backup og meta

သီချင်းများနှင့်လူ သို့မဟုတ် ဂီတကုထုံး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သီချင်းများနှင့်လူ သို့မဟုတ် ဂီတကုထုံး

    မင်္ဂလာပါ ။Hello ဆရာဝန် စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခါမှာတော့ တေးသီချင်းတွေနဲ့ သင့်ကျန်းမာရေး ဘယ်လိုဆက်စပ်နေလဲ ဆိုတာကို ဆွေးနွေးပေးသွားမှာပါ ။

    တေးဂီတမှာ သတ်မှတ်ချက်တွေ မရှိပါဘူး ။ လူတိုင်းလူတိုင်းမှာ မိမိကြိုက်နှစ်သက်တဲ့ ဂီတအမျိုးအစား ရှိမှာပါ ။ ဂီတနဲ့ တေးသီချင်းတွေမှာ ကိုယ့်ကို စိတ်ရောလူပါ ပျော်ရွှင်နိုင်တဲ့ အစွမ်းရှိတာကို လူတိုင်း သိမှာပါ ။ ကိုယ်နှစ်သက်တဲ့ သီချင်းတစ်ပုဒ် သံစဉ်တစ်ပိုဒ် bass ဂီတာသံလေးတစ်ချက်က စိတ်ညစ်နေရင်တောင်မှ သီချင်းထဲ နစ်မြောသွားစေနိုင်တဲ့ စွမ်းအင်ရှိပါတယ် ။

    နိုင်ငံတကာမှာတော့ ဂီတကုထုံးကို စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေအတွက် အသုံးပြုတဲ့နည်းလမ်းတစ်မျိုး အဖြစ် အသုံးပြုကြပါတယ် ။ စာရေးသူကိုယ်တိုင်လည်း စိတ်ဓါတ်ကျနေတဲ့အချိန်မှာ Eminemရဲ့ Lose Yourself သီချင်းကို နားထောင်ပြီး စိတ်ခွန်အားပြန်မွေးပါတယ် ။ ကုထုံးတွေမှာတော့

    • ဂီတကို နားဆင်ခြင်း
    • သီချင်းလိုက်ဆိုခြင်း
    • သီချင်းသံနှင့် အတူကခြင်း
    • ဂီတသံကို နားဆင်ရင်း တရားထိုင်ခြင်း
    • တူရိယာ တီးခတ်ခြင်း စသည်ဖြင့် ဂီတအမျိုးအစား ၊ သင့်စိတ်အခြေအနေကို လိုက်ပြီး ကုထုံးသုံးလေ့ ရှိပါတယ် ။

    လေ့လာချက်တွေအရ မိမိကြိုက်နှစ်သက်တဲ့ နူးညံ့တဲ့ဂီတ သို့မဟုတ် ပေါက်ကွဲသံစဉ်တွေကို နားထောင်အပြီးမှာတော့

  • သောကနည်းစေခြင်း
  • စိတ်ဓါတ်ကျခြင်းကို ကုစားခြင်း
  • မှတ်ဉာဏ် ကောင်းမွန်စေခြင်း
  • သွေးတိုးကျစေခြင်း
  • နာကျင်မှု သက်သာခြင်း
  • နှလုံးနဲ့ လေဖြတ်ရောဂါ ဖြစ်နိုင်ချေ နည်းစေခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိပါတယ် ။
  • အခုခေတ်မှာတော့ ဂီတကုထုံးကို စိတ်ပိုင်းဆိုင်ရာရောဂါတွေမှာသာ ကုသရုံတင်မက ကင်ဆာဝေဒနာသည်တွေကိုပါ ရောဂါဝေဒနာသက်သာအောင် လုပ်ပေးလာကြပါတယ် ။ စိတ်သောကများတတ်သူများ ၊ စိတ်ဓါတ်ကျခြင်း ၊ အကြောင်းတစ်စုံတစ်ခုကြောင့် စိတ်ပြင်းပြင်းထန်ထန် ထိခိုက်ခြင်းများ ၊ သတိမေ့လျောခြင်း ၊ Autism – အော်တစ်ဇင်ကလေးငယ်များ ၊ စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာ ဝေဒနာသည်များ ၊ ကင်ဆာဝေဒနာရှင်များမှာ ကုထုံး အသုံးပြုတတ်ပါတယ် ။

    ဂီတကုထုံးရဲ့ အကျိုးကျေးဇူးတွေက ဒါတွေတင် မဟုတ်ပါဘူး ။ သင့်နှလုံးကျန်းမာရေးအတွက် သွေးတိုးထိန်းပေးခြင်း နဲ့ သွေးတွင်းကိုလက်စထရော အဆီကျစေခြင်း တွေကြောင့် သင့်နှလုံးနဲ့ သွေးကြောရောဂါတွေကို ကာကွယ်စေတဲ့အတွက် နှလုံးသားကိုပါ ကာကွယ်ပြီးသား ဖြစ်နေမှာပါ ။ ဒါ့အပြင် ညဘက်အိပ်မပျော်တဲ့ဝေဒနာသည်တွေအတွက်လည်း နူးညံ့တဲ့ဂီတသံစဉ်လေးတွေက ကောင်းကောင်း အကျိုးပြူမှာ ဖြစ်ကြောင်း တင်ပြရင်း နိဂုံးချုပ်ပါတယ်။

    အားလုံးကို ကျေးဇူးတင်ပါတယ်

    ရေးသားသူ – Dr.အောင်ကျော်မြင့်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement