ခြေဖျားတွေက အေးစက်နေမယ်ဆိုရင်တော့ သွေးလည်ပတ်မှုသိပ်မကောင်းတာကြောင့်ဖြစ်နိုင်သလို သိုင်းရွိုက်ပြဿနာရှိနေတာလည်းဖြစ်နိုင်ပါတယ်။ ဒီပြဿနာက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါ။ တကယ်လို့ သင်က အသက် ၄၀ ကျော်ပြီ အမြဲလိုလိုခြေဖျားတွေအေးနေမယ်ဆိုရင်တော့ သိုင်းရွိုက်စစ်ဆေးမှုလုပ်သင့်ပါတယ်။
ခြေထောက်ကအနာမကျက်ဘဲ ဖြစ်နေရင်
ခြေထောက်ကို မတော်တဆထိခိုက်မှုဖြစ်တာကြောင့် ထိခိုက်မိတဲ့ ဒဏ်ရာက အချိန်အတော်ကြာတဲ့အထိ အနာမကျက်ဘူးဖြစ်နေမယ်ဆိုရင်တော့ သွေးတွင်းသကြားဓာတ်ကိုစစ်ဆေးဖို့လိုပါမယ်။ ဒီလက္ခဏာက ဆီးချိုရှိသူတွေရဲ့ လက္ခဏာတစ်ရပ်ဖြစ်နေနိုင်တာကြောင့်ပါ။ မြန်နိုင်သမျှမြန်မြန် ဆရာဝန်နဲ့ပြသဖို့လိုပါမယ်။
ခြေထောက်တွေ ထုံကျဉ်နေရင်
ခြေထောက်တွေက အထိအတွေ့တွေကို မသိဘဲ ထုံနေမယ်ဆိုရင် ခြေထောက်က အာရုံခံနိုင်စွမ်းကျနေတာကြောင့်ဖြစ်နိုင်ပါတယ်။ အာရုံကြောလေးတွေပျက်စီးနေတာကြောင့် ဦးနှောက်ဆီကို သတင်းမပို့နိုင်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါက ဆီးချိုရောဂါရဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်သလို အရက်အလွန်အကျွံသောက်သုံးမှု၊ ဓာတုကုထုံးခံယူမှုတွေရဲ့ ရလဒ်ဖြစ်နိုင်ပါတယ်။
ခြေချောင်းအမွေးလေးတွေမရှိဘူးဆိုရင်
ခြေချောင်းမှာ အမွေးလေးတွေမရှိတာ၊ ခြေသည်းအရောင်တွေပြောင်းနေတာက သွေးစီးဆင်းမှုမကောင်းတာရဲ့ လက္ခဏာတစ်ရပ်ပါ။ သွေးကြောလေးတွေမကျန်းမာဘူးဆိုတဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်သလို ရုတ်တရက်နှလုံးရပ်တာ နဲ့ လေဖြတ်တာကို ခံစားရနိုင်တယ်ဆိုတဲ့ လက္ခဏာတစ်ရပ်ပါ။ ဆရာဝန်နဲ့သွားပြဖို့လိုပါမယ်။
ကြွက်တက်ရင်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။