backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Frozen Shoulder (ပခုံးခိုင်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 14/03/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Frozen Shoulder (ပခုံးခိုင်ခြင်း) ကဘာလဲ။

ပခုံးခိုင်ခြင်းဆိုသည်မှာ သင်၏ပခုံးသည်နာကျင်နေခြင်း၊မာတောင့်သွားခြင်းနှင့်နဂိုအတိုင်းမလှုပ်ရှားနိုင်ခြင်းတို့ဖြစ်ပေါ်နေခြင်းကိုဆိုလိုသည်။ ပခုံးအားထိခိုက်ဒဏ်ရာရခြင်း(သို့)အလွန်အကျွံအသုံးပြုခြင်း(သို့)ဆီးချို၊လေဖြတ်စသောရောဂါများကြောင့်လည်းဖြစ်ပွားတတ်သည်။ ပခုံးဆစ်နားရှိတစ်ရှူးများသည် မာကျောလာကာအမာရွတ်တစ်ရှူးများဖြစ်ပေါ်လာပြီးပခုံးအားလှုပ်ရှားမှုသည် ခက်ခဲနာကျင်လာတတ်သည်။ အများအားဖြင့် ထိုကဲ့သို့ဖြည်းဖြည်းသာဖြစ်လေ့ရှိပြီး တစ်နှစ်(သို့)ထို့ထက်ပိုသောနှစ်များအတွင်း တဖြည်းဖြည်းသက်သာသွားလေ့ရှိသည်။

Frozen Shoulder (ပခုံးခိုင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Frozen Shoulder (ပခုံးခိုင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပခုံးခိုင်ခြင်းရဲ့အဖြစ်အများဆုံးရောဂါလက္ခဏာ

ကတော့ တောက်လျှောက်နာကျင် တောင့်ခဲနေသော ပခုံးဆစ်ပင်ဖြစ်သည်။ ထိုလက္ခဏာများသည် ဖြည်းဖြည်းချင်းသာဖြစ်ပေါ်လာတတ်သည်။ အများအားဖြင့် အဆင့်သုံးဆင့်တွင် လက္ခဏာများသည် တဖြည်းဖြည်းပိုဆိုးလာတတ်ပြီး 2နှစ်အတွင်း ပျောက်ကင်းသွားတတ်သည်။

ပခုံးခိုင်ခြင်းသည်အဆင့်သုံးဆင့်တွင် ဖြည်းဖြည်းချင်းဖြစ်ပေါ်တတ်သည်။ အဆင့်တခုသည် လအနည်းငယ်ကြာမြင့်တတ်သည်။

Freezing အဆင့် – ပခုံး၏လှုပ်ရှားမှုတိုင်းသည် နာကျင်စေပြီး လှုပ်ရှားနိုင်သည့် အတိုင်းအတာပမာဏမှာ နည်းပါးလာတတ်သည်။

Frozen အဆင့် – နာကျင်မှုသည်ယခုအဆင့်တွင် စတင်နည်းပါးလာသော်လည်း သင်၏ ပခုံးသည် ပိုမိုမာတောင့်လာပြီး အသုံးပြုရသည်မှာ ပို၍ခက်ခဲလာတတ်သည်။

Thawing stage – ယခုအဆင့်တွင် လှုပ်ရှားနိုင်မှုအတိုင်းအတာပမာဏမှာ စတင်တိုးတက်ကောင်းမွန်လာတတ်သည်။

အချို့သောသူများတွင် ညအခါတွင် ပိုမိုနာကျင်ကိုက်ခဲလာတတ်ပြီး တခါတရံတွင် အိပ်ရေးပျက်စေနိုင်ပါသည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Frozen Shoulder (ပခုံးခိုင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ပခုံးဆစ်၏ အရိုး၊အရွတ်ပြားများသည် ချိတ်ဆက်တစ်ရှူး၏အခွံဖုံးထဲတွင် တည်ရှိသည်။

ထိုအဖုံးခွံသည် ပခုံးဆစ်နားတွင် ထူထဲတင်းမာလာပြီး လှုပ်ရှားမှုအားနှောင့်ယှက်လာသောအခါ ပခုံးခိုင်ခြင်းရောဂါဖြစ်ပွားသည်။

အချို့သောသူများတွင် ယခုရောဂါဘာကြောင့်ဖြစ်ပွားသည်ကို ဆရာဝန်များအနေဖြင့် ရှင်းလင်းစွာမသိပေ။ ဆီးချိုရှိသောသူများနှင့်မကြာခင်မှ ပခုံးအားအသုံးမပြုပဲကြာရှည်စွာ အနားပေးထားသူများ ဥပမာ ပခုံးခွဲစိတ်မှု(သို့) ပခုံးရိုးကျိုးမှုများပြုလုပ်သောသူများတွင် ပို၍ဖြစ်ပွားတတ်ကြောင်းတွေ့ရှိရသည်။

ဖြစ်နိုင်ခြေများ

Frozen Shoulder (ပခုံးခိုင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ပခုံးခိုင်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

အသက်40ကျော် အမျိုးသမီးများသည် ပခုံးခိုင်ခြင်းပို၍ဖြစ်နိုင်သည်။ ကြာရှည်စွာပခုံးဆစ်အားအသုံးမပြုပဲထားသူများ(သို့)

အသုံးနည်းသူများတွင်လည်း ပခုံးခိုင်ခြင်းဖြစ်နိုင်ချေပိုများသည်။ ပခုံးအားလှုပ်ရှားမှုမပြုခြင်းသည်အောက်ပါအကြောင်းအရာများ

ကြောင့်ဖြစ်နိုင်သည်။

Rotator cuff ထိခိုက်မှု

လက်မောင်းကျိုးခြင်း

လေဖြတ်ခြင်း

ခွဲစိတ်မှုအပြီးအနားပေးထားခြင်း

ကိုယ်တွင်းအဖွဲ့အစည်းစနစ်များတွင် ဖြစ်ပွားသော ရောဂါများ

အချို့သောရောဂါများရှိသူများတွင်ပို၍ပခုံးခိုင်ခြင်းရောဂါဖြစ်တတ်သည်။ ပခုံးခိုင်ခြင်းဖြစ်နိုင်ချေကို မြင့်တက်စေသည့် ရောဂါများမှာ ဆီးချိုရောဂါ၊

သိုင်းရွိုက်ဂလင်းအလွန်အကျွံအလုပ်လုပ်နေသောရောဂါ၊သိုင်းရွိုက်ဂလင်း အလုပ်လုပ်နိုင်စွမ်း လျော့ကျနေသောရောဂါ၊နှလုံးနှင့်သွေးလည်ပတ်မှုဆိုင်ရာရောဂါ၊တီဘီရောဂါ၊ပါကင်ဆန်ရောဂါစသည်တို့ဖြစ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Frozen Shoulder (ပခုံးခိုင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်မှ ကိုင်တွယ်စမ်းသပ်နေစဉ်အတွင်းတွင် အချို့သောလှုပ်ရှားမှုများကို ပြုလုပ်ခိုင်း၍ နာကျင်မှုရှိမရှိနှင့် လှုပ်ရှားနိုင်သည့် အတိုင်းအတာပမာဏတို့ကို စစ်ဆေးနိုင်သည်။ သင်၏ဆရာဝန်မှ သင်၏လက်မောင်းကို ကိုင်တွယ်လှုပ်ရှားစမ်းသပ်နေစဉ်အတွင်းတွင် ကြွက်သားများကို ဖျော့ထားရန်လည်း မှာကြားခံရတတ်သည်။ ပခုံးခိုင်ရောဂါသည် မိမိ၏ခိုင်းစေမှုကြောင့်ဖြစ်စေသော လှုပ်ရှားမှုများသာမကသူတစ်ပါး၏ကိုယ်တွယ်လှုပ်ရှားမှုများ၏ လှုပ်ရှားနိုင်မှုအတိုင်း အတာပမာဏများကို ပါထိခိုက်စေသည်။

ပခုံးခိုင်ခြင်းရောဂါကို ရောဂါလက္ခဏာများမှတဆင့်သာ သိရှိအတည်ပြုနိုင်သော်လည်း သင်၏ဆရာဝန်သည် အခြားသော ရောဂါများကို အတည်ပြုဖယ်ထုတ်ရန် ဓါတ်မှန်ရိုက်ခြင်း အမ်အာအိုင်ရိုက်ခြင်းကဲ့သို့သော စစ်ဆေးမှုများကိုလည်း ပြုလုပ်ရန် ညွှန်ကြားတတ်သည်။

Frozen Shoulder (ပခုံးခိုင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုအများစုမှာ ပခုံးကိုက်ခြင်းကို သက်သာစေသောကုသမှုများနှင့် ပခုံး၏လှုပ်ရှားနိုင်မှုအတိုင်းအတာ ပမာဏကို တတ်နိုင်သလောက် များအောင်ထိန်းထားခြင်းတို့ဖြစ်သည်။

အလွယ်တကူဝယ်ယူရရှိနိုင်သော အက်စ်ပရင်နှင့် အိုင်ဘူပရိုဖန်ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများသည် ပခုံကိုက်ခြင်းနှင့် ရောင်ရမ်းခြင်းတို့ကို သက်သာစေတတ်သည်။ အချို့သောအခြေအနေများတွင် ပြင်းအားများသော အကိုက်အခဲပျောက်ဆေးများနှင့် အရောင်ရမ်းကျဆေးများကို သင်၏ဆရာဝန်မှ ညွှန်ကြားတတ်သည်။

ကာယကုသမှုဆိုင်ရာဆရာဝန်များသည်လည်း သင်၏ပခုံးလှုပ်ရှားမှုအားပြန်လည်ကောင်းမွန်စေသည့် လေ့ကျင့်ခန်းများအား သင်ကြားပေးနိုင်သည်။ သင်၏ထိုလေ့ကျင့်ခန်းများအပေါ်ကြိုးစားအားထုတ်မှုသည် သင့်ပခုံးလှုပ်ရှားနိုင်မှုအတွက်အရေးကြီးသည်။

ပခုံးခိုင်ရောဂါအများစုသည် 12လမှ 18 လအတွင်း သူ့အလိုလို ပြန်လည်ကောင်းမွန်လာတတ်သည်။ ပြန်မကောင်းမွန်လာပါက အောက်ပါကုသမှုများကို ဆရာဝန်မှ ညွှန်ကြားတတ်သည်။

စတီးရွိုက်ဆေးများသွင်းခြင်း – ကော်တီကိုစတီးရွိုက်များကို ပခုံးဆစ်များအတွင်းသို့ထိုးသွင်းခြင်းသည် အနာသက်သာစေပြီး အထူးသဖြင့် အစောပိုင်းအဆင့်များ၏ ပခုံးလှုပ်ရှားမှုကို တိုးတက်ကောင်းမွန်စေသည်။

ပခုံးဆစ်ကိုဖောင်းစေခြင်း-ပိုးသတ်ထားသော ရေသန့်အားအဆစ်ခွံ အတွင်းသို့ထိုးသွင်းခြင်းဖြင့်

တစ်ရှူးများကို ဆန့်ထွက်စေနိုင်ပြီး အဆစ်အားလှုပ်ရှားမှုလွယ်ကူစေသည်။

Shoulder manipulation – ယခုလုပ်ဆောင်မှုတွင် သင်သည် မေ့ဆေးပေးခံရပြီး မေ့မျော့ကာနာကျင်မှုများကို သိမည်မဟုတ်ပေ။ ထိုအခါ ဆရာဝန်သည် သင်၏ပခုံးအဆစ်အား မတူညီသောဦးတည်ရာများသို့ရွှေ့ခြင်း ဖြင့် တင်းမာနေသော တစ်ရှူးများအား ချောင်ချိပျော့ပျောင်းစေသည်။ ပခုံးခိုင်ခြင်းအား ခွဲစိတ်မှုသည် ရှားပါးသော်လည်း မည်သည့်ကုသမှုနှင့်မှ မသက်သာပါက သင်၏ဆရာဝန်သည် သင်၏ပခုံးဆစ်အတွင်းမှ အမာရွတ်တစ်ရှူးများနှင့် အသားမာများကို ဖြတ်ထုတ်ရန် ထောက်ခံတတ်သည်။ ထိုကဲ့သို့သောခွဲစိတ်မှုများကို ဆရာဝန်များသည် အလင်းရောင်ပြပေးနိုင်သည့် ပြွန်ရှည်ပုံစံရှိ ကိရိယာများအား သင့်ပခုံးဆစ်ရှိ အရာပေးထားသော သေးငယ်သည့်ဓါးရာထဲသို့ထိုးသွားကာ ကုသလုပ်ဆောင်တတ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ပခုံးခိုင်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ပခုံးခိုင်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

နာကျင်မှုနှင့်လှုပ်ရှားမှုအား တင်းကျပ်ကန့်သတ်မှုများရှိသော်လည်း ထိုကဲ့သို့ဖြစ်နေသော လက်နှင့်ပခုံးဆစ်ကို ဆက်လက်၍လှုပ်ရှားအသုံးပြုပါ။ သင်၏ပခုံးအား

အပူ(သို့)အအေးကပ်ခြင်းဖြင့်လည်း အနာသက်သာစေသည်။ ညင်သာပြီးတဖြည်းဖြည်း လှုပ်ရှားမှုအားတို းမြှင့်လုပ်ဆောင်ရသော လေ့ကျင့်ခန်းများ၊ဆွဲဆန့်ခြင်းများနှင့် သင်၏ပခုံးကို ပုံမှန်အသုံးပြုခြင်းတို့သည် ခွဲစိတ်မှု(သို့) ထိခိုက်ဒဏ်ရာကြောင့်ဖြစ်ပေါ်လာသည့် ပခုံးခိုင်ခြင်းအား ကာကွယ်နိုင်သည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 14/03/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement