Filariasis (သံလုံးကောင်တွေကြောင့်ဖြစ်တဲ့ ကပ်ပါးရောဂါ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Filariasis (သံလုံးကောင်တွေကြောင့်ဖြစ်တဲ့ ကပ်ပါးရောဂါ) ကဘာလဲ။

Filariasis ဆိုတာ သံလုံးကောင်တွေကြောင့်ဖြစ်တဲ့ ကပ်ပါးရောဂါတစ်မျိုးပါ။ အပ်ချည်မျှင်နဲ့တူတဲ့ သန်ကောင်တွေဟာ လူတွေရဲ့ Lymphatic စနစ်ထဲမှာ နေထိုင်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ထိခိုက်စေလို့ ပိုးဝင်တာတွေကို ဖြစ်စေနိုင်ပါတယ်။

Filariasis ဟာ နောက်ဆက်တွဲပြဿနာတွေကို ကာလကြာရှည်ခံစားရစေနိုင်ပါတယ်။ အချိန်အကြာကြီး နာကျင်နေတာမျိုး ခြေလက်တွေ ရောင်ရမ်းနေတာမျိုးကို ခံစားရနိုင်ပြီး လိင်မှုကိစ္စဆိုင်ရာ စွမ်းဆောင်ရည်တွေလည်း ကျဆင်းသွားနိုင်ပါတယ်။

Filariasis (သံလုံးကောင်တွေကြောင့်ဖြစ်တဲ့ ကပ်ပါးရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

Filariasis ဆိုတာ အပူပိုင်းနဲ့ နွေးသမပိုင်းရာသီဥတုရှိတဲ့ နိုင်ငံတွေ ဥပမာ အာဖရိက၊ ပစိဖိတ်အနောက်ပိုင်းနဲ့ အာရှတို့လို နိုင်ငံတွေမှာ အဖြစ်များတဲ့ အခြေအနေတစ်ခုပါ။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Filariasis (သံလုံးကောင်တွေကြောင့်ဖြစ်တဲ့ ကပ်ပါးရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Filariasis ဟာ ပထမဆင့်မှာတော့ ဘယ်လို လက္ခဏာမျိုးမှ ပြလေ့မရှိသလောက်ပါပဲ။ ပိုးဝင်ခြင်းဟာ အထူးသဖြင့် ခြေထောက်တွေမှာအဖြစ်များပေမယ့် အခြားသောအစိတ်အပိုင်းတွေဖြစ်တဲ့ လက်မောင်း၊ ရင်သားနဲ့ လိင်အင်္ဂါနေရာတွေမှာလည်း ဖြစ်တတ်ပါတယ်။ လက္ခဏာတွေဟာ သတိပြုမိတဲ့အခြေအနေရောက်ဖို့ နှစ်ပေါင်းများစွာ ကြာတာမျိုးလည်းဖြစ်နိုင်ပါတယ်။

. ပိုးဝင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ရောင်ရမ်းပြီး Lymphatic စနစ်ထဲ ပိုးဝင်ခြင်းကြောင့် သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားနိုင်ပါတယ်။

. အရေပြားနဲ့ Lymphatic စနစ်ထဲ ဘက်တီးရီးယားဝင်တဲ့ပုံစံမျိုးခံစားရမှာဖြစ်ပြီး သင့်ရဲ့အရေပြားဟာ မာကြောပြီး ထူလာတတ်ပါတယ်။ (ဆင်ခြေထောက်ရောဂါလို့လည်း သိကြပါတယ်။ )

. အမျိုးသားတွေမှာတော့ ရောင်ရမ်းခြင်းနဲ့ ကပ်ပယ်အိတ်ထဲမှာ ကိုယ်တွင်းရည်တွေ စုလာတာမျိုး ဖြစ်တတ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

Filariasis ရဲ့ လက္ခဏာတွေကို တွေ့ဖို့ဆိုတာ အရွယ်ရောက်နေတဲ့ ပိုး သေသွားပြီး lymph စနစ်တွေ ပျက်စီးသွားတဲ့ထိတောင် မလွယ်ကူလှပါဘူး အထက်ဖော်ပြပါ လက္ခဏာတွေကို သတိထားမိဖို့ အရေးကြီးပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Filariasis (သံလုံးကောင်တွေကြောင့်ဖြစ်တဲ့ ကပ်ပါးရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

Filariasis ဟာ အဏုဇီဝပိုးတွေကြောင့်ဖြစ်ရတာပါ။ ဒီရောဂါဟာ လူတစ်ယောက်ကနေ တစ်ယောက်ကို ခြင်ကိုက်ခြင်းကတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ဒီ အဏုဇီဝပိုးတွေဟာ ခြင်ကိုက်လိုက်တဲ့အခါ ခြင်ထဲဝင်ပြီးကူးစက်နိုင်ပါတယ်။ ဒီခြင်တွေကပဲ ဒီပိုးတွေကို အခြားလူတစ်ယောက်ဆီ သယ်ဆောင်ပေးသွားတာပါ။ ဒီပိုးတွေဟာ အရေပြားထဲဝင်ပြီး Lymph သွေးကြောတွေဆီ  ဦးတည်လို့ ပိုးဝင်ခြင်းတွေဖြစ်စေနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Filariasis (သံလုံးကောင်တွေကြောင့်ဖြစ်တဲ့ ကပ်ပါးရောဂါ) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • ခြင်တွေခဏခဏ အကြိမ်ပေါင်းများစွာ အကိုက်ခံရဖူးရင်
  • ဒီအခြေအနေဖြစ်ပွားမှုများတဲ့ အပူပိုင်းနဲ့ နွေးသမပိုင်းဒေသတွေမှာ နေထိုင်နေရင်

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Filariasis (သံလုံးကောင်တွေကြောင့်ဖြစ်တဲ့ ကပ်ပါးရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

Filariasis ဟုတ်မဟုတ် အခြေခံ အတည်ပြုချက်ကတော့ microfilariae ဟုတ်မဟုတ် microscopic examination လုပ်ရတာပါပဲ။ ဒီစစ်ဆေးမှုဟာ နိုင်ငံအများစုမှာတော့ ညနေပိုင်းမှာသာ လုပ်ဆောင်လို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ microfilariae တွေဟာ ညဘက်မှသာ သွေးကြောတွေထဲ လှုပ်ရှားနေလို့ပါ။ ဒီသွေးစစ်မှုကိုတော့ microfilariae ရှိမရှိ စမ်းသပ်ဖို့ လုပ်ဆောင်ရပါတယ်။

Microscopic စစ်ဆေးမှုအစား serologic နည်းလမ်းကိုလည်း lymphedema အတွက် အသုံးပြုကြပါတယ်။ lymphedema ဟာ ပိုးဝင်ပြီးနှစ်ပေါင်းများစွာကြာမှ ဖြစ်ပေါ်တာကြောင့် ဒီလူနာတွေအတွက်တော့ microscopic စစ်ဆေးမှုတွေက ဘာရောဂါမှ မရှိဘူးလို့ ပြသနိုင်ပါတယ်။

Filariasis (သံလုံးကောင်တွေကြောင့်ဖြစ်တဲ့ ကပ်ပါးရောဂါ) ကို ဘယ်လိုကုသပါသလဲ

သင့်ရဲ့သွေးထဲက ပိုးတွေကို သတ်နိုင်ဖို့အတွက် Diethylcarbamazine (DEC)လို့ခေါ်တဲ့ နှစ်အလိုက်ဆေးဝါး (yearly medication) လိုအပ်ပါတယ။် ဆေးဟာ ပိုးတွေအားလုံးကိုတော့ သတ်နိုင်မှာမဟုတ်ပေမယ့် အခြားသော ပိုးဝင်မှုတွေ နောက်ထပ်မဖြစ်ပွားစေဖို့ နဲ့ အခြားသူတွေကို မကူးစက်စေဖို့ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ဆရာဝန်တွေကလည်း ဒီအခြေအနေတွေ ပိုဆိုးမလာစေဖို့ ကာကွယ်နိုင်မယ့် နည်းလမ်းအချို့ကို သင့်အတွက် အကြံပြုပေးနိုင်ပါတယ်။

. ရောင်ရမ်းနေတဲ့နေရာတွေကို နေ့စဉ် ဆပ်ပြာနဲ့ ညင်သာစွာ ဆေးကြောပါ။

ဘက်တီးရီးယားပိုးဝင်မှုတွေ ထပ်မဖြစ်စေဖို့ အနာကို anti-bacterial ခရင်မ်တွေ လိမ်းပေးပါ။

သွေးလည်ပတ်မှုတွေ ပိုပြီးကောင်းမွန်လာစေဖို့ ရောင်ရမ်းနေတဲ့နေရာတွေအတွက် လေ့ကျင့်ခန်းလုပ်ပေးပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်Filariasis ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

. Filariasis ကို ရှောင်နိုင်ဖို့ အထိရောက်ဆုံးနည်းလမ်းကတော့ ခြင်မကိုက်အောင် နေခြင်းပါပဲ။ ခြင်ထောင်နဲ့ အိပ်စက်ဖို့ မမေ့ပါနဲ့။

Filariasis အဖြစ်များတဲ့နေရာတွေကို ခရီးသွားခြင်း ရှောင်ကြဉ်ပါ။ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်သွားဖို့ လိုပါတယ်။

ညနေချမ်းနဲ့ အရုဏ်တက်ကြားမှာ ခြင်မကိုက်တဲ့ဆေးရည်တွေကို အသားပေါ်မှာ လိမ်းထားသင့်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 2, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 14, 2018

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။