Filippi Syndrome (Filippi ရောဂါစု) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Filippi ရောဂါစု ဆိုတာဘာလဲ။

ဝင်ချက်စတာ စင်ဒရုန်းဆိုတာ အလွန်ရှားပါးတဲ့ တွယ်ဆက်တစ်ရှုးရောဂါတစ်မျိုးပါ။ အင်ဇိုင်းအချို့ ချို့ယွင်းခြင်း သို့မဟုတ် မပါရှိမှုတို့ကြောင့် ဆဲလ်နဲ့ တစ်ရှုးတို့မှာ မော်လီကျူများစုပုံလာကာ ပိုသေးတဲ့ယူနစ်တွေအဖြစ် ဖြိုခွဲခံလိုက်ရသော မျူကိုပေါ်လီဆက်ခရိုက်ဒိုးဆစ်ခေါ် ရောဂါဖြင့် ဆက်စပ်နေမယ်လို့ သိပ္ပံပညာရှင်များက ယုံကြည်ကြပါတယ်။

ထိုရောဂါမှာ အရပ်ပုခြင်း၊ အဆစ်ရောင်ခြင်း၊ အရေပြားအောက်တွင်အဖုများရှိခြင်း၊ မျက်နှာပုံထူးခြားခြင်းနှင့် သွား၊မျက်လုံးပြဿနာများ ပါဝင်ပါတယ်။

Filippi ရောဂါစု ဘယ်လောက်ထိ အဖြစ်များသလဲ။

၁၉၆၉ခုနှစ်မှာ စတင်ဖော်ပြခဲ့ပြီး ဆေးပညာစာတမ်းတွေမှာ ၁၂ယောက်လောက်သာ တွေ့ရှိရပါသေးတယ်။ မက်စီကန်၊ အိန္ဒိယ၊ ပေါ်တိုရီကန်နဲ့ အီရန်မျိုးနွယ်မှ ဆင်းသက်လာသူများ ပါဝင်ပါတယ်။ ရောဂါမတွေ့ရှိသေးသူတွေ၊ ရောဂါမှားယွင်းအတည်ပြုမိသူများလည်း ရှိနိုင်ပါသေးတယ်။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

Filippi ရောဂါစုရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Filippi ရောဂါစု ရဲ့ ပထမဆုံး ဖော်ပြတဲ့လက္ခဏာတွေကတော့

-ဖွံဖြိုးမှုနှောင့်နှေးခြင်း

-မွေးမွေးချင်း ပေါင်ချိန်ကျခြင်း

-ပုံမှန်မဟုတ် အရပ်အလွန်ပုခြင်း

-ပုံမှန်မဟုတ်ပဲ ခေါင်းအရမ်းသေးခြင်း

-အရိုးနဲ့ကြွက်သား တွေပုံမှန်မဟုတ်ခြင်းကြောင့် လက်ချောင်း၊ခြေချောင်းများပူးနေခြင်း

-လက်ချောင်းကြားမှာ အရေပြားများ တစ်စိတ်တစ်ပိုင်းသို့မဟုတ် အကုန်လုံး ဆက်နေခြင်း

-ကလေးတွေမှာထူးခြားတဲ့မျက်နှာသွင်ပြင်ကိုမြင်ရခြင်းနဖူးမြင့်ခြင်း၊ နှာခေါင်းကျယ်ခြင်း၊ နှုတ်ခမ်းအပေါ်ပိုင်း အလွန်ပါးခြင်း

-ဉာဏ်ရည်နိမ့်ပါးခြင်း( သိပ်မဆိုးတာနဲ့ အလွန်ဆိုးတဲ့ ဉာဏ်ရည်နိမ့်ခြင်း) အဲ့ဒါကြောင့် စကားပြောဆိုဆက်ဆံရာတွင်ခက်ခဲခြင်း၊ နားလည်နိုင်စွမ်း၊အခြားသူများနှင့်ဆက်သွယ်ပြောဆိုရာတွင် ခက်ခဲခြင်း။

အပေါ်မှာမပြောပြထားတဲ့ အခြားသော လက္ခဏာတွေရှိနေနိုင်ပါသေးတယ်။ တကယ်လို့ ရောဂါလက္ခဏာများနဲ့ပတ်သက်ပြီး စိတ်ပူတာတွေရှိနေသေးပါက သင့်ဆရာဝန်ကိုတိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

အကယ်၍အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုသည်များရှိလျှင်သော်လည်းကောင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှုသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ သင့်ရောဂါအခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာကိုဆရာဝန်နှင့် ဆွေးနွေးခြင်းကသာအမှန်ကန်ဆုံးဖြစ်ပါသည်။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေကFilippi ရောဂါစုဖြစ်ပွားစေသလဲ။

Filippi ရောဂါစု က autosomal recessive ပုံစံ ဖြစ်ပြီး ဒီလိုအခြေအနေဖြစ်ဖို့အတွက် မိဘ တစ်ဦးစီကနေ မှားနေတဲ့ မျိုးရိုးဗီဇ တစ်စုံစီနဲ့ နှစ်စုံရမှ ဒီလိုရောဂါကို အမွေရပါတယ်။Filippi syndromeကို ဖြစ်စေတဲ့ တိကျတဲ့မျိုးရိုးဗီဇကိုတော့ ခုချိန်ထိ မသိကြသေးပါဘူး။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

ဘယ်အရာတွေကFilippi ရောဂါစုဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

Filippi ရောဂါစု ကို ပိုပြီး ဖြစ်စေနိုင်တာတွေကတော့

-မိဘနှစ်ယောက်က သွေးရင်းချင်း လက်ထပ်ခြင်း။ အကယ်ရ်ျ အဖေနဲ့အမေက သွေးသားရင်းချင်းဖြစ်ခဲ့တယ်ဆိုပါက မျိုးရိုးဗီဇ ပြောင်းလဲမှု၊ ချို့ယွင်းနိုင်မှုအခြေအနေများတာကြောင့် အဲ့လိုက ရတဲ့ကလေးတွေမှာ Filippi syndromeလိုအခြေအနေကို ဖြစ်စေနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

Filippi ရောဂါစုဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

Filippi ရောဂါစု ကို မွေးတဲ့အချိန်မှာ သို့မဟုတ် မွေးပြီးကာစ လပိုင်းလောက်မှာ ကလေးကို ကြည့်ပြီး စမ်းသပ်ချက်ပြုလုပ်ခြင်းနှင့် ကလေးရဲ့သွင်ပြင်ပုံစံကို ကြည့်ခြင်းတို့နဲ့ အဖြေထုတ်နိုင်ပါတယ်။ အထူးစမ်းသပ်ခြင်း ဆိုလိုတာကအထူးပုံရိပ်ဖော်နည်းလမ်းများနဲ့ ကြည့်ရှုပြီး ဒီမူမမှန်မှုနဲ့ ဆက်စပ်တဲံ အခြေအနေတွေကို အဖြေထုတ်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

Filippi ရောဂါစုကို ဘယ်လိုကုသလဲ။

Filippi ရောဂါစု ကုသမှုကတော့ တစ်ယောက်ချင်းစီကိုကြည့်ပြီး ညွှန်ကြားခြင်းနဲ့ သေချာကုသမှုပေးခြင်းပြုလုပ်ရပါတယ်။ ကုသမှုတွေနဲ့ပတ်သက်ပြီးကတော့ ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေ အဖွဲ့နဲ့ စုပြီး ရောဂါဖြစ်တဲ့ကလေးကို ဘယ်လိုကုသမှုပေးမယ်ဆိုတာကို သေချာဆွေးနွေးပြီးကုသရပါတယ်။ ဒီလို ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေထဲမှာတော့ ကလေးအထူးကုများ၊ သမားတော်များဖြစ်တဲ့အရိုး၊အဆစ်အမြစ်၊ကြွက်သားတို့ကို အထူးကုသူများ၊အရိုးနဲ့ဆိုင်ရာ အထူးကုသူများနှင့်အခြားသောနယ်ပယ်က ကျန်းမာရေးစောင့်ရှောက်သူတွေပါဝင်ပါတယ်။ ရောဂါရှိတဲ့လူတွေမှာ ကုသမှုတွေထဲမှာ အချို့သော အရိုးနဲ့ဆိုင်ရာ သို့မဟုတ် တစ်ခြားသော ပုံမှန်မဟုတ်တဲ့ မူမမှန်ခြင်းဆိုင်ရာ ပြသနာများကို ကုသရာမှာ ခွဲစိတ်ကုသခြင်းနဲ့ပြုလုပ်ပါတယ်။ ခွဲစိတ်ကုသတဲ့ နည်းလမ်းတွေကိုဆောင်ရွက်ရာမှာခန္ဓါဗေဒ ဆိုင်ရာ မူမမှန်မှုများ၊ သူတို့နဲ့ဆိုင်တဲ့လက္ခဏာများနဲ့အခြားသောအချက်အလက်များကို ကြည့်ပြီး ကုသရပါတယ်။ စစချင်းကုသရမယ့်နည်းလမ်းကတော့ ဖြစ်နေတဲ့ကလေးတွေရဲ့ လိုချင်တဲ့နေရာကိုရဖို့ အရေးကြီးလို့ သေချာအောင်လုပ်ပေးရပါတယ်။ အထူး လိုအပ်ချက်အနေများနဲ့ကလေးအတွက် အထူးသင်ကြားမှုလုပ်ပေးခြင်း၊ ကိုယ်လက်ဆိုင်ရာကုသမှုပေးခြင်း၊ စကားပြောဆိုခြင်းဆိုင်ရာ ကုသမှုများ သို့မဟုတ် ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ဆက်သွယ်ရေးများမှာအဆင်ပြေစေရန်အကူအညီပေးခြင်းတို့ပြုလုပ်ပေးရပါမယ်။Filippi ရောဂါစု ရှိတဲ့ လူနာများနဲ့ သူတို့ရဲ့ မိသားစုဝင်များမှာ မျိုးရိုးဗီဇ ဆိုင်ရာ ဆွေးနွေးမှုများကို ပြုလုပ်ပေးခြင်းကအကျိုးရှိုနိုင်ပါတယ်။ အခြားသော ကုသမှုများကတော့ရောဂါလက္ခဏာပေါ်လိုက်ကုခြင်း သက်သာစေရန်ဆောင်ရွက်ပေးခြင်းများပဲ ဖြစ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကFilippi ရောဂါစုကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ နိုဝင်ဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 13, 2019

ရင်းမြစ်များ