backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

နေ့လယ်နေ့ခင်း အချိန်ကြာကြာ အိပ်စက်ခြင်းက ဆီးချိုသွေးချိုရောဂါကိုဖြစ်စေနိုင်ပါသည်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နေ့လယ်နေ့ခင်း အချိန်ကြာကြာ အိပ်စက်ခြင်းက ဆီးချိုသွေးချိုရောဂါကိုဖြစ်စေနိုင်ပါသည်

ရောဂါဖြစ်စေမှု

နေ့လယ်ခင်းတစ်ရေးတမော အိပ်စက်ခြင်းက နွမ်းနယ်မှုကိုလျှော့ချ၍ လန်းဆန်းစေပြီး နေ့တစ်နေ့၏ ကျန်ရှိသောအချိန်များတွင် လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ရလွယ်ကူသွက်လက်စေသည်။ သို့သော်လည်း နေ့လယ်ခင်းအိပ်စက်သည့်ကြာချိန်ပေါ်မူတည်၍ အကျိုးကျေးဇူးများလည်းကွာခြားနိုင်ပါသည်။

နေ့လယ်ခင်းအိပ်စက်ရန် အသင့်တော်ဆုံးကြာချိန်

စာရေးဆရာဒေါက်တာ YamadaTumatride က လေ့လာချက်အတော်များများတွင် နာရီဝက်လောက် နေ့လယ်ခင်းအိပ်စက်ပါက လန်းဆန်းမှုနှင့် ကိုယ်လက်လှုပ်ရှားမှုများသွက်လက်စေနိုင်သည် ဟုဆိုသည်။

သို့သော်လည်း မိနစ်သုံးဆယ် ၊ နာရီဝက်ထက်ပိုမိုကြာမြင့်အောင်အိပ်စက်ပါက Sleep inertia ဟုခေါ်သောအိပ်စက်ခြင်းမှ နိုးမထချင်သည့် ဖြစ်စဉ်ဖြစ်ပေါ်လာပြီး ကိုယ်လက်နုံးချိခြင်း ၊ ဇဝေဇဝါဖြစ်ခြင်းနှင့် အိပ်ငိုက်ခြင်းတို့ကို ဖြစ်စေပါသည်။

နေ့လယ်ခင်းကြာမြင့်စွာ အိပ်စက်ခြင်းသည် ရေရှည်တွင်ကောင်းကျိုးမပေးသဖြင့် မပြုလုပ်သင့်ပါ။ အိပ်ရေးမဝတတ်သဖြင့် ဗိုက်ဆာခြင်းနှင့် ကစီဓာတ်တို့ကို ချေဖျက်သောလုပ်ငန်းများ ကမောက်ကမဖြစ်ခြင်းအပြင် စိတ်ဖိစီးမှုဆိုင်ရာဟော်မုန်းများထွက်ခြင်းတို့ကိုလည်းဖြစ်စေနိုင်သည်။

သို့ဆိုလျှင် အကျိုးကျေးဇူးကောင်းများရရှိရန် နေ့လယ်ခင်းအိပ်ချိန်ကိုမည်သို့သတ်မှတ်သင့်သနည်း။ ယေဘုအားဖြင့် တအောင့်မှေးစက်ပြီး လန်းဆန်းစွာနိုးထချိန်ကိုယူသင့်သည်။ မိနစ် ၂၀ ခန့်ဆိုလျှင်လုံလောက်နိုင်ပါသည်။ ထိုသို့မှေးစက်ပြီးလျှင်သင့်အနေဖြင့်လန်းဆန်းစွာနိုးထပြီးကျန်ရှိနေသေးသောအလုပ်တာဝန်များကိုသွက်လက်စွာလုပ်ဆောင်နိုင်ပေသည်။

နေ့လယ်နေ့ခင်းကြာမြင့်စွာအိပ်စက်ပါကဆီးချိုသွေးချိုရောဂါဖြစ်စေနိုင်ပုံ

တိုကျိုတက္ကသိုလ်မှ သုတေသီများ၏အဆိုအရ နေ့လယ်ခင်းတွင် ၁ နာရီထက်ပို၍အိပ်စက်ပါကအမျိုးအစား (၂)ဆီးချိုရောဂါဖြစ်နိုင်ခြေကို ၄၅% ထိတိုးမြင့်စေနိုင်ဟုဆိုသည်။

အမျိုးအစား(၂)ဆီးချိုရောဂါဆိုသည်မှာ ခန္ဓာကိုယ်တွင်းဟော်မုန်းအင်ဆူလင်သည် ကောင်းစွာအလုပ်မလုပ်ခြင်း (သို့မဟုတ်) ခန္ဓါကိုယ်၏ ဆဲလ်များက အင်ဆူလင်ကို ပုံမှန်အတိုင်းတုန့်ပြန်မှု မရှိခြင်းဖြစ်သည်။ အင်ဆူလင်ဟော်မုန်း၏ အလုပ်မှာ သွေးတွင်းသကြားဓာတ်ကို ဆဲလ်များအတွင်းဝင်၍ စွမ်းအင်ထုတ်ရမည် ဖြစ်သည့်အတွက် အင်ဆူလင် မရှိတော့သောအခါ သွေးထဲတွင် အချိုဓာတ်မြင့်တက်မှု ဖြစ်ပေါ်လာသည်။

အံ့သြဖွယ်ရာအချက်မှာ တစ်နာရီထက် လျော့နည်းပြီးအိပ်ပါက ထိုဆီးချိုရောဂါဖြစ်နိုင်ခြေကိုမတိုးမြင့်စေဘဲ တစ်နာရီထက်ပိုကြာအောင် အိပ်စက်ပါကဆီးချိုရောဂါကိုဖြစ်စေနိုင်ပါသည်။

Glasgow တက္ကသိုလ်မှ ဇီဝကမ္မဆေးပညာပါမောက္ခ Naveed Satta က သုတေသနတွင် တစ်နာရီကျော်ကြာ နေ့လယ်ခင်းအိပ်စက်မှုနှင့် အမျိုးအစား(၂) ဆီးချိုရောဂါ ဆက်စပ်မှုကိုဖော်ပြခဲ့သည်။ ထို့ပြင် အချိန်ကြာကြာအိပ်စက်ခြင်းကြောင့် ဆီးချိုရောဂါဖြစ်နိုင်ခြေနှင့် ဆီးချိုရောဂါ၏ နောက်ဆက်တွဲ ပြဿနာတစ်ခုအနေဖြင့် နေ့လယ်ခင်းအိပ်ငိုက်တတ်ခြင်း အပြန်အလှန် သဘောကိုပါ နားလည်ထားသင့်ကြောင်းဆိုပါသည်။ ထိုတွေ့ရှိချက်များကသိပ္ပံပညာရှင်များ ၊ သုတေသီများနှင့် ကျန်းမာရေးပညာရှင်များကို သုတေသနနှင့် လေ့လာချက်များ ပိုမိုလုပ်ဆောင်ရန် ဆွဲဆောင်လျက်ရှိပါသည်။ ပိုမို၍ခိုင်မာသောအဖြေများထွက်မလာခင်အထိနေ့လယ်ခင်းအိပ်စက်ပါကမိနစ် ၂၀ ခန့်သာအိပ်စက်ပါဟုလည်း တိုက်တွန်းထားပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement