backup og meta

အသည်းရောဂါအတွက် လူနေမှုပုံစံများ


Dr. Sandar Lin မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းရောဂါအတွက် လူနေမှုပုံစံများ

    တခြားရောဂါများကဲ့သို့ပင် အသည်းရောဂါကိုကုသရာမှာ တိုးတက်ကောင်းမွန်ရန် ဆေးကုသမှုအပြင် မှန်ကန်သော နေ့စဉ်နေထိုင်မှုပုံစံသည်လည်းလိုအပ်ပေသည်။ ဒါကြောင့်အသည်းရောဂါဖြစ်လာပြီဆို ဘယ်လိုနေထိုင်စားသောက်ဖို့လိုအပ်သလဲ?

    အရက်ကိုလုံးဝရှောင်ကြဉ်သင့်သည်။

    အရက်သည်အသည်းကိုလုံးဝပျက်စီးစေတတ်သလို၊ပျက်စီးစပြုနေတဲ့အသည်းကိုလည်း ပိုမိုပျက်စီးစေတတ်သောကြောင့် အသည်းရောဂါသမားများအရက်သောက်ခြင်းကိုလုံးဝရှောင်ကြဉ်သင့်သည်။

    ကျန်းမာရေးနှင့်ညီညွှတ်သောအစာစားခြင်း

    အသည်းရောဂါသမားများဟာ အငန်ကိုလျှော့စားသင့်ပါတယ်။ အဓိကအငန် ဓါတ်ဟာ ဟင်းချက်ဆားကရတာမို့ ဟင်းချက်သောအခါ ဆားလျှော့ထည့်ခြင်း ၊

    အရသာပေါ့သောအစားအသောက်များကို ရွေးချယ်စားသုံးခြင်းများကိုပြုလုပ်ပေးသင့်ပါတယ်။

    ထို့အပြင်အငန်အစားများလာပါက အသည်းသမားများတွင် ရေဖျင်းဆွဲခြင်း၊ ခြေထောက်ဖောခြင်းများဖြစ်လာနိုင်ပါတယ်။

    ခန္ဓါကိုယ် ခုခံအားစနစ်အတွက်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓါတ်များရရှိရန်အတွက် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များက် စားသုံးပေးသင့်သည်။ ထို့အပြင် အသားဓါတ်ရရန်အတွက်လည်းပဲ၊အဆီမပါအသား၊ငါး အစရှိသည်တို့ကိုလည်းစားသုံးပေးသင့်သည်။ သို့သော်ပင်လယ်စာအစိမ်းစားခြင်းကိုတေ ရှောင်ကြဉ်သင့်သည်။

    ညွှန်ကြားချက်မပါသောဆေးဝါးများကိုရှောင်ကြဉ်ခြင်း

    အသည်းရောဂါသမားများဟာ အသည်းရဲ့ဆေးချေဖျက်မှုစနစ်အားနည်မှုကြောင့် ညွှန်ကြားချက်မပါသော ဆေးဝါးများသောက်သုံးခြင်းဟာ အသည်းကိုပိုမိုထိခိုက်စေနိုင်သည့်အပြင် တခြားကျန်းမာရေးဘေးထွက်ဆိုးကျိုးများကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။ ထို့ကြောင့် ဆေးကောင်တာများတွင်ဆေးဝါးများကိုအလွယ်တကူ ဝယ်ယူသောက်သုံးခြင်း ကိုရှောင်ကြဉ်သင့်ပြီး မည်သည့်ဆေးဝါးကိုမဆို မသောက်သုံးမီ ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့်တိုင်ပင်ခြင်းများကိုလုပ်ဆောင်သင့်ပါသည်။

    အသည်းအားကောင်းစေမည့်အလေ့အကျင့်များကိုလုပ်ဆောင်ခြင်း

    ဆေးလိပ်သောက်ခြင်းကိုစွန့်လွှတ်လိုက်ပါ။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းနှင့် ဆရာဝန်ညွှန်ကြားသည့် အသည်းအားဆေးများသောက်ခြင်းတို့ကိုလည်းပြုလုပ်သင့်ပါတယ်။

    ဒါ့အပြင်သွားကျန်းမာရေးကိုလည်း အထူးပင်ဂရုစိုက်သင့်ပါတယ်။ အသည်းရောဂါသမားများအနေဖြင့်

    အသည်းရောင်အသားဝါ ဘီပိုး၊အေပိုးကာကွယ်ဆေး၊အဆုတ်ရောင်ကာကွယ်ဆေးများကိုကြိုတင်ထိုးထားသင့်သည့်အပြင် ရက်ချိန်းအတိအကျပြန်ထိုးရန်လည်းလိုအပ်ပေသည်။

    ကာမဆက်ဆံရာတွင်အကာအကွယ်ယူခြင်း

    အသည်းရောင်အသားဝါဘီပိုး ၊စီပိုးဟာ သုတ်ရည်မှတဆင့်ကူးစက်တတ်သောကြောင့် အကာအကွယ်မဲ့ဆက်ဆံခြင်းဟာ ရာဂါပိုမိုကူးစက်လာနိုင်ပါတယ်။ ဒါ့အပြင် သင်ရော သင့်လက်တွဲဖော် ပါအသည်းရောင်အသည်းဝါကာကွယ်ဆေးကို ကြိုတင်ထိုးထားသင့်ပါတယ်။

    အတူတွဲမသုံးသင့်သောအရာများ

    ဆေးထိုးအပ်များ၊မုတ်ဆိတ်ရိတ်ဓါး၊သွားတိုက်တံ အစရှိသည်တို့ကို အတူတကွတွဲသုံးပါကလည်းအသည်းရောင်အသားဝါပိုးကူးစက်နိုင်သည်။ ထိုသို့အတူတကွ တွဲမသုံးခြင်းကလည်း သင်၏ချစ်သူခင်သူများ အပေါ် ကာကွယ်ပေးခြင်းတစ်မျိုးပဲဖြစ်သည်။

    ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းပေသည်။ နေ့စဉ်နေထိုင်မှုပုံစံကိုပြောင်းလဲလိုက်ရုံမျှဖြင့် သင်ရော သင့်လက်တွဲဖော်ပါ အသည်းရောဂါနှင့်ပတ်သတ်ပြီး စိတ်ချမ်းသာရနိုင်သည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Sandar Lin မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement