Fibrous dysplasia ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Fibrous dysplasia ကဘာလဲ။

Fibrous dysplasia ဆိုတာ သိပ်ပြီး ဖြစ်လေ့ဖြစ်ထမရှိတဲ့ အရိုးရောဂါ တစ်မျိုးဖြစ်ပါတယ်။ အမာရွတ်ကဲ့သို့ မာကြောတဲ့ အသားတစ်ရှူးတစ်မျိုး ဟာ ပုံမှန် အရိုးဖြစ်ရမည့် နေရာမှာ ဖြစ်ပေါ် လာခြင်းဖြစ်ပါတယ်။ ထိုသို့ဖြင့် ဘေးနားရှိ အရိုးကို ထိခိုက်အားလျော့ လာစေပြီး ပုံသဏ္ဍန်ပျက်ခြင်း သို့မဟုတ် ကျိုးပဲ့ခြင်း ကိုဖြစ်စေ နိုင်ပါတယ်။

များသောအားဖြင့် ထိုရောဂါဟာ အရိုးတစ်ချောင်းရဲ့ နေရာတစ်နေရာမှာ အဖြစ်များလေ့ရှိပါတယ်။ သို့သော် အရိုးအတော်များများရဲ့ နေရာအများစုမှာ လည်း တစ်ပြိုင်တည်း ဖြစ်တတ်ပါတယ်။ လူငယ်နဲ့ လူလတ်ပိုင်းတို့မှာ အရိုးတစ်ချောင်းတွင်သာ ဖြစ်လေ့ရှိပါတယ်။ အရိုးတစ်ချောင်းထက် ပိုပြီး ထိုရောဂါဖြစ်သော သူများဟာ အသက် ဆယ်နှစ် မတိုင်ခင်တည်းက ရောဂါလက္ခဏာပြတတ်ကြပါတယ်။ Fibrous dysplasia ဟာ မျိုးရိုးဗီဇနှင့် ဆိုင်သော ရောဂါဖြစ်သော်လည်း မိဘမှ သားသမီးသို့ မျိုးရိုးလိုက်တတ်သော ရောဂါအမျိုးအစား မဟုတ်ပါ။ ကုသပျောက်ကင်းနိုင်တဲ့ ကုထုံး မရှိပါ။ သို့သော် နာကျင်မှုသက်သာစေရန်၊ အရိုးများ ပြန်လည်ပြင်ဆင်ရန် ခွဲစိပ်မှု တော့ ပြုလုပ်နိုင်ပါတယ်။

Fibrous dysplasia က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ ရှားပါးရောဂါ တစ်မျိုးဖြစ်ပါတယ်။ ကလေးများ နဲ့ လူငယ် အရွယ်မှ စပြီး ရောဂါရှာဖွေတွေ့ရှိနိုင်ပြီး ဘ၀တစ်လျှောက် ထိုရောဂါရှိနေတတ်ပါတယ်။ လူမျိုး၊ လိင်အမျိုးအစား၊ အသားအရောင်၊ နေထိုင်သောနေရာ၊ အခြားသော ပတ်ဝန်းကျင်မှ အကြောင်းများနဲ့ သက်ဆိုင်မှုမရှိပါ။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Fibrous dysplasia ရဲ့လက္ခဏာတွေကဘာတွေလဲ

Fibrous dysplasia ဟာ ရောဂါနုချိန်တွင် ရောဂါလက္ခဏာ အနည်းငယ် သို့မဟုတ် လုံးဝ မပြတတ်ဘဲ ရှိတတ်ပါသည်။ ပြင်းထန်အဆင့်ရောက်မှသာ အောက်ပါရောဂါ လက္ခဏာများ ကိုပြလေ့ရှိပါတယ်။

-အရိုးနာကျင်ခြင်း-နာကျင်မှုဟာ အနည်းငယ် မှ အတော်အသင့်ထိရှိတတ်ပါတယ်

-ရောင်ရမ်းခြင်း

-အရိုးပုံသဏ္ဍာန်ပုံမမှန်ခြင်း

-အရိုးကျိုးခြင်း (ခြေထောက်နှင့် လက်မောင်းရိုး)

-ခြေထောက်ရိုးများ ကွေးကောက်လာခြင်း

ဒီရောဂါ အဖြစ်များသော အရိုးများမှာ

  • ပေါင်ရိုး
  • ခြေသလုံးရိုး
  • လက်မောင်းရိုး
  • ဦးခေါင်းခွံ
  • နံရိုး
  • တင်ပါးရိုး တို့ပဲဖြစ်ပါတယ်။

ရှားပါးစွာ ထိုရောဂါသည် Hormone ထုတ်သော Gland များနှင့်ဆိုင်တဲ့ ရောဂါနဲ့ တွဲတွေ့ရတတ်ပါသည်။ သို့သော် ရှားပါသည်။ ထိုသို့ တွဲတွေ့ရသော အခြေအနေများမှာ

-အပျိုပေါ်\လူပျိုပေါ်စောစွာဝင်ခြင်း

-Hormone ဓါတ်များ လွန်စွာ ထွက်ခြင်း

-အရေပြားပေါ်တွင် အညိုဖျော့ရောင် အစက်လေးများ ရှိခြင်း တို့ပဲဖြစ်ပါတယ်။ Fibrous dysplasia ရှိသော အမျိုးသမီးများတွင် ရာသီလာသော အချိန်ဝန်းကျင်တွင် အရိုးက ပိုမို နာကျင်ကြောင်းတွေ့ရပါသည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

အရိုးနာကျင်ခြင်းဟာ ကိုယ်အလေးချိန်တက်လာသည်နှင့် အမျှ ပိုဆိုးလာခြင်း၊ အနားယူလျှင်လည်း မသက်သာခြင်း

-ညဘက် မအိပ်နိုင်ရလောက်အောင် အရိုးက နာကျင်ခြင်း

-လမ်းလျှောက်ရ ခက်ခဲလာခြင်း

-ဘာထိခိုက်မှု ၊ အကြောင်းရင်းမှ မရှိဘဲ အရိုးဝန်းကျင် ရောင်ရမ်းလာခြင်း

-အရိုးပုံသဏ္ဍာန် ပြောင်းလဲလာခြင်း

-ခြေ သို့မဟုတ် လက် ရိုးများ တစ်ဖက်နှင့် တစ်ဖက် မညီလာခြင်း

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Fibrous dysplasia ကိုဘာတွေကဖြစ်စေသလဲ

Fibrous dysplasia ဆိုသည်မှာ အရိုးဖြစ်ပေါ်စေသော ဆဲလ်များ ရဲ့ မျိုးရိုးဗီဇ ပြောင်းလဲမှုကြောင့် ဖြစ်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။ ထိုသို့ မျိုးရိုးဗီဇ ပြောင်းလဲခြင်းကြောင့် ပုံမှန်မဟုတ်သော၊ နုနယ်သော အရိုးများဖြစ်လာရပါတယ်။ များသောအားဖြင့် ထိုရောဂါဟာ အရိုးတစ်ချောင်းရဲ့ နေရာတစ်နေရာမှာ အဖြစ်များလေ့ရှိပါတယ်။ သို့သော် အရိုးအတော်များများရဲ့ နေရာအများစုမှာ လည်း တစ်ပြိုင်တည်း ဖြစ်တတ်ပါတယ်။

တစ်ခါတစ်ရံ ထိုသို့ရောဂါဖြစ်စဉ်ဟာ အပျိုပေါ် ၀င်ချိန်တွင် ရပ်တန့်သွားပြီး ကိုယ်ဝန်ဆောင်ချိန်မှ ပြန်လည်ပေါ်လာတတ်ပါတယ်။

အရိုးဖြစ်ပေါ်စေသော ဆဲလ်များ ရဲ့ မျိုးရိုးဗီဇ ပြောင်းလဲမှုဟာ ကိုယ်ဝန်ဆောင်ပြီး အစောပိုင်း သန္ဓေသား ကြီးထွားချိန်မှာ အစပြုပါတယ်။ ထို့ကြောင့် မိဘမှ သားသမီးသို့ မျိုးရိုးလိုက်ခြင်း မရှိပါ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Fibrous dysplasia ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Fibrous dysplasia ကို ဘယ်လိုအတည်ပြုပါသလဲ

X rays ဓါတ်မှန်ကိုရိုက်ကြည့်ခြင်းဖြင့် ရောဂါကို အတည်ပြုနိုင်ပါတယ်။ MRI ခေါ် သံလိုက်ဓါတ်မှန် နှင့် CT ခေါ် ကွန်ပြူတာ ဓါတ်မှန် ကိုလည်းရိုက်ကြည့်နိုင်ပါတယ်။ တစ်ချို့ အခြေအနေများတွင် အရိုးအသားစယူရနိုင်ပါတယ်။ မျိုးရိုးဗီဇ နှင့်ဆိုင်သော စမ်းသပ်မှုများ ရဲ့ အသုံးဝင်မှုကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ပြောင်းလဲသွားသော မျိုးရိုးဗီဇဟာ ရောဂါဖြစ်သော အရိုး တစ်ရှူးမှာသာ ရှိသောကြောင့် ထိုတစ်ရှူးမှ DNA ကိုတော့ စမ်းသပ်စစ်ဆေးမှု ပြုလုပ်နိုင်ပါတယ်။

Fibrous dysplasia ကို ဘယ်လိုကုသပါသလဲ

Fibrous dysplasia ကို ပျောက်ကင်းအောင် ကုသထုံး မရှိသေးပါဘူး။ ဖြစ်ပေါ်ခံစားရသော ရောဂါလက္ခဏာများ ကိုသာ သက်သာအောင် ကုသနိုင်ပါတယ်။ အရိုးကျိုးသွားပါက ကျောက်ပတ်တီးစည်းခြင်း သို့မဟုတ် ခွဲစိပ်ခြင်း များ ပြုလုပ်ရနိုင်ပါတယ်။ များသောအားဖြင့် အရိုးကျိုးခြင်း၊ အရိုးပုံသဏ္ဍာန် မမှန်တော့ခြင်းများ ဖြစ်ပါက ခွဲစိပ်ခြင်းပြုလုပ်လေ့ရှိပါတယ်။ ပြင်းထန်နာကျင်မှုများ သက်သာစေရန်လည်း ခွဲစိပ်ရတတ်ပါတယ်။ Bisphosphonates ဟူသည့် U.S FDA မှ လက်မှတ်ရထားသော ဆေးမျိုးကိုလည်း အသုံးပြုခြင်းဖြင့် အရိုးနာကျင်မှုကို သက်သာ စေနိုင်ပါတယ်။ အရိုးများ ပြန်လည် သန်မာစေရန် ဆရာဝန်မှ စေခိုင်းသော လေ့ကျင့်ခန်းများ၊ ကယ်လ်စီယမ်၊ Phosphorus နဲ့ ဗီတာမင် D သောက်သုံးခြင်း တို့က လည်းအရေးပါတဲ့ အခန်းကဏ္ဍ မှပါဝင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Fibrous dysplasia ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Fibrous dysplasia ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ မတျ 12, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 13, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။