backup og meta

အားဆေးသောက်ဖို့ လို၊ မလို ဝေခွဲရခက်နေပြီလား


Ye Myo Myat မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူတွေမကြာခဏ မေးတတ်တဲ့ မေးခွန်းတွေထဲမှာ ကျန်းမာနေတဲ့ သူတစ်ယောက်က အားဆေးေသာက်ဖို့ လိုလို့လား၊ အားဆေးမသောက်ရင်ရော မကျန်းမာနိုင်တော့ဘူးလား စတဲ့ မေးခွန်းတွေ အစုံပါပဲ။ တကယ်တမ်းကျ အားဆေး၊ ဖြည့်စွက်စာေတွဆိုတာ အစားအစာကနေ မရနိုင်တဲ့၊ မရလိုက်တဲ့ အာဟာရတွေကို ဖြည့်စွက်ပေးတဲ့အတွက် ကိုယ်ခန္ဓါက အာဟာရချို့တဲ့ခြင်း မဖြစ်ရလေအောင် ကူညီပေးတာဖြစ်ပါတယ်။ ဒါဆို ဘာကြောင့် အားဆေးသောက်ဖို့ လိုတာလည်းဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော် နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

    ၁။ အသက်အရွယ်က စကားပြောပါတယ်။

    လူငယ်ဆိုတော့ သန်တုန်း၊ မြန်တုန်း၊ ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည်ဆိုတော့ ဘာမှမဖြစ်ပေမဲ့ အသက်ကြီးလာတဲ့အခါ ငယ်ရွယ်စဉ်ကလောက် ကျန်းမာရေးက မကောင်းတော့ပါဘူး။ ဒါ့အပြင် ကိုယ်စားလိုက်တဲ့ အစားအစာကနေ အာဟာရဓါတ်တွေကို ကောင်းစွာ စုပ်ယူနိုင်စွမ်း အရမ်းနည်းသွားတယ်၊ ခံတွင်းပျက်တာရော၊ သွားမကောင်းတော့တာကြောင့် အစာစားချင်စိတ်က နည်းသွာတယ်။ အစာချေဖျက်တဲ့စနစ်ကလည်း ဆုတ်ယုတ်လာတဲ့အတွက် အားဆေးနဲ့ ကူပေးဖို့ လိုအပ်လာပါတယ်။

    ၂။ အာဟာရမဖြစ်တဲ့ အစားအစာတွေ အစားများတာကြောင့်။

    တစ်နေ့တာ ကိုယ်ခန္ဓါက လိုအပ်တဲ့ အစာအာဟာရတွေကို လုံလောက်စွာ မရတဲ့အခါ အာဟာရချို့တဲ့ခြင်းတွေ ဖြစ်ပြီး ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အထူးသဖြင့် လူငယ်တွေမှာ အစာအာဟာရလုံလောက်မျှတစွာ မစားဘဲ အချို၊ အငန်၊ အဆီများတဲ့ အစားအစာတွေ၊ မုန့်ပဲသရေစာတွေ စားတာ ပိုများလာတယ်။ အသင့်စား ရယ်ဒီမိတ် အစားအစာတွေကို အလွယ်တကူလုပ်စားကြတယ်။ ဒီအခါမှာ လိုအပ်သလောက် အာဟာရဓါတ်တွေကို ကိုယ်ခန္ဓါကမရနိုင်တဲ့အတွက် ဖြည့်စွက်အားဆေးတွေကို တိုက်ကျွေးဖို့ လိုလာပါတယ်။

    ၃။ ဓါတ်မတည့်တဲ့ အစားအစာတွေ များနေတာ။

    အာဟာရဖြစ်တာမှန်ပေမယ့် ကိုယ်နဲ့ ဓါတ်မတည့်တဲ့အခါ ရှောင်လိုက်ရတာ အစားအစာတွေ ရှိပါတယ်။ ဥပမာ အစေ့အဆန်တွေနဲ့ ဓါတ်မတည့်တာ၊ နို့ထွက်ပစ္စည်းတွေ စားလို့ မရတာ ဒါမှမဟုတ် သက်သက်လွတ်စားတဲ့သူတွေ၊ ကျန်းမာရေးအခြေအနေကြောင့် အစားရှောင်ရတာမျိုးပေါ့။ ပြဿနာက ဘာလဲဆိုတော့ အစားအစာတွေကို ရှောင်လိုက်တဲ့အခါ အဲ့ဒီအစားအစာကနေ ရတဲ့ အာဟာရဓါတ်တွေ နည်းသွားတာပါပဲ။ ဒီလိုအစားရှောင်ရတဲ့သူတွေအတွက် ဖြည့်စွက်အားဆေးတွေကို သောက်ဖို့ လိုပါတယ်။

    ၄။ ကြီးထွားဖွံ့ဖြိုးနေဆဲ အရွယ်တွေဖြစ်တာကြောင့်။

    ဆယ်ကျော်သက်အရွယ်တွေနဲ့ ကလေးတွေမှာ အာဟာရဓါတ်တွေ ပိုပြီးတောင် လိုအပ်ပါတယ်။ အထူးသဖြင့် ဒီဘတ်ခေတ် ကလေးတွေက အာဟာရရှိတာတွေထက် အဆီကြော်တွေ၊ အသင့်စား အစားအစာတွေ၊ အချိုများတဲ့ အစားအစာတွေ အစားများတတ်ကြတယ်မလား။ ဒီလိုအချိန်က ကြီးထွားဖွံ့ဖြိုးမှုအတွက် အကောင်းဆုံး အချိန်ဖြစ်တာကြောင့် အာဟာရချို့တဲ့တာမျိုး မဖြစ်ရလေအောင် လိုအပ်တဲ့ အာဟာရဓါတ်တွေ ပါဝင်တဲ့ အားဆေးတွေ၊ ဖြည့်စွက်စာတွေ ကျွေးပေးဖို့ လိုပါတယ်။

    ၅။ မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ဖို့။

    အသက်ကြီးလာပြီဆိုရင် ရောဂါတွေက တစ်ခုပြီးတစ်ခု ဖြစ်လာတတ်တာ သဘာဝပါပဲ။ ဒီလိုမျိုး ရောဂါတွေဖြစ်မလာအောင် ကာကွယ်ပေးဖို့၊ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးဖို့၊ အသက်ရှည်ရှည်နေနိုင်ဖို့ အားဆေးတွေကို နေ့စဉ် မှီဝဲဖို့ လိုအပ်တယ်နော်။ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ များများစားမယ်၊ အားကစားလည်း လိုက်စားမယ်၊ ကိုယ့်အတွက် လိုအပ်မယ့် အားဆေးတွေကို နေ့တိုင်း သောက်ပေးမယ်ဆိုရင်တော့ ကျန်းမာအသက်ရှည်ပြီး ရောဂါဘယကင်းဝေးမှာပါ။

    တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကို ပြည့်ပြည့်ဝဝရစေဖို့ ကိုယ့်အတွက် သင့်လျော်မယ့် အားဆေးတွေသောက်ဖို့ အရေးကြီးတယ်နော်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement