backup og meta

စွမ်းအင်မြင့်တင်ဖို့ အမြန်ဆုံးနည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စွမ်းအင်မြင့်တင်ဖို့ အမြန်ဆုံးနည်းလမ်းများ

    မနက်စောစောမှာ အားအင်အပြည့်နဲ့ ထလာပြီး အီးမေးလ်တွေပို့၊ လုပ်စရာရှိတာတွေလုပ် နောက်ပြီး နှစ်နာရီလောက်လဲကျရော အကုန်လုံးဟာ ပင်ပန်းကုန်ကြတော့ တာပါပဲ။ ဒီ နေ့လည်ပိုင်းအချိန်ဟာ ရုံးမှာ အလုပ်လုပ်ဖို့ မကောင်းဆုံးအချိန်ပါပဲ။

    အလုပ်ဆင်းဖို့လဲ သိပ်မလိုတော့တာကြောင့် သင်ဟာ စိတ်လျှော့ချင်တာလဲ ပါပါတယ်။ ဒီဆောင်းပါးမှာ နေ့လည်ပိုင်း လုပ်ကိုင်မကောင်းချိန်ကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ ဖေါ်ပြထားပါတယ်။

    အားအင် ပြည့်ဝစေတဲ့ နည်းလမ်းပေါင်း ၁၂ ခုလောက်ရှိပါတယ်။ တစ်ခု၊ နှစ်ခု ဒါမှမဟုတ် ၁၂ ခုလုံးကို ကြိုးစားကြည့်လိုက်ရင် အားအင်တွေ ပြည့်ဝလာတာကို တွေ့ရမှာပါ။

    Magnesium စားသုံးမှုကို မြှင့်တင်ပါ။

    အစာစားခြင်းဟာ သင့်အားအင်ပမာဏကို မြင့်တက်စေပါတယ်။ အချိုစားခြင်းဟာ အားရှိစေတယ်လို့ သင်ထင်မှာ ဖြစ်ပေမယ့် magnesium ပါဝင်တဲ့ အစာတွေက ပိုအကျိုးရှိပါတယ်။ magnesium ကို အမျိုးသမီးတွေမှာ 300mg နဲ့ အမျိုးသားတွေမှာ 350 mg နေ့စဉ်သောက်သင့်ပါတယ်။ သင်စားသင့်တဲ့ magnesium ပါဝင်တဲ့ အစားအစာတွေကတော့

    • မက်မွန်စေ့၊ ဟေဇယ်စေ့၊ သီဟိုဠ်စေ့
    • Whole grains (အထူးသဖြင့် Bran cereal)
    • ငါး (အထူးသဖြင့် Halibut)

    လမ်းလျှောက်ခြင်း

    ထိုင်ရာကထပြီး ရုံးတစ်ပတ်ကို ၁၅ မိနစ်လောက် လမ်းထလျှောက်လိုက်ပါ။ နောက် ၄၅ မိနစ်ကို သေချာအလုပ်လုပ်နိုင်မယ်ဆိုရင် ၁၅ မိနစ်လောက် အလုပ်မလုပ်ပဲ နေခြင်းက ဘာမှ မဖြစ်ပါဘူး။ ကိုယ့်ကိုယ်ကို တက်ကြွအောင် နေခိုင်းခြင်းဟာ ပင်ပန်းနွမ်းနယ်မှုကို တိုက်ထုတ်နိုင်ပါတယ်။

  • လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် သင့်နှလုံးဟာ ပိုမြန်မြန်ခုန်ပြီးတော့ အခြားကိုယ်ခန္ဓါအစိတ်အပိုင်းတွေကို အောက်စီဂျင်ပိုမို သယ်ပို့ပေးပါတယ်။ စွမ်းအင်ထုတ်ယူဖို့အတွက် သင့်ဆဲလ်တွေက အောက်စီဂျင်ပိုရတယ်လို့ဆိုလိုတာပါ။
  • မနက်မှာ မိနစ်၃၀ လောက်လမ်းလျှောက်ခြင်းဟာ နေ့တစ်နေ့ကို စတင်ဖို့ adrenaline ကို ထုတ်ပေးလိုက်ပါတယ်။
  • မနက်စာကို မကျော်လိုက်ပါနဲ့

    အလုပ်ကိုမြန်မြန်ရောက်ဖို့ မနက်စာကို ကျော်ကောင်းကျော်လိုက်ပါလိမ့်မယ်။ ဒါပေမယ့် မနက်စာဟာ တစ်နေ့တာလုံးအတွက် အရေးအကြီးဆုံးအစာဖြစ်ပါတယ်။ အာဟာရပြည့်ဝတဲ့ နည်းတွေနဲ့ စားသုံးဖို့ဟာလည်း အရေးကြီးပါတယ်။

    • 20,35 mg အဆီထုတ်ပြီး နွားနို့ (သို့) ပဲနို့
    • အသီးအနည်းငယ်ကို ရေခဲထည့်ပြီး မွှေစက်ထဲထည့်ကာ အသီးဖျော်ရည်ကို သောက်သုံးနိုင်ပါတယ်။
    • အမျှင်ပါတဲ့ အစာတွေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီအနည်းငယ်ပါတဲ့ wheat germ (သို့) ground flax seed

    ရေများများသောက်ပါ။

    ရေဓါတ်ခန်းခြောက်ခြင်းဟာ အောက်စီဂျင်ကို ကြွက်သားတွေဆီ သယ်ပို့ခြင်းကို တားမြစ်ပြီး ပင်ပန်းနွမ်းနယ်ခြင်းနဲ့ အားမရှိခြင်းကို ဖြစ်စေပါတယ်။

    • တစ်နေ့ကို ရေ၊ အုန်းရေ၊ လတ်ဆတ်တဲ့ အသီးဖျော်ရည်တွေကို ၂ လီတာကနေ ၃ လီတာလောက် အထိ သောက်သုံးပါ။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး သကြားမပါတဲ့ လတ်ဆတ်တဲ့ အသီးဖျော်ရည်ကို ရွေးချယ်ပါ။

    သဘာဝအတိုင်း အားပြည့်စေတဲ့အစာတွေကိုစားပါ။

    • အသီးပါဝင်တဲ့ မုန့် – အသီးတွေမှာ သဘာဝ သကြားဓါတ်ပါဝင်ပြီး နုံးနေတယ်ဆိုရင် လန်းဆန်းစေပါတယ်။
    • အသီးတွေမှာ အမျှင်ဓါတ်ပါဝင်ပြီးတော့ သွေးထဲက သကြားဓါတ်ပမာဏကို ထိန်းညှိပေးပါတယ်။
    • ဗီတာမင်နဲ့ သတ္တုဓါတ်ကြွယ်ဝတဲ့ အသီးဖျော်ရည် ပြုလုပ်ဖို့အတွက် အသီးတွေကို ရေခဲနဲ့ရောပါ။
    • ဘလူးဘယ်ရီသီး၊ စတော်ဘယ်ရီသီးနဲ့ ငှက်ပျောသီးတစ်ဝက်၊ နာနတ်သီး ¼ cupကို နွားနို့် ½ cup နဲ့ရောပြီး အသီးဖျော်ရည် ပြုလုပ်နိုင်ပါတယ်။

    နားချိန်တွေ ယူပါ။

    ခဏနားပြီးတော့ အမြန်ပြီးရမယ့်အလုပ်တွေကို သင့်စိတ်ထဲက ခဏထုတ်လိုက်ပါ။ ဒါဟာ သင့်ကို စိတ်ဖိစီးမှု လျော့ကျစေပြီး ပင်ပန်းနွမ်းနယ်ခြင်းက ကာကွယ်ပေးပါတယ်။ ငါးမိနစ်လောက် နားလိုက်ခြင်းဟာ သင့်ကို အကြံဉာဏ်ကောင်းတွေ ပိုထွက်စေပါတယ်။ တကယ်လို့ စားစရာ လက်ထဲမှာ မရှိဘူးဆိုရင် ခဏနားလိုက်ခြင်းဟာလည်း ခေါင်းရှင်းစေနိုင်ပါတယ်။

    ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်ပါ။

    ဆေးလိပ်သောက်သူတွေဟာ ဖြတ်လိုက်တဲ့အခါမှာ အားရှိလာတာကို ခံစားရမှာပါ။

    • ဆေးလိပ်ဖြတ်ပြီး နှစ်ပတ်ကနေ ၁၂ ပတ်အတွင်းမှာ ကိုယ်ခန္ဓါရဲ့ သွေးလည်ပတ်မှုဟာ တိုးတက်လာပြီးတော့ ကိုယ်လက်လှုပ်ရှားမှုတွေ ဖြစ်တဲ့ ရေကူးခြင်း၊ လမ်းလျှောက်ခြင်းနဲ့ ပြေးခြင်းတွေကို သက်တောင့်သက်သာ လုပ်လာနိုင်မှာ ဖြစ်ပါတယ်။
    • ပြောစရာမလိုပဲ ဆေးလိပ်ဖြတ်ခြင်းဟာ သင့်ကျန်းမာရေးအတွက် ကောင်းမွန်ပြီး အသက်ပိုရှည်လာခြင်း၊ ကလေးရရှိမှု ပိုမိုကောင်းမွန်ခြင်း၊ နုပျိုတဲ့ အရေပြားရရှိခြင်း၊ သွားဖြူလာခြင်းနဲ့ အသက်ရှူလို့ပိုကောင်းလာခြင်း စတဲ့ အကျိုးကျေးဇူးတွေလည်း ရရှိစေနိုင်ပါတယ်။

    စိတ်ဖိစီးမှုနဲ့ ဒေါသနဲ့ တုန့်ပြန်ခြင်းကို လျှော့ချပါ။

    စိတ်ဖိစီးမှုဟာ သင့်အားအင်ကို အလျင်အမြန် လျော့ကျစေပါတယ်။ စိတ်ဖိစီးမှုတွေဟာ အလုပ်၊ မိသားစုနဲ့ ကိုယ်ပိုင် ပြဿနာတွေ ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါဟာ သင့်ကို တစ်နေကုန် အိပ်ရာထဲမှာ နေရင်တောင် စိတ်ရောကိုယ်ပါ ပင်ပန်းစေနိုင်ပါတယ်။

    စိတ်ဖိစီးမှုကို ပြေပျောက်စေတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ပါတယ်။

    လူအတော်များများအတွက်ကတော့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ ဒီလောက် လှုပ်လှုပ်ရှားရှား မလုပ်ချင်ဘူးဆိုရင် အောက်ဖေါ်ပြပါ အချက်တွေကို ပြုလုပ်သင်ပါတယ်။

    • သီချင်းနားထောင်ခြင်း၊ ဝတ္ထုဖတ်ခြင်း၊ ဖုန်းပြောခြင်း
    • ရယ်မောခြင်းဟာလည်း သင့်ကို စိတ်သက်သာရာရစေပါတယ်။ နေ့လည်စာစားနေချိန်မှာ ကာတွန်းစာအုပ် (သို့) သင်နှစ်သက်ရာ youtube channel ကို ကြည့်ရှုနိုင်ပါတယ်။

    အနံ့ကုသမှု ယူကြည့်ပါ။

    အနံ့နဲ့ ကုသခြင်းဟာ စိတ်တည်ငြိမ်ခြင်းကိုဖြစ်စေတာကြောင့် ပိုမိုထင်ရှားလာပါတယ်။ သူ့ရဲ့ လူကြိုက်များတဲ့အနံ့တွေကတော့ ပက်ပါမင့်၊ သံပုရာနဲ့ ဂရိပ်ဖရုတို့ပဲဖြစ်ပါတယ်။ ဒါတွေဟာ essential oils တွေနဲ့ bath bombs တွေနဲ့ လာတတ်ပါတယ်။

    • ဆယ်မိနစ်လောက် မျက်စိမှိတ်ပြီး ပုလင်းထဲက အနံ့ကို ရှူကြည့်သင့်ပါတယ်။ ဒါမှမဟုတ် အခန်းထဲကို အနံ့ပါတဲ့ ဖြန်းဆေး သုံးပေးသင့်ပါတယ်။

    အလုပ်မှာ အမွှေးနဲ့မဖြန်းခင် အခြားသူတွေကိုလည်း မေးမြန်းကြည့်သင့်ပါတယ်။

    ပဟေဠိအဖြေရှာပါ။

    အလုပ်မှာပင်ပန်းနေရင် အခြားအရာတစ်ခုမှာ အာရုံစိုက်လိုက်ခြင်းဟာ အားအင်ပြည့်ဝစေပါတယ်။

    • ပဟေဠိ အဖြေရှာခြင်းဟာ သင့်စိတ်ကို ကြည်လင်စေပြီး စိတ်ပင်ပန်းမှု သက်သာစေပါတယ်။
    • အွန်လိုင်း ပဟေဠိတွေဟာ ခက်ခဲပြီး ဆယ်မိနစ်လောက် အချိန်ယူကာ အဖြေရှာနိုင်ပါတယ်။

    နေရောင်ခြည်နဲ့ ထိတွေ့ပါ။

    အချိန်အတော်များများမှာ ပင်ပန်းခြင်းဟာ ဟော်မုန်းပမာဏ နည်းပါးခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အားအင်ပြည့်ဝမှုနဲ့ ပတ်သက်တဲ့ဟော်မုန်းကတော့ serotonin ဖြစ်ပါတယ်။ ဒီဟော်မုန်းဟာ နေရောင်ခြည်နဲ့ ထိတွေ့လိုက်ရင် တိုးမြှင့်ထွက်လာတာပါ။

    နေရောင်ခြည်မရရှိခြင်းဟာ စိတ်ကျမှု လက္ခဏာတွေဖြစ်နိုင်ပါတယ်။ နေရောင်ဟာ အားအင်နဲ့ ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်ပဲဖြစ်ပါတယ်။

    နေရောင်ဟာ ဗီတာမင် ဒီထွက်ရှိမှုကို အားပေးပြီး အရိုးတွေ၊ ကိုယ်ခံအားစနစ်ကို ကျန်းမာသန်စွမ်းစေပြီး ဟော်မုန်းတွေရဲ့ လုပ်ငန်းဆောင်တာကို ထိန်းသိမ်းပေးပါတယ်။

    • နေ့တိုင်းတစ်နေ့ကို ငါးမိနစ်လောက် နေရောင်ခြည်နဲ့ ထိတွေ့သင့်ပါတယ်။
    • နေရောင်ခြည်နဲ့ အချိန်အကြာကြီးထိတွေ့မယ်စိတ်ကူးရင် နေရောင်ကာတဲ့ အဝတ်အစားတွေနဲ့ အရာတွေကို အသုံးပြုသင့်ပါတယ်။

    အားအင်ပြည့်ဝစေတဲ့ အခြားနည်းလမ်းများ

    • လှေကားကိုအသုံးပြုပါ။ သင့်ရုံးခန်းဟာ နှစ်ထပ်သုံးထပ်ဆိုရင် ဓါတ်လှေကားသုံးမယ့်အစား လှေကားကိုသာ အသုံးပြုပါ။
    • Guided imagery ကို စမ်းကြည့်ပါ။ သင့်စားပွဲပေါ်မှာ ထိုင်နေတုံး ကမ်းခြေက အားလပ်ရက်တစ်ခုကို စိတ်ကူးယဉ်ကြည့်ပါ။ ဒါဟာ သင့်ကို လက်တွေ့ဘဝကနေ ခဏ အနားရစေပါတယ်။
    • ကဗျာဖတ်ပါ။ ကဗျာဟာ လက်တွေ့ဘဝကနေ ခဏအနားရဖို့ ကူညီပေးပါတယ်။
    • ရေအေးအသုံးပြုပါ။ ရေချိုးခန်းထဲက ရေအေးနဲ့ မျက်နှာသစ်လိုက်ခြင်းဟာ အားအင်ပြန်လည်ပြည့်ဝစေပါတယ်။
    • ဖြည့်စွက်စာစားပါ။ အားအင်ပြည့်ဝစေတဲ့ ဖြည့်စွက်စာ အမြောက်အမြားရှိပါတယ်။ သင့်မှာ ကျန်းမာရေး အခြေအနေတစ်ခုဖြစ်နေရင် (သို့) ဆေးသောက်နေရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
    • အသက်ပြင်းပြင်းရှူပါ။ အသက်ပြင်းပြင်းရှူပြီး နံပတ် ၇ အထိ အသက်အောင့်ထားခြင်းဟာ အကျိုးရှိပါတယ်။ နံပါတ် ၈ ကစပြီး ဖြည်းညင်းစွာ အသက်ရှူထုတ်ပါ။ ထပ်ခါထပ်ခါ ပြုလုပ်ပါ။

    အချို့အကြံပြုချက်တွေကတော့ သိသာပေမယ့် ဘယ်နည်းလမ်းကိုပဲသုံးသုံး ကိုယ့်ကိုယ်ကို အားအင်ပြည့်ဝဖို့အတွက်သာ အသုံးပြုသင့်ပါတယ်။ ၁၀မိနစ်နားချိန်ကို မလှုပ်ရှားပဲ အချိန်မဖြုန်းလိုက်ပါနဲ့။ လှုပ်လှုပ်ရှားရှားနေပါ။ သင့်ပေါ်ပဲ မူတည်ပါတယ်။ ဆယ်မိနစ်ကို အချိန်ရွှေ့ပြီး ဖြုန်းတီးမလား ဒါမှမဟုတ် ကျန်တဲ့အချိန်တွေကို အားအင်ပြည့်ပြည့်နဲ့ ဖြတ်သန်းဖို့ လှုပ်လှုပ်ရှားရှားလုပ်မလားဆိုတာ သင့်ပေါ်ပဲ မူတည်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement