backup og meta

ကလေးများအတွက် အိမ်မွေးတိရစ္ဆာန်များမှပေးသော အကျိုးကျေးဇူးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Ye Kyaw Hlaing မှ ရေးသားသည်။ · 26/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများအတွက် အိမ်မွေးတိရစ္ဆာန်များမှပေးသော အကျိုးကျေးဇူးများ

    သုတေသနတွေအရ လူနဲ့ တိရစ္ဆာန်များကြား အပြန်အလှန် ဆက်နွယ်မှုဟာ ကလေးတွေအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေး ကိစ္စတွေမှာ အကျိုးရှိစေတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် အော်တစ်ဇင်နဲ့ စာဖတ်ခြင်းပြဿနာရှိသူ ကလေးငယ်များဟာ တိရိစ္ဆာန်များနဲ့ ထိတွေ့ ဆက်ဆံခြင်းကနေ ဖွံ့ဖြိုးတိုးတက်မှု ရှိစေတယ်လို့ ဆိုပါတယ်။ ကျန်းမာရေး ကောင်းတဲ့ ကလေးတွေတောင်မှ ခွေးများ၊ ကြောင်များ မွေးခြင်းဟာ အကျိုးရှိစေတယ်လို့ သိရပါတယ်။ သင့်ကလေးတွေအတွက် အိမ်မွေးတိရစ္ဆာန်များမှပေးသော အကျိုးကျေးဇူးများ က အောက်ပါအတိုင်း ဖြစ်ပါတယ်။

    အိမ်မွေးတိရစ္ဆာန်များမှပေးသော အကျိုးကျေးဇူးများ

    အိမ်မွေးတိရစ္ဆာန်များမှပေးသော အကျိုးကျေးဇူးများ ကတော့

  • အိမ်မွေးတိရစ္ဆာန်မွေးခြင်းဟာ သင့်ကလေး စာဖတ်နိုင်စေဖို့ အထောက်အကူပြုသလား
  • ကလေးတွေကို ခွေးတွေအတွက် စာဖတ်ပြခိုင်းတာ တွေ့ဖူးပါသလား။ ဒါက ကလေးတွေရှေ့မှာ ခွေးလေးတွေကို ပရိသတ်အနေနဲ့ ရှိစေပြီး စာဖတ်ခြင်းမှာ ပျော်မွေ့လာစေဖို့ စိတ်ကူးစိတ်သန်း ဖြစ်ပါတယ်။ ဒါဟာ သူတို့အနေနဲ့ ဆရာမရှေ့မှာ စာဖတ်သလို ဖိအားမဖြစ်စေပါဘူး။

    ဒီအတွေ့အကြုံကနေ ကလေးတွေရဲ့ စာဖတ်တဲ့ စွမ်းရည်ကို တိုးတက်လာစေပါတယ်။ စကားထစ်တတ်တဲ့ ကလေးတွေမှာလည်း တိုးတက်မှု ရှိတယ်လို့ သိရပါတယ်။

    • အိမ်မွေးတိရစ္ဆာန်ဟာ ကလေးရဲ့ ဓာတ်မတည့် ဖြစ်ပွားခြင်းကို လျော့ကျစေသလား

    အိမ်မွေးတိရစ္ဆာန်ဟာ ကလေးတွေမှာ ဓာတ်မတည့်မှု ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ရပ်လို့ လူအများက ယူဆကြပါတယ်။ ဒါပေမယ့် စစ်တမ်းတွေအရ အိမ်မွေးတိရစ္ဆာန်များနဲ့ ထိတွေ့မှုရှိတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးများနဲ့ ကလေးငယ်များဟာ ထိတွေ့မှု မရှိသူများထက်စာရင် ဓာတ်မတည့်မှု ဖြစ်နိုင်ခြေ နည်းတယ်လို့ ဆိုပါတယ်။

  • ကလေးများရဲ့ စိတ်ပိုင်းဆိုင်ရာကို တိုးတက်ကောင်းမွန် စေသည်
  • သုတေသနတွေအရ အိမ်မွေးတိရစ္ဆာန် မွေးထားတဲ့ ကလေးများရဲ့ စိတ်ပူပန်မှုနဲ့ စိတ်ဖိအားဟာ ထင်ထားတာတက် လျော့နည်းတယ်လို့ သိရပါတယ်။ ဒါ့အပြင် အိမ်မွေးတိရစ္ဆာန်များဟာ ကလေးများ မိမိကိုယ်ကို သိမြင်နားလည်စေဖို့၊ အထီးကျန်တယ်လို့ မခံစားရဖို့၊ ကိုယ်ချင်းစာတရားရှိလာဖို့ အထောက်အကူ ပြုပါတယ်။ အိမ်မွေးခွေးလေးတစ်ကောင်ဟာ ကလေးတွေ အမှားလုပ်မိချိန်မှာ အပြစ်တင်တာ၊ လှောင်ပြောင်ရယ်မောတာ မလုပ်တတ်ကြပါဘူး။

    ဒါကြောင့် ကလေးတွေဟာ အိမ်မွေးခွေးလေးတွေနဲ့ ဆော့ကစားရင်း မိမိကိုယ်ကို ယုံကြည်မှု တိုးပွားလာနိုင်ပါတယ်။ ဒါ့အပြင် ကလေးများနဲ့ အိမ်မွေးတိရစ္ဆာန်များရဲ့ ပေါင်းသင်းဆက်ဆံရေးဟာ ကလေးတွေ ကျောင်းမှာ ကြုံရမယ့် လူမှုပေါင်းသင်း ဆက်ဆံရေးကို အကျိုးဖြစ်ထွန်းစေပါတယ်။ အော်တစ်ဇင်ဖြစ်နေတဲ့ ကလေးငယ်များဟာ အိမ်မွေးတိရစ္ဆာန်များနဲ့ ဆော့ကစားတဲ့အခါ အကျိုးများစွာ ဖြစ်ထွန်းပါတယ်။

    • အိမ်မွေးတိရစ္ဆာန်က သင့်ကလေးကို သင်ကြားပေးနိုင်သော အရာများ

    မကြာသေးမီက သုတေသနပြုချက်အရ ကလေးငယ်များဟာ အိမ်မွေးတိရစ္ဆာန်များနဲ့ ဆော့ကစားရာက ဖြစ်ပေါ်လာတဲ့ လှုပ်ရှားမှုနဲ့ အတွေးများကတဆင့် သိမှတ်သင်ယူမှု စွမ်းရည်တွေ တိုးတက်လာနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စာနာရိုင်းပင်းတတ်မှု၊ ကိုယ်ချင်းစာမှု စတာတွေ သိမြင်လာနိုင်ပြီး တစ်ဦးအပေါ်တစ်ဦး အလေးထားနိုင်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်ကို စောင့်ရှောက်ဂရုစိုက်ရာကတဆင့် ကိုယ်ပိုင်စွမ်းရည်၊ တာဝန်ယူတတ်မှု စတာတွေကို သင်ယူလာနိုင်ပါတယ်။

    • ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများ

    အပြင်ထွက်ဆော့ကစားဖို့ စိတ်မပါတဲ့ကလေးများဟာ အိမ်မွေးတိရစ္ဆာန်များနဲ့ ဆော့ကစားနိုင်ပါတယ်။ သူတို့နဲ့ အပြင်ထွက်ပြီးလည်း ပျော်ရွှင်စွာ လည်ပတ်နိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တစ်ကောင် ပိုင်ဆိုင်ခြင်းဟာ မိသားစုတစ်ခုလုံးအတွက်ရော ကလေးများအတွက်ပါ ကြီးမားတဲ့ အတွေ့အကြုံ ဖြစ်ပါတယ်။

    သူတို့ဟာ သင့်မိသားစုရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြင့်တက်စေတဲ့၊ သင့်ကလေးတွေအတွက် ပျော်ရွှင်မှုတွေကို ယူဆောင်လာနိုင်တဲ့ မိသားစုဝင် တစ်ယောက်ပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Ye Kyaw Hlaing မှ ရေးသားသည်။ · 26/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement