစီးနင်းရတော့မယ့်ခရီးသည်တွေအနေနဲ့ ခုပြောပြခဲ့တဲ့အချက်တွေကို သေချာလိုက်နာရင်း ခုလိုအေးမြတဲ့ရာသီမှာ ပျော်ရွှင်စရာခရီးစဉ်လေး ဖန်တီးလိုက်ကြရအောင်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 21/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement