backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Fuchs' dystrophy

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Fuchs’ dystrophy ကဘာလဲ။

Fuchs’ dystrophy ဆိုတာ မျက်ကြည်လွှာကို ထိခိုက်တဲ့ မျက်စိရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ မျက်ကြည်လွှာ ဆိုတာ မြင်နိုင်အောင်ကူညီပေးသော မျက်လုံး ရဲ့ အကာပုံစံ အပြင်ဘက်က အလွှာပဲဖြစ်ပါတယ်။

ဒီရောဂါဟာ အချိန်ကြာလာသည်နှင့်အမျှ အမြင်အာရုံကို ပိုမို လျော့နည်းလာစေပါတယ်။ မျက်လုံး နှစ်လုံးလုံးကို ထိခိုက်စေပါတယ်။ သို့သော် အမြင်အာရုံ ချို့ယွင်းမှုကတော့ တစ်ဖက်မှာသာ ပိုဆိုးပါလိမ့်မယ်။

နှစ်အတော်ကြာသည်အထိ သတိမထားမိဘဲ ရှိတတ်ပါတယ်။ ရောဂါအခြေအနေ ဆိုးမှသာ သိကြပါတယ်။ အမြင်အာရုံ ဆုံးရှုံးသွားပြီဆိုရင်တော့ ခွဲစိတ်မှုလိုအပ်ပါမယ်။

Fuchs’ dystrophy က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက် ၅၀ မကျော်ခင်တွင် အမြင်အာရုံ လက္ခဏာများ မပြတတ်ပေ။ သို့သော် ကျန်းမာရေးဝန်ထမ်းကတော့ လက္ခဏာများကို စောစွာသတိထားမိနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Fuchs’ dystrophy ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

-Glare- အလင်းရောင်စူးစူးနှင့် မှိန်မှိန် တို့တွင် အမြင်အာရုံ ကျဆင်းခြင်း

-အမြင်ဝါးခြင်း- မနက်အိပ်ယာ နိုးချိန် မှာ အဆိုးဆုံးဖြစ်ပြီး တဖြည်းဖြည်း သက်သာလာပါတယ်။ ထိုကဲ့သို့ဖြစ်ခြင်းဟာ နှစ်အတော်ကြာမှ သို့မဟုတ် လုံးဝမဖြစ်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

-မျက်ကြည်လွှာ မျက်နှာပြင်မှာ အလွန်သေးငယ်သော အဖုများဖြစ်လာ၍ မျက်စိနာခြင်း၊ ခိုးလိုးခုလုဖြစ်ခြင်း

-အလင်းဒါဏ်မခံနိုင်ခြင်း၊ ညဘက်တွင် မြင်ဖို့ခက်ခဲခြင်း၊ အလင်းရောင် ပတ်ပတ်လည်တွင် ပုံသဏ္ဍာများမြင်ခြင်း။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Fuchs’ dystrophy ကိုဘာတွေကဖြစ်စေသလဲ

ပုံမှန်အားဖြင့် မျက်ကြည်လွှာဘေးပတ်လည် ရှိ endothelial ဆဲလ် များက မျက်ကြည်လွှာထဲရှိ အရည်များ ပုံမှန်လည်ပတ်နိုင်ရန် ထိန်းသိမ်းပေးပြီး မျက်ကြည်လွှာ မရောင်ရမ်းစေရန် ကာကွယ်ပေးပါတယ်။ ဒီရောဂါမှာ ထို endothelial ဆဲလ် များသေဆုံးသွားပြီး မျက်ကြည်လွှာ ရောင်ရမ်းထူလာကာ အမြင်ဝါးလာစေပါတယ်။

ဒီရောဂါဟာ မျိုးရိုးလိုက်တတ်ပါတယ်။ မိသားစုဝင်များ မှာဖြစ်တတ်သလို လုံးဝမဖြစ်တာမျိုးလည်းရှိတတ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Fuchs’ dystrophy ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

Fuchs’ dystrophy ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

-လိင်အမျိုးအစား- အမျိုးသမီးတွေမှာ အနည်းငယ်ပိုဖြစ်တာ တွေ့ရပါတယ်။

-မျိုးရိုးဗီဇ- မိသားစုဝင်ထဲတွင် ထိုရောဂါရှိပါက မိမိ တွင် ဖြစ်နိုင်ချေ ပိုများပါတယ်။

-အသက်အရွယ်- များသောအားဖြင့် အသက်၂၀ နှင့် ၃၀ လောက်တွင် စဖြစ်တတ်ပါတယ်။ စောစီးစွာဖြစ်တတ်တဲ့ အမျိုးအစားတွေကတော့ ရှားပါတယ်။ အသက် ၅၀ နှင့် ၆၀ လောက်တွင် ရောဂါလက္ခဏာများ ပိုမို ဆိုးရွားလာတတ်ပါတယ်။ ဆေးလိပ်သောက်ခြင်းနှင့် ဆီးချိုရောဂါရှိခြင်း တို့က ရောဂါဖြစ်နိုင်ချေပိုများ ပါတယ်။

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့ Fuchs’ dystrophy မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Fuchs’ dystrophy ကို ဘယ်လိုအတည်ပြုပါသလဲ

Opthalmologist or optometrist ခေါ် မျက်စိဆရာဝန် မှ ခံစားရတဲ့ ရောဂါလက္ခဏာ အသေးစိတ်ကိုမေးမြန်းခြင်းဖြင့် အစပြုပါလိမ့်မယ်။ ထို့နောက်လိုအပ်တဲ့ စမ်းသပ်မှုများ လည်းပြုလုပ်ပါလိမ့်မယ်။

မျက်လုံးကို အထူးပြု ဓါတ်ပုံရိုက်ခြင်းဖြင့် မျက်ကြည်လွှာတွင်းရှိ Endothelium ဆဲလ် ပမာဏကိုတိုင်းတာ နိုင်ပါတယ်။

မျက်လုံး ဖိအားစမ်းသပ်မှု ကိုပြုလုပ်ခြင်းအားဖြင့် အခြားသော ရေတိမ်ကဲ့သို့သော မျက်စိရောဂါများဟုတ်မဟုတ် သိရှိနိုင်ပါတယ်။

အစပိုင်းမှာတော့ ရောဂါကို အတည်ပြုဖို့ ခက်ခဲပါတယ်။ ထို့ကြောင့် အမြင်အာရုံတစ်ခုခု ဖြစ်တာနဲ့ သို့မဟုတ် မျက်လုံးထဲ တစ်မျိုးမျိုးခံစားရတာနဲ့ ဆရာဝန်နဲ့ သွားရောက် တိုင်ပင်သင့်ပါတယ်။

ကပ်မှန်\မျက်မှန်တပ်ဆင်သူများ အနေဖြင့် မျက်စိဆရာဝန်နှင့် ပုံမှန် သွားပြသင့်ပါတယ်။

Fuchs’ dystrophy ကို ဘယ်လိုကုသပါသလဲ

ရောဂါလက္ခဏာများ သက်သာ စေရန် မျက်စင်းဆေးရည် သို့မဟုတ် အဆီများ သုံးခိုင်းတတ်ပါတယ်။ ထိုဆေးများဟာ မျက်ကြည်လွှာထဲရှိ ပိုလျှံနေတဲ့ အရည်တွေကို ဆွဲထုတ်ပေးခြင်းဖြင့် သက်သာစေပါတယ်။

မျက်ကြည်လွှာပေါ်တွင် အနာများရှိပါက နူးညံ့သော မျက်ကပ်မှန် ကိုသုံး၍သော်လည်းကောင်း သို့မဟုတ် ခွဲစိပ်ခြင်းဖြင့် နာကျင်ခြင်းကို ကုသနိုင်ပါသည်။

အမြစ်ပြတ်ကုသပျောက်ကင်းနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ မျက်ကြည်လွှာ အစားထိုးခြင်းပဲ ဖြစ်ပါတယ်။

လတ်တလော အသုံးအပြုဆုံး အစားထိုးကုသမှု အမျိုးအစားကတော့ Penetrating Keratoplasty ပဲဖြစ်ပါတယ်။ မျက်ကြည်လွှာရဲ့ အစိတ်ပိုင်းသေးသေးကို ဖယ်ထုတ်ကာ အပေါက်ဖြစ်သွားစေပြီး အလှူရှင်ဆီမှ မျက်ကြည်လွှာကို ထိုအပေါက်လေးပေါ်အုပ်ပြီး ချုပ်လိုက်ခြင်းဖြစ်ပါတယ်။

Endothelial keratoplasty(DSEK,DSAEK,DMEK) စတဲ့ နောက်ဆုံးပေါ် အစားထိုးကုသနည်းများလည်းရှိပါတယ်။ ထိုကုသနည်းများမှာတော့ မျက်ကြည်လွှာရဲ့ အတွင်းပိုင်းအလွှာများကိုသာ အစားထိုးကုသခြင်းဖြစ်ပါတယ်။ စောမြန်စွာ အမြင်ပြန်ကောင်းစေပြီး နောက်ဆက်တွဲ ဆိုးကျိုးလည်းနည်းပါတယ်။ ချုပ်ရိုးလည်းမကျန်ပါဘူး။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Fuchs’ dystrophy ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Fuchs’ dystrophy ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

-ဆေးဆိုင်များမှာ ဝယ်ယူရရှိနိုင်သော ဆားရည် (5% sodium chloride) မျက်စင်းဆေးရည် အသုံးပြုခြင်း

-နေရောင် UV ဒါဏ်ကာကွယ်သော မျက်မှန်များ တပ်ဆင်ခြင်း

-ဆံပင်အခြောက်မှုတ်စက်ကို လက်တစ်တောင် အကွာတွင်ထား၍ လေအေးဖြင့် မျက်လုံးကို နှစ်ကြိမ်မှ သုံးကြိမ်ထိ မှုတ်ပေးခြင်းဖြင့် မျက်ကြည်လွှာရှိ ပိုလျှံနေသော အရည်များကို လျော့ကျစေခြင်းဖြင့် အယောင်သက်သာစေပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement