အဓိပ္ပါယ်ဖွင့်ဆိုချက်

Fever In Children (ကလေးဖျားနာခြင်း) ကဘာလဲ။

ကလေးတွေမှာ ရောဂါတစ်ခုခုကြောင့် ကိုယ်ပူချိန်မြင့်တက်လာခြင်းကို ခေါ်ပါသည်။ ကလေးတွေရဲ့ ခန္ဓာကိုယ်အတွင်း တစ်ခုခုမှားနေပြီ ဆိုတာကို ဖော်ပြခြင်းလဲ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ကလေးတွေမှာ ဖျားခြင်းဟာ ရောဂါအခြေအနေတစ်ခု အထူးသဖြင့် ရောဂါပိုးတစ်စုံတစ်ရာ ကူးစက်ခြင်းကိုပြတယ်လို့ ယူဆကြပါတယ်။ မွေးကင်းစကလေးငယ်တွေမှာ ကိုယ်ပူချိန်တက်ခြင်းမှာ ရောဂါပိုးရှိကြောင်းပြခြင်း ဖြစ်ပါတယ်။

Fever In Children (ကလေးဖျားနာခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ကလေးတွေမှာ ဖျားတာဟာ အဖြစ်များပါတယ်။ ကလေးအကုန်လုံးနီးပါး တစ်ချိန်ချိန်မှာတော့ ဖျားနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Fever In Children (ကလေးဖျားနာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကလေးတွေမှာ ဖျားလျှင် အဖြစ်များဆုံးသော လက္ခဏာတွေမှာ
• ကဏှာမငြိမ်ခြင်း၊ နုံးခြင်း၊ တိတ်ဆိတ် ငြိမ်သက်ခြင်း
• ကိုယ်နွေးနေခြင်း သို့ ပူနေခြင်း
• အစာ ကောင်းကောင်း မစားခြင်း
• အလွန်ငိုခြင်း
• အသက်ရှူမြန်ခြင်း
• အအိပ် နှင့် အစားပုံစံ ပြောင်းသွားခြင်း
• တက်ခြင်း
• ပုံမှန် အခန်းတွင်း ပူလွန်း သို့ အေးလွန်းသည်ဟု ခံစားနေရခြင်း
• ကိုယ်လက် နာကျင်ကိုက်ခဲခြင်း သို့ ခေါင်းကိုက်ခြင်း
• အအိပ်များခြင်း သို့ အအိပ်ခက်ခြင်း
• အစားအသောက်ပျက်ခြင်း
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါအချက်အလက်တွေ ရှိလျှင် ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။
• ကလေးက အသက် ၆ လအောက် ငယ်နေခြင်း
• ကလေးက ကဏှာမငြိမ်၊ အော့အန်၊ ခေါင်းကိုက်၊ ဗိုက်အောင့် သို့ တခြားမအီမသာ ဖြစ်စေသော လက္ခဏာတစ်ခုခုရှိနေခြင်း
• ပူနေတဲ့ ကားတွင်းထားပြီးနောက် သုံးရက်ကြာအောင် ဖျားနေခြင်း
• အာရုံမရခြင်း
• ကလေးက ဆရာဝန်နဲ့ ပြပြီးတောင် ကိုယ်ပူမကျ၊ ပိုဆိုးလာပြီး ရောဂါလက္ခဏာအသစ်တွေ ပြနေခြင်း
• စိုးရိမ်နေရသော်လည်း ကလေးဆရာဝန်နဲ့ အဆက်အသွယ်မရခြင်း
• တက်ခြင်း
• ကလေးမှာ နာတာရှည်ရောဂါတစ်မျိုးမျိုး ရှိနေပြီး ဆေးသောက်နေရခြင်း

အကြောင်းရင်းများ

Fever In Children (ကလေးဖျားနာခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ကလေးတွေကို ဖျားစေတဲ့ အကြောင်များမှာ
• Scarlet fever ကဲ့သို့ ဘက်တီးရီးယားပိုး ၀င်ခြင်း သို့ ရှားပါးစွာ လေးဘက်နာ ဗိုင်းရပ်စ်ပိုးဝင်ခြင်း
• ဖျားနိုင်တဲ့ ဆေးများသောက်နေရခြင်း
• ဓာတ်မတည့်ခြင်းများ
• လွန်ကဲစွာ နေလောင်ခြင်း
• ကင်ဆာအကျိတ်ရှိခြင်း
• တချို့ကာကွယ်ဆေးများ ဥပမာ ကြက်ညှာချောင်းဆိုး၊မေးခိုင်နှင့် အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးများထိုးခြင်း

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Fever In Children (ကလေးဖျားနာခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ကလေးဖျားနာခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
• အသက်။ ။ ကလေးတွေက ရောဂါတွေ ပိုကူးစက်နိုင်ကြပြီး ဖျားတတ်ကြပါတယ်။
• ထိတွေ့ခြင်း။ ။ ကလေးတွေက ဖျားနေတဲ့ လူတစ်ယောက်နဲ့ ထိတွေ့မိနိုင်ပြီး ရောဂါပိုးကူးစက်ပြီး ဖျားနိုင်ပါတယ်။
• ကိုယ်ခံအား။ ။ ကိုယ်ခံအားနည်းတဲ့ ကလေးတွေမှာ ရောဂါပိုးကူးစက်မှု ပိုဖြစ်နိုင်ပြီး ဖျားနိုင်ပါတယ်။
• အစာနဲ့ ရေ။ ။ မသန့်ရှင်းတဲ့ရေ နဲ့ အစာရှိခြင်းက ရောဂါပိုးကူးခြင်းနှင့် ဖျားနာခြင်းကို ပိုဖြစ်နိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Fever In Children (ကလေးဖျားနာခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ကလေးရဲ့ အဖျားကို အတည်ပြုနိုင်ရန် ဆရာဝန်က ကလေးရဲ့ ရောဂါလက္ခဏာတွေနဲ့ ကျန်းမာရေး အခြေအနေတွေကို မေးမြန်းပါလိမ့်မယ်။တစ်ခါတရံကလေးကို လက်တွေ့  စမ်းသပ်တာတွေပါ လုပ်နိုင်ပါတယ်။သင့်ကလေး ကျန်းမာရေး အခြေအနေနဲ့ လက်တွေ့စမ်းသပ်မှုတွေပေါ်မူတည်ပြီး သွေးစစ်ခြင်းနှင့် ဓာတ်မှန်ရိုက်ခြင်းတို့ လိုကောင်းလိုနိုင်ပါတယ်။

Fever In Children (ကလေးဖျားနာခြင်း) ကို ဘယ်လိုကုသပါသလဲ

အမှန်တော့ ကလေးတွေမှာ ရက်အနည်းငယ်ဆိုလျှင် သူ့ဖာသာ အဖျားကျသွားတတ်ပါတယ်။တခါတရံ မကုဘဲထားတာဟာ ကောင်းပါတယ်။သို့သော်လည်း ဆရာဝန်တွေက ဘက်တီးရီးယားပိုးတွေ့တယ်ဆိုလျှင် ကလေးပဋိဇီဝဆေးတွေ ပေးပါလိမ့်မယ်။ ဆီးပိုးဝင်ခြင်း၊ နားပိုးဝင်ခြင်း၊ လည်ချောင်းပိုးဝင်ခြင်း၊ အရေပြားပိုးဝင်ခြင်း၊ အစာအိမ်အူလမ်းကြောင်း ပိုးဝင်ခြနှင့် အဆုတ်ရောင်ခြင်းတွေကို အိမ်မှာပဲ ပဋိဇီဝဆေးတိုက် ကုသပါတယ်။ကလေးကို ပဋိဇီဝဆေးတိုက်လျှင်တိုက် သို့မဟုတ် ဆေးထိုးလျှင်ထိုးပါလိမ့်မယ်။သို့မဟုတ် နှစ်ခုလုံးလည်း လုပ်နိုင်ပါတယ်။
တကယ်လို့ သင့်ကလေးက ဘက်တီးရီးယားဦးနှောက်အမြှေးပါးရောင်ရောဂါဖြစ်နေလျှင် ဆေးရုံတက်ခိုင်းပြီး အဖျားအတွက် acetaminophen(thylenol) သို့ ibuprofen (Advil) ပေးပါလိမ့်မယ်။
ကလေးဖျားနေစဉ် ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်နိုင်ပါတယ်။ကလေးကို ဓာတ်ဆားရည်တိုက်ခြင်း သို့ အကြောဆေးသွင်းခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ကလေးက အန်နေလျှင် အအန်သက်သာဆေးကို ဆေးထိုးခြင်း သို့ စအိုသွင်းဆေးပေးခြင်းတို့ပြုလုပ်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဇူလိုငျ 25, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇူလိုငျ 25, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ