backup og meta

ကြက်သားစားရင် ဘာလို့အနာကျက်မြန်တာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 01/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြက်သားစားရင် ဘာလို့အနာကျက်မြန်တာလဲ

    ကြက်သားစားရင် ဘာလို့အနာကျက်မြန်တာလဲ ….. ကိုယ့်မှာ ထိခိုက်အနာတရတစ်ခုခုရှိနေပြီဆိုရင် အမေအမြဲပြောတယ်မလား။ ကြက်သားစားမှ အနာမြန်မြန်ကျက်မှာဆိုပြီးလေ။ ငယ်တုန်းကဆို ခဏခဏဒူးပြဲ၊ နဖူးကွဲ၊ လက်နဲ့ ခြေထောက်ထိခိုက်ပွန်းပဲ့တာတွေ ဖြစ်ဖူးကြမှာပဲဆိုတော့ ကြက်သားတွေစားခဲ့ရမှာ သေချာပါတယ်။ ကိုယ်က သတိမထားမိခဲ့တာပဲရှိမှာပါ။

    ကြက်သားစားရင် ဘာလို့အနာကျက်မြန်တာလဲ

    ကြက်သားစားရင် ဘာလို့အနာကျက်မြန်တာလဲ ဆိုတော့ ကြက်သားစားရင် အနာက အသားတက်တာမြန်တယ်တဲ့။ အရွယ်ရောက်လာတော့ ဒီလိုကြားရရင် သိပ်မယုံချင်တော့ဘူး။ ကြက်သားစားရင် အားရှိတာကလွဲလို့ အနာနဲ့ဘာဆိုင်လို့လဲတွေးမိလာတယ်။ တကယ်က ဒီအချက်က မှန်ပါတယ်။ ကြက်သားမှာ ကြွယ်ဝစွာပါဝင်တဲ့ပရိုတင်းကြောင့်ပါ။

    အနာကျက်ခြင်းဖြစ်စဉ်အပေါ် သက်ရောက်မှုရှိနိုင်တဲ့အချက်တွေက အများကြီးရှိပါတယ်။ ဒါပေမယ့် သန့်ရှင်းမှု၊ မှန်ကန်တဲ့ ဂရုစိုက်မှု၊ ဖုံးအုပ်ကာကွယ်မှုတို့လို အချက်တွေအပြင် စားသောက်မှုအာဟာရကလည်း အရေးပါတယ်ဆိုတာ မမေ့သင့်ပါဘူး။ သင့်တင့်လုံလောက်တဲ့ အာဟာရတွေစားသုံးဖို့ ဂရုမစိုက်ရင် အနာကျက်နိုင်စွမ်းကိုနှောင့်နှေးစေပြီး အနာရင်းစေနိုင်၊ အမာရွတ်ဖြစ်စေနိုင်ပါတယ်။ ညီညွတ်မျှတတဲ့ ဂလူးကို့စ်ပမာဏ၊ ဗီတာမင် C ကယ်လ်စီယမ်ဓာတ်တွေလိုပဲ ပရိုတင်းရဲ့သက်ရောက်မှုကလည်း မသေးပါဘူး။

    လူ့ခန္ဓာကိုယ်ဟာ ကြွက်သား၊ အရေပြားနဲ့ တခြားတစ်ရှူးတွေတည်ဆောက်နိုင်ဖို့၊ ပြန်လည်ပြုပြင်ဖို့အတွက် ပရိုတင်းဓာတ်ကို လိုအပ်ပါတယ်။ ပရိုတင်းဓာတ်ကရောဂါပိုးတွေကိုခုခံနိုင်ပြီး ခန္ဓာကိုယ်တွင်းက အရည်ဓာတ်တွေကို ထိန်းညှိပေးတယ်၊ ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင်ပို့လွှတ်မှုကိုလည်း ကူညီအားပေးတယ်။ ဒါ့ကြောင့် ထိခိုက်ဒဏ်ရာတစ်ခုခုရှိရင် အစာစားရင် ဆေးဖြစ်အောင်စားပါ၊ ကယ်လိုရီလုံလောက်အောင် စားဖို့နဲ့ ပရိုတင်းကြွယ်ဝတာပိုစားဖို့ သတိရသင့်ပါတယ်။

    ပရိုတင်းရဲ့လုပ်ဆောင်ချက်

    ပရိုတင်းက ခန္ဓာကိုယ်မှာ –

    • ဟော်မုန်းနဲ့အင်ဇိုင်းတွေထုတ်လုပ်မှု၊
    • ဆဲလ်တွေ ပွားများမှုနဲ့
    • အရေပြားနဲ့ တစ်ရှူးဖွံ့ဖြိုးမှုကို အားပေးတယ်၊
    • ရောဂါပိုးဝင်ခြင်းကို ကာကွယ်ပေးတယ်၊ ခုခံပေးတယ်၊
    • ခန္ဓာကိုယ်ထဲမှာ အရည်ဓာတ်နဲ့ သတ္တုဓာတ်တွေကိုထိန်းညှိပေးတယ်၊
    • ခန္ဓာကိုယ်အနှံ့နဲ့ အနာတဝိုက် အောက်ဆီဂျင်ရောက်ရှိမှုကို ကူညီပေးတယ်။

    ပရိုတင်းက အနာကျက်ဖို့ ဘယ်လိုအကျိုးပြုသလဲ

    ထိခိုက်ယိုယွင်းနေတဲ့ တစ်ရှူးတွေကို ပြန်လည်ကောင်းမွန်လာအောင် ပရိုတင်းက ကူညီပေးတာဖြစ်တဲ့အတွက် ပရိုတင်းဓာတ်ချို့တဲ့နေသူတွေမှာ အနာကျက်နှေးတာတွေ့ရပါတယ်။ ခန္ဓာကိုယ်မှာ ပရိုတင်းဓာတ်မလုံလောက်တဲ့အခါ ကော်လာဂျင်ဖြစ်ပေါ်မှုမှာ ပြဿနာရှိလာပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရှိနေရင် အနာတဝိုက်မှာ အရည်ဆုံးရှုံးမှုကြောင့် အနာကျက်ခြင်းဖြစ်စဉ်အတွင်း ခန္ဓာကိုယ်မှာ ပရိုတင်းဆုံးရှုံးမှုပိုဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ အနာမကျက်ခင်ကာလအတွင်း ပရိုတင်းများများစားသင့်တာပါ။

    တစ်နေ့ကို ပရိုတင်းပမာဏ ဘယ်လောက်စားဖို့လိုလဲဆိုတာကတော့ ပုံမှန်အားဖြင့် အသက်အရွယ်၊ လိင်ကွဲပြားမှု၊ လှုပ်ရှားမှုတို့ကို မူတည်ပါတယ်။ ထိခိုက်ဒဏ်ရာ ရှိနေရင်တော့ ပရိုတင်း ပိုစားပေးဖို့လိုတဲ့အတွက် အဆီမပါတဲ့ အသား၊ ကြက်သား၊ ဘဲသား စတာတွေစားပါ။ ပရိုတင်းက အသားမှာပဲ ပါတာမဟုတ်လို့ ကြက်ဥ၊ နို့ထွက်ပစ္စည်းနဲ့ ပဲအမျိုးမျိုး၊ အစေ့အဆန်တွေကနေလည်း ရရှိနိုင်ပါတယ်။

    ဇီဝဖြစ်စဉ်တွေအားလုံးအတွက် အရေးပါတဲ့ မော်လီကျူးတွေဖြစ်တဲ့ အမိုင်နိုအက်စစ်တွေ ပရိုတင်းမှာ ပါဝင်တဲ့အပြင် glutamineနဲ့ glycine တို့က ပရိုတင်း၊ အဆီဓာတ်၊ ကာဗိုဟိုက်ဒရိတ်ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ ရေဓာတ်တွေအပါအဝင် အာဟာရဓာတ်အားလုံးကို စုပ်ယူဖို့၊ပေးပို့ဖို့၊ သိုလှောင်ဖို့ ကူညီပေးတဲ့ လုပ်ဆောင်ချက် ရှိပါတယ်။ ဒီအမိုင်နိုအက်စစ်တွေကို ခန္ဓာကိုယ်က သူ့အလိုလို မထုတ်လုပ်နိုင်ပေမယ့် အစားအစာကနေရရှိနိုင်ပါတယ်။ သုတေသနတွေအရ အမိုင်နိုအက်စစ်ဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ၊ သန္ဓေမအောင်ခြင်း၊ အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ အာရုံကြော အားနည်းခြင်းတို့လို အခြေအနေတွေကို ကာကွယ်ကုသနိုင်တယ်လို့ သိရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 01/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement