backup og meta

ထူးဆန်းထွေလာ ဆေးပညာ အပိုင်း (၁)


Dr. Yee Mon Lwin မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထူးဆန်းထွေလာ ဆေးပညာ အပိုင်း (၁)

    လူတွေ လေလည်ရင် ဘာကြောင့်နံတာလဲ။

    ဆီးတွေအရမ်းများလာရင် ဆီးအိမ်ကပေါက်ကွဲတတ်လား။

    နှာခေါင်းထဲက နှာချေးဘာလို့ ထွက်တာလဲ။

    ဒီထဲမှာ ဘာတဲ့ မေးခွန်းတွေကို ကြည့်မယ်ဆိုရင် ပေါက်ပေါက်ရှာရှာမေးခွန်းတွေဆိုပြီး တွေးမိကြမှာပါ။ နေ့စဉ်ဖြစ်နေတဲ့ လုပ်နေတဲ့ အကြောင်းအရာတွေပေမဲ့ ဒီလိုအရာတွေ ဘာကြောင့် ဖြစ်နေလဲ၊ ဒါတွေမရှိရင် ဘာကြောင့် ဖြစ်လာနိုင်လဲ ဆိုတဲ့မေးခွန်းတွေကို ကိုယ့်ဘာကိုယ် မေးဖူးကြလား၊ ခန္ဓာကိုယ်မှာ သူ့ဘာသူဖြစ်နေတဲ့ ဖြစ်စဉ်တွေပဲဆိုပြီး အမှုမဲ့ အမှတ်မဲ့ပဲလား။

    ဒီအခန်းဆက် ကဏ္ဍလေးမှာ ထူးဆန်းတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ၊ လုပ်ဆောင်မှုတွေ၊ လူတွေရဲ့ အလေ့အကျင့်တွေအကြောင်း ကိုပြည့်ပြည့်စုံစုံ တင်ဆက်သွားမှာ ဖြစ်ပါတယ်။

    အပေါ်က မေးခွန်းတွေကို ဆက်ရမယ်ဆိုရင်

    မေးခွန်း ၁ –  လေလည်ရင် ဘာကြောင့်နံတာလဲ။

    လေလည်တယ်၊ အီးပေါက်တယ်ဆိုတာ လူတိုင်းလုပ်တဲ့အလုပ်ပါ။ အနံ့ထွက်လာရင်တော့ ရှက်စရာကောင်းတာပေါ့လေ။ ဒီနံတာကရော ဘာကြောင့်လဲလို့ မတွေးမိကြဘူးလား။

    လူတွေထမင်းစား၊ ရေသောက်တဲ့အခါ လေတွေကိုပါမျိုချမိကြပါတယ်။ အဲဒီလို မျိုချမိတဲ့လေတွေကို ပြန်ထုတ်တဲ့နည်းလမ်းဟာ လေလည်တာပါ။ လည်လိုက်တဲ့လေတွေထဲမှာပါတဲ့ ဟိုင်ဒရိုဂျင်ဆလဖိုက်နဲ့ အမိုနီးယား ဂက်စ်တွေမှာ အနံ့တွေရှိကြပါတယ်။ ဒါကြောင့် အီးပေါက်ရင် အနံ့နံရတာပါတဲ့။

    မေးခွန်း ၂ – နှာခေါင်းထဲက နှပ်ချေးဘာကြောင့်ထွက်တာလဲ။

    လူတစ်ယောက်ရဲ့ အသက်ရှူစနစ် (Respiratory system) ဟာနှာခေါင်းကနေစတင်ပါတယ်။ နှာခေါင်းက အသက်ရှူစနစ်ထဲက ပိုးမွှားတွေ၊ ဖုန်မှုန့်တွေမဝင်အောင် ခံတပ်အနေနဲ့ တားဆီးထားပါတယ်။ ဝင်လာတဲ့ ဖုန်မှုန့်တွေ ပိုးမွှားတွေကို ဖမ်းယူထားဖို့အတွက် နှာခေါင်းရဲ့အတွင်းနံရံက စေးပျစ်တဲ့ အရည် (mucus) ကိုထုတ်ပေးပါတယ်။ ဒါဟာ အများခေါ်တဲ့ နှာရည်ပါ။ အရည်ဆိုဘာကြောင့် တချို့ နှပ်ချေးတွေက အခဲတွေဖြစ်နေတာလဲဆိုရင်တော့ နှာခေါင်းထဲမှာ ရှိနေတဲ့ အချိန်ပမာဏအပေါ်မှာပဲမူတည်ပါတယ်။

    နောက်တစ်ချက်က နှာရည်ဟာ နှာခေါင်းအတွင်းပိုင်းကို စိုစွတ်နေစေပါတယ်။ နှာခေါင်းအတွင်းပိုင်းနံရံ ခြောက်သွေ့ပြီး အက်ကွဲလာရင် တခြားရောဂါပိုးမွှားတွေ အလွယ်တကူ ဝင်ရောက်နိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

    မေးခွန်း ၃ – ဆီးတွေအရမ်းများလာရင် ဆီးအိမ်ကပေါက်ကွဲတတ်လား။

    ဆီးအရမ်သွားချင်လာတယ်၊ အိမ်သာရှာမရသေးလို့ မသွားရတဲ့ အခြေအနေမျိုးကြုံဖူးကြတယ်မလား။ ဆီးအိမ်ကြီးအရမ်းတင်းလာပြီး ထွက်ကျတော့မယ်လို့ခံစားရတယ်။ ဒါဆိုရင် တကယ်ရော ပေါက်ကွဲသွားနိုင်လားပေါ့နော်။

    ဆီးအိမ်ကို ကြွက်သားတွေနဲ့ တည်ဆောက်ထားပါပြီးတော့ ၃၅၀ ကနေ ၅၀၀ မီလီလီတာထိဆန့်ပါတယ်။ ဆီးအိမ်ထဲမှာ ၂၀၀ မီလီလီတာ လောက်ရှိလာရင် စပြီးတော့ ဆီးသွားချင်စိတ်ဖြစ်ပါတယ်။ ၄၅၀ မီလီလီတာမှာ ဆီးထိန်းနိုင်စိတ်ပျောက်သွားပြီးတော့ ဆီးထွက်ကျတာမျိုးဖြစ်မှာပါ။

    ပေါက်ကွဲနိုင်လားဆိုတော့ ပေါက်ကွဲနိုင်ပါတယ်။ ဆီးအိမ်မပေါက်ကွဲခင်မှာ မပေါက်အောင် ခန္ဓာကိုယ်က ကာကွယ်တဲ့သဘောနဲ့ ဆီးသွားချင်စိတ်ကို စိတ်နဲ့ ထိန်းချုပ်လို့မရအောင်လုပ်လိုက်ပါတယ်။ ဆီးထွက်သွားတော့ ဆီးအိမ်တင်းတာ လျော့သွားတာပေါ့။ ဆီးအိမ်ပြည့်တင်းနေပြီး ကားတိုက်မိတာ၊ ဗိုက်ပေါ်ပစ္စည်းတွေပြုတ်ကျတာ၊ မတော်တဆမှုတွေမှာ တော့ ဆီးအိမ်ပေါက်ကွဲတာဖြစ်နိုင်ပါတယ်။ ဆီးအောင့်ထားလို့ ဆီးအိမ်တင်းရုံနဲ့ကတော့ ဆီးအိမ်မပေါက်ကွဲဘဲ  ဆီးထွက်ကျတာက ပိုဖြစ်နိုင်ပါတယ်။

    ဒီတစ်ပိုင်းမှာတော့ ဒီလောက်ပါပဲ။ နောက်အပိုင်းတွေမှာလည်း ထူးဆန်းတဲ့ မေးခွန်းထုတ်ချင်စရာကောင်းတဲ့ ခန္ဓာကိုယ်ဖြစ်စဉ်တွေအကြောင်းကို စိတ်ဝင်စားဖွယ် ဆက်လက်တင်ဆက်သွားပါဦးမယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Yee Mon Lwin မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement