backup og meta

ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရမှု၏ အတွေ့ရများသော လက္ခဏာများ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရမှု၏ အတွေ့ရများသော လက္ခဏာများ

    ကိုယ်ခန္ဓါပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ တကယ်ကို မလွယ်ကူပါဘူး။ တခါတရံမှာ လူတွေဟာ ကိုယ်ခန္ဓါအကြမ်းဖက်မှု ဖြစ်နေတယ်လို့ မယုံကြည်တာကြောင့် ဒါကို လျစ်လျူရှုတတ်ကြပါတယ်။

    ကိုယ်ခန္ဓါပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ရှိနိုင်ပါတယ်။ အပြုအမူတွေကိုတော့ အနိုင်ကျင့်သူရော၊ အနိုင်ကျင့်ခံရသူတွေမှာပါ တွေ့နိုင်ပါတယ်။

    ဘယ်သူတွေက အကြမ်းဖက်မှုခံရသူတွေ ဖြစ်နိုင်သလဲ။

    အသိတွေ၊ သား၊ သမီး၊ မြေး၊ အခြားသူတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ခန္ဓါအကြမ်းဖက်မှုဟာ အိမ်ထောင်ဖက် (သို့) ရင်းနှီးသူတွေက ပါဝါနဲ့ ထိန်းချုပ်မှုရရှိနိုင်ဖို့အတွက် ပြုလုပ်ကြတဲ့ အိမ်တွင်းအကြမ်းဖက်မှုမျိုး ဖြစ်နိုင်ပါတယ်။ အကြမ်းဖက်မှုဟာ ပညာရေး၊ လူမှုရေး၊ ငွေရေးကြေးရေးတွေနဲ့ မဆိုင်ပဲ ဖြစ်နိုင်ပါတယ်။

    ကိုယ်ခန္ဓါအကြမ်းဖက်မှုရဲ့ လက္ခဏာများ

    ကိုယ်ခန္ဓါအကြမ်းဖက်မှုရဲ့ လက္ခဏာတွေကတော့ ကိုယ်ခန္ဓါ ဒဏ်ရာရမှုတွေပဲဖြစ်ပါတယ်။ လက္ခဏာတွေကတော့

  • ပြတ်ရှရာ
  • အညိုအမဲစွဲခြင်း
  • မီးလောင်ဒဏ်ရာ
  • လက်ကိုင်ရာ
  • မျက်လုံးအညိုအမဲစွဲခြင်း
  • ဒဏ်ရာရခြင်း ပုံမှန်မဟုတ်ခြင်း၊ မကြာခဏ အရေးပေါ်ခန်းရောက်သွားခြင်း
  • ကျန်းမာရေးအခြေအနေတွေ ဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း
  • ဒီလို ကိုယ်ခန္ဓါအကြမ်းဖက်မှုတွေဟာ သိသာထင်ရှားပြီး လူတိုင်း သတိထားမိနိုင်ပေမယ့် လူအများစုက ဒါကို ဖုံးကွယ်ဖို့ ကြိုးစားကာ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မသိစေချင်ကြပါဘူး။

    အကြောင်းရင်းကတော့ အကြမ်းဖက်သူကို ကြောက်ရွံ့ခြင်းနဲ့ ရှက်ခြင်းတွေကြောင့် ဖြစ်ပါတယ်။ ကိုယ်ခန္ဓါအကြမ်းဖက်မှုဟာ လုံးဝမှန်ကန်မှု မရှိပဲ အကြမ်းဖက်ခံရသူရဲ့ အပြစ်လုံးဝမဟုတ်ပါဘူး။ အကြမ်းဖက်ခံရသူ အတော်များများက သူတို့အပြစ်လို့ ထင်ကြပါတယ်။

    အကြမ်းဖက်မှု အစစ်မဟုတ်ရင်တောင်မှ အပြုအမူပိုင်းဆိုင်ရာ ပုံစံအချို့ကို ကိုယ်ခန္ဓါအကြမ်းဖက်မှုလို့ သတ်မှတ်နိုင်ပါတယ်။ ဒီလက္ခဏာတွေကတော့

    • ဒေါသကြီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်သူကို ကြောက်ရခြင်း
    • အကြမ်းဖက်ခံရသူရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်ခြင်း။ အကြမ်းဖက်သူတွေဟာ သူတို့ရဲ့ သားကောင်တွေကို အလုပ်သွားခြင်း၊ ကျောင်းတက်ခြင်း အစရှိတဲ့ အပြုအမူတွေကို မလုပ်ခိုင်းတာမျိုးရှိနိုင်ပါတယ်။
    • သားကောင်ကို ပိုက်ဆံမသုံးစေခြင်း၊ သားကောင်အတော်များများဟာ သူတု့ိပိုက်ဆံကို သုံးနိုင်ခြင်း မရှိပါဘူး။
    • လွန်ကဲသော မနာလိုခြင်း၊ ပိုင်ဆိုင်လိုစိတ်များပြားခြင်း
    • ဒဏ်ရာရချိန်နဲ့ ကုသချိန်ကြား အချိန်ကြာခြင်း – ဒါဟာ အကြမ်းဖက်ခံရသူက ကုသမှုခံယူဖို့ အိမ်မှ မထွက်နိုင်ခြင်းကြောင့် (သို့) အကြမ်းဖက်မှုကို ရှက်ရွံ့ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။
    • သားကောင်ဟာ ဆရာဝန်နဲ့ ချိန်းဆိုမှုတွေကို ပျက်ကွက်ခြင်း၊ ပိုက်ဆံမရှိခြင်းကြောင့် ဆေးမဝယ်နိုင်ခြင်း
    • အကြမ်းဖက်သူနဲ့သဘောမတူညီနိုင်မှာကို ကြောက်ရွံ့ခြင်း
    • အကြမ်းဖက်သူဟာ သားကောင်ရဲ့ ဘဝထဲမှ အခြားသူတွေ (သို့) တိရိစ္ဆာန်တွေကို ထိခိုက်စေခြင်း

    ကိုယ်ခန္ဓါအကြမ်းဖက်မှုရဲ့ လူသိနည်းတဲ့ လက္ခဏာများ

    ကိုယ်ခန္ဓါအကြမ်းဖက်မှုဟာ အပြင်လူတွေ မြင်နိုင်ပေမယ့် ဆိုးရွားတဲ့ ပြဿနာတွေကို ဖြစ်စေတဲ့ မပြင်းထန်တဲ့ လက္ခဏာတွေလည်း ရှိပါသေးတယ်။

    · လူမှုရေးပိုင်းဆိုင်ရာ အထီးကျန်ခြင်း၊ အသိုင်းအဝိုင်းမှ စွန့်ခွာထားခြင်း

    · စိတ်ကျခြင်း

    · ကြောက်ရွံ့ခြင်း

    · နာတာရှည် ခေါင်းကိုက်ခြင်း၊ ပင်ပန်းခြင်း၊ ဗိုက်နာခြင်း အစရှိတဲ့ ကျန်းမာရေး ပြဿနာများ

    · တင်ပါးဆုံး နာကျင်ခြင်း – မိန်းမကိုယ်၊ ဆီးလမ်းကြောင်း ရောဂါပိုးဝင်ခြင်း

    · မလိုချင်ပဲ ကိုယ်ဝန်ရခြင်း – ကိုယ်ဝန်ဆောင်စဉ် ဂရုစိုက်မှုမရှိခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိခြင်း

    · လိင်ပိုင်းဆိုင်ရာ ပြဿနာများ

    · စိတ်အစွန်းရောက်ခြင်း

    · စိတ်ပူခြင်း၊ ကြောက်ရွံ့ခြင်း၊ post-traumatic stress disorder (PTSD)

    · အိပ်စက်မှုဆိုင်ရာ ပြဿနာများ

    · အစားအသောက်ပိုင်းဆိုင်ရာ ပြဿနာများ

    · အရက်သောက်ခြင်း၊ ဆေးသုံးစွဲခြင်း

    ဒီလက္ခဏာတွေဟာ ကိုယ်ခန္ဓါအကြမ်းဖက်မှုကို ညွှန်ပြနိုင်သလို အကြမ်းဖက်ခံရသူရဲ့ ဘဝက အခြားပြဿနာတွေကိုလည်း ညွှန်ပြနိုင်ပါသေးတယ်။ ဒါကြောင့် သေချာမသိပဲ အလျင်အမြန် မဆုံးဖြတ်ဖို့ အရေးကြီးပါတယ်။

    ဒါပေမယ့် ကိုယ်ခန္ဓါအကြမ်းဖက်မှုလို့ သံသယ ရှိရင် တာဝန်ရှိသူတွေဟာ ရဲခေါ်ခြင်း၊ လူမှုဝန်ထမ်း အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ခြင်းတွေ ပြုလုပ်ခြင်းတွေ လုပ်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement