backup og meta

ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းတွေအတွက် ဘယ်လို ပြင်ဆင်ထားမလဲ


Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းတွေအတွက် ဘယ်လို ပြင်ဆင်ထားမလဲ

    Motion sickness ကို တစ်ခါတလေ ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းလို့ လည်းခေါ်ကြပြီး ဆက်တိုက် ရွေ့လျားမှုတွေကြောင့် ဖြစ်တဲ့၊ အဖြစ်များတဲ့ နားအတွင်း အနှောက်အယှက်တစ်ခု ဖြစ်ပါတယ်။ လူတိုင်းမှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဲဒီလို ရွေ့လျားမှုတွေအပေါ် လူတွေရဲ့ ခံနိုင်ရည်တော့ ကွာပါတယ်။ များသောအားဖြင့် အသက် ၂ နှစ်မှ ၁၂ နှစ်အရွယ် ကလေးများ၊ ကိုယ်ဝန်ဆောင် မိခင်များနဲ့ ခေါင်းတစ်ခြမ်း ကိုက်တာမျိုး ဖြစ်လေ့ရှိတဲ့ သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ပင်လယ်ခရီး အပြင် motion sickness ဟာ ကားရွေ့လျားမှု၊ လေယာဉ်ပျံ လှုပ်ခါမှု တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

    ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းကို လျှော့ချနိုင်မယ့် နည်းလမ်းတချို့ကို ဖော်ပြထားပါတယ်။

    ကောင်းမွန်စွာ အနားယူထားပါ

    အိပ်ရေးပျက်ခြင်း၊ မောပန်း နွမ်းနယ်နေခြင်းက ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းကို ပိုဖြစ်စေတဲ့ အချက်တွေကို အားပေးနေပါတယ်။ ဒါ့ကြောင့် ခရီးမသွားခင် အနားယူထားပါ။

    ဆေးဝါးတွေကို အတူယူဆောင်သွားပါ

    ဆရာဝန် လက်မှတ်မပါဘဲ ရောင်းချပေးတဲ့ ဆေးဝါး (bonine, Antivert, Dramamine) တွေက ခရီးတိုတွေနဲ့ သိပ်မပြင်းထန်တဲ့ ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းတွေ အတွက် ထိရောက်ပါတယ်။ သင့် ဆရာဝန်ကလည်း ခရီးရှည်အတွက်၊ သို့မဟုတ် ပင်လယ်လှိုင်းမူးခြင်း၊ သင်က ကားမူးခြင်းကို ပြင်းပြင်းထန်ထန် ခဏခဏ ဖြစ်တတ်တယ် ဆိုရင်တော့ လိုအပ်တဲ့ ဆေးဝါးတချို့ကို ညွှန်ကြားပါလိမ့်မယ်။ ဥပမာ ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းကို ကာကွယ်ပေးနိုင်တဲ့ Transderm-Scop လိုမျိုး Scopolamine ပါဝင်တဲ့ နားအနောက် အောက်နားမှာ ကပ်နိုင်တဲ့ပစ္စည်း တစ်မျိုးကို ညွှန်ကြားကောင်း ညွှန်ကြားပါလိမ့်မယ်။ သိထားရမှာ တစ်ခုက အဲဒီ scopolamine ဟာ အိပ်ငိုက်စေခြင်း ကဲ့သိုသော တခြား ဆိုးကျိုးတွေ ရှိတာကြောင့် အသုံးပြုဖို့အတွက် ခရီးမသွားခင်မှာ သမားတော်၊ ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင် ဆွေးနွေးသင့်ပါတယ်။

    အစားအသောက်နဲ့ ပတ်သက်ပြီး သတိထားပါ

    ခရီးသွားနေစဉ် အတွင်းမှာ စားစရာ၊ သောက်စရာ၊ အရက်တွေ သောက်သုံးမှုနဲ့ ပတ်သက်ပြီး သတိထားရပါမယ်။ အရက် အလွန်အကျွံသောက်ခြင်း၊ မတည့်တဲ့ အစားအသောက်များ စားခြင်း၊ အလွန်အကျွံ စားသုံးခြင်း တို့ကို ရှောင်ကြဉ်ပါ။ တချို့သော သူများအတွက် ပြည့်တင်းစေသော၊ စပ်သော၊ အဆီများသော အစားအစာ တွေကလည်း ပင်လယ်လှိုင်း မူးခြင်း၊ ကားမူးခြင်းကို ပိုဆိုးစေပါတယ်။

    လေကောင်းလေသန့် ရအောင် နေပါ

    ပင်လယ်လှိုင်းမူးခြင်း ဖြစ်လာပါက လေကောင်းလေသန့် ရနိုင်မယ့် အပြင်ကို ထွက်ပြီး အရှေ့တည့်တည့်ကို ကြည့်ခြင်းကလည်း သက်သာအောင် အကူအညီ ပေးနိုင်ပါတယ်။ Bradberry က အဲဒီလို လုပ်ခြင်းက ရွေ့လျားနေတာတွေကို မြင်စေပြီး အတွင်းဘက်နားဆီက လာတဲ့ သတင်း အချက်အလက်တွေကို ဦးနှောက်ဆီသို့ ဆီလျော်အောင် ပို့ပေးတယ်လို့ ပြောခဲ့ပါတယ်။ လေကောင်းလေသန့် (အထူးသဖြင့် မျက်နှာဆီကို ဖြစ်တိုက်လာတဲ့လေ) ကလည်း အကူညီပေးနိုင်ပါတယ်။ အဲဒီလို လုပ်ခြင်းက လှေရဲ့ ရွေ့လျားမှုကလွဲပြီး တခြားအရာ တစ်ခုခုကို အာရုံစိုက်နိုင်အောင်လည်း ကူညီပေးပါတယ်။ ဒါ့ကြောင့် လှေ၊ သို့မဟုတ် သင်္ဘောပေါ်မှာ တက်တက်ကြွကြွ နေဖို့ ကြိုးစားပါ။

    ရေမျက်နှာ ပြင်နဲ့နီးတဲ့ သင်္ဘောအလယ်မှ အခန်းကို တောင်းပါ

    Bradberry က “သင်္ဘော ဘေးဘယ်ညာ ရွေ့တာနဲ့၊ အပေါ်အောက် ရွေ့တာက သင်္ဘောအလယ်မှာ အနည်းဆုံးပါပဲ” လို့ ပြောခဲ့ပါတယ်။ အပြင်ဘက်ကို မျက်စိနဲ့ တစ်ပြေးညီ ကြည့်နိုင်အောင် ပြတင်းပေါက်ပါတဲ့ အခန်းကိုလည်း တောင်းချင်တောင်းနိုင်ပါတယ်။

    အစားစားထားပါ

    အကောင်းဆုံး အစားတွေက အဆာပြေ အစားအစာ ဖြစ်တဲ့ မုန့်ကြွပ်၊ ဘီစကွတ်မုန့် အငံ၊ ရိုးရိုးပေါင်မုန့်နဲ့ ဘီစကွတ် အချောင်းလေးတွေပဲ ဖြစ်ပါတယ်။ အစာအိမ်ထဲမှာ ဘာမှ မရှိတာထက် အစာတချို့ ရှိတာက ပိုကောင်းပါတယ်။ ဒါပေမယ့် အများကြီး မစားဖို့တော့ သတိထားရပါမယ်။ ဂျင်းအနည်းငယ်ကိုလည်း လိုကောင်းလိုပါလိမ့်မယ်။ ဂျင်းဟာ ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းအတွက် သက်သာစေတဲ့ သဘာဝ ထုတ်ကုန် တစ်မျိုးပါ။ ပူဒီနာ အရွက်မှာလည်း အစာအိမ်ကို ငြိမ်သက်ကောင်းမွန်စေတဲ့ သက်ရောက်မှု ရှိပါတယ်။ ဘီစကွတ်နဲ့ ရေ၊ သို့မဟုတ် ဆိုဒါနဲ့ တွဲပြီး စားသောက်ခြင်းကလည်း ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းကို သက်သာစေဖို့ အကူအညီ ပေးနိုင်တယ်လို့ လူတော်တော်များများက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

    Acupressure လို့ ခေါ်တဲ့ လက်ပတ် ပတ်ပါ

    အဲဒီ လတ်ပတ်တွေဟာ နာရီဝတ်နေကျ နေရာနားက လက်ကောက်ဝတ်ကို ဖိထားပါတယ်။ လူအများစုမှာ လက်ကောက်ဝတ်ကို ဖိအားပေးထားခြင်းက ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းရဲ့ လက္ခဏာတစ်ခု ဖြစ်တဲ့ မူးဝေပြီး အန်ချင်စိတ် ဖြစ်ခြင်းကို သက်သာစေတာ တွေ့ရပါတယ်။ acupressure လက်ပတ်ကို ဆေးဆိုင်တချို့နဲ့ အွန်လိုင်း စတိုးတချို့မှာ ရနိုင်ပါတယ်။

    မူးဝေ ပျို့အန်ချင်စိတ် ဖြစ်စေနိုင်တဲ့ လှုံ့ဆော်မှုတွေကို ရှောင်ကြဉ်ပါ

    “ပင်လယ်မှာဖြစ်တဲ့ နေထိုင် မကောင်းခြင်း (seasickness) ရဲ့ အဓိက အချက်ကတော့ မူးဝေပျို့အန်ချင်စိတ် ဖြစ်ပေါ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မူးဝေခြင်းကို ဖြစ်စေတဲ့ လှုံ့ဆော်ချက်တွေ အားလုံးက Seasickness ကို ပိုဆိုးစေပါတယ်” လို့ Bradberry က ပြောခဲ့ပါတယ်။ အဆီများတဲ့ အစားအစာတွေ၊ အစပ်တွေ၊ ဖျော်ရည်၊ သံပုရာသီးကဲ့သို့ အက်ဆစ်ဓါတ်ရှိသော အစားအစာတွေ၊ အရမ်းပြည့်တင်းစေတဲ့ အစာတွေဟာ မူးဝေခြင်းကို အားပေးနေတာတွေပဲ ဖြစ်ပါတယ်။ အရက်ကို ရှောင်ခြင်းက ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အရက်ဟာ ရေဓါတ် ခမ်းခြောက်ခြင်းကို ပိုဖြစ်စေပြီး သင့် ခန္ဓါကိုယ်အတွက် ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးတာခြင်းတွေနဲ့ ပတ်သက်ပြီး ခံနိုင်ရည်ကို လျော့နည်းစေပါတယ်။ သင်ဟာ ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းတွေ ဖြစ်တတ်တယ် ဆိုရင်လည်း ပိုဆိုးစေပါတယ်။

    ခရီးစဉ် လမ်းကြောင်းကို သေချာ ရွေးချယ်ပါ

    ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းတွေ ဖြစ်တတ်တယ်ဆိုရင် သင်္ဘောအကြီးတွေနဲ့သာ သွားသင့်ပြီး ရေပြင် တည်ငြိမ်တဲ့ လမ်းကြောင်းမျိုးကို ရွေးချယ်သင့်ပါတယ်။ ဥပမာ – အတ္တလန္တိတ် ပင်လယ်ရဲ့ တခြား နေရာတွေထက်စာရင် မက္ကဆီကို ပင်လယ်အော်နဲ့ ကရစ်ဘီယန် ပင်လယ်တွေဟာ ရေမျက်နှာပြင် ပိုတည်ငြိမ်ပါတယ်။ ဒါ့အပြင် နောက်ပိုင်း ထုတ်လုပ်တဲ့ သင်္ဘောအသစ်တွေဟာ ပိုပြီးတည်ငြိမ်တဲ့ နည်းစနစ်တွေနဲ့ တည်ဆောက်ထားတာကြောင့် ခံစားရတဲ့ လှုပ်ခါမှု၊ ရွေ့လျားမှုတွေကို လျော့နည်းစေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement