backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Foreign Object In The Ear (နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Foreign Object In The Ear (နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Foreign Object In The Ear (နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်း) ကဘာလဲ။

ပြင်ပမှပစ္စည်းများဆိုသည်မှာ နားလမ်းကြောင်းတလျှောက် (နားစည်မှ ပြင်ပအထိဆက်နေသာ ပြွန်လမ်းကြောင်း)တွင်ကပ်နေသောအရာများကို ခေါ်သည်။

အများအားဖြင့် ဂွမ်းစများ၊ အင်းဆက်ပိုးကောင်များ (ပိုးဟပ်၊ ယင်ကောင်၊ ပုရွက်ဆိတ်)၊ ကစားစရာပစ္စည်းငယ်လေးများ၊ ပုတီးစေ့များ စသည်တို့ဖြစ်သည်။ သင့်အနေနှင့် ထိုပစ္စည်းများနားထဲသို့ဝင်သွားလျှင် သိနိုင်သော်လည်း ကလေးများကမူ မသိနိုင်ချေ။

Foreign Object In The Ear (နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်းသည်အများအားဖြင့် ကလေးငယ်များနှင့် စိတ်ရောဂါရှိသူများတွင် ပို အဖြစ်များပါသည်။ သို့သော်

ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

လက္ခဏာများ

Foreign Object In The Ear (နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများသော ရောဂါလက္ခဏာများမှာ

  • ပြင်ပမှ ပစ္စည်းများသည် နားအတွင်းနံရံကို ထိခိုက်မှုကြောင့် နာကျင်ခြင်း၊ ရောဂါပိုးများဝင်ခြင်း
  • နားမကြားခြင်း
  • နားအူခြင်း
  • နားထဲသို့ အင်းဆက်ပိုးကောင်များဝင်သွားလျှင် နားထဲတဝီဝီ မြည်ခြင်၊ယားခြင်း
  • နားထဲတွင် နီနေခြင်း၊ သွေးထွက်ခြင်း၊ ယားခြင်း

မူးဝေခြင်း တို့ဖြစ်တတ်ပါသည်။

(အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်တွင်ဖော်ပြထားသော လက္ခဏာများရှိပါက ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

  • နားထဲဝင်သွားသော ပစ္စည်းကို လွယ်ကူစွာ မဖယ်ထုတ်နိုင်လျှင်
  • နားထဲတွင် အသံများကြားနေခြင်း၊ နားလေးခြင်းများ ဖြစ်လျှင်
  • နားအလွန်ကိုက်လျှင်
  • နားထဲမှ သွေးများ၊ ပြည်များထွက်နေလျှင်

အကြောင်းရင်းများ

Foreign Object In The Ear (နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

နားထဲသို့ ဂွမ်းဆို့ခြင်း ၊ ထိုဂွမ်းစများ မတော်တဆဝင်သွားခြင်း နှင့် အဖြစ်များသော ပစ္စည်းများမှာ ပုတီးစေ့များ၊ ကော်အရုပ်လေးများ၊ ပြောင်းဖူးစေ့များ၊ ကျောက်စရစ်ခဲများဖြစ်ပါသည်။

အသက်၁၀ နှစ်ကျော်သော ကလေးများတွင် အင်းဆက်ပိုးကောင်များ ပိုဝင်တတ်ပါသည်။

ဖြစ်နိုင်ခြေများ

Foreign Object In The Ear (နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

၉ လအထက် ကလေးများတွင် နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်းပိုဖြစ်တတ်ပြီး စိတ်မူမမှန်သော ကလေးများတွင်လည်း အဖြစ်များကြောင်းတွေ့ရပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Foreign Object In The Ear (နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်းကို ဘယ်လိုသိနိုင်မလဲ။

ဆရာဝန်သည် အလင်းရောင်ပါသော မှန်ဘီလူးဖြင့် နားထဲသို့ကြည့်ပြီး နားစည် ကို စစ်ဆေးခြင်း၊ ထိခိုက်မှုများနှင့် ရောဂါများရှိမရှိ စစ်ဆေးခြင်းတို့ကို ပြုလုပ်ပါလိမ့်မည်။

Foreign Object In The Ear (နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

နားထဲသို့ဝင်သွားသော ပစ္စည်းများနှင့် ဝင်သွားသော အကွာအဝေး အပေါ်မူတည်ပြီး ကုသမှုများလည်းကွာခြားပါသည်။

သင်သည် ဝါဂွမ်းစ သို့မဟုတ် အခြားသော ပစ္စည်းများကို အသုံးပြုပြီးဖယ်ရားခြင်းပြုလုပ်လျှင် နားထဲသို့ဝင်သွားသော အရာကို အထဲသို့တွန်းထဲ့သလိုဖြစ်သွားပြီး နားကို ဒဏ်ရာရစေနိုင်ပါသည်။

နားထဲဝင်သွားသော ပစ္စည်းကို အပြင်မှ ရှင်းလင်းစွာ မြင်နေရလျှင် ညှပ်တံကိုအသုံးပြုပြီး ညင်သာစွာ ဖယ်ထုတ်နိုင်ပါသည်။ သေးငယ်သော အရာဝတ္ထုများသည် နားကိုစောင်းလိုက်ရုံမျှနှင့် ကမ္ဘာမြေကြီး၏ ဆွဲငင်အားအတိုင်းထါက်ကျလာနိုင်ပါသည်။

အကယ် အင်းဆက်ပိုးကောင်များဝင်သွားခဲ့လျှင် နားကိုလက်ဖြင့် မကလော်ရပါ။ သင့်လက်ကို ပိုးကိုက် ခံရနိုင်ပါသည်။ သင်သည်ခေါင်းကို တဖက်စောင်းပြီး နားထဲသို့ သံလွင်ဆီ၊ အားဖြည့်အဆီ၊ ကလေးသုံးဆီများလောင်းထဲ့ခြင်းပြုလုပ်နိုင်ပါသည်။

ထိုသို့ပြုလုပ်ခြင်ဖြင့် နားထဲရှိ ပိုးကောင်ကို ရေမွန်းသွားစေပါသည်။ ဆရာဝန်က နားထဲကိုရေလောင်းထဲ့ကာဆေးခြင်းဖြင့်လည်း အင်းဆက်ပိုးကောင်ကို ဖယ်ရှားနိုင်ပါသည်။ သို့သော် ထိုနည်းလမ်းသည် ကလေးငယ်များတွင် နားစည်ပေါက်ခြင်းဖြစ်နိုင်သည့်အတွက် မသင့်တော်ပါ။

နားထဲဝင်သွားသော ပစ္စည်းများကို အလွယ်တကူ မဖယ်ရှားနိုင်ပါက နားကိုက်ခြင်း၊ နားလေးခြင်းတို့ကို အဆက်မပြတ်ခံစားနေရမည်ဖြစ်သောကြောင့် တတ်ကျွမ်းသော ဆေးပညာရှင်များထံသွားရောက်ကာ ဖယ်ရှားသင့်ပါသည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် နားထဲသို့ ပြင်ပမှပစ္စည်းများဝင်ခြင်း

ဖြစ်သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။

  • ကလေးများသည် သေးငယ်သော ဝတ္ထုပစ္စည်းများနှင့် ကစားနေလျှင် ဂရုစိုက်ကြည့်ရှုပါ။
  • နားကို တစ်သျူး၊ ဂွမ်းစနှင့် သွားကြားထိုးတံများအသုံးပြုပြီး သန့်ရှင်းရေး မလုပ်ပါနှင့်။

သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement