Forgetfulness (သတိမေ့တတ်ခြင်း)

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အဓိပ္ပါယ်ဖွင့်ဆိုချက်

Forgetfulness (သတိမေ့တတ်ခြင်း) ကဘာလဲ။

သတိမေ့တတ်ခြင်းသည် အသက်ကြီးခြင်း၏ ပုံမှန် အစိတ် အပိုင်းတစ်ခု ဖြစ်သည်။ အသက်ကြီးလာသောအခါ ဦးနှောက် အပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးတွင် ပြောင်းလဲမှု များ ဖြစ်ပွားသည်။ အချို့လူများသည် သူတို့ပြုလုပ်ခဲ့သည် များကို မှတ်မိရန် အချိန်ပိုကြာသည်။

ထိုသို့ဖြစ်ခြင်းသည် ပုံမှန် မေ့လျော့မှု လက္ခဏာတစ်ခု ဖြစ်ပြီး ဆိုးရွားသော ပြဿနာ မဟုတ်ပါ။ သတိမေ့တတ်ခြင်းသည် အယ်လ်ဇိုင်းမား ရောဂါ သို့မ ဟုတ် အခြားအခြေအနေများ၏ ပထမ လက္ခဏာတစ်ခု ဖြစ်နိုင်သည်။

Forgetfulness (သတိမေ့တတ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ။

သတိမေ့တတ်ခြင်းသည် အသက်ကြီးသူများတွင် အများ ဆုံး ဖြစ်ပွားသည်။ သို့သော်လည်း ငယ်ရွယ်သောသူများတွင် သတိမေ့တတ်မှု ဖြစ်နိုင်သည်။ အချို့လူနာများသည် ဦးခေါင်း ဒဏ်ရာရဖူးခြင်းနှင့် ပြင်းထန်သော စိတ်ဒဏ်ရာများ ရှိနေတတ်ကြသည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုဖြစ်ပါသည်။

လက္ခဏာများ

Forgetfulness (သတိမေ့တတ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ။

ရောဂါလက္ခဏာများသည် အခြေအနေပေါ် မူတည်၍ မပြင်းထန် သတိမေ့မှုမှ ပြင်းထန်သော အထိဖြစ်နိုင်သည်။
သတိမေ့တတ်ခြင်း၏ လက္ခဏာများမှာ လူနာသည် တူညီ သော မေးခွန်းကို ထပ်ခါထပ်ခါမေးခြင်း၊ ရင်းနှီးသော နေရာများ တွင် လမ်းပျောက်ခြင်း စသည်တို့ ဖြစ်နိုင်သည်။

လူနာသည် လမ်းညွှန်မှုများကို မမှတ်မိ၊ မလိုက်နာနိုင်ဖြစ်သည်။ အချိန်၊ လူ နှင့် နေရာများကို မှားယွင်းခြင်း ဖြစ်နိုင်သည်။ မိမိကိုယ်ကို လုံခြုံမှု၊ ကျန်းမာသန့်ရှင်းမှု နှင့် အာဟာရဖြည့်တင်းမှုတို့အတွက် အာရုံစိုက်မှု နည်းလာသည်။

မှတ်ဥာဏ်၊ ကိုယ်ရည်ကိုယ်သွေးနှင့် အပြုအမူတို့တွင် ဆိုး ရွားစွာ ပြောင်းလဲမှုရှိသော သတိမေ့တတ်သည့်လူနာများ သည် အယ်လ်ဇိုင်းမားရောဂါနှင့် မှတ်ဥာဏ်ကျဆင်းမှုရောဂါ ဖြစ်နိုင်သည်။ ထိုရောဂါကို လေဖြတ်ခြင်းကြောင့် ဖြစ်သော သတိမေ့ရောဂါဟုလည်း ခေါ်သည်။

အယ်လ်ဇိုင်းမားရေဂါတွင် လက္ခဏာများသည် ဖြည်း ညင်းစွာ စတင်ပြီးနောက် ပို၍ပို၍ ဆိုးရွားလာပါသည်။ လေဖြတ်ခြင်းကြောင့် မှတ်ဥာဏ်ကျဆင်းသော ရောဂါတွင် လေဖြတ်ခြင်း အသေးစား သို့ မဟုတ် ဦးနှောက် သွေးစီးဆင်းမှု အပြောင်းအလဲများသည် ထိုလက္ခဏာများ ကို ရုတ်တရက် စတင်စေသည်။ သွေးတိုးခြင်းသည် မှတ်ဥာဏ် ချို့ယွင်းခြင်းကို ဖြစ်စေသည်။

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခု ရှိနေသည်ဟု စိုးရိမ်ပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ။

သတိမေ့တတ်ခြင်းသည် အသက်ကြီးသူများတွင် ပုံမှန် ဖြစ် သော်လည်း စိုးရိမ်မှုတစ်ခုခုရှိပါက ဆေးရုံ သို့မဟုတ် ဆရာဝန် ထံသွားကာ အကြံဥာဏ်များ ရယူသင့်သည်။ ဆရာဝန်သည် အာရုံကြောဆိုင်ရာ ရောဂါကို သံသယဖြစ်ပြီး ကုသမှုခံယူရန် လိုအပ်ပါက ဆရာဝန်၏ အကြံပြုမှုများနှင့် လမ်းညွှန်မှုများကို လိုက်နာသင့်ပါသည်။
PasteTextHere

အကြောင်းရင်းများ

Forgetfulness (သတိမေ့တတ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ။

ဦးနှောက်၏ မှတ်ဥာဏ်လုပ်ငန်းသည် အလွန်ရှုပ်ထွေးပြီး အခြားဦးနှောက် လုပ်ဆောင်မှုအားလုံးနီးပါး ပါဝင်ပါသည်။ ထို့ ကြောင့် ဦးခေါင်းနှင့် ဦးနှောက်ကို ထိခိုက်ဒဏ်ရာရခြင်း သည် မှတ်ညဏ် ပျက်ပြားခြင်းကို ဖြစ်စေနိုင်သည်။

ရောဂါသည် ဦးနှောက်၏ အချက်ပြမှုစနစ်ကို ပျက်စီးစေ သည်။ ထိုစနစ်သည် စိတ်ခံစားမှုနှင့် မှတ်ညဏ်များကို ထိန်းချုပ်သော စနစ် ဖြစ်သည်။ ရောဂါသည် ဦးနှောက်တွင် အနာဖြစ်ခြင်းကြောင့်ဖြစ်နိုင်သည်။

ထိုအနာတွင် အောက်ပါတို့ ပါဝင်သည်။
• လေဖြတ်ခြင်း
• အယ်လ်ဇိုင်းမားရောဂါ ရှိခြင်း
• တက်ခြင်း
• ဦးနှောက်တွင် အကျိတ် သို့မဟုတ် ရောဂါပိုးကူးစက် မှုရှိခြင်း၊ သို့မဟုတ် ဦးနှောက်တွင် သွေးခဲရှိခြင်း
• ဦးနှောက်သို့ အောက်စီဂျင် မရောက်ခြင်း၊ ကာဗွန်မို နောက်ဆိုဒ် အဆိပ်သင့်ခြင်း
• ဦးနှောက်ရောင်စေသော ရေယုန်ဘတ်တီးရီးယား၊ ကင်ဆာ သို့ မဟုတ် ကိုယ်ခံအားပြန်လည်တိုက်ခိုက်မှု ရောဂါ
• နာတာရှည် အရက်စွဲ Wernicke-Korsakoff ရောဂါ(ဗီတာ မင် ဘီဝမ်း နည်းခြင်းကြောင့်)
• ဆေးများ၏ ဘေးထွက်ဆိုးကျိုးများ ၊ ဗီတာမင် ဘီဝမ်း ချို့တဲ့ခြင်းကလည်း မှတ်ဥာဏ်ဆုံးရှုံးမှု ဖြစ်နိုင်သည်။

ဖြစ်နိုင်ခြေများ

သတိမေ့တတ်ခြင်းဖြစ်နိုင်ချေကို ဘာတွေကမြင့်စေသလဲ။

• ခေါင်းနှင့် ဦးနှောက်ကို ထိခိုက်ဒဏ်ရရခြင်း
• လေဖြတ်ခြင်း
• အရက်စွဲခြင်း
• တက်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Forgetfulness (သတိမေ့တတ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ။

ဆရာဝန်သည် ဆေးမှတ်တမ်းယူခြင်း၊ အာရုံကြောဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စစ်ဆေးခြင်းတို့ကို ပြုလုပ်ပါ မည်။ ဆရာဝန်သည် သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ မှတ်ညဏ်၊ ပြဿနာ ဖြေရှင်းနိုင်စွမ်းနှင့် ဘာသာစကား စစ်ဆေးခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

အချို့ ထူးခြားသော ကိစ္စ များတွင် ဦးနှောက်အား ကွန်ပျူတာဓာတ်မှန် ၊ သံလိုက်ဓါတ်မှန်၊ positron emission tomography (PET) ရိုက်ခြင်းတို့ကို ပြုလုပ်ကာ အခြား အသက်ကြီးမှု ကြောင့်ဖြစ်သော ရောဂါများမှ ခွဲထုတ်နိုင်သည်။

Forgetfulness (သတိမေ့တတ်ခြင်း) ကို ဘယ်လိုကုသပါသလဲ။

အသက်ကြီးခြင်းကြောင့်ဖြစ်သော သတိမေ့တတ်ခြင်းကို ကုသရန် မလိုအပ်ပါ။ ဦးနှောက်လေ့ကျင့်ခန်းများ ဥပမာ- ဝါသ နာအသစ်၊ စိတ်ဝင်စားမှုအသစ်များကို ရှာဖွေခြင်း၊ စိတ်ကို သွက်လက် ဖျတ်လတ်သော လှုပ်ရှားမှုများတွင် ပါဝင်ခြင်း တို့ ပြုလုပ်ပါ။ အရက်သောက်မှုကို ကန့်သတ်ခြင်းသည် ဦးနှောက် ထိခိုက်မှုကို ကာကွယ်စေနိုင်သည်။

လူနာများသည် အစီအစဉ်ချခြင်း၊ လုပ်ဆောင်စရာ အလုပ် များကို စာရင်းပြုစုခြင်း၊ မှတ်စုများ မှတ်ခြင်း၊ ပြက္ခဒိန်တွင် မှတ်ခြင်းနှင့် မှတ်ညဏ်အကူအညီများ စသော နည်းလမ်းများ ကို အသုံးပြုနိုင်သည်။ မိသားစုနှင့် သူငယ်ချင်းများကလည်း နေ့စဉ်လုပ်ငန်း ဆောင်တာများ၊ လူမှုဆက်ဆံရေးများတွင် ကူ ညီပေးနိုင်သည်။

စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှုတို့သည် လူများကို သတိမေ့လျော့စေသည်။ ထိုခံစားမှုများ ကြာလာပါက ကုသမှု တွင် လမ်းညွှန်ဆွေးနွေးခြင်းများ၊ ဆေးသောက်ခြင်းများ ပါဝင် နိုင်သည်။
အယ်လ်ဇိုင်းမားရောဂါ အစောပိုင်း အဆင့် နှင့် အလယ်ပိုင်း အဆင့်ရှိသူများတွင် ဆေးများဖြင့် ရောဂါလက္ခဏာများ ဆိုးရွား လာခြင်းကို တားဆီးနိုင်သည်။

လေဖြတ်ခြင်းကြောင့် မှတ်ဥာဏ်ချို့ ယွင်းသော ပြဿနာမဖြစ်အောင် ဆေးများဖြင့် လေဖြတ်ခြင်းကို ကာကွယ်နိုင်သည်။
သွေးပေါင်တက်ခြင်း၊ ကိုလက်စထရောဓာတ်များခြင်း နှင့် ဆီးချိုသွေးချိုတို့ကို ထိန်းချုပ်ခြင်း၊ ဆေးလိပ်မသောက်ခြင်းဖြင့် လေဖြတ်မှုကို ကာကွယ်နိုင်သည်။
အချို့ကိစ္စများတွင် ဆေးနှင့်ဆိုင်သော ပြဿနာများ၊ စိတ် လှုပ်ရှားမှု၊ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှု နှင့် အိပ်မပျော်မှုတို့ ကို ကုသရန်လိုသည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် သတိမေ့တတ်ခြင်း ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် သတိမေ့တတ်ခြင်း ကို သက်သာစေနိုင်ပါသည်။
• ဆရာဝန်နှင့် ပုံမှန်ပြသပါ။
• ဝါသနာအသစ်များ၊ စိတ်ဝင်စားမှုအသစ်များ ပြုလုပ် ခြင်းဖြင့် စိတ်ကို လေ့ကျင့်ခန်းပြုလုပ်ပေးပါ။
• လုပ်ရမည့်အရာများကို စာရင်းပြုစုပါ။ မှတ်စုတိုရေးပါ။ ပြက္ခဒိန်တွင် မှတ်ပါ။ မှတ်ညဏ်အထောက်အကူ များကို အသုံးပြုပါ။
အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇူလိုငျ 20, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 18, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။