Frostbite (နှင်းကိုက်ခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Frostbite (နှင်းကိုက်ခြင်း) ကဘာလဲ။

နှင်းကိုက်တယ်ဆိုတာ အရည်ပြားနဲ့ အောက်မှာရှိတဲ့ တစ်ရှုးတွေအေးခဲသွားတာပဲဖြစ်တယ်။ ပထမဆုံးသင့်အရေပြားဟာ အေးခဲပြီး နီလာမယ်၊ ပြီးရင်ထုံလာမယ်။ ပြီးရင် ဖြူဖျော့လာမယ်။ လက်ချောင်း၊ ခြေချောင်း၊ နှာခေါင်း၊  မေးစေ့နဲ့ ပါးပြင်တွေဟာ အများအားဖြင့် နှင်းကိုက်ခံရတဲ့ နေရာတွေပဲဖြစ်ပါတယ်။ အရေပြားကို အေးခဲပြီး လေတိုက်တဲ့ ရာသီဥတုနှင့် ထိတွေ့ခြင်းဟာ နှင်းကိုက်ခံရခြင်းကို ဖြစ်စေတတ်ပါတယ်။

ဒါပေမဲ့လည်း နှင်းကိုက်ခြင်းဟာ အ၀တ်အစားဝတ်ထားခြေအိတ်လက်အိတ်စွပ်ထားတဲ့ အရေပြားမှာလည်းဖြစ်တတ်ပါတယ်။ Frostnip လို့ခေါ်တဲ့ နှင်းကိုက်ခြင်းကြောင့် အေးခဲထုံကျင်ခြင်း (ကျွန်တော်ကတော့ မြန်မာလို နှင်းအေးခဲခြင်းလို့နာမည်ပေးလိုက်တယ်) ဟာ အရေပြားကို အပြီးပျက်စီးသွားခြင်းကို မဖြစ်စေပါဘူး။ အနည်းငယ် ပဲနှင်းကိုက်ခဲ့မယ်ဆိုရင်တော့ ရှေးဦးသူနာပြုနည်းအပါအ၀င် အရေပြားကို ပြန်လည်နွေးထွေးလာအောင် ပြုလုပ်ပေးခြင်းနဲ့တင်ကုသနိုင်ပါတယ်။ တခြားသော နှင်းကိုက်မှုအဆင့်တွေကတော့ အရေပြား၊တစ်ရှုး၊ကြွက်သားနဲ့ အရိုးတွေကိုထိခိုက်စေတာကြောင့် တိကျသောကုသမှုတွေလိုအပ်ပါတယ်။ ပိုးဝင်ခြင်းနဲ့ အာရုံကြောများထိခိုက်ခြင်းတို့ကို နှင်းကိုက်ခြင်းရဲ့ နောက်ဆက်တွဲပြသနာအနေနဲ့ တွေ့ရတတ်ပါတယ်။

Frostbite (နှင်းကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အေးခဲတဲ့ ရာသီဥတုရှိတဲ့ နိုင်ငံတွေမှာ အသက်အရွယ်မရွေး နှင်းကိုက်ခံရတတ်ပါတယ်။

အန္တရာယ်ဖြစ်စေနိုင်သော အချက်များကို ရှောင်ကြဉ်ခြင်းဖြင့် နှင်းကိုက်ခြင်း ကာကွယ်နိုင်ပါတယ်။နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Frostbite (နှင်းကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

နှင်းကိုက်ခြင်းရဲ့လက္ခဏာတွေအမြောက်အများရှိတဲ့ထဲက အဖြစ်များတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

  • အစပိုင်းတွင် အရေပြား အေးခဲပြီး စူးရှမှုခံစားရခြင်း
  • ထုံကျဉ်ခြင်း
  • အနီ၊အဖြူ၊ ဖြူပြရောင်နှင့် မီးခိုးဝါရောင် စသဖြင့် အရေပြားအရောင်ပြောင်းလဲခြင်း
  • မာတင်းတင်းနှင့် ဖယောင်းကဲ့သို့ ပြောင်းလဲလာခြင်း
  • အရိုးဆစ်များနှင့် ကြွက်သားများတောင့်တင်းလာခြင်း
  • အချို့ပြင်းထန်သောအခြေအနေများတွင် ပြန်လည်နွေးအောင်ပြုလုပ်သောအခါအရည်ကြည်ဖုများထလာခြင်း။

လက်ချောင်း၊ခြေချောင်း၊နှာခေါင်း၊ပါးနှင့် မေးစေ့တို့ အများအားဖြင့် နှင်းကိုက်လေ့ရှိပါတယ်။ အရေပြားထုံကျဉ်နေတာကြောင့် သင့်ကို နှင်းကိုက်နေပြီဆိုတာကို တခြားတစ်ယောက်က မပြောမချင်းသတိပြုမိနိုင်ချေနည်းပါတယ်။

  • နှင်းအေးခဲခြင်း(Frostnip)

နှင်းကိုက်ခြင်းရဲ့ ပထမအဆင့်ကတော့ နှင်းအေးခဲခြင်းပဲဖြစ်ပါတယ်။ အရေပြားက ဖြူဖျော့ရာက နီရဲလာပြီး အေးခဲလာမယ်။ ဒီတိုင်းဆက်ပြီးတော့ အအေးထဲထားမယ်ဆိုရင်  စူးစူးခံစားရပြီး ထုံလာပါလိမ့်မယ်။ ပြန်နွေးအောင်လုပ်တော့မှသာ ကိုက်ခဲပြီး ကျင်တတ်လာပါလိမ့်မယ်။ နှင်းအေးခဲတဲ့ အဆင့်ကတော့ အရေပြားကို အပြီးတိုင်ပျက်စီးခြင်းမျိုးမဖြစ်စေပါဘူး

  • အပေါ်ယံနှင်းကိုက်ခြင်း (Superficial frostbite)

နှင်းကိုက်ခြင်းရဲ့ ဒုတိယအဆင့်ကတော့ နီရဲလာတဲ့ အရေပြားကနေ ဖြူဖျော့သွားခြင်းပဲဖြစ်ပါတယ်။ အရေပြားကတော့ ပျော့ပျောင်းနေပေမဲ့ တစ်ရှုးအသားတွေထဲမှာတော့ အရေဓာတ်တွေစတင်ခဲနေပါပြီ။ အရေပြားနွေးလာတယ်လို့သင်ခံစားနေရပြီဆို အရေပြားနဲ့ပတ်သက်ပြီးတော်တော်ထိထားပြီဆိုတဲ့ လက္ခဏာပြနေပြီလို့သိရပါမယ်။ နှင်းကိုက်ခြင်းရဲ့ ဒီအဆင့်လောက်မှာ အရေပြားကို ပြန်ပြီး အနွေးဓာတ်ပေးမယ်ဆိုရင် အရေပြားက ပျော့တွဲတွဲနဲ့ ခရမ်းပြာရောင်မျိုး ပြောင်းပြီးတော့ ပူလောင်ကိုက်ခဲပြီး ရောင်ကိုင်းလာပါမယ်။ အနွေးဓာတ်ပေးပြီး ၂၄ နာရီက ၃၆ နာရီအတွင်းမှာ အရည်ကြည်ဖုတွေပေါ်လာပါလိမ့်မယ်။

  • ပြင်းထန်သောနှင်းကိုက်မှု

နှင်းကိုက်မှုက အချိန်ကြာလာတာနဲ့အမျှ အရေပြားအလွာအားလုံးနဲ့ အောက်က တစ်ရှုးတွေကပါ ထိလာပါမယ်။ အေးခြင်း၊နာခြင်းနဲ့ မအီမသာဖြစ်တာတွေကို မခံစားရတော့ပဲနဲ့ ထုံတာတစ်ခုတည်းပဲသိပါတော့မယ်။ ကြွက်သားနဲ့အဆစ်တွေလည်း ကောင်းကောင်းလှုပ်မရသုံးမရဖြစ်လာပါမယ်။ ပြန်ပြီးအနွေးဓာတ်ပေးလိုက်မယ်ဆိုရင်တော့ ၁ ရက် ၂ ရက်အတွင်းမှာ အရည်ကြည်ဖုအကြီးကြီးတွေထလာပါလိမ့်မယ်။ ပြီးရင်တော့ နှင်းကိုက်ခြင်းခံရတဲ့ နေရာတွေဟာ တစ်ရှုးတွေ သေသွားပြီ ဖြစ်တာကြောင့်မည်းလာမယ်၊ မာလာမယ် ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါများထဲမှ တစ်ခုခုဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့သွားရောက်တိုင်ပင်ပါ

  • အပေါ်ယံနဲ့အတွင်းပိုင်းနှင်းကိုက်ခံရသော လက္ခဏာများ – ဖြူဖျော့ခြင်း၊ ထုံခြင်းနဲ့ အရည်ကြည်ဖုများပေါက်လာခြင်း။
  • နှင်းကိုက်ခံရသောနေရာမှ ပိုမိုနာကျင်လာခြင်း၊ ရောင်ခြင်း၊ ရမ်းခြင်းနှင့် အရည်များထွက်လာခြင်း။
  • ဖျားခြင်း။
  • အသစ်၊ရှုပ်ထွေးသော လက္ခဏာများ

အပူချိန်လျော့ကျခြင်း(သင့်ကိုယ်မှ အပူထုတ်လုပ်နိုင်စွမ်းထက် အပူဆုံးရှုံးမှုကပိုမိုမြန်ဆန်နေသော အခြေအနေ)ကို မင်္သကာဖြစ်ပါက အရေးပေါ်ဆေးဝါးအကူအညီ အမြန်ရယူပါ။ အပူချိန်လျော့ကျခြင်းရဲ့ လက္ခဏာတွေကတော့

  • ခိုက်ခိုက်တုန်ခြင်း
  • စကား လုံးသွားခြင်း
  • ရီဝေကာ ညီညာစွာ မလှုပ်ရှားနိုင်ခြင်း။

အကြောင်းရင်းများ

Frostbite (နှင်းကိုက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အရေပြားနဲ့ အောက်မှ တစ်ရှုးများအေးခဲသွားပြီဆိုရင်တော့ နှင်းကိုက်ခြင်းဖြစ်ပြီလို့ပြောလို့ရပါတယ်။ အေးခဲတဲ့ ရာသီဥတုနဲ့ ထိတွေ့မှုများခြင်းဟာ နှင်းကိုက်ခြင်းကို အများဆုံးဖြစ်စေတတ်တဲ့ အကြောင်းရင်းပဲဖြစ်ပါတယ်။ အရမ်းအေးခဲနေတဲ့ အရည်တွေ၊ အေးခဲနေတဲ့ သတ္တုတွေ နဲ့ ရေခဲနဲ့ တိုက်ရိုက် အချိန်တစ်ခုထိ ထိတွေ့နေခြင်းတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

နှင်းကိုက်ခြင်းကို ဖြစ်ပွားစေနိုင်တဲ့ အချို့အခြေအနေတွေကတော

  • ရာသီဥတုအခြေအနေနှင့် မလိုက်ဖက်သော အ၀တ်အစားများဝတ်ဆင်ခြင်း။ ဥပမာ -အေးခဲပြီး လေတိုက် စိုစွတ်သောရာသီဥတုကို မကာကွယ်နိုင်သော အ၀တ်အစား သို့မဟုတ် အရမ်းတင်းကြပ်နေသော အ၀တ်အစားများ။
  • ရာသီဥတုအေးခဲပြီးလေပြင်းနေခိုက် အပြင်တွင် အချိန်အတော်ကြာနေခြင်း။ လေရဲ့ အပူချိန် အနှုတ် ၁၅ ဒီဂရီအောက်ကို ရောက်ခဲ့ပြီဆိုရင်တော့ လေဖြေးဖြေးပဲတိုက်ရင်တောင်မှ အန္တရာယ်ရှိပါတယ်။ အပူချိန် အနှုတ် ၂၇ ဒီဂရီဆိုရင်တော့ နာရီဝက်အတွင်းမှာ အ၀တ်နဲ့မဖုံးထားတဲ့ အရေပြား ဟာနှင်းကိုက်ခံရနိုင်ပါတယ်။
  • ရေခဲ၊အေးခဲသောအိတ်နဲ့ အေးခဲနေသော သတ္တုများနှင့်ထိတွေ့ခြင်း။

ဖြစ်နိုင်ခြေများ

 Frostbite (နှင်းကိုက်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အောက်ဖော်ပြပါအခြေအနေတွေနှင့် ကြုံတွေ့ရပြီဆိုရင်တော့ သင်ဟ အန္တရာယ်တော်တော်ရှိနေပြီလို့ ပြောလို့ရပါတယ်။

  • အေးခဲနေသောအချိန်တွင် ရာသီဥတုနှင့် လိုက်ဖက်အောင်မ၀တ်ထားခြင်း။
  • နှုံးချိမှု၊ ဆာလောင်မှု၊ ရေဓာတ်ဆုံးရှုံးမှု၊ ကာယာအားကုန်ခန်းမှု၊ ထိခိုက်ဒဏ်ရာရမှု နှင့် အရက်သောက်သုံးခြင်းများကြောင့် ကိုယ်ခနာ အားနည်းနေခြင်း။
  • ဆေးလိပ်အလွန်အကျွံသောက်ခြင်း။
  • ဆီးချိုသွေးချို၊ စိတ်ကျရောဂါ၊ နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါ နှင့် ကိုယ်တွင်းသွေးကြောရောဂါများခံစားနေရခြင်း။
  • ဘီတာဘလော့ကာ ခေါ် နှလုံးရောဂါဆေးများသောက်နေရခြင်း။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Frostbite (နှင်းကိုက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင်နှင်းကိုက်ခံနေရပြီလို့ ဆရာဝန်က ထင်ခဲ့လျှင်၊ ဆရာဝန်မှ စမ်းသပ်ပြီး လိုအပ်သော စစ်ဆေးမှုများကို ဆက်လုပ်ပါလိမ့်မယ်။ အသုံးများတဲ့ စစ်ဆေးမှုတွေကတော့

  • X ray ဓာတ်မှန်
  • MRI သံလိုက်ဓာတ်မှန်
  • Bone Scan အရိုး စကန်
  • နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Frostbite (နှင်းကိုက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ရှေးဦးသူနာပြုနည်းဖြင့် ကုသခြင်းအတွက် အောက်ပါတို့ကိုလုပ်ဆောင်ပါ။

  • အအေးဒဏ်သက်သာစေမဲ့ အမိုးအကာရှာပါ
  • သင့်ရဲ့လက်ချောင်းတွေကို နွေးသွားစေဖို့ ဂျိုင်းကြား ညှပ်ထားပါ။
  • ဖြစ်နိုင်မယ်ဆိုရင် အိမ်အတွင်းထဲကိုဝင်ပြီးတော့ စိုနေတဲ့ အ၀တ်အစားတွေနဲ့ လက်ဝတ်လက်စားတွေကို ချွတ်ပါ။
  • အထဲရောက်ပြီဆိုရင် လက်နဲ့ ခြေကို ရေနွေးမှာ နှစ်ထားပြီးတော့ ကိုယ်လုံးနဲ့ကျန်အပိုင်းတွေကို တော့ စောင်သေချာခြုံထားပေးပါ။
  • အပူတွေဖြစ်တဲ့ မီးအိမ်၊ မီးလင်းဖိုနဲ့ အပူပြားတွေကို တော့ ရှောင်ပါ။ အဲဒီအရာတွေက နှင်းကိုက်ခံရတဲ့ အရေပြားကို လောင်သွားနိုင်စေပါတယ်။
  • အရည်ဓာတ်ဆုံးရှုံးတယ်လို့ထင်ရင်တော့ ပူနွေးတဲ့အရည်တွေသောက်ပေးပါ။
  • ဆရာဝန်နဲ့ အမြန်ဆုံးသွားတွေ့ပေးပါ

နှင်းကိုက်ခံရတဲ့နေရာတွေကို ရေနွေးနဲ့စိမ်ပေးခြင်းနဲ့ ထိထိရောက်ရောက်ကုသနိုင်ပါတယ်။ ဆရာဝန်က နှင်းကိုက်ခံရတဲ့ အရေပြားကို ပိုးသတ်ပေးပြီးတော့ Dressing  (ပတ်တီးစသဖြင့်) နဲ့ အုပ်ပေးပါလိ့မ်မယ်။ လောလောလတ်လတ် နှင်းကိုက်ခံထားရတဲ့ အရေပြားဟာ ပိုးဝင်တတ်ပါတယ်။ ပိုးဝင်သွားပြီဆိုရင်တော့ ဆရာဝန်က ပိုးသတ်ဆေးတွေပေးပါလိမ့်မယ်။

 

လူနေမှုဘ၀ပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်ဆေးနည်းများ

နှင်းကိုက်ခြင်းကို ရင်ဆိုင်နိုင်စေဖို့ လူနေမှုဘ၀ပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

အောက်ပါလူနေမှုဘ၀ပုံစံပြောင်းလဲခြင်းတွေနဲ့ အိမ်တွင်းဆေးနည်းတွေက နှင်းကိုက်ခြင်းကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။

  • ဆရာဝန်မှ ညွန်ကြားထားတဲ့ ပိုးသတ်ဆေးနဲ့ အကိုက်ခဲပျောက်ဆေးကို သေချာသောက်ပါ။ နှင်းအနည်းငယ်ပဲ ကိုက်ခဲ့ရင်တော့ ဆေးဆိုင်မှာ ၀ယ်လို့ရတဲ့ Ibuprofen လိုဆေးသောက်ခြင်းဖြင့် နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။
  • အပေါ်ယံနှင်းကိုက်ခြင်းတွက်တော့ အနွေးဓာတ်ပြန်ပေးခြင်း၊ ရှားစောင်းလပတ် အဆီလိမ်းခြင်း (သို့) အသားလှဆီအရည်ကို တစ်အတွင်း အကြိမ်များစွာလိမ်းပေးခြင်းဖြင့် အရောင်ကျစေနိုင်ပါတယ်။
  • အေးခဲသောလေနှင့်ထိတွေ့မှုကို ရှောင်ရှားခြင်း။
  • နှင်းကိုက်ထားသောခြေထောက်နှင့် လမ်းလျောက်ခြင်းမပြုရ။
  • အရည်ကြည်ဖုများဖြစ်လာလျှင် မဖောက်ပါနှင့်။ အရည်ကြည်ဖုများက ပတ်တီးကဲသို့ ပိုးမ၀င်အောင်ဆောင်ရွက်ပေးပါတယ်။ အရည်ကြည်ဖုများသူ့အလိုလို ပေါက်သွားပါလိမ့်မယ်။
  • သိချင်တာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Read also:

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 2, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 12, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။