Floppy eyelid syndrome (မျက်ခွံပျော့ဖတ်ခြင်း ရောဂါ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Floppy eyelid syndrome (မျက်ခွံပျော့ဖတ်ခြင်း ရောဂါ) ကဘာလဲ။

မျက်ခွံပျော့ဖတ်ခြင်း ရောဂါရပ် (FES)- ဆိုသည်မှာ အပေါ်မျက်ခွံ၏ ကျုံနိုင်/ဆန့်နိုင်သော စွမ်းအား မရှိတော့သော အခြေအနေတစ်ခု ဖြစ်သည်။ ထို့ကြောင့် အပေါ်မျက်ခွံသည် မျက်ခွံအောက်ရှိ ခန္ဓါကိုယ်အထောက်အပံ့ တစ်သျှူးအမျိုးအစားတစ်မျိုးဖြစ်သော Tarsal Plate အပေါ် ကုပ်တွယ်မှု လျော့နည်းလာပြီး လျော့ရဲ ပျော့ဖတ်လာသည်။ လျော့ရဲနေသော အပေါ်မျက်ခွံကို အပြင်လှန်ထုတ်ရ လွယ်ကူလာသည်။

Floppy eyelid syndrome (မျက်ခွံပျော့ဖတ်ခြင်း ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

မျက်ခွံပျော့ဖတ်ခြင်း ရောဂါသည် ဖြစ်လေ့ဖြစ်ထသိပ်မရှိသော ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်သည်။

FES သည် အသက်အပိုင်းအခြား ၂၅ မှ ၈၀ အတွင်း ဖြစ်တတ်သည်ဟု သိရှိရသည်။

သို့သော် အသက်အလတ်တန်းအရွယ်အပိုင်းအခြားဖြစ်သော အသက် ၄၀ မှ ၅၀ များသည် အခြားအသက် အပိုင်းအခြားများထက် ပိုမိုဖြစ်တတ်သည်ကို တွေ့ရိရသည်။

ယောက်ျား နှင့် မိန်းမ ဖြစ်ပွားမှုနှုန်းတူညီသော်လည်း ယောက်ျားလေးများသည် ရောဂါဖြစ်ပွားမှုနှုန်း နှင့် ရောဂါဒဏ်ခံရမှု အနည်းငယ် ပိုများသည်။

ဒီရောဂါဖြစ်ပွားမှုသည် လူမျိုး၊ဘာသာတို့နှင့် ပတ်သတ်မှုမရှိပါ။

အထက်ပါရောဂါနှင့် ပတ်သတ်သော အခြားသတင်းအချက်အလက်များအတွက် သင်၏ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

လက္ခဏာများ

Floppy eyelid syndrome (မျက်ခွံပျော့ဖတ်ခြင်း ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

  • အပေါ်မျက်ခွံကို အပြင်သို့ အလွယ်တကူလှန်လို့ရခြင်း၊ အပေါ်မျက်ခွံသည် လျော့ရဲပြီး ရာဘာကဲ့သို့ ဖြစ်နေခြင်း။
  • နံနက်အိပ်ရာနိုးလျှင် မျက်လုံးနီခြင်း။
  • အချိန်ကြာမြင့်စွာ မျက်ကြည်လွှာယောင်ရမ်းခြင်း။
  • Superior Palpebral Conjunctiva ဟုခေါ်သော အပေါ်မျက်ခွံအောက်ရှိ တစ်သျှူးများ အချိန်ကြာမြင့်စွာ ယောင်ရမ်းခြင်း။
  • နေ့ခင်းဘက်အိပ်ငိုက်ခြင်း၊ ဟောက်ခြင်း စသည့် အသက်ရှူမဝခြင်းကြောင့် ဖြစ်သော အိပ်ရေးမဝခြင်းလက္ခဏာများ တွေ့ရှိရတတ်ခြင်း။

အထက်တွင် ဖော်ပြထားသည့်အတွင်း မပါဝင်သော လက္ခဏာများ ရှိကောင်းရှိနိုင်ပါသည်။ ရောဂါလက္ခဏာတစ်ခုနှင့် ပါတ်သတ်ပြီး စိုးရိမ်ကြောင့်ကြပါက ဆရာဝန်နှင် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ ရောဂါလက္ခဏာဝေဒနာများ ခံစားနေရလျှင် (သို့) ထိုလက္ခဏာများနှင့် ပတ်သတ်ပြီး သိလိုလျှင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ လူ့ခန္ဒါကိုယ်သည် တစ်ဦးနှင့် တစ်ဦးမတူညီပါ။

သင်၏ ခံစားနေရသော အခြေအနေများကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ခြင်းသည် သင့်အတွက် အကောင်းဆုံးဖြစ်ပါသည်။

အကြောင်းရင်းများ

Floppy eyelid syndrome (မျက်ခွံပျော့ဖတ်ခြင်း ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

  • မျက်ခွံကို ထိခိုက်မိခြင်း:
  • နှစ်ရှည်လများစွာ ခေါင်းအုံးကို မျက်နှာအပ်ပြီး အိပ်ခြင်း (မျက်နှာမှောက်ပြီး အိပ်ခြင်း) သည် မျက်ခွံရှိ Elastin ဟုခေါ်သော Protein ကို လျော့နည်းစေပြီး မျက်ခွံကို ရာဘာကဲ့သို့ လျော့ရဲရဲဖြစ်စေသည်။
  • Elastin သည် ကျုံ့ခြင်း၊ ဆန့်ခြင်းအားဖြင့် လူ့ကိုယ်ခန္ဓါတစ်သျှူးများကို ပုံဖော်ဆောင်ပေးသော Protein ဖြစ်သည်။
    • အသက်ရှူမဝခြင်းကြောင့် ဖြစ်သော အိပ်ရေးပျက်ရောဂါသည် မျက်ခွံပျော့ဖတ်ခြင်း ရောဂါကို တိုက်ရိုက်မဖြစ်စေသော်လည်း ထိုရောဂါနှစ်ခုအတွင်း ပါတ်သတ်မှုများစွာ ရှိပါသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Floppy eyelid syndrome (မျက်ခွံပျော့ဖတ်ခြင်း ရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

မျက်ခွံပျော့ဖတ်ခြင်း ရောဂါဖြစ်စေနိုင်သော အန္တရာယ်အချက်အလက်များစွာ ရှိပါသည်။ ဥပမာ:

-အဝလွန်ခြင်း။

-အသက်ရှူမဝခြင်းကြောင့် ဖြစ်သော အိပ်ရေးပျက်ရောဂါ: ထိုရောဂါ နှစ်ခုကြားတွင် ကြိးမားသော ဆက်နွယ်မှုများရှိပါသည်။

-အချိန်ကြာမြင့်စွာ မျက်လုံးကို ပွတ်ခြင်း။

-ဆီးချို၊သွေးချို ရောဂါ။

-သွေးတိုးရောဂါ။

-သိုင်းရွိုက်ဂလင်း (Thyriod Gland) ၏ သိုင်းရွိုက်ဟော်မုန်းပိုမိုအစွမ်းပြသော ရောဂါခံစားနေရသူများ။

-မျက်နှာမှောက်ပြီး အိပ်ခြင်း။

-မွေးရာပါ Down’s ရောဂါခံစားနေရသူများ။

-Keratoconus ဟုခေါ်သော မျက်လုံးကို ခဏခဏပွတ်ခြင်းကြောင့် မျက်ကြည်လွှာထိခိုက်မိခြင်း။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Floppy eyelid syndrome (မျက်ခွံပျော့ဖတ်ခြင်း ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

အောက်ပါ နည်းလမ်းများဖြင့် မျက်ခွံပျော့ဖတ်ခြင်း ရောဂါကို ရှာဖွေစစ်ဆေးနိုင်ပါသည်။

  • ရောဂါလက္ခဏာခံစားနေရသော မျက်လုံးကို စမ်းသပ်စစ်ဆေးခြင်း နှင့် လက်ရှိ ကြုံတွေ့ခံစားနေရသော ရောဂါလက္ခဏာများကို လေ့လာစစ်ဆေးခြင်း။
  • အိပ်စက်ခြင်း အလေ့အကျင့်များကို လေ့လာစမ်းစစ်ခြင်း။ (နှစ်သက်သော အိပ်စက်ခြင်းပုံစံ၊ အိပ်စက်ရာတွင် ကြုံရသော အခက်အခဲ၊ နေ့ခင်းဘက် အိပ်ငိုက်ခြင်း နှင့် ဟောက်ခြင်း)
  • အသက်ရှူမဝခြင်းကြောင့် ဖြစ်သော အိပ်ရေးပျက်ရောဂါ နှင့် အခြားနဂိုရှိပြီးသား ကျန်းမာရေးအခြေအနေများ စသည်တို့ကို လေ့လာစမ်းစစ်ခြင်း။

များစွာသော ကျန်းမာရေးအခြေအနေများတွင် ဆင်တူသော ရောဂါလက္ခဏာ နှင့် ဝေဒနာများရှိတတ်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ဆရာဝန်) မှ အခြားသော စစ်ဆေးမှုများကို ပြုလုပ်ပြီး တိကျသေချာသော ရလဒ်ကို ရရှိရန် ဆောင်ရွက်ပေးပါမည်။

Floppy eyelid syndrome (မျက်ခွံပျော့ဖတ်ခြင်း ရောဂါ) ကို ဘယ်လိုကုသပါသလဲ

  • ပါဝင်ပတ်သတ်နေသော ရောဂါအခြေအနေများကို လေ့လာစမ်းစစ်ခြင်း နှင့် ကုသခြင်း။ ဥပမာ- အသက်ရှူမဝခြင်းကြောင့်ဖြစ်သော အိပ်ရေးပျက်ရောဂါ
  • ညအိပ်ချိန်တွင် မျက်လုံး၏ အမြင်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများကို ထိတွေ့ခြင်းဒဏ်မှ ကာကွယ်ရန် မျက်လုံးတွင်အသုံးပြုသော ချောဆီအသုံးပြုခြင်း။
  • ညအိပ်ခါနီးတွင် မျက်ခွံအား အသာအယာဖိနှိပ်ပေးခြင်းဖြင့် မျက်ခွံအပြင်သို့ လန်ခြင်းကို ကာကွယ်ပေးခြင်း။
  • မျက်လုံးအကာများ အသုံးပြုပြီး မျက်ကြည်လွှာ နှင့် မျက်သားကို အိပ်စက်နေချိန်တွင် ထိခိုက်မိခြင်းကို ကာကွယ်ခြင်း။
  • ခွဲစိတ်ကုသခြင်း။ (လျော့ရဲနေသော မျက်ခွံကို တိုသွားအောင် သို့မဟုတ် တောင့်တင်းအောင် ပြုလုပ်ခြင်း)

လူနေမှုပုံစံပြောင်းလဲခြင်း နှင့် အိမ်သုံးဆေးမြီးတိုများ

အောက်ပါ လူနေမှုပုံစံပြောင်းလဲခြင်း နှင့် အိမ်တွင်းဆေးမြီးတိုများသည် မျက်ခွံပျော့ဖတ်ခြင်း ရောဂါဝေဒနာများကို သက်သာစေနိုင်ပါသည်။

  • အဝလွန်ခြင်းကို ထိန်းချုပ်ရန် သင့်တင့်လျောက်ပတ်သော အစာအာဟာရ နှင့် လေ့ကျင့်ခန်း ပြုလုပ်ခြင်း။
  • မျက်ခွံနှင့် ခေါင်းအုံး ထိတွေ့ခြင်းကြောင့် ဖြစ်သော မျက်လုံးထိခိုက်ခြင်းများကို ကာကွယ်ရန် ဘေးစောင်းအိပ်ခြင်း (သို့) ပက်လက်အိပ်ခြင်း။
  • အသက်ရှူမဝခြင်းကြောင့်ဖြစ်သော အိပ်ရေးပျက်ရောဂါကို ထိရောက်စွာကုသခြင်း။

အခြားသိလိုသည့်မေးခွန်းများရှိလျှင် ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင့်အတွက် အကောင်းဆုံးဖြစ်ပါသည်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်၊ ရောဂါစစ်ဆေးစမ်းသပ်ချက် (သို့) ကုသမှုများကို မလုပ်ဆောင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 23, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 13, 2019

ရင်းမြစ်များ