Freckles (မှဲ့ခြောက်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

အဓိပ္ပါယ်ဖွင့်ဆိုချက်

Freckles (မှဲ့ခြောက်) ကဘာလဲ။

မှဲ့ခြောက်ဆိုတာ အရေပြားပေါ်ရှိ သေးငယ်သော အညိုရောင်အစက်များ ဖြစ်ပါတယ်။ တစ်ခါတစ်ရံတွင် အနီရောင်၊ အ၀ါရောင်၊ သံချေးရောင်၊ အညိုဖျော့ရောင်၊ အညိုရောင်မှတစ်ဆင့် အမဲရောင်သို့ပြောင်သွားတတ်ပါတယ်။ မှဲ့ခြောက်ဟာ နေရောင်နှင့် ထိတွေ့မှုများသောနေရာများတွင် ပိုတွေ့ရများပါတယ်။ မှဲ့ခြောက်တွေဟာ တခါတရံကျလျှင် စုပြီးအကွက်များအဖြစ် ပါးပြင်၊ နှာခေါင်း၊ လက်မောင်းနှင့် ပခုံးပေါ်တွင် တွေ့ရများပါတယ်။

မှဲ့ခြောက်တွေက အရေပြားကင်ဆာအဖြစ်ပြောင်းခြင်း၊ အသက်အန္တရာယ်ဖြစ်စေခြင်း မရှိပါ။

အဖြစ်များတဲ့ မှဲ့ခြောက် ၂မျိုးမှာ သဘာဝအတိုင်းဖြစ်သောမှဲ့ခြောက်နှင့် နေလောင်ဒဏ်ကြောင့်ဖြစ်သော မှဲ့ခြောက်တို့ဖြစ်ကြပါတယ်။ နေလောင်ဒဏ်ကြောင့်ဖြစ်သော မှဲ့ခြောက်တွေဟာ ပိုမဲပြီး ပိုလည်းကြီးတတ်ပါတယ်။ မကြာခဏ နေလောင်ခံရသော လူတွေရဲ့ ပုခုံးနှင့် ကျောဘက်အပေါ်ပိုင်းတွေမှာ တွေ့ရများပါတယ်။

Freckles (မှဲ့ခြောက်) က ဘယ်လောက်အဖြစ်များသလဲ

မှဲ့ခြောက်တွေဟာ အလွန်အဖြစ်များပါတယ်။ အသက် ၁-၂နှစ် ကလေးများမှာတောင် ဖြစ်တတ်ပါတယ်။ မှဲ့ခြောက်ဟာ အသားဖြူတဲ့သူများနှင့် ဆံပင်နီသော လူများတွင် အဖြစ်များကြပါတယ်။

လက္ခဏာများ

Freckles (မှဲ့ခြောက်) ရဲ့လက္ခဏာတွေကဘာတွေလဲ

မှဲ့ခြောက်ဆိုတာ အရေပြားပေါ်ရှိ သေးငယ်သော အစက်များဖြစ်ပြီး အရောင်ရင့်တတ်ကြပါတယ်။ နေရောင်နှင့် ထိတွေ့သောအခါ မှဲ့ခြောက်ကို ပိုပြီးမြင်နိုင်ပါတယ်။ သိပ္ပံပညာရှင်များရဲ့ အဆိုအရ နေရောင်နှင့် ထိတွေ့မှုများသောအခါ မှဲ့ခြောက်များ ပိုပြီးဖြစ်တတ်တယ်လို့ သိရပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အန္တရယ်မရှိလျှင် မှဲ့ခြောက်ကို ကုသရန် မလိုအပ်ပါဘူး။ သို့သော် မှဲ့ခြောက်က သင့်ကို ကြည့်မကောင်းတဲ့ ပုံစံကို ဖြစ်စေနိုင်ပါတယ်။ သင်ဟာ မှဲ့ခြောက်တွေကို ဖယ်လိုပါက ဆရာဝန်နှင့် ဆွေးနွေးပြီး သင့်တော်သော မှဲ့ခြောက်ကုထုံးကို ရှာဖွေသင့်ပါတယ်။

အကြောင်းရင်းများ

Freckles (မှဲ့ခြောက်) ကိုဘာတွေကဖြစ်စေသလဲ

အန္တရယ်မရှိလျှင် မှဲ့ခြောက်ကို ကုသရန် မလိုအပ်ပါဘူး။ သို့သော် မှဲ့ခြောက်က သင့်ကို ကြည့်မကောင်းတဲ့ ပုံစံကို ဖြစ်စေနိုင်ပါတယ်။ သင်ဟာ မှဲ့ခြောက်တွေကို ဖယ်လိုပါက ဆရာဝန်နှင့် ဆွေးနွေးပြီး သင့်တော်သော မှဲ့ခြောက်ကုထုံးကို ရှာဖွေသင့်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Freckles (မှဲ့ခြောက်) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

မှဲ့ခြောက်ဖြစ်စေတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ယင်းတို့မှာ

  • မျိုးရိုးဗီဇ၊။ မှဲ့ခြောက်ဟာ မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်တတ်တယ်။ သင့်မိဘတွေမှာ မှဲ့ခြောက်ရှိလျှင် သင့်တွင်လည်း မှဲ့ခြောက်ဖြစ်နိုင်ခြေ ရှိပါတယ်။
  • အသားဖြူပြီး မျက်လုံးအရောင်ဖျော့သောသူများ (အထူးသဖြင့် ကလေးများတွင်) မှဲ့ခြောက်ဖြစ်နိုင်ချေရှိပါတယ်။
  • နေရောင်ခြည်နှင့် ကြာရှည်စွာ ထိတွေ့နေရသူများ
  • ဟော်မုန်းကုသမှုကို ခံယူနေရသူများ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Freckles (မှဲ့ခြောက်) ကို ဘယ်လိုအတည်ပြုပါသလဲ

မှဲ့ခြောက်ကို မျက်စိဖြင့်မြင်နိုင်ပါတယ်။ ဒါပေမယ့် တစ်ကိုယ်လုံးကို သေချာစစ်ဆေးခြင်းဖြင့် သင့်အခြေအနေကို ပိုပြီးသိရှိနိုင်ပါတယ်။ ထိရှလွယ်တဲ့ အသားအရေပိုင်ရှင်များတွင် မှဲ့ခြောက်ပိုအဖြစ်များပါတယ်။ သေချာစွာ စစ်ဆေးခြင်းဖြင့် အရေပြားဆရာဝန်မှ သင့်အား နေ့စဉ်သုံး အသားရည်ထိန်းသိမ်းသည့် ပစ္စည်းများပေးရန် ပိုမိုလွယ်ကူပါလိမ့်မယ်။

Freckles (မှဲ့ခြောက်) ကို ဘယ်လိုကုသပါသလဲ

မှဲ့ခြောက်ဟာ အန္တရာယ်အရာယ်မရှိသလို ကုသရန်လည်း မလိုအပ်ပါဘူး။ ဒါပေမယ့် သင်ဟာ မှဲ့ခြောက်နှင့် ပတ်သတ်ပြီး စိတ်အနှောက်အယှက်ဖြစ်ပြီး ကုသမှုခံယူလိုပါက မှဲ့ခြောက်ဖျက်ရန် အောက်ပါနည်းများကို အသုံးပြုနိုင်ပါတယ်။

  • Hydroquinone ပါဝင်တဲ့ အရောင်ချွတ်ဆေး သို့မဟုတ် အရောင်ဖျော့တဲ့ ခရင်မ် များကို အရေပြားပေါ်ရှိ အမဲစက်တွေအတွက် အသုံးများကြပါတယ်။ ဒီကရင်မ်တွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ၀ယ်နိုင်ပါတယ်။ ဒီအရာတွေဟာ သင့်အရေပြားကို နေရောင်ခြည်နှင့် ထိလျှင် ပိုမိုဆိုးရွားစေသောကြောင့် နေရောင်မှ ကာကွယ်ထားရန်လိုပါတယ်။
  • ရက်တီနွိုက်ဓါတ်(Retinoid) ။အစားအသောက်နှင့် ဆေးဝါးထောက်ခံချက်ရထားတဲ့ ဒီဆေးတွေက ဗီတာမင်အေမှ ထုတ်လုပ်ထားပြီး သင့်အသားအရောင်ကို ဖျော့တော့စေပါတယ်။
  • အလှအပနှင့် အရေပြားကုထုံးများ။ မှဲ့ခြောက်ဖျောက်ရန်အတွက် အခဲခံပြီးဖယ်ရှားနည်း၊ လေဆာပစ်ခြင်းနှင့် အလင်းရောင်ခြည်နှင့် ကုသနည်း ၊ ဓါတုပစ္စည်းများဖြင့် ဖယ်နည်း စသည်ဖြင့် နည်းတွေအများအပြား ရှိပါတယ်။

 

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးတွေက သင့်ကို မှဲ့ခြောက်မဖြစ်အောင် ဘယ်လို ကာကွယ်ပေးနိုင်သလဲ။

အောက်ပါ နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးတွေက သင့်ကို မှဲ့ခြောက်မှ ကာကွယ်ပေးပါလိမ့်မယ်။

  • SPF ပါသော နေလောင်ခံကာကွယ်ဆေး များသုံးခြင်း
  • နေရောင်ခြည်ကို ကာကွယ်တဲ့ အ၀တ်များဝတ်ခြင်း ( ဦးထုပ်ဆောင်းခြင်း၊ အင်္ကျီလက်ရှည်ဝတ်ခြင်း၊ နေကာမျက်မှန်တပ်ခြင်း)
  • ထီးဆောင်းခြင်း သို့မဟုတ် အရိပ်ထဲနေခြင်း
  • မနက် ၁၀နာရီမှ ညနေ ၄နာရီအတွင်း အပြင်မထွက်ခြင်း
  • မျိုးရိုးထဲတွင် မှဲ့ခြောက်ရှိသော လူများတွင် ကလေးဘ၀ထဲမှစ၍ နေရောင်ကို ကြိုတင်ကာကွယ်ထားသင့်ပါတယ်။

ထပ်မံသိလိုသော အကြောင်းအရာများအတွက် ဆရာဝန်နှင့်တိုင်ပင်၍ ပိုမိုကောင်းမွန်သော အဖြေများကို ရယူနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဩဂုတျ 2, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 8, 2017

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။