Feeding Tube Procedure (အရေပြားမှဖောက်ကာအစာအိမ်အတွင်းသို့ အစာပိုက်သွင်းခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

အရေပြားမှဖောက်ကာအစာအိမ်အတွင်းသို့ အစာပိုက်သွင်းခြင်းဆိုတာ ဘာလဲ။

အရေပြားမှဖောက်ကာအစာအိမ်အတွင်းသို့ အစာပိုက်သွင်းခြင်းသည် အစာပိုက်အား အရေပြာကိုဖောက်ကာ အစာအိမ်ဆီသွင်းခြင်းဖြစ်သည်။ ထိုမှသာ လိုအပ်သည့် အဟာရနှင့်ရေများကို ထည့်သွင်းနိုင်မည်ဖြစ်သည်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

အရေပြားမှဖောက်ကာအစာအိမ်အတွင်းသို့ အစာပိုက်သွင်းခြင်းကို ဘာကြောင့်လုပ်ရသလဲ။

ဤနည်းလမ်းအား အစာမျိုရန်ခက်ခဲသည့် လူနာများတွင် အသုံးပြု၏။ ထို့ကြောင့် လိုအပ်သည့်အာဟာရများကို ရရှိနေစေရန် သမားတော်မှညွှန်ကြားပါလိမ့်မည်။

အရေပြားမှဖောက်ကာအစာအိမ်အတွင်းသို့ အစာပိုက်သွင်းခြင်းရဲ့ အန္တရာယ်တွေက ဘာတွေလဲ။

အစာပိုက်ထည့်ခြင်းသည် ရိုးရှင်းသည့်ခွဲစိတ်မှုတစ်ခုသာဖြစ်သည်။ သို့သော် ရှုပ်ထွေးသည့်အခြေအနေများတွင်သာ လုပ်ရန်ညွှန်ကြားပါသည်။ အစာပိုက်သည် အခြေအနေတိုင်းတွင် အကူအညီမရပါ။ နောက်ဆုံးအဆင့်စိတ်ရောဂါများ သို့မဟုတ် ကင်ဆာများလို ရောဂါများတွင် အသက်ကိုဆွဲဆန့်မထားနိုင်သလို ပြန်ကောင်းစေမည်လည်း မဟုတ်ပါ။

နှာခေါင်းပေါက်မှ အစာပိုက်ထည့်ကာ ကျန်းမာရေးပြုစုသူများမှ အစာနှင့်ရေများ ထည့်လို့လည်း ရနိုင်ပါသည်။

အစာပိုက်အား ဗိုက်ခွဲပြီး အစာအိမ်ထဲသို့ တိုက်ရိုက်ထည့်နိုင်ပါသည်။ ထိုပြင် ကျန်းမာရေးစောင့်ရှောက်သူများမှ အဟာရနှင့် အရည်များကို သွေးကြောထဲသို့ တိုက်ရိုက်သွင်းနိုင်ပါသေးသည်။

တခြားခွဲစိတ်မှုများကဲ့သိုပင် အန္တရာယ်များ ရှိနိုင်၏။ ထိုအန္တရာယ်များ သင့်ကိုဘယ်လောက်သက်ရောက်နိုင်သည်အား ဆရာဝန်နှင့်ဆွေးနွေးပါ။

ဘယ်ခွဲစိတ်မှုမဆို ဖြစ်နိုင်သည့်နောက်ဆက်တွဲများမှာ မေ့ဆေးထုံးဆေးအား မမျှော်လင့်ပဲ တုန့်ပြန်ခြင်း၊ သွေးထွက်လွန်ခြင်း သို့မဟုတ် သွေးခဲခြင်း (ခြေအတွင်းသွေးပြန်ကြောများ သွေးခဲခြင်း DVT) တို့ ဖြစ်၏။

အစာမစားခြင်းသို့မဟုတ် ဆေးရပ်ခြင်းတို့ကဲ့သို့ မခွဲစိတ်မီဆရာဝန်ညွှန်ကြားသည်များအား လိုက်နာခြင်းဖြင့် နေုာက်ဆက်တွဲအန္တရာယ်များကို လျော့ချနိုင်ပါသည်။

အရေပြားမှဖောက်ကာအစာအိမ်အတွင်းသို့ အစာပိုက်သွင်းခြင်း၌ဖြစ်တတ်သော အန္တရာယ်တစ်ချို့မှာ – အစာပိုက်အနေအထား ပျက်သွားပြီး အစာအိမ်အတွင်းသွင်းသော အစာရည်များ ဗိုက်ခေါင်းထဲသို့ ယိုကျခြင်းနှင့် အစာပိုက်ပြုတ်ထွက်ခြင်းတို့ ဖြစ်နိုင်ပါသည်။

ခွဲစိတ်မှုကိုမလုပ်ခင် အန္တရာယ်နှင့် နောက်ဆက်တွဲ ပြဿနာများကို သိထားရန် အရေးကြီး၏။ မေးချင်သည်များရှိပါက ဆရာဝန် သို့မဟုတ် ခွဲစိတ်ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါသည်။

ကြိုတင်ပြင်ဆင်ခြင်း

အရေပြားမှဖောက်ကာအစာအိမ်အတွင်းသို့ အစာပိုက်သွင်းခြင်းအတွက် ဘာတွေပြင်ထားရမလဲ။

ခွဲစိတ်မှုကို မေ့ဆေးသုံးပြီး ပြုလုပ်ပါမည်။ သင်လက်ရှိသုံးနေသည့်ဆေး၊ ဓါတ်မတည့်သည်များ သို့မဟုတ် ကျန်းမာရေးအခြေအနေများကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပါ။ ခွဲစိတ်မှုမလုပ်ခင် မေ့ဆေးဆရာဝန်နှင့် မေ့ဆေးအတွက် အတူပြင်ဆင်ရပါမည်။ မခွဲစိတ်ခင် အစားအသောက်ရပ်ရန် ညွှန်းကြားသည့်အချိန်ကို အတိအကျလိုက်နာရန် အရေးကြီးပါသည်။

ဘယ်အချိန်မှာ အစားအသောက် ရပ်ထားမည်ဆိုခြင်းကဲ့သို ညွှန်ကြားချက်များအား မခွဲစိတ်ခင် သင့်ကိုညွှန်ကြားပါလိမ့်မည်။ ပိုက်မသွင်းခင် ၈ နာရီလောက်အလိုက အစားအသောက်ရပ်ထားရန် ဆရာဝန်မှပြောပါလိမ့်မည်။

ခွဲစိတ်ကုသခြင်း

အရေပြားမှဖောက်ကာအစာအိမ်အတွင်းသို့ အစာပိုက်သွင်းနေစဉ် ဘာဖြစ်နိုင်မလဲ။

သင့်လျော်ပါက ဝမ်းတွင်းမှန်ပြောင်းကျွမ်းကျင်သူမှ သင့်စိတ်ပြေလျော့စေရန် စိတ်ငြိမ်ဆေးပေးပါလိမ့်မည်။

အရေပြားမှဖောက်ကာအစာအိမ်အတွင်းသို့ အစာပိုက်သွင်းခြင်းသည် ၁၅ -၂၀ မိနစ်ကြာတတ်သည်။ ကွေးဆန့်နိုင်သည့် မှန်ပြောင်းအား လည်ပင်းမှ အစာအိမ်ထဲသို့ ထိုးသွင်းပါမည်။ မှန်ပြောင်းကျွမ်းကျင်မှ မှန်ပြောင်းအကူအညီနှင့် အစာပိုက်ကိုသွင်းမည်ဖြစ်သည်။

မှန်ပြောင်းကျွမ်းကျင်မှ ဗိုက်နံရံတွင် အပေါက်သေးတစ်ခုကို ခွဲစိတ်ပါမည်။ ထို့နောက် ပိုက်အား အစာအိမ်ထဲမှတစ်ဆင့် ဗိုက်တွင်ပေါက်ထားသောအပေါက်မှ အပြင်ကိုထုတ်မည်ဖြစ်သည်။ ပိုက်တွင် အစာအိမ်၌ မြဲနေစေမည့် အထိန်းပါသည်။ ထိုအထိန်းကြောင့် အစာအိမ်အပြင်ဖက်ကို ထွက်မလာနိုင်ပါ။

စိတ်ပူသည်များ မေးချင်သည်များရှိပါက သင်၏ဆရာဝန် သို့မဟုတ် ခွဲစိတ်ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါသည်။

ခွဲစိတ်ပြီးနောက် အခြေအနေ

အရေပြားမှဖောက်ကာအစာအိမ်အတွင်းသို့ အစာပိုက်သွင်းခြင်းပြီးနောက် ဘာဖြစ်နိုင်မလဲ။

သင့်အား စိတ်ငြိမ်ဆေးပေးထားပါက တစ်နာရီအတွင်း ပုံမှန်ပြန်ဖြစ်ပါလိမ့်မည်။ နာရီအနည်းငယ်အထိ ဗိုက်ကယ်နေသလိုခံစားရနိုင်သော်လည်း အလိုလိုသက်သာသွားပါလိမ့်မည်။ တစ်ပတ်နှစ်ပတ်အတွင် ပုံမှန်လှုပ်ရှားမှုများကို ပြန်လုပ်နိုင်ပါလိမ့်မည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ အောက်တိုဘာ 28, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 17, 2017

ရင်းမြစ်များ